• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ၉/ခ စံပယ်

    May 23 , 2011 | 694 views
    a

    ဇူလိုင်..။ သြဂုတ်..။ စက်တင်ဘာ..။ အောက်တိုဘာ..။ နိုဝင်ဘာ..။ ဒီဇင်ဘာ..။ ဇန်န၀ါရီ…။ ဖေဖော်ဝါရီ..။ မတ်…။ ဧပြီ…။ မေ…။

    အချိန်တို့သည် ထင်တာထက်ပိုပြီး လျှင်လျှင် မြန်မြန်ကုန်ဆုံးသွားပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ အချို့အတွက် မသိသာပါဘူး..။ မထူးခြားပါဘူး..။ အချို့အတွက်တော့ တစ်နှစ်ဆိုတဲ့ အချိန်မပြောနဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလောက်နဲ့ တင် အရာအားလုံးကို ပြောင်းလဲပြစ်ဖို့ လုံလောက်ပါတယ်..။

    ကျွန်တော်အတွက်တော့ ဒုတိယအမျိုးအစားက အကြုံးဝင်ပါတယ်..။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင်ကို လုပ်စရာတွေက စနစ်တကျ ပြည့်နေခဲ့ပါတယ်..။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ဘ၀အမျိုးအစားအရ ဒါဟာ သိပ်မထူးဆန်းပါဘူး…။ စာဖတ်သူတွေအတွက်လည်း ထူးဆန်းမယ် မထင်ပါဘူး..။ ဒီကာလတစ်ခုအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ…။ ခံစားချက်တွေဟာ အမျိုးစုံသလောက် ရသလည်း စုံလှပါတယ်…။ ဒီအတွေ့အကြုံတွေထဲက ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ကျွန်တော် ပြန်ပြောပြချင်ပါတယ်…။ ဒီစာကိုဖတ်လိုက်ရလို့ ကုန်ဆုံးသွားမယ့် တစ်စုံတစ်ခုသော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွက် မပြောပလောက်သော ပမာဏလေးဖြစ်ဖြစ်တော့ အကျိုးရှိကောင်း ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…။ (more…)

    Cateogry : Article , Personal | 2 Comments

    လွင့်မြောခြင်း ခရီးစဉ်

    March 21 , 2009 | 760 views

    တစ်ခါမှ လောကဟာ ဒီလောက်အထိ သာယာကြည်နူးဖွယ်ကောင်းမှန်း သူမတွေးမိခဲ့ပါဘူး…။ အရာအားလုံးဟာ ငြိမ့်ညောင်းသာယာစွာ..။ နူးညံ့ ပျော့ ပြောင်းစွာ…။ လွတ်လပ်ပေါ့ပါးစွာ….။ တစ်လွှာခြင်း တစ်လွှာခြင်း လှချင်တိုင်းလှနေပါတယ်…။ မထင်ခဲ့ဖူး…။ ဒီလောက်သာယာ လိ့မ်မယ်လို့ သူတစ်ခါမှ မထင်ခဲ့ဖူး…။ ဒီလိုမှန်းသာသိရင် ဒီအခွင့်အရေးမျိုးကို သူကိုယ်တိုင်အစောကြီးကတည်းက ဖန်တီးခဲ့တာပေါ့…။ ညံ့လိုက်တာ…။ ကိုယ့် ကိုယ်ကို တော်တော် အသုံးမကျမှန်း အခုမှ သူ့ကိုသူသိတော့တယ်…။ တစ်ကယ်ဆို အစောကြီးကတည်းက ပြောပါလား..။ လောကဆိုတာ ကိုကင်းရာခိုင်နှုန်း မသတ်မှတ်ရသေးတဲ့ မူးယစ်ဆေးဝါး တစ်မျိုးဆိုတာ…။ ဘ၀ဆိုတဲ့ မူးယစ်ဆေးဝါးကို ရူးသွပ်စာ စွဲလမ်းခဲ့ပြီးမှတော့…။ ဘာများ တတ်နိုင်ဦးမှာတဲ့လဲ…?

