• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    သို့… ယူရယ်တောင်တန်းများ (၂)

    July 19 , 2009 | 982 views

    အပိုင်း (၁) ကိုရေးပြီး..။ ခရီးထွက်နေတဲ့နေရာကနေ နောက်တစ်ဆင့် ခရီးထပ်ထွက်သွားရလို့ ဆက်မရေးဖြစ်ဖူးဖြစ်သွားပါတယ်..။ သွားတာက တောထဲကိုပါ…။ ဆရာမသမီးရဲ့ သူငယ်ချင်းတွေနဲ့အတူ လူငယ်တွေချည်းသက်သက် Camp သဘောမျိုးသွားနေလို့ပါ…။ အခု ဒုတိယခရီးကနေ ပထမခရီးကို ပြန်ရောက်ပါပြီ..။ (ပထမခရီးတွေရော ဒုတိယခရီးတွေရော..။ တစ်ယောက်ထဲကို ရှုပ်နေတာပဲ :P )

    ဓာတ်ပုံမှတ်တမ်းတွေ တော်တော်များများရှိက်ထားပါတယ်..။ လက်ရှိ ၅ ရက်လောက်အတွင်းကို စုစုပေါင်း Camera သုံးလုံးပေါင်း ပုံ ၂၀၀၀ လောက် ရှိနေပါပြီ..။ (သိပ်မရိုက်ပါဘူးနော် :P ) ပုံတွေနဲ့ပတ်သတ်လို့ ဒီနေရာမှာတော့ ရှုခင်းပုံအချို့နဲ့ အထင်ကရနေရာတွေရဲ့ ပုံတွေလောက်ပဲ တော်ရုံ လောက် တင်မှာပါ။ ကျွန်တော် လက်စွမ်းပြထားတဲ့ပုံတွေနဲ့၊ အမှတ်တရဓာတ်ပုံတွေကတော့ ခါတိုင်းတင်နေကြနေရာမှာပဲ ပြန်လာရင် တင်ပါ့မယ် ;)

    ၁၅.၇.၂၀၀၉

    မနေ့က အချိန်မရှိတဲ့ကြားထဲမှာပဲ ရသလောက်ကဲထားတဲ့အရှိန်တွေရယ်..။ ခရီးပန်းထားတဲ့အရှိန်တွေ ရယ်ပေါင်းပြီး တော်တော်လေးအိပ်လို့ ကောင်းနေတုန်းပဲ..။ သူငယ်ချင်းက အပြင်သွားမယ်..။ ဆရာမဖုန်းဆက်နေပြီဆိုတာနဲ့ မျက်နှာသစ်၊ ရေပြေးချိုး၊ အ၀တ်အစားလဲ၊ မနက်စာစားပြီး ဆရာမ လာခေါ်မယ့် အချိန်ကို ထိုင်စောင့်နေလိုက်ပါတယ်…။

    ခဏကြာတော့ ဆရာမရောက်လာပြီး ဒီနေ့သွားမယ့် အစီအစဉ်ကိုပြောပြပါတယ်..။ ဒီနေ့အဖို့ကတော့ မနက်၊ နေ့လည်၊ ည Non Stop Schedule ဆွဲထားပါတယ်…။

