• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    FЯЗЗLY…FАLL!ИG

    March 22 , 2009 | 740 views

    .freely_falling

    FЯЗЗLY…FАLL!ИG

    (more…)

    Cateogry : Essay | 10 Comments

    ကျွန်တော်နှင့် သူမ (၃)

    February 5 , 2009 | 1,114 views

    နိဒါန်း

    ဘယ်သူ့အပြစ်လဲ                                                                                                                                                                                                                         ပျံသန်းခဲ့တဲ့ ခရီးစဉ်တလျှောက်                                                                                                                                                                                         ငါ့အတောင်ပံတွေ ကောင်းကင်နဲ့                                                                                                                                                                                            ခဏခဏငြိခဲ့ရတာ…။    ။

    BLACK DREAM

    “အစစ အရာရာ ငါစိတ်ချမယ်နော် သူငယ်ချင်း…”

    အောင်ပြည့်၏ စကားကို မြတ်သော် မည်သို့မျှ ပြန်လည်ဖြေကြားဖို့ အားမရှိတော့ပေ…။ လေးပင်စွာပင် သူ့ခေါင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ငြိတ်ပြမိလိုက်လေသည်။

    “ငါဝမ်းသာတယ်ကွာ…။ မင်းငါ့ရဲ့ဆန္ဒတွေကို ဖြည့်ဆီးပေးနိုင်မယ်ဆိုတာ ငါ, မင်းကို ယုံကြည်တယ်သူငယ်ချင်း…။”

    “တော်ပါတော့ အောင်ပြည့်ရာ….။ ဆက်မပြောပါနဲ့တော့ ….။ မင်းငါ့ကို မင်းရဲ့အချစ်ဆုံး သူငယ်ချင်းတစ်ယောက်အနေနဲ့ တကယ်ခင်တယ်ဆိုရင် ဒီစကားတွေကို ထပ်မပြောပါနဲ့တော့…”

    အောင်ပြည့်ရဲ့ မျက်နှာမှာတော့ ကြည်နူးခြင်း အပြုံးတွေနဲ့ မျက်ဝန်းတွေ တလက်လက်ရောင်တောက်နေခဲ့ပါတယ်…။

    ” ငါရင်ဆိုင်ရတော့မယ့် အခြေအနေကို မင်းလဲအသိဆုံးပါကွာ…။ ဒါပေမယ့်…။ မင်းမပြောနဲ့ဆိုလဲ ငါဆက်မပြောတော့ပါဘူး…။ ရော့…။ ဒီမှာ….”

    မြတ်သော် သူ့မျက်နှာကို အောင်ပြည့်၏ မျက်ဝန်းများနှင့်ဝေးနိုင်သမျှ ဝေးအောင် လွှဲ၍ အောင်ပြည့်ပေးလိုက်သော အရာများကိုသာ လက်ထဲတွင် တင်းကြပ်စွာ စုပ် ကိုင်ထားလိုက်မိလေသည်….။ စိတ်ထဲမှာတော့ စကားတွေပြောနေမိသည်..။

    “မင်းမျက်ဝန်းထဲက ပြိုကျလု မိုးတိမ်တွေကို ရအောင်ဆက်ပြီး ထိမ်းထားပါသူငယ်ချင်းရာ…။ ငါ့မှာ မြင်နိုင်ဖို့ ကြည့်နိုင်စွမ်းအားတွေ မရှိလို့ပါ…။”

    (more…)