    အကြားအာရုံတွေထဲမှာ ပါးလှပ်လှပ် လေတိုးသံအချို့ကို သူခံစားမိတယ်…။ အတိတ်ဆိုတဲ့ ခပ်ပေါပေါ တပ်မက်မှုတစ်မျိုးအကြောင်း တီးတိုး အဓိပ္ပါယ် ဖွင့်ဆိုနေကြတာများလား…။ မျက်ဝန်းအစုံကို ဖြေးညှင်းစွာ မှိတ်လိုက်တဲ့ခဏ…။ အာရုံဆိုတဲ့ ပန်းခင်းကြီးတစ်လျှောက် ခံစားချက်ဆိုတဲ့ ရောင်စုံ ပန်းပွင့်တွေ ခန့်ငြားစွာ ပွင့်ဝေလာခဲ့တယ်..။ နောင်တဆိုတာ မိုးလွန်မှ ထွန်ခြ ခြင်းဆိုတဲ့ ခပ်တုံးတုံးအတွေးအခေါ်တွေ လာမပြောပါနဲ့..။ မိုး လွန်ရင် ရေသွင်းစိုက်မယ်..။ ဒီလိုအတွေးအခေါ်နဲ့ ရှင်သန်နေမယ့် လူတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွက် ၂၁ ရာစုမှာ နေရာတွေ သိပ်ရှားတယ်..။ ရှူသွင်းဖို့ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေ သိပ်ရှားတယ်..။ ဝေမျှဖို့ ကိုယ်ချင်းစာတရားတွေ သိပ်ရှားတယ်..။ စိတ်တော့မရှိလေနဲ့ အဲ့လို လူမျိုးအတွက် သေသွားရင် မြုပ်ဖို့ မြေကအစရှားတယ်…။

    သူ့ဘ၀ကိုသူ လွတ်လပ်စွာ ဖောက်ထွက်ခွင့်ပေးဖို့ အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်..။ ကြိုးစားတိုင်းအောင်မြင်တယ်ဆိုတာ ဒဏ္ဏာရီပုံပြင်ထဲ က အပေါစား သူရဲကောင်းတွေပဲ ရှိတယ်။ အင်း…။ ဖြစ်နိုင်တာတစ်ခုတော့ ရှိတယ်..။ သူတို့ဘာလို့ အောင်မြင်လဲ? ဒဏ္ဏာရီထဲက သူရဲကောင်း တွေမှာ အတိတ်တွေ အနာဂတ်တွေမရှိဘူးလေ..။ သူတို့ရှင်သန်နေတဲ့ ၅ မိနစ်စာပုံပြင်လေး တစ်ပုဒ်စာလောက်ပဲ ပိုင်ဆိုင်လေတော့…။ သူတို့လိုပဲ လုပ်တိုင်းအောင်မြင်ချင်တယ်ဆိုရင်တော့…။ အတိတ်တို့…။ အနာဂတ်တို့ဆိုတဲ့ မလိုတစ်မျိုး လိုတစ်မျိုး သတ္တ၀ါနှစ် ကောင်ကို လားပင်စင်သာ ပေးလိုက်ပေတော့..။

    သူ့ရဲ့ခန္ဓာကိုယ်ကို တိုးဝှေ့နေတဲ့ လေပြေတွေကို သူယုယစွာ နမ်းရှိုက်နေမိတယ်..။ သူအာရုံတွေကို သေချာ စူးစိုက်ကြည့်တော့ ဒီလေပြည်တွေထဲ က ရနံ့တစ်မျိုးကို သတိထားမိလိုက်တယ်…။ ဟုတ်တယ်…။ လေမှာ အနံ့ရှိတယ်…။ တစ်ပြိုင်ထဲမှာပဲ သူချက်ခြင်းသတိထားမိလိုက်တယ်..။  အဲ့ဒီ့အချိန်မှာပဲ သူသိလိုက်တယ်..။ သူ့ဘ၀ တစ်လျှောက်လုံး အမှားကြီးမှားခဲ့ပြီ..။ ဘယ်သူပြောလဲ…? လေမှာ အရောင်မရှိဘူး..။ အနံ့မရှိဘူး..။ အရသာမရှိဘူးလို့…? အာရုံငါးပါးထဲက တစ်မျိုးမျိုးကို ပြီးပြတ်အောင် သုတ်သင်ပြစ်နိုင်ဖို့ပဲ လိုအပ်တယ်။ တဒင်္ဂဆိုတဲ့ သူ့လက်ထဲမှာရှိတော့တဲ့ မများလှတဲ့ အချိန်အတိုင်းအတာလေးအတွင်းမှာ ရရှိလိုက်တဲ့ သူ့ရဲ့အသိတရားတွေဟာ သူဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ဆိုတာကို ကောင်းကောင်း ပျက်ရယ်ပြုကြလေပြီ..။ အခုဆိုရင် သူ့စိတ်နဲ့ ခန္ဓာဟာ အချိန်နဲ့နေရာ ကို တရွေ့ရွေ့ ဖြတ်ကျော်နေပြီဖြစ်ပါတယ်…။