    ဒီနေ့သွားမယ့် ခရီးစဉ်အကြောင်းမပြောခင် ကျွန်တော်တို့ အခုရောက်နေတဲ့ မြို့လေးအကြောင်းကို နဲနဲပြောပြခြင်ပါတယ်..။ ဒီမြို့လေးကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၃၆ နှစ်ဖြစ်တဲ့ ၁၇၇၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်..။ ယခင်က ဒီမြို့လေးဟာ သာမာန်မြို့တစ်ခုမဟုတ်ပဲ မော်တော်ကား အပါအ၀င် အာကသသိပံနဲ့သက်ဆိုင်တဲ့ နည်းပညာဆိုင်ရာ၊ စမ်းသပ်မှုတွေ၊ ထုတ်လုပ်မှုတွေ အစရှိတဲ့ စက်ကိရိယာများကို အဓိက ထုတ်လုပ်ရာ မြို့လေးဖြစ်တဲ့အတွက် အစိုးရက ခွင့်ပြုထားတဲ့သူများနဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှ မိသားစုများကလွဲလို့ ကျန်တဲ့ အခြားမြို့ကလူတွေ လာခွင့် မရှိပါဘူး။ အပြင်လူအထဲမ၀င်ရ အထဲကလူ အပြင်မထွက်ရဆိုတာ ဒီမြို့ကမှ အစစ်ပါ..။ သိပံပညာရှင်များစွာ ပေါ်ထွန်းခဲ့တဲ့ မြို့လေးတစ်ခုဆိုလည်း မမှားပါဘူး…။

    ဒါက အခု ကျွန်တော်သွားမယ့်နေရာနဲ့ အနည်းငယ်ဆက်စပ်နေတာရယ်..။ ဗဟုသုတအဖြစ် မှတ်သားလို့ရအောင်ရယ်ပါ..။ ကျွန်တော်တို့ ဒီနေ့အ တွက် ပထမဆုံး စတင်ရောက်ရှိလေ့လာခဲ့တဲ့နေရာကတော့ အကြီးစားမော်တော်ယဉ်များ ထုတ်လုပ်တဲ့ မော်တော်ကားစက်ရုံပဲဖြစ်ပါတယ်..။ ကုန်တင်တဲ့နေရာ၊ သစ်ထုတ်တဲ့နေရာ စသည်ဖြင့် အကြီးစားဝန်သယ်မှုတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ကားကြီးတွေ ထုတ်လုပ်တဲ့နေရာပါ..။ IVECO Company ဖြစ်ပါတယ်..။

    အဲ့ဒီ့ Company က Director နဲ့ ကျွန်တော်တို့ ဆရာမက သူငယ်ချင်းတွေဆိုတော့ သူကလာရောက် လေ့လာဖို့ ဖိတ်ခေါ်တဲ့အတွက် ကျွန်တော် တို့ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်..။ ကားတစ်စီးလုံးကို အစကနေစပြီး..။ နောက်ဆုံးတပ်ဆင်ပြီးတဲ့အထိ အဆင့်ဆင့်ပြုလုပ်ပုံများ..။ အသုံးပြုသည့် နည်းပညာများ..။ စသဖြင့် စိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်..။

    Company က Italy ပိုင်ဖြစ်ပါတယ်..။ အင်ဂျင်က France ကပါ…။ စက်ကရိယာတွေက Germany Made ပါ…။ တာရာတွေနဲ့ Body က ဒီမှာ လုပ်ပါတယ်…။ ကြည့်ရတာ…။ ဟဲ…ဟဲ…။ သူတို့လည်း ကျွန်တော်တို့ကို အားကျလို့ ထင်ပါတယ်နော်…။ :P

    ကားစက်ရုံပြီးတော့ ကျွန်တော်တို့ အိမ်ပြန်နေ့လည်စာစားပြီး ခဏနား…။ နောက်တော့ ဒီမြို့ရဲ့ အထင်ကရ နေရာဆိုလဲဟုတ် ပြယုဂ်ဆိုလည်း ဟုတ်တဲ့ ရေကန်ကြီးမှာ သွားရောက်အပန်းဖြေလည် ပတ်ကြပါတယ်..။ မနေ့ကသွားခဲ့တဲ့နေရာနဲ့ မတူပါဘူး..။ ဒီနေရာက အခုကျွန်တော်အောက်မှာ ဖော်ပြပေးထားတဲ့ပုံအချို့ကိုကြည့်ပါ..။ အမှတ်တမဲ့ကြည့်ရင် တကယ့် ပင်လယ်ကမ်းခြေတစ်ခုလိုဖြစ်အောင်ကို ဖန်တီးပေးထားခြင်းဖြစ်ပါတယ်..။ အမှန်က ရန်ကုန်က အင်းယားကန်လို၊ ကန်တော်ကြီးလို ကန်မျိုးပါပဲ (အဟဲ..။ သူကတော့ အဆ ၅၀ လောက် ပိုကြီးတာပေါ့ :P ) အနားယူ အပန်းဖြေတဲ့သူတွေ ကလည်း တကယ့်ကို စိတ်လွတ်လက်လွတ်…။ အကုန်လွှတ်ပြီးတော့ကို အနားယူကြပါတယ်..။ ကျွန်တော်အပါ အ၀င်ပေါ့ :D

