• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၂)

    November 24 , 2009 | 2,369 views

    ဟိုတစ်နေ့က Living Together များအကြောင်းဆက်မပြောခင် အဲ့ဒီ့ပို့စ်မှာရခဲ့တဲ့ ကိုလောရှည်ရဲ့ ကော်မန့်လေးအပေါ် ကျွန်တော် အနဲငယ် ရှင်းပြချင်ပါတယ်…။ သူက ထောက်ပြသွားတဲ့အချက်ဟာ တစ်ကယ်ဆို ကျွန်တော် အခု ဒီအပိုင်း (၂) ထဲမှာရေးပြီးသားဆိုပေမယ့်…။ သူပြောတဲ့အချိန် တုန်းက အပိုင်း (၁) မှာ မပါတဲ့ အတွက် ဒါကို သူက စေတနာနဲ့ထောက်ပြသွားတယ်လို့ ကျွန်တော်မြင်ပါတယ်..။ ဆောင်းပါးမဆုံးခင် ဆန္ဒစောပြီး ထောက်ပြသွားတာ ဖြစ်တဲ့အတွက် စေတနာ အမှားတစ်ခုလို့ပဲ ကျွန်တော် ခံယူပါတယ်..။ အခုလို ထောက်ပြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကို လောရှည်ထောက်ပြသွားတဲ့ အကြောင်းအရာဟာ အခု အပိုင်း (၂) မှာပါဝင်မှာ ဖြစ်ပါတယ်..။ ဒါဟာလည်း သူထောက်မပြခင် ကျွန်တော် အကြမ်း ရေးထားတဲ့ အချိန်ကတည်းက ပါဝင်ပြီး ဖြစ်ကြောင်းကို ဒီပို့စ်မတင်ခင် ပို့စ် အကြမ်းဖတ်လိုက်ရတဲ့သူတွေ သိကြမယ်လို့ မျှော်လင့်ပါတယ်..။

    အခု ကျွန်တော်တို့ မနေ့က အကြောင်းလေး ဆက်ပြောကြရအောင်..။

    လက်ရှိ ကျွန်တော်တို့လူမျိုးများကျင့်သုံးနေတဲ့ Living Together ဆိုတာ တကယ့် Living Together မဖြစ်သေးပါဘူး..။ ဘောလုံးစကားနဲ့ ပြောရရင်တော့ Pro မရောက်သေးပဲ ..။ Semi Pro အဆင့် (ဒါတောင် နဲနဲမြင့်နေမလား မသိဘူး။ Beginner ပြောရမလား Rookie ပြောရမလားပဲ ) လောက်ပဲ ရှိနေပါသေးတယ်။ တစ်ကယ်တမ်းပြောရရင် Living Together အဆင့်မရောက်သေးပဲ Sleeping Together အဆင့်ပဲ ရှိသေးတယ်လို့ ဆိုရပါလိ့မ်မယ်..။

    ဒီ အကျင့်စရိုက်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့ လူမျိုးတွေဆီကို (သိသိသာသာ) ကြီးကူးစက်လာတာဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပိုများလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီမှာ အခြေအနေ ၂ ရပ်ရှိပါတယ်..။ အဲ့ဒါကတော့ ပြည်တွင်းနေ လူငယ်ထုနဲ့ ပြည်ပနေ လူငယ်ထုပဲ ဖြစ်ပါတယ်..။ ပြည်တွင်းနေလူငယ်ထုထက် ပြည်ပနေ လူငယ်ထုက ပိုမိုပြီးတော့ လွတ်လပ်မှု၊ အမြင်ကျယ်မှုရှိတဲ့ အတွက် သူတို့မှာ ဒီအခြေအနေမျိုးရှိနေတဲ့သူတွေ ပိုများပါတယ်။ အမြင်ကျယ်မှုဆိုတဲ့နေရာမှာ ကောင်းတဲ့ အမြင်ကျယ်မှုနဲ့ ဆိုးတဲ့ အမြင်ကျယ်မှု နှစ်ခု ထပ်ဖြစ်လာပါတယ်..။