    အခုလို လေဟုန်ထဲမှာ လွင့်မြောနေဖို့ဆိုတဲ့ စိတ်ကူးဟာ ငယ်စဉ်ကတည်းက ကလေးတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ အိပ်မက်ကမ္ဘာကို ချယ်လှယ်ခြင်း ပြုခဲ့ပါတယ်..။ တစ်စက္ကန့်စာ လူသားဆန်ဖို့ သို့မဟုတ် တစက္ကန့်စာ အိပ်မက်တစ်ခုအား အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘ၀တစ်ခုလုံးနဲ့ လဲရတာ တန်တယ်ဆိုတဲ့ ယုံကြည်ချက်ဟာ သူ့ရဲ့ ဇာတိ၊ ဇရာ၊ မရဏ ခရီးတစ်လျှောက် နက်ရှိုင်းစွာ တွယ်ငြိနေတဲ့ အမြစ်ပေါင်းများစွာထဲက အမြစ် တစ်ခုပဲပေါ့…။

    (more…)

    Cateogry : Essay | 11 Comments

    ပရိုင်းမိတ် အိပ်မက်

    March 7 , 2009 | 1,009 views

    လက်တွေ တဆတ်ဆတ်တုန်နေပုံများ…။ အိမ်မြှောင်ဥတွေပဲ အပြွတ်လိုက် ကိုင်ထားမိသလိုလို..။ ဒါမှမဟုတ် နေညိုချိန် လေမပြိုရလို့လိုလို…။ ဘာလိုလို…။ ညာလိုလိုနဲ့…။ မသိတဲ့သူတွေတွေ့ရင် တစ်မျိုးတောင်ထင်သွားနိုင်တယ်…။ သေသေချာချာ ပြန်စဉ်းစားတော့ လက်တင်ဘယ်ဟုတ် မလဲ…။ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးပဲ အတွဲလိုက် အပြစ်ခံထားရသလား..။ ဒါမှမဟုတ် ဗို့ဒ်အား တစ်သောင်းလောက်ရှိတဲ့ ဓာတ်များလိုက်ထား သလား…။ ဒါမှမဟုတ် အမေဂျမ်း သို့မဟုတ် ကိုကြီးကျော်များ ၀င်ပူးနေသလားထင်ရအောင် တတုန်တုန်တရင်ရင်…။ တစ်စုံတစ်ယောက်ကများ အဝေးက လှမ်းကြည့်လိုက်မယ်..။ ဒါမှမဟုတ် အမှတ်တမဲ့ လှမ်းကြည့်လိုက်မယ်ဆိုရင်..။ အဲ့ဒီ့တုန်းက ကျွန်တော့်ပုံက အိမ်မြှောင်ရှော့ရိုက်ခံထားရ တဲ့ ပုံမျိုးဖြစ်နေနိုင်ပါတယ်..။