    (more…)

    Cateogry : Article , Personal | 14 Comments

    ဂီတထွက်ပေါက် ၃

    June 25 , 2009 | 772 views

    ညစ်နေတယ်ဗျာ..။ ဘာတွေမှန်းမသိဘူး..။ လူမှုရေး..။ ပညာရေး..။ ဘ၀ရှေ့ရေး..။ အားလုံးပဲ…။ အမြန်ဆုံးထူထူထောင်ထောင်ဖြစ်အောင်..။ စာတွေ ပုံမှန်ဆက်ရေးဖြစ်အောင်တော့ ကြိုးစားနေပါတယ်…။ အခုတော့ ညစ်ညစ်နဲ့ သီချင်းတွေချည်းလှိမ့်နားထောင်နေပါတယ်..။ ကျွန်တော့်လိုပဲ Down နေ တဲ့သူတွေအားလုံး ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်..။ အပြင်းမကြိုက်တဲ့သူတွေအတွက်ကတော့ စိတ်မကောင်းပါဘူး…။

    ကျွန်တော်ကိုယ်တိုင်က ဘာပဲလုပ်လုပ် တစ်ဘက်စွန်းကို ရောက်တတ်လေတော့..။ ကျွန်တော့်ခံစားချက်..။ ကျွန်တော့်အယူအဆ…။ ကျွန်တော့် အတွေးအခေါ်တွေဟာလဲ..။ သူများနဲ့တော့ နဲနဲကွာခြင် ကွာဟနေပါလိ့မ်မယ်…။ ကြိုက်တဲ့သူက ခံစားလိုက်ပါ..။ မကြိုက်တဲ့လူကတော့ ပိတ်လိုက်ရုံ ပေါ့ဗျာ..။

    Blackout – Scorpions

    Numb – Linkin Park

    Enter Sadman – Metallica

    P.S- ထွက်ပေါက်ပျောက်နေတဲ့သူတွေအားလုံး အမြန်ဆုံး ပြန်လန်းနိုင်ကြပါစေဗျာ..။

    Cateogry : Video Clip | 13 Comments

    ကျွန်တော်တို့တွေ…

    June 8 , 2009 | 1,055 views

    နိဒါန်း

    “အားးးးးးးးးးးးးးးးးးးးးးးးးးးးးး…………တစ်အိမ်လုံးဆူညံနေတာပဲ… အစောကြီးရှိသေးတယ်…။ ဘယ်လိုမှကို ဆက်အိပ်လို့မရဘူး….။”

    ကျွန်တော် အသားကုန် ကြုံးအော်လိုက်ပါတယ်…။ ခဏတော့ တစ်အိမ်လုံး ကြောင်ပြီး ကျွန်တော့်ကို ၀ိုင်းကြည့်နေကြပါတယ်…။ သိပ်မကြာလိုက်ပါ ဘူး တစ်ယောက်တစ်ပေါက်နဲ့ အားရပါးရ ၀ိုင်းလှောင်ကြပါတော့တယ်….။

    “အံမယ်…။ အိပ်လို့မရဘူးသာ လျှောက်အော်နေတာ…။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး ကိုကြီးရယ်…။ ရေချိုး၊ အ၀တ်အစားလဲပြီးလို့ ရေမွှေး နံ့တစ်ထောင်းထောင်းနဲ့….။ ဘယ်အချိန်ကတည်းက အစောကြီးထပြီး ပြင်ထားမှန်းတောင်မသိဘူး…။ ဒီမှာ ဘယ်သူမှတောင် မျက်နှာမသစ်ရသေး ဘူး…”