    Cateogry : Essay | 25 Comments

    ရွာလည်ခြင်း Theory

    February 2 , 2009 | 1,338 views

    ကျွန်တော် မြန်မာ ဘလော့ဂါရပ်ဝန်းထဲကို ခြေချခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ခွဲနီးပါးလောက်ရှိသွားပြီဖြစ်ပါတယ်…။ ဘယ်လိုတွေ ဖြစ်ပြီးစရေး ခဲ့တယ်..။ ဘယ်သူတွေက နည်းလမ်းပြသပေးခဲ့တယ်…။ ဘယ်နေရာတွေက ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းကူညီပေးခဲ့တယ် ဆိုတာတွေ ကို ကျွန်တော့်ဘလော့ တစ်နှစ်ပြည့်ပို့စ်မှာတုန်းက အကျယ်တ၀င့် အသေးစိတ်ရေးသားခဲ့ပြီး ဖြစ်ပါတယ်…။ ဒါပေမယ့် အဲ့ဒီ့ပို့စ်ထဲမှာ ကျွန်တော် အချို့သော အချက်တွေကို ရှင်းပြဖို့ ကျန်နေခဲ့ပါတယ်…။ အရေးအကြီးဆုံး အချက်တစ်ခုကို ကျွန်တော်ပြောဖို့ မေ့ခဲ့တယ်လို့ ပြောရင်လဲ ရပါတယ်။ ဘာလဲဆိုတော့ ကျွန်တော် ဘလော့စရေးရခြင်းရဲ့ ရည်ရွယ်ချက်ပါပဲ…။

    ကျွန်တော် ဘလော့စရေးရခြင်းရဲ့ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်…။ တစ်ခုက အများဆိုင်ဖြစ်ပြီး…။ နောက်တစ်ခုကတော့ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ခံစားချက်သက်သက်တစ်ခုမျှသာဖြစ်ပါတယ်…။ ဒီနေရာမှာတော့ ကျွန်တော်ကိုယ်ရေးကိုယ်တာနဲ့ (အထူးသဖြင့် ကျွန်တော့်ခံစားချက်၊ ခံယူချက်တစ်ခု လို့ပဲပြောရမှာပေါ့) ဆိုင်တဲ့အချက်ကိုတော့ ထွေထွေထူးထူး မပြောတော့ပါဘူး…။ အများနဲ့ သက်ဆိုင်တဲ့အချက်တစ်ချက်ကိုပဲ ကျွန်တော် အနည်းငယ် ရှင်းပြလိုပါတယ်…။

    ကျွန်တော် ဘလော့ကို စတင်လုပ်ရတဲ့ ရည်ရွယ်ချက်နှစ်ခုထဲက အများနဲ့သက်ဆိုင် (အများကို အသိပေးရန်သင့်တော်တယ်လို့ ကျွန်တော်ယူဆတဲ့ အချက်ပါ) တဲ့အချက်တစ်ခုဆိုတာကတော့…။ ကျွန်တော်က ကျွန်တော့် ဘလော့လေးကို နည်းပညာတွေ၊ အနုပညာတွေ၊ ရသတွေ၊ သုတတွေ စသည်ဖြင့် ကျွန်တော် သိသလောက်၊ တတ်သလောက် ငမြောက်ငချောက် အချက်အလက်လေးတွေကို ဝေေ၀ဆာဆာ တင်ဆက်၊ ဖော်ပြပေးသွား ဖို့ပဲ ဖြစ်ပါတယ်…။ ကျွန်တော် စရေးကတည်းက ငါ ဘာကိုပဲ တစ်မျိုးထဲ ရေးမဟဲ့ ဆိုတဲ့ ဘောင်သတ်မှတ်ထားခြင်းမရှိခဲ့ပါဘူး..။ မရှိဆို ကျွန်တော် ကိုယ့်အကြောင်းကိုယ်သိပါတယ်…။ (ပြောရင်ကိုယ့်ကိုယ်ကို မြှောက်တယ်ဖြစ်ဦးမယ်) ကျွန်တော် ဘာမှဖြစ်ဖြစ်မြောက်မြောက် အသုံးကျတဲ့ကောင် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိနေခဲ့လို့ပါ..။