    ကောင်းတဲ့အမြင်ကျယ်မှုကတော့ ဒီလို Sleeping Together ရာမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်မလာဖို့ တားဆီးတဲ့ နည်းလမ်းတွေ၊ ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုသိရှိခြင်း၊ ထိုကဲ့သို့ ကာကွယ်ပို့ ရုပ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အထောက် အပံ့နဲ့ ဖန်တီးပေးနိုင်မှု အခြေအနေတွေ ပိုမိုရရှိခြင်းကြောင့် များသောအားဖြင့် ပြည်တွင်းမှာထက် ပိုမို ကာကွယ်နိုင်ကြပါတယ်…။  ပြည်တွင်းမှာတော့ ထိုကဲ့သို့သော အခြေ အနေများ မပေးတာကြောင့် ပြည်ပနေ လူ့အဖွဲ့အစည်းလောက် လျှင်မြန်တွင်ကျယ်စွာ ပြန့်ပွားလာခြင်း မရှိတာကို ကျွန်တော် သတိထားမိပါတယ်..။

    ဆိုးတဲ့အချက်ကတော့..။ ထိုကဲ့သို့ ပြည်တွင်းမှာက ပတ်ဝန်းကျင်ရဲ့ အရှိန်၊ လူတွေရဲ့ ပါးစပ်၊ ဘာသာတရားရဲ့ အထိမ်းအကွပ်တွေကြောင့် တားဆီးခြင်း သို့မဟုတ် ကာကွယ်ဟန့်တားခြင်းများ ပြုလုပ်ရာမှာ ပြည်ပမှာထက် အခြေအနေပေးမှု သိသာစွာ နဲပါးပါတယ်..။ ဒီအတွက် တကယ် တမ်း ပြဿနာ ဖြစ်လာတဲ့အခါမှာ ကာယကံရှင်များရော၊ မိဘအသိုင်းအ၀ိုင်းရော များစွာ စိတ်ထိခိုက် ကြရပြီး ပြဿနာဟာ ဖြစ်သင့်တာထက် ပိုမိုကြီးထွားလာ ပါတော့တယ်..။ ဘာမှမဖြစ်ရင် ဘာမှ  မဖြစ်ဘူးဆိုတဲ့အတိုင်း..။ မဖြစ်တာ အကောင်းဆုံးဆိုပေမယ့်..။ မလွှဲသာမရှောင်သာဖြစ် လာတဲ့အခါမှာ အချိန်မှီ တားဆီးနိုင်ခြင်းဟာ ပြသနာအဆုံးစွန်ဆုံး ရောက်သွားတာထက်တော့ သက်သာရာရမှာပဲ ဖြစ်ပါတယ်..။ ပြည်ပ အနေအထားရဲ့ ဆိုးကျိုးကတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့သလိုပဲ လွတ်လပ်မှု၊ အခွင့်အရေးပေးမှုတွေကြောင့် ဒီလို Sleeping Together ခြင်း အနေအထားတွေဟာ ပိုမိုလျှင်မြန်စွာ ပြန့်ပွား လာတာကို တွေ့နိုင်ပါတယ်..။

    ဟုတ်ပြီ..။ ဒါဆို မေးလာပြီ…။ ဒါဆို..။ “Living Together က လုံးဝတားဆီးသင့်တဲ့အရာလား..? မလိုလားအပ်တဲ့ အရာလား? မရှိသင့်တဲ့ အရာလား..?” ဒီလိုမေးလာရင် အဖြေရတော်တော်ကြပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော် နားလည်သလောက် ကြိုးစား ဖြေကြည့်ပါ့မယ်..။

