• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    သို့… ယူရယ်တောင်တန်းများ (၁)

    July 17 , 2009 | 1,064 views

    ကျွန်တော် ခရီးထွက်နေပါတယ်..။ နွေရာသီ အပန်းဖြေ ခရီးသဘောမျိုးပါ…။ အဲ့ဒီ့ ခရီးစဉ်လေးနဲ့ပတ်သတ်ပြီး ကျွန်တော် အပိုင်းလေးတွေခွဲကာ အားလုံး အတွက်မျှဝေပေးလိုပါတယ်..။ ကျွန်တော့်အတွက်လည်း ခရီးသွားမှတ်တမ်းသဘောမျိုးလေးဖြစ်သလို။ ဖတ်ရတဲ့ သူတွေအတွက်လည်း ဗဟုသုတ ရနိုင်စရာလေးတွေများပါရင် အကျိုးရှိမလားဆိုပြီးတော့ပါ။ ခရီးစဉ်မှတ်တမ်းကိုတော့ ကျွန်တော်အပိုင်းလိုက် ခွဲပြီးရေးသွားမှာ ဖြစ်ပါတယ်။

    ဒီခရီးစဉ်တစ်ခုလုံးနဲ့ပါတ်သတ်ပြီး ရရှိလိုက်တဲ့ အသိတရားတွေ၊ အတွေ့အကြုံ ဗဟုသုတတွေ၊ အယူအဆ နဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေကိုတော့ ခရီးစဉ်မှတ်တမ်းအားလုံးရေးပြီးသွားတဲ့ အချိန်ကျမှ ကျွန်တော် သီးသန့်ထပ်ရေးပါမယ်..။ အခု ကျွန်တော်တင်ပြမယ့် ခရီးစဉ်အပိုင်းလိုက် လေးတွေ ကတော့..။ အပျော်သဘော၊ ခရီးသွားမှတ်တမ်း သဘောမျိုးသက်သက်ပဲ ဖြစ်ပါတယ်..။

    အားလုံးပဲ ခံစားလိုက်ကြရအောင်လားဗျာ ;)

    ၁၂.၇.၂၀၀၉

    မော်စကိုမှ ညနေ ၃း၁၅ ရထားဖြင့် စတင်ထွက်ခွာခဲ့ပါတယ်…။ အိပ်စင်အတွဲနဲ့ဖြစ်ပါတယ်..။ ကျွန်တော့် သူငယ်ချင်းက အောက်ထပ်အိပ်စင်မှာ နေရာယူပါတယ်..။ ကျွန်တော်က အပေါ်ထပ် အိပ်စင်မှာပါ..။ ရထားတွဲထဲမှာ ကျွန်တော်တို့ နှစ်ယောက်နဲ့အတူ အခြားအမျိုးသမီးတစ်ယောက်နဲ့ သူ့ကလေးပါ ပါတယ်…။

    အဲ့ဒီ့အမျိုးသမီးနဲ့ ကလေး ရထားလက်မှတ်ကိုင်ပြီး ကျွန်တော်တို့အခန်းထဲ ၀င်လာတဲ့အချိန်မှာတော့..။ ကျွန်တော်တို့ရဲ့ ခရီးသွားရင်း ဇာတ်လမ်း စဉ်မဟဲ့ ဆိုတဲ့ စိတ်ကူးလေးဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပါတော့တယ်..။ ရုပ်ရှင်တွေထဲမှာများ..။ မင်းသားကခရီးသွားရင် မင်းသမီးနဲ့ အတူထိုင်။ မင်းသမီးက ခရီးသွားရင် မင်းသားနဲ့တိုး…။ သူတို့မတော့…။ တယ်လည်း အဆင်ပြေလှပါတယ်..။ ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ တစ်ပွဲမှ မတိုးသေးပါဘူး…။ :P

    မြောက်များလှစွာသော ကျွန်တော့်ရဲ့ ဇာတ်လမ်းပေါင်းများစွာထဲမှာ ခရီးသွားဇာတ်လမ်းလေးတစ်ပုဒ်တော့ ကျွန်တော့အတွက် အမှန်အကန်ကို လိုအပ်နေပါပြီ..။ (ခရီးအတူသွားလိုသူ {{မိန်းကလေး<<လှလှလေး>>များ}} များရှိပါက ဆက်သွယ်ကြကုန်!!!)  :P