    ကျွန်တော့်ကို ကွန်တော် အနုပညာရှင်တစ်ယောက်လို့ နာမည်တပ်ပြီး အနုပညာတစ်ခုထဲကိုပဲ တင်ဆက်ရေးသားရအောင် ကျွန်တော် အဲ့လောက် သတ္တိမရှိပါဘူး..။ အနုပညာရဲ့ သဘော၊ သဘာဝ၊ အနှစ်သာရ၊ သိမ်မွေ့မှု၊ နက်နဲမှုတွေဟာ ကျွန်တော့် ပုဇွန်ဆိတ်ဦးနှောက်လောက်နဲ့ ဘယ်လိုမှ လိုက်မမှီနိုင်လောက်အောင်ကို ကြီးကျယ်ခန်းနားလွန်းပါတယ်…။ တစ်ခုတော့ ကျွန်တော်သိပါတယ်…။ ကျွန်တော် အနုပညာကိုချစ်ပါတယ်…။ အနုပညာကို ချစ်ရုံ၊ လေးစားရုံ၊ မဖြစ်စလောက် တောင်ခြစ်၊ မြောက်ခြစ် စာတွေရေးယုံလောက်နဲ့တော့ ကျွန်တော် မိမိကိုယ်ကိုဘယ်တော့မှ “ငါအနုပညာရှင်…၊ အနုပညာတစ်ခုထဲကိုပဲ ဖန်တီးမယ်ကွ…” ဆိုပြီးမကြွေးကြော်ရဲတာ အမှန်ပါ..။ ဘောင်တစ်ခုထဲ သတ်မှတ်ပြီး ဘလော့ရေးရအောင် ကျွန်တော်သည် များစွာအဆင့်မရှိသော သာမန်ဘလော့ဂါတစ်ယောက်မျှသာ ဖြစ်ပါသည်။

    (more…)

    Cateogry : Personal | 32 Comments

    အချစ်ကို ခိုးယူစားသုံးကြသူများ

    December 21 , 2008 | 722 views

    အခန်း(၁)

    ငါ့ကို ခဏလောက်တော့
    စစ်ပြင်ဆင်ခွင့်ပေးပါ
    နှလုံးသား စစ်မြေပြင်မှာ
    ပိုးစိုးပက်စက် ငါကျရှုံးချင်လို့…။
    BLACK DREAM

    သူမရဲ့စကားတွေ နားထောင်ရင်း သူရင်တွေ တဖြေးဖြေးပိုခုန်လာခဲ့သည်။ သူအချိန်ကာလ ကြာရှည်စွာစောင့် စား ခဲ့ရတဲ့အချိန်တစ်ခု သူ့ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုမြိုက်ရောက်ရှိနေပြီ ဆိုတဲ့အသိက သူ့ရဲ့အတွေးတွေကို အတော်လေးကို နေမထိထိုင်မသာ ဖြစ်စေခဲ့ပါတယ်…။ လက်ထဲမှာကိုင်ထားတဲ့ Hand Phone ကိုသူကျစ်ကျစ်ပါ အောင်ဆုပ်ထားပုံမှာ မသိပါက နားထဲသို့ထို Hand Phone အား, အလုံးလိုက်ထိုးသွင်းတော့မဲ့ ပုံပါပဲ…။ တစ် ဘက်မှ တစ်လုံးခြင်းပြောနေတဲ့ သူမရဲ့စကားသံတွေကို နားထောင်ရင်း ဖုန်းကိုင်ထားတဲ့လက်ရော ကျန်နေတဲ့ အခြား လက်တစ်ဘက်ရော လက်နှစ်ဘက်စလုံးမှာ ဇောချွေးတွေ ပြန်နေပြီဆိုဆိုတာ သူအသေအချာကို သတိထားမိ လိုက်ပါတယ်…။

    “မြတ်သော် နင်…ငါပြောနေတာတွေကို သေသေချာချာကြားရဲ့လား…?”