    ကျွန်တော်တို့ လူမျိုးတွေအနေနဲ့ ဘာသာတရား နဲ့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး နှစ်လုံးကို လိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် မလိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် ပါးစပ်ဖျားကမချပဲ ကိုင်ကိုင်ပေါက်တတ်ကြတဲ့ အကျင့်ဆိုးကြီးတစ်ခုကို မဖြစ်မနေ အရင်ဦးဆုံး ပြင်သင့်ပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဥပမာ နှစ်ခုပေးပါမယ်…။ ခေတ်ဟောင်းက ဥပမာတစ်ခုနဲ့ ခေတ်သစ် ဥပမာတစ်ခုပါ..။

    ကနောင်မင်းသားကြီးတုန်းက ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲတဲ့အချိန်မှာ မင်းတုန်းမင်း ဆွမ်းကပ်နေတဲ့ ရဟန်းတ်ာများက သတ္တ၀ါများ သေကြေ စေတဲ့ လက်နက်များ ထုတ်လုပ်တာကို လက်မခံနိုင်တဲ့အတွက် ဆွမ်းစားတာကို ရပ်ပြစ်ပြီး ဆန္ဒပြလို့..။ မင်းတုန်းမင်း အမိန့်နဲ့ ကနောင်မင်းသားကြီးလဲ ဆက်မလုပ်ရတော့ပါဘူး..။ ဒီတော့ ဘာဖြစ်လဲ..? ခေတ်မှီတဲ့ လက်နက်ကို မထုတ်လုပ်နိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့လူမျိုး သူများကျွံဘ၀ ရောက်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ အမဲစက်တစ်ခုဖြစ် အတိအကျ ပါဝင်ခဲ့ရပါတယ်…။ ဒါဟာ ဘာသာရေးနဲ့ ခေတ်ကို ရောထွေး ယှက်တင် ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်..။ နောက်တစ်ခု…

    (more…)

    Cateogry : Article | 26 Comments

    ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၁)

    November 22 , 2009 | 1,279 views

    အမှာ…

    အခု ကျွန်တော်ရေးမယ့် အကြောင်းအရာများဟာ လူငယ်များကို ကျွန်တော်သိစေခြင်တာ မြင်စေခြင် တာများ ဖြစ်သလို…။ လူငယ်ထဲက လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ကျွန်တော်လည်း သတိပေးတဲ့ သဘောများပါဝင်ပါတယ်…။ ဘိန်းစားခြင်းအတူတူ တလုံးပိုရှူတယ်ထင် ရင်လည်း ကျွန်တော် ဘာမှမပြောလိုပါဘူး…။

    ခေတ်တွေ၊ ယဉ်ကျေးမှုတွေနဲ့ ပတ်သတ်ပြီးရေးရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် တာဝန်ကြီး တာတော့အမှန်ပါပဲ..။ ဒါပေမယ့် ကျွန်တော် ရေးသမျှ အကြောင်းအရာ အားလုံးကို ကျွန်တော် တာဝန် အပြည့်အ၀ ယူပါတယ်..။ အခုလို အခြေအနေမျိုးမှာ ခေတ်တွေ ယဉ်ကျေးမှုတွေအကြောင်း ဆောင်းပါးတွေ၊ ဝေဖန်ရေးတွေ များစွာရေးသားနေကြတာကို ကျွန်တော် မြင်ခဲ့ဖူး၊ တွေ့ခဲ့ဖူးပေမယ့်..။ သူတို့ ပြောဆို ရေးသားနေတာတွေဟာ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေတယ်လို့ ကျွန်တော့် (ကိုယ်ပိုင်) အမြင်နဲ့ ယုံကြည်ပါတယ်…။