    ကျွန်တော့်ညီမမှ ဆက်တိုက်ပြစ်လိုက်သော စကားလုံးများ ကြားမှ ကျွန်တော် ကိုယ့်ကိုယ်ကို နဲနဲပြန်သတိထားမိသွားပါတယ်..။ အနဲငယ် အံ့သြသလို လည်း ဖြစ်သွားပါတယ်…။ ကျွန်တော့်အခန်းဟာ ရေချိုးခန်း၊ အိမ်သာ တွဲလျှက်မဟုတ်ပါဘူး။ အောက်က အခန်းက ပြင်ထားတဲ့အတွက် သုံးလို့မရ ပါ။ အပေါ်မှာ အဖေတို့အခန်း…။ ကျွန်တော် ဘယ်အခန်းတွင် ၀င်ချိုးလိုက်မှန်းမသိပါ…။ ဒါပေမယ့် ခဏပါပဲ..။ ကျွန်တော့်အတွက် ဒါအဆန်းမဟုတ် တော့ပါ..။ အိပ်ယာကထရင် အိပ်ချင်မူးတူးနဲ့ လုပ်စရာရှိတာတွေ ဒါမှမဟုတ် လုပ်ချင်တာတွေလုပ်ပြီး တစ်ခါတစ်လေ ပြန်အိပ်ပျော်သွားပြီး နိုးလာမှ ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို မမှတ်မိတာမျိုးတွေ ခဏခဏပါ..။

    “ဟေ…။ အေး…။ ဟုတ်လား…။ ဟီး ဟီး…။ ဆောတီး ဆောတီး…။ မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်…။ ဖြဲချင်တဲ့ စိတ်ကများသွားလို့ ဟဲ ဟဲ”

    “သေနာလေး…။ ငါ့မှာလန့်သွားတာပဲ ဘာများဖြစ်တာလဲလို့….။” ဒါက မာတာမိခင်ရဲ့ တိုက်စစ်….။

    “အဖေရာ…? အဖေ….?”

    ” နင့်အဖေ အိမ်သာတက်နေတာ တစ်ကမ္ဘာလောက်ရှိပြီ..။ အခုထိမပြီးသေးဘူး…။ ကျန်တဲ့ရေချိုးခန်းတွေ မနေ့က ခြံထဲက အလုပ်သမားတွေလာ ပြီး ပြန်ပြင်ထားလို့ အဲ့ဒီ့တစ်ခန်းပဲ အားတာ…။ အဲ့ဒါ နင့်အဖေက ဇိမ်စွဲပြီး လုပ်နေလို့ ငါရော နင့်ညီမရော အခုထိ ရေမချိုးရသေးဘူးဟေ့…။”

    သြော်….။ တစ်ခုပြောပြရဦးမယ် ကျွန်တော့် ဖခမည်းတော်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်မဟုတ် တစ်အုပ်ပါမှ တက်တတ်ပါတယ်..။ အဲ…။ အိမ်သာထဲ ၀င်သွားပြီဆိုရင်လည်း မသိရင် အိမ်သာထဲဝင်ပြီး နားအေးပါးအေး စာထိုင်ဖတ်နေတာလား…။ အိမ်သာသွားတတ်တာလား ခွဲခြားမရ အောင်ကို ကြာပါတယ်…။ တစ်ခါက အပြင်က ပြန်လာတုန်း ကမူးရှူးထိုးနဲ့ အိမ်သာထဲဝင်မယ်ဆိုပြီး တွေ့ကရာ စာအုပ်ဆွဲသွားလိုက်တာ အဲ့ဒီ့တုန်းက ကျွန်တော့်ညီမ သင်နေရတဲ့ သူငယ်တန်း ဖတ်စာအုပ်ကြီး ပါသွားလေရဲ့ဗျာ….။ တကယ့်ကို စံပါပဲ…။