    တစ်ဘက်မှ စကားသံကိုကြားလိုက်မှ သူ့အတွေးတွေ ပြတ်တောက်သွားပြီး မိမိခန္ဓာကိုယ်ကို ရှုနေတဲ့ တရားတွေ သူမထံကို ပြန်လည်ရောက်ရှိသွားပါတယ်….။

    “သြော်…အင်း…။ ကြားပါတယ် မေနှင်းစက်…။ ငါကြားပါတယ်…။ သေသေချာချာလဲ နားထောင်နေပါတယ်”

    သူအလန့်တကြား ကမန်းကတမ်း ပြန်ဖြေလိုက်ပါတယ်…။

    “အေး ကြားရင်ပြီးရော…။ သေသေချာချာနားထောင်…။ ငါနှစ်ခါထပ်မပြောဘူးနော်…။”

    ထုံးစံအတိုင်းပါပဲ သူမရဲ့ အမိန့်ပေးသံတွေက အဆက်မပြတ် မြတ်သော်ပေါ်ကျရောက်လို့သာ နေပါတယ်…။ သူ ကလည်းသူပဲလေ…။ သူမရဲ့နှုတ်ခမ်းကထွက်တဲ့ စကားဆို မြေ၀ယ်မကျ နားထောင် တတ်ပုံများ…။ မိဘတွေသာသိရင် ရင်ကျိုးလောက်တယ်…။ ဒီလောက် အလျော့ပေး သီးခံနေတဲ့ သူ့ကို သူမကအမြဲတမ်း အနိုင်ကျင့်၊ အထက်စီးက ဆက်ဆံခဲ့တာလည်း တကယ် တမ်းဆို ဆန်းတော့ မဆန်းလောက်ပါဘူး…။

    “အေးပါဟာ…ငါနင့်စကားဆို အမြဲတမ်း အလေးအနက်ထားနားထောင်ခဲ့တယ်ဆိုတာ နင်သိပါတယ်…။ အထူးသဖြင့် အခုလိုငါ့ဘ၀အတွက်အရေးကြီးတဲ့ စကားမျိုးပြောမယ့် အချိန်မျိုးမှာ ငါဘယ်လောက်ထိ နင့်စကားသံတွေကို အာရုံစိုက်တန်ဖိုးထားနေမယ်ဆိုတာ နင်သိသင့် ပါတယ်….။”

    “တော်…တိတ်…။ စကားကြောလာမရှည်နဲ့…။ ငါပြောတာပဲနားထောင်….။”

    “အင့်…။ အေးပါ..။ ဟုတ်ပါပြီ…။ ပြောမှာသာ ပြောပါဟာ…။ ငါဒီမှာ ရင်တွေခုန်လွန်းလို့ သေတော့မယ်….။”

    “အေး.. ဒါဆိုပြောမယ်.။ နင်နဲ့ငါနဲ့ အလောင်းအစားတစ်ခုလုပ်မယ် နင်နိုင်ရင် နင်လိုချင်တဲ့ အဖြေကိုငါပေးမယ်။ ငါနိုင်ရင် နင်တောင်းထားတဲ့ အဖြေကို ပြန်ရုပ်သိမ်းပေးရမယ်….။ ဘယ်လိုလဲ…?”

    “ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!!!”

    မြတ်သော် အလန့်တကြား ထအော်မိပါတယ်…။ သူမျှော်လင့်ထားတာက ဒီစကား မဟုတ်ဘူး လေ…။ ဒီစကားအတွက်ဆို သူဒီလောက်ရင်ခုန်နေစရာမှ မလိုတာ…။ တော်တော်လည်း ကျွဲမြှီးတိုသွားပါတယ်….။ ဒါသူ့ကို သက်သက် ပညာပြတာပဲ…။ ဒီအခြေအနေအထိ ရောက် အောင် ဆွဲခေါ်လာပြီး …။ အနားရောက်မှ ကပ်ဖြုတ်တာပဲ …။ သူတစ်ယောက်ထဲ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်ခါနေပါတော့တယ်….။

    “နင်ငါ့ကို မအော်ပါနဲ့….။ အခုလိုအချိန်ကတည်းက နင်ကငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံနေရင် ငါနင့်ကိုငါ့ဘ၀ အ တွက် ဘယ်လိုယုံကြည်ရမလဲ…။ ဘယ်လိုအားကိုးရမလဲ…။” (more…)

    Cateogry : Essay | 16 Comments