    ဒါကြောင့် အတတ်နိုင်ဆုံး လူငယ်တွေရဲ့ ရင်ဘတ်ထဲကို တိုက်ရိုက်ထိနိုင်အောင် ကြိုးစားပြီး ဒီဆောင်းပါးရှည်ကို ကျွန်တော်ရေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်…။ ကျွန်တော်လည်း နောက် ၅ လ၊ ၆ လ နေရင် ပညာသင် ခရီးစဉ် ပြီးဆုံးလို့ ရွှေပြည်တော်ကို ပြန်တဲ့အခါ ဟိုမှာက ဆက်ရေးဖြစ်ဖို့ မရေး ဖြစ်ဖို့က မသေချာလေတော့..။ ကျွန်တော် မပြန်ခင်လေး ဒီ Blog ကို စလုပ်ကတည်းက ရေးခြင်ခဲ့တာ..။ ပြောခြင်ခဲ့တာတွေကို မကျန်ခဲ့ရလေအောင်…။ ရေးသားလိုက်ရခြင်းဖြစ်ပါတယ်…။

    ဒီဆောင်းပါးဟာ အခန်းဆက် ဆောင်းပါးရှည် ဖြစ်ပါလိ့မ်မယ်..။ ကျွန်တော် အဓိက ဆွေးနွေးသွားမယ့် အကြောင်းအရာတွေက လူငယ်နဲ့ ၀တ်စား ဆင်ယင်မှု၊ လူငယ်များနဲ့ လူနေမှု (သမီးရည်းစား ဆက်ဆံရေးများ အပါအ၀င်) ၊ လူငယ်နှင့် ပညာရေးတို့ ပါဝင်ပါလိ့မ်မယ်..။ ဒါတွေက ကျွန်တော် လောလောဆယ် စဉ်းစားမိထားတာတွေပါ..။ ထပ်ပေါ်လာရင် ထပ်ဖြည့်ရေးပါမယ်..။ ရေးချင်စိတ်ပျက် သွားရင် ဆက်ရေးမှာ မဟုတ်ပါဘူး…။

    ဆောင်းပါးပါ အကြောင်းအရာများ၊ စကားလုံးများ၊ အသုံးအနှုံးများနဲ့ အချက်အလက်များဟာ တိုက်ရိုက်ရေးသားထားသော စကားလုံးများ ဖြစ်သောကြောင့် အနဲငယ် ကြမ်းတမ်းသော အသုံးအနှုန်းများ ပါဝင်မည်ဖြစ်ကြောင်း ကြိုက်တင် သတိပေးလိုပါတယ်…။

    နိဒါန်း

    ခေတ်…..။ ခေတ်မှီတယ်…။ ခင်ဗျားတို့လည်း ခေတ်မှီချင်ကြတယ်..။ ကျွန်တော်လည်း ခေတ်မှီချင်တယ်…။ အားလုံးခေတ်မှီချင်ကြတယ်….။ ဒါပေမယ့်….။

    ခေတ်မှီတယ်ဆိုတာဘာလဲ….? ဘယ်လိုနေထိုင်မှ ခေတ်မှီမှာလဲ…? ဘယ်လိုပြောဆိုမှ ခေတ်မှီမှာလဲ? ဘယ်လို ၀တ်စားဆင်ယင်မှ ခေတ်မှီမှာလဲ….? ဘယ်လိုတွေ လုပ်ကိုင် ဖန်တီးပြနေမှ ခေတ်မှီမှာလဲ..? ကဲ….။ ကျွန်တော်တို့ ဘယ်လို သတ်မှတ်ကြမလဲ…?