    ဒီလိုနဲ့ပဲ ရထားပေါ်မှာ အလုပ်မရှိ အကိုင်မရှိ..။ စာအုပ်ဖတ်လိုက်..။ မုန့်စားလိုက်..။ သီချင်းနားထောင် လိုက်..။ ယူလာတဲ့ Laptop ကို ထုတ်ပြီး ရှပ်ရှင်ကြည့်လိုက်..။ မှောင်တော့ အိပ်လိုက်နဲ့ပဲ..။ စာမေးပွဲကာလတစ်လျှောက်လုံး ဆရာတွေနဲ့ လုံးထွေးရစ်ပတ် သတ်ပုတ်ခဲ့ရသမျှတွေ၊  ခေါင်းက မီးခိုးထွက်မတက် တွက်ခဲ့စဉ်းစားခဲ့ရတာတွေကို အပန်းဖြေရင်း…။ ခရီးဆက်လာ ခဲ့လိုက်တာ….။

    ၁၄.၇.၀၉

    မြို့ပေါင်း ၄၀ ကျော်နဲ့ နာရီပေါင်း ၄၀ အတိအကြာမှာ ကျွန်တော်တို့ရဲ့ ပန်းတိုင်….။ ကျွန်တော်တို့ငယ် စဉ်က ပထ၀ီဘာသာရပ်ထဲမှာ သင်ကြားခဲ့ရ တဲ့ အာရှတိုက်နဲ့ ဥရောပတိုက်ကို ပိုင်းခြားထားတဲ့ ယူရယ် (Urla Ranges) တောင်တန်းပေါ်မှာ တည်ရှိတဲ့ Myass (Миасс) ဆိုတဲ့ မြို့ကလေးကို နံနက် ၆း၃၀ မှာစတင်ရောက်ရှိခဲ့ပါတယ်။

    ဘူတာမှာတော့ ကျွန်တော်တို့ရဲ့ ဆရာမနဲ့ ဆရာမရဲ့ သမီးက အသင့် လာရောက်စောင့်ဆိုင်းနေကြပါတယ်…။ ကျွန်တော့်ဆရာမက အဲ့ဒီ့မြို့မှာမွေး တာပါ..။ သူကနွေရာသီဆို ဒီမြို့လေးက သူ့အမေအိမ်မှာ မိသားစုလိုက်အမြဲ လာရောက် အပန်းဖြေလေ့ရှိပါတယ်..။ အခု ကျွန်တော်တို့လာမယ် ဆိုတဲ့အတွက် သူတို့ အိမ်ခန်းရဲ့ အောက်ထပ်မှာ အခန်းတစ်ခန်းငှားပေးပါတယ်..။ ပိုက်ဆံကတော့ ကျွန်တော်တို့ပေး ပေါ့ :P စားတာသောက်တာ အားလုံးကိုတော့ သူကကျွေးပါတယ်..။ မကျွေးလို့လည်း မဖြစ်ပါ..။ ရထားလက်မှတ် အသွားအပြန်ဖိုး၊ ၁၀ ရက်စာ အိမ်ငှားခနဲ့တင် လူကတော်တော် လေး ဖွတ်တက်နေပါပြီ။ :D

    နွေရာသီရဲ့ ပထမဆုံး ခြေလှမ်းတစ်ခုတော့ စတင်လိုက်ပြီဖြစ်ပါတယ်..။ ;)

    ပထမဆုံး ကျွန်တော်တို့နေရမယ့်အိမ်ကို အရင်သွားကြပါတယ်..။ အိမ်ရောက်တော့ ထားစရာရှိတာတွေ နေရာချ..။ ရေချိုး..။ ပြီးတော့ နေ့လည်စာ စား…။ ကျန်ရှိနေတဲ့ နေ့တစ်ဝက်အတွက် သွားဖို့လာဖို့။ လန်းဖို့ အစီအစဉ်တွေကို စတင်စဉ်းစား တိုင်ပင်ကြပါတယ်..။

    နေ့တစ်ဝက်လောက် ဖြစ်နေပြီမို့..။ ဒီနေ့အတွက်ဘာမှ သိပ်လုပ်စရာမရှိတော့ပါဘူး..။ မြို့ရောက်ရောက်ခြင်း လိုအပ်တဲ့ ၀ယ်စရာရှိတာအချို့ ၀ယ်ပါတယ်…။ ၀ယ်စရာရှိတာတွေ ၀ယ်ခြမ်းပြီးသွားတဲ့အချိန်မှာ နေ့လည် ၂ နာရီလောက်ရှိနေပါပြီ…။ အဲ့ဒီ့တော့ဘာလုပ်မလဲ..? အိမ်ပြန် နေ့လည် စာစားပေါ့…။ သိတယ်မလား..။ ညနေမှာ အစီအစဉ်တွေကျန်သေးတယ်လေ ;)

    (more…)

    Cateogry : Article , Personal | 21 Comments