    တကိုယ်လုံးတုန်နေတာထက် အဆိုးဆုံးက…။ ရင်ဘတ်ထဲမှာ နိုင်ငံတော် စစ်တီးဝိုင်းကြီးပဲ တီးနေသလား..။ ဒုတိယကမ္ဘာစစ်တုန်းက အာဖရိကမှာ အင်္ဂလိပ်တွေကိုတိုက်ဖို့ အာဆင်ရွမ်းမဲရဲ့ တင့်ကားတပ်မကြီပဲ ချီလာသလားအောက်မေ့ရအောင် ရင်ဘတ်တစ်ခုလုံး တဒုန်းဒုန်းနဲ့…။ အခုနေများ အရုပ်ကြိုးပြတ်ဆိုသလိုလဲကျသွားရင် အမေရိကန်က Twin Tower ပြိုတာထက် ပိုပြီး ရုပ်ပျက်စင်းပျက်နိုင်ပြီး ပိုးစိုးပက်စက်ဖြစ်မှာကတော့ အသေအချာပါပဲ..။ တဂုတ် ဂုတ် မြည်နေလို့ ခွေးဝဲစားတစ်ကောင်များ ဘေးနားလာ အရိုးကိုက်နေလားဆိုပြီး အောက်ငုံကြည့်တော့…။ အမောင် ဒူးခေါင်းနှစ်လုံးက တစ်စက္ကန့်ကို အကြိမ်တစ်သန်းနှုန်းလောက်နဲ့ ဒူးတိုက်ဆွေးနွေးပွဲလုပ်နေလို့ အသံထွက်နေခြင်းသာ…။ မယုံမရှိနဲ့ ဗန္ဓုလသွေး အပြည့်ပါတယ်..။

    “ဟေ့ရောင်…။ အူကြောင်ကြောင်လုပ်မနေနဲ့…။ လုပ်စရာရှိတာ အမြန်လုပ်…။ အချိန်မရဘူး…။ တော်ကြာအားလုံး ပြန်လာကုန်လို့ သမခံနေရမယ်”

    “အေး..။ အေးပါကွာ…။ ငါအရှိန်ယူနေပါတယ်…”

    “အေး အရှိန်ယူနေတယ်ဆိုလဲ မြန်မြန်ယူကွာ…။ တော်ကြာ မင်းနဲ့ပေါင်းမှ ငါပါ ဆွမ်းကြီးလောင်းခံရတဲ့အထဲ ပါနေဦးမယ်…။”

    ဟုတ်ပါတယ်..။ ကျွန်တော့်သူငယ်ချင်းပြောလဲ ပြောစရာပါပဲ…။ ကွန်တော် တစ်ကိုယ်တော် နတ်ကနားပွဲကနေတာ တော်တော်ကြာပါပြီ..။ ကျွန်တော့် သူငယ်ချင်း လှမ်းသတိပေးလိုက်မှ ရွမ်းမဲရဲ့ တင့်ကားတပ်မကြီးက ပိုပြီးအရှိန်ပြင်းထန်လာပုံရပါတယ်…။ သူပြောတာလဲ မှန်တော့မှန်သည်…။ တစ်ကယ်ဆို လှုပ်ရှားဖို့ အချိန်ကသိပ်ရသည်မဟုတ်..။ အခြေအနေပေးတုန်း..။ အချိန်အခါပေးတုန်းလေး လှုပ်ရှားရတာ..။ နောက်တစ်ခါ ဒါမျိုး အခွင့်အရေးရဖို့ဆိုတာက သိပ်မသေချာ…။ တစ်ဘက်မှာလည်း အဆက်အသွယ်တွေရဲ့ ထောက်လှမ်းသတင်ပေးမှုအရ ကိုယ့်အတွက် သေချာ ပေါက် အခွင့်အရေးတစ်ခု အပိုင်ရရှိနေပြီးသားပါ…။ ကိုယ့်ဘက်မှာကလည်း အခြေအနေက တော်တော်လေး မျက်နှာသာပေးနေတယ်  ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ သိနေပါတယ်…။ ဒီလို ကြိတ်မနိုင်ခဲမရ ဖြစ်နေတဲ့ အချိန်ဟာ ခန့်မှန်းခြေ အားဖြင့်  မိနစ် ၃၀ ၊ ၄၅ မိနစ်လောက်ရှိနေ ပြီဖြစ်ပါ တယ်..။

    “ဟေ့ရောင်…ကိုထက်…။ ဖြစ်ပါ့မလားကွာ…။ တော်ကြာ အကုန်ဒုက္ခရောက်ကုန်မယ်နော်…။ လက်ရှိရထားသလောက်ကလေးနဲ့ပဲ ကျေနပ်လိုက် ရင်ကောင်းမယ်ထင်တယ်…။ အလိုကြီးအရနဲတဲ့နော်….။ “

    (more…)