    ” ငါ့အကြောင်း ဘာတွေအတင်းတုပ်နေတာလဲ…။ အကုန်ကြားတယ်…။ မင်းတို့ သားအမိတွေ အူကြောင်ကြောင်မလုပ်နဲ့…”

    “အဲ့….သရဲ”

    ကျွန်တော်တို့အားလုံး ကြောင်သွားပါတယ်..။ အသံပဲ ကြားရပြီး လူမမြင်ရဘူးလေ…။

    “၀ါးးးးးးးး…..ဟား…ဟား…ဟား…။ ဒီလိုလုပ်လို့ရရိုးလား…”

    မှားပါတယ် အဖေရယ်….။ ကျွန်တော်တို့တိုက်က နှစ်ထပ်ပါ..။ အပေါ်ထပ်ကိုတက်တဲ့ လှေခါးက နှစ်ဆင့်ပါ…။ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြား မှာ အမြင့်ပေ ၂၀ လောက်ရှိတယ် ဇီးမှန်တစ်ချပ် အပြည့်တပ်ထားပါတယ်..။ အဲ့ဒီ့မှာ လိုက်ကာအရှည်ကြီးတွေလည်း တပ်ထားပါတယ်…။ အဲ့ဒီ့ လိုက်ကာကြားထဲ ကျွန်တော့်အဖေ ဘယ်အချိန်ကတည်းက ၀င်ပုန်းနေမှန်းမသိပါဘူး…။ သူ့အသံဗြဲကြီးနဲ့ ကလေးတွေလို “တူတူရေ…၀ါး” လုပ် လိုက်မှပဲ ကျွန်တော်တို့မှာ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်…။

    (more…)

    Cateogry : Essay , Personal | 25 Comments

    ဒုက္ခအပေးချင်ဆုံးလူ ၁၀ ယောက်

    April 27 , 2009 | 2,340 views

    ဒီရက်ပိုင်း အာရုံတွေရနေတာနဲ့ ပို့စ်တွေတစ်ခုပြီး တစ်ခုတင်…။ ချစ်တဲ့ ညီအစ်ကို မောင်နှမတွေကို ဦးနှောက်တွေစားခိုင်း..။ အာရုံတွေများခိုင်းနဲ့ တော်တော်လေး နှိပ်စက်ရတာ အားရပါးရရှိသွားပါတယ်..။ ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ပါ..။ စာလာဖတ်တဲ့သူတွေလည်း ပေါ့ပေါ့ ပါးပါး ဖြစ်သွားအောင်..။ ကျွန်တော်တွေ့ချင်တဲ့…။ (အမှန်က နှိပ်စက်ချင်တာပါ) တဲ့သူ ၁၀ ယောက်အကြောင်းကို နဲနဲလောက်ပြောချင်ပါတယ်..။ ဘာကြောင့်တွေ့ချင်တယ်..။ ဘယ်လိုနှိပ်စက်မယ်..။ ဘာညာပေါ့…။

    ကျွန်တော်နဲ့ တစ်မြို့ထဲမှာ လက်ရှိ, ရှိနေတဲ့ရောင်းရင်းများကတော့ ဒီမျက်နှာနဲ့ ဒီမျက်နှာ မမြင်ချင်မှအဆုံး ဖြစ်နေလေတော့ကာ ထည့်မရေးတော့ ပါဘူး..။ တစ်ယောက်နဲ့တစ်ယောက်က တွေ့ပြီဆိုတာနဲ့ ချစ်စနိုးလေး လည်မျိုတက်နင်းတာတို့…။ အရှိုက်ဖြတ်ကန်တာတို့…။ လုပ်နေကြဆို တော့..။ (ဦးတဲ့သူလုပ်တာပါ :D ) တော်တော်လေး နှိပ်စက်လို့ ၀နေပါပြီ..။ ဒါကြောင့် အခု အဝေးမှာရောက်နေတဲ့သူများကို ရာဇသံပေးတဲ့ နေနဲ့ စစ်ကြေငြာခြင်းဖြစ်ပါတယ်…။