    ခေတ် ဆိုတာ ကာလ ပါ။ ခေတ်မှီတယ်ဆိုတော့ ကာလကို အမှီသဟဲ ပြုတယ်…။ ထင်ဟပ်စေတယ် လို့ ဆိုနိုင်ပါတယ်..။ လွယ်လွယ်ပြောာရရင်တော့ ခေတ်(ကာလ) နှင့်အညီ လိုက်လျောညီထွေစွာ နေထိုင် နိုင်ခြင်း၊ သို့မဟုတ် …။ နေထိုင်နိုင်မှုလို့ပဲ ခပ်ပါးပါး သတ်မှတ်လိုက်ကြရအောင်ဗျာ…။

    ခေတ်မှီတယ်ဆိုတဲ့ စကားလုံးနဲ့ မတိမ်းမယိမ်း…။ တစ်ကယ်ဆို ဖွားတော်ဘက်လို့တောင် ပြောလို့ရပါတယ်…။ ပေါ်ပေါက်လာတဲ့ စကားလုံးတစ် လုံးကတော့ သရုပ်ပျက်ခြင်းပါပဲ….။ သရုပ်ပျက်ခြင်းဆိုတာ ဘာလဲ…? ဘယ်လိုအရာများ ပြုမူဆောင်ရွက်၊ ပြောဆိုနေထိုင်ခြင်းကို ခေတ်မှီတယ်လို့ ခေါ်ပြီး တော့…။ မည်သည့်အရာများ ပြုမူဆောင်ရွက်၊ ပြောဆိုနေထိုင်ခြင်းကို သရုပ်ပျက်တယ်လို့ ကျွန်တော် တို့ ခေါ်ဆို သတ်မှတ်ကြပါမလဲ…?

    ခေတ်အကြောင်းပြောကြမယ်ဆိုရင်တော့…။ ကျွန်တော်တို့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး ဝေါဟာရ တစ်ခုကို ချန်လှပ်ထားလို့ ရမယ်မထင်ပါဘူး…။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းရဲ့ လက်ရှိ ရောက်ရှိနေတဲ့ ခေတ် (ကာလ) ဟာ သူတို့ ဖြတ်သန်းကျင်လည်ခဲ့တဲ့ ယဉ်ကျေးမှု သမိုင်း ကြောင်း၊ ယုံကြည်မှုနဲ့ နေသားကျမှု များအပေါ်မှာ တိုက်ရိုက်မူတည်နေတတ်ကြပါတယ်…။

    ယဉ်ကျေးမှုသည် ကူးစက်မြန်သော ရောဂါပိုးမွှားတစ်ခုဆိုပါက…။ စတင်ကူးစက်သော နေရာဒေသနှင့် အကူးစက်ခံရသော နေရာဒေသ လူမျိုးတို့သည် ဖြတ်သန်းစီးဆင်းလာကြသော သမိုင်းကြောင်းနှင့် နောက်ခံအခြေအနေခြင်း မတိမ်းမယိမ်းဖြစ်နေပါက ဘာမှ ပြသနာမရှိနိုင် သော်လည်း..။ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ သမိုင်းကြောင်း စသည်ဖြင့် အစစအရာရာ ကွဲပြားခြားနားသော နေရာတစ်ခု (သို့) နိုင်ငံ တစ်ခု စတင် ကူးစက်ပျံ့နှံ့သော အခါတွင်မူ….။

    ယဉ်ကျေးမှုတစ်ခုကို လက်ခံ ကျင့်သုံးနိုင်ဖို့…။ ထိုလက်ခံကျင့်သုံးမည့် နေရာဒေသနှင့် လူမှုပတ်ဝန်း ကျင်သည် ထိုယဉ်ကျေးမှု၏ ဒဏ်ကို လက်ခံနိုင်သော အနေအထားနှင့် မိမိယဉ်ကျေးမှုနှင့် လိုက်ဖက်ညီထွေစွာ အသွင်ပြောင်းလဲနိုင်မှုအင်အား ရှိရပါမယ်..။ ထိုကဲ့သို့ လိုက်ဖက်ညီ ထွေစွာ အသွင်မပြာင်းလဲနိုင်သည့် အခါတွင်…။ လူမျိုးစုတစ်ခု…။ သို့…။ နိုင်ငံတစ်ခု၏ ယဉ်ကျေးမှုဟာ စတင် အတိုက်စားခံရပါတော့တယ်…။

    (more…)

    Cateogry : Article | 21 Comments