    Cateogry : Essay , Personal | 30 Comments

    ရွာလည်ခြင်း Theory

    February 2 , 2009 | 1,338 views

    ကျွန်တော် မြန်မာ ဘလော့ဂါရပ်ဝန်းထဲကို ခြေချခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ခွဲနီးပါးလောက်ရှိသွားပြီဖြစ်ပါတယ်…။ ဘယ်လိုတွေ ဖြစ်ပြီးစရေး ခဲ့တယ်..။ ဘယ်သူတွေက နည်းလမ်းပြသပေးခဲ့တယ်…။ ဘယ်နေရာတွေက ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းကူညီပေးခဲ့တယ် ဆိုတာတွေ ကို ကျွန်တော့်ဘလော့ တစ်နှစ်ပြည့်ပို့စ်မှာတုန်းက အကျယ်တ၀င့် အသေးစိတ်ရေးသားခဲ့ပြီး ဖြစ်ပါတယ်…။ ဒါပေမယ့် အဲ့ဒီ့ပို့စ်ထဲမှာ ကျွန်တော် အချို့သော အချက်တွေကို ရှင်းပြဖို့ ကျန်နေခဲ့ပါတယ်…။ အရေးအကြီးဆုံး အချက်တစ်ခုကို ကျွန်တော်ပြောဖို့ မေ့ခဲ့တယ်လို့ ပြောရင်လဲ ရပါတယ်။ ဘာလဲဆိုတော့ ကျွန်တော် ဘလော့စရေးရခြင်းရဲ့ ရည်ရွယ်ချက်ပါပဲ…။

    ကျွန်တော် ဘလော့စရေးရခြင်းရဲ့ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်…။ တစ်ခုက အများဆိုင်ဖြစ်ပြီး…။ နောက်တစ်ခုကတော့ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ခံစားချက်သက်သက်တစ်ခုမျှသာဖြစ်ပါတယ်…။ ဒီနေရာမှာတော့ ကျွန်တော်ကိုယ်ရေးကိုယ်တာနဲ့ (အထူးသဖြင့် ကျွန်တော့်ခံစားချက်၊ ခံယူချက်တစ်ခု လို့ပဲပြောရမှာပေါ့) ဆိုင်တဲ့အချက်ကိုတော့ ထွေထွေထူးထူး မပြောတော့ပါဘူး…။ အများနဲ့ သက်ဆိုင်တဲ့အချက်တစ်ချက်ကိုပဲ ကျွန်တော် အနည်းငယ် ရှင်းပြလိုပါတယ်…။

    ကျွန်တော် ဘလော့ကို စတင်လုပ်ရတဲ့ ရည်ရွယ်ချက်နှစ်ခုထဲက အများနဲ့သက်ဆိုင် (အများကို အသိပေးရန်သင့်တော်တယ်လို့ ကျွန်တော်ယူဆတဲ့ အချက်ပါ) တဲ့အချက်တစ်ခုဆိုတာကတော့…။ ကျွန်တော်က ကျွန်တော့် ဘလော့လေးကို နည်းပညာတွေ၊ အနုပညာတွေ၊ ရသတွေ၊ သုတတွေ စသည်ဖြင့် ကျွန်တော် သိသလောက်၊ တတ်သလောက် ငမြောက်ငချောက် အချက်အလက်လေးတွေကို ဝေေ၀ဆာဆာ တင်ဆက်၊ ဖော်ပြပေးသွား ဖို့ပဲ ဖြစ်ပါတယ်…။ ကျွန်တော် စရေးကတည်းက ငါ ဘာကိုပဲ တစ်မျိုးထဲ ရေးမဟဲ့ ဆိုတဲ့ ဘောင်သတ်မှတ်ထားခြင်းမရှိခဲ့ပါဘူး..။ မရှိဆို ကျွန်တော် ကိုယ့်အကြောင်းကိုယ်သိပါတယ်…။ (ပြောရင်ကိုယ့်ကိုယ်ကို မြှောက်တယ်ဖြစ်ဦးမယ်) ကျွန်တော် ဘာမှဖြစ်ဖြစ်မြောက်မြောက် အသုံးကျတဲ့ကောင် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိနေခဲ့လို့ပါ..။