    ကျွန်တော် ရာဇသံပေးတဲ့ သူများစာရင်း အောက်မှာပါ…။ တွေ့လို့ကတော့လားဗျာ…။ :P

    ကိုလင်းထက်

    ထိပ်ဆုံးကနေစပြီး ခေါင်ကိုအရင်ပြစ်ပါမယ်…။ (အသက်အငယ်ဆုံးမို့ အပေါ်ဆုံးမှာတင်ထားပေးတယ်နော် :D ) ကျွန်တော် ပထမဆုံး ဒုက္ခပေးချင် တာကတော့ ကိုလင်းထက်ပါ…။ ဘာကြောင့်လဲဆိုတော့..။ အွန်လိုင်းမှာတွေ့တိုင်း သူနှိပ်စက်တာချည်းခံရပါတယ်..။ သူကလည်းနိုပ်စက် သူ့ရဲ့ ဘိုးတော်ဘုရားလေးဘက်ထောက်သွားတဲ့ ခေတ်တုန်းက၀ယ်ထားတဲ့ ကွန်ပျူတာနဲ့ ( Monitor 22″ ဖြစ်ပါတယ် :D ) မိုက်ကရိုဖုန်း အစုတ်ပလုတ် ကလည်း သခင်အားကိုး မျက်နှာလို မျက်နှာရနဲ့…။ ဒီဘက်က စကားပြောတဲ့သူအား စကားပြောတိုင်း တကျီကျီနဲ့ ဒုက္ခပေးပါတယ်..။ တစ်ဘက်က လူမှာ သွားတွေကျိန်း..။ မျက်လုံးတွေပြာ..။ နောက်ဆုံး နားတွေပါအူပြီး ကန်းသွားမလားပါပဲ..။

    ဒါတင်မကပါဘူး..။ တစ်ဘက်က ကိုယ့်ညီ ဘိုင်ပြတ်နေမှန်းမသိ..။ ရေနစ်နေမှန်းမသိ..။ တစ်ဘက်နေပြီးတော့ ဟိုဟာစားပြလိုက် (စားလို့ရတဲ့ဟာ အကုန်အကြုံးဝင်ပါတယ်)၊ ဒီဟာသောက်ပြလိုက် (တစ်ခါတစ်လေတော့ မသောက်ပါဘူး စုပ်ပါတယ်..။ ပိုက်ကလေးနဲ့ :D ) အဲ့လိုမျိုး အမျိုးမျိုးကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်လေ့လုပ်ထရှိပါတယ်..။ ဒါကြောင့် အထက်ပါ ပုဂ္ဂိုလ်အား တွေ့ရာသချိုင်းဓားမဆိုင်း..။ တွေ့သည့်နေရာတွင် နှိပ်စက်၊ ညှင်းပန်း၊ ဒုက္ခပေး၊ မျိုးဖြုတ်မည် ဖြစ်ပါတယ်…။ :D

    ညမီးအိမ်

    အထက်ပါ သရဲနီဂိုင်းချုပ်ကြီးနဲ့ အတူခင်ခွင့်ရတဲ့ ညီတစ်ယောက်ပါ..။ အခုတော့ ဘလော့လောကကို ခြေစုံပြစ်ထွက်ခွာသွားပါတယ်..။ ဒါပေမယ့် သူ့ရဲ့ ထွက်ခွာသွားမှုဟာ မှန်ကန်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုတော့..။ သူဟာ ဘလော့လောကကို ခြေစုန်ပြစ်သွားပေမယ့် အခုဆို MZ မှာ အကောင်ဖြစ်နေပါပြီ..။ (ဘာကောင်လဲသိချင်ရင်တော့ MZ မှာသာသွားကြည့်ပါတော့) သူ့အတွက် အင်မတန်ကောင်းပါတယ်။ နည်းပညာတွေလည်း အခုဆို တော်