    ကျွန်တော့်ကို ကွန်တော် အနုပညာရှင်တစ်ယောက်လို့ နာမည်တပ်ပြီး အနုပညာတစ်ခုထဲကိုပဲ တင်ဆက်ရေးသားရအောင် ကျွန်တော် အဲ့လောက် သတ္တိမရှိပါဘူး..။ အနုပညာရဲ့ သဘော၊ သဘာဝ၊ အနှစ်သာရ၊ သိမ်မွေ့မှု၊ နက်နဲမှုတွေဟာ ကျွန်တော့် ပုဇွန်ဆိတ်ဦးနှောက်လောက်နဲ့ ဘယ်လိုမှ လိုက်မမှီနိုင်လောက်အောင်ကို ကြီးကျယ်ခန်းနားလွန်းပါတယ်…။ တစ်ခုတော့ ကျွန်တော်သိပါတယ်…။ ကျွန်တော် အနုပညာကိုချစ်ပါတယ်…။ အနုပညာကို ချစ်ရုံ၊ လေးစားရုံ၊ မဖြစ်စလောက် တောင်ခြစ်၊ မြောက်ခြစ် စာတွေရေးယုံလောက်နဲ့တော့ ကျွန်တော် မိမိကိုယ်ကိုဘယ်တော့မှ “ငါအနုပညာရှင်…၊ အနုပညာတစ်ခုထဲကိုပဲ ဖန်တီးမယ်ကွ…” ဆိုပြီးမကြွေးကြော်ရဲတာ အမှန်ပါ..။ ဘောင်တစ်ခုထဲ သတ်မှတ်ပြီး ဘလော့ရေးရအောင် ကျွန်တော်သည် များစွာအဆင့်မရှိသော သာမန်ဘလော့ဂါတစ်ယောက်မျှသာ ဖြစ်ပါသည်။

    (more…)

    Cateogry : Personal | 32 Comments

    အချစ်ကို ခိုးယူစားသုံးကြသူများ

    December 21 , 2008 | 722 views

    အခန်း(၁)

    ငါ့ကို ခဏလောက်တော့
    စစ်ပြင်ဆင်ခွင့်ပေးပါ
    နှလုံးသား စစ်မြေပြင်မှာ
    ပိုးစိုးပက်စက် ငါကျရှုံးချင်လို့…။
    BLACK DREAM

    သူမရဲ့စကားတွေ နားထောင်ရင်း သူရင်တွေ တဖြေးဖြေးပိုခုန်လာခဲ့သည်။ သူအချိန်ကာလ ကြာရှည်စွာစောင့် စား ခဲ့ရတဲ့အချိန်တစ်ခု သူ့ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုမြိုက်ရောက်ရှိနေပြီ ဆိုတဲ့အသိက သူ့ရဲ့အတွေးတွေကို အတော်လေးကို နေမထိထိုင်မသာ ဖြစ်စေခဲ့ပါတယ်…။ လက်ထဲမှာကိုင်ထားတဲ့ Hand Phone ကိုသူကျစ်ကျစ်ပါ အောင်ဆုပ်ထားပုံမှာ မသိပါက နားထဲသို့ထို Hand Phone အား, အလုံးလိုက်ထိုးသွင်းတော့မဲ့ ပုံပါပဲ…။ တစ် ဘက်မှ တစ်လုံးခြင်းပြောနေတဲ့ သူမရဲ့စကားသံတွေကို နားထောင်ရင်း ဖုန်းကိုင်ထားတဲ့လက်ရော ကျန်နေတဲ့ အခြား လက်တစ်ဘက်ရော လက်နှစ်ဘက်စလုံးမှာ ဇောချွေးတွေ ပြန်နေပြီဆိုဆိုတာ သူအသေအချာကို သတိထားမိ လိုက်ပါတယ်…။

    “မြတ်သော် နင်…ငါပြောနေတာတွေကို သေသေချာချာကြားရဲ့လား…?”

    တစ်ဘက်မှ စကားသံကိုကြားလိုက်မှ သူ့အတွေးတွေ ပြတ်တောက်သွားပြီး မိမိခန္ဓာကိုယ်ကို ရှုနေတဲ့ တရားတွေ သူမထံကို ပြန်လည်ရောက်ရှိသွားပါတယ်….။

    “သြော်…အင်း…။ ကြားပါတယ် မေနှင်းစက်…။ ငါကြားပါတယ်…။ သေသေချာချာလဲ နားထောင်နေပါတယ်”

    သူအလန့်တကြား ကမန်းကတမ်း ပြန်ဖြေလိုက်ပါတယ်…။

    “အေး ကြားရင်ပြီးရော…။ သေသေချာချာနားထောင်…။ ငါနှစ်ခါထပ်မပြောဘူးနော်…။”

    ထုံးစံအတိုင်းပါပဲ သူမရဲ့ အမိန့်ပေးသံတွေက အဆက်မပြတ် မြတ်သော်ပေါ်ကျရောက်လို့သာ နေပါတယ်…။ သူ ကလည်းသူပဲလေ…။ သူမရဲ့နှုတ်ခမ်းကထွက်တဲ့ စကားဆို မြေ၀ယ်မကျ နားထောင် တတ်ပုံများ…။ မိဘတွေသာသိရင် ရင်ကျိုးလောက်တယ်…။ ဒီလောက် အလျော့ပေး သီးခံနေတဲ့ သူ့ကို သူမကအမြဲတမ်း အနိုင်ကျင့်၊ အထက်စီးက ဆက်ဆံခဲ့တာလည်း တကယ် တမ်းဆို ဆန်းတော့ မဆန်းလောက်ပါဘူး…။

    “အေးပါဟာ…ငါနင့်စကားဆို အမြဲတမ်း အလေးအနက်ထားနားထောင်ခဲ့တယ်ဆိုတာ နင်သိပါတယ်…။ အထူးသဖြင့် အခုလိုငါ့ဘ၀အတွက်အရေးကြီးတဲ့ စကားမျိုးပြောမယ့် အချိန်မျိုးမှာ ငါဘယ်လောက်ထိ နင့်စကားသံတွေကို အာရုံစိုက်တန်ဖိုးထားနေမယ်ဆိုတာ နင်သိသင့် ပါတယ်….။”

    “တော်…တိတ်…။ စကားကြောလာမရှည်နဲ့…။ ငါပြောတာပဲနားထောင်….။”

    “အင့်…။ အေးပါ..။ ဟုတ်ပါပြီ…။ ပြောမှာသာ ပြောပါဟာ…။ ငါဒီမှာ ရင်တွေခုန်လွန်းလို့ သေတော့မယ်….။”

    “အေး.. ဒါဆိုပြောမယ်.။ နင်နဲ့ငါနဲ့ အလောင်းအစားတစ်ခုလုပ်မယ် နင်နိုင်ရင် နင်လိုချင်တဲ့ အဖြေကိုငါပေးမယ်။ ငါနိုင်ရင် နင်တောင်းထားတဲ့ အဖြေကို ပြန်ရုပ်သိမ်းပေးရမယ်….။ ဘယ်လိုလဲ…?”

    “ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!!!”

    မြတ်သော် အလန့်တကြား ထအော်မိပါတယ်…။ သူမျှော်လင့်ထားတာက ဒီစကား မဟုတ်ဘူး လေ…။ ဒီစကားအတွက်ဆို သူဒီလောက်ရင်ခုန်နေစရာမှ မလိုတာ…။ တော်တော်လည်း ကျွဲမြှီးတိုသွားပါတယ်….။ ဒါသူ့ကို သက်သက် ပညာပြတာပဲ…။ ဒီအခြေအနေအထိ ရောက် အောင် ဆွဲခေါ်လာပြီး …။ အနားရောက်မှ ကပ်ဖြုတ်တာပဲ …။ သူတစ်ယောက်ထဲ ဒေါသတွေနဲ့ တဆတ်ဆတ်တုန်ခါနေပါတော့တယ်….။

    “နင်ငါ့ကို မအော်ပါနဲ့….။ အခုလိုအချိန်ကတည်းက နင်ကငါ့ကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံနေရင် ငါနင့်ကိုငါ့ဘ၀ အ တွက် ဘယ်လိုယုံကြည်ရမလဲ…။ ဘယ်လိုအားကိုးရမလဲ…။” (more…)

    Cateogry : Essay | 16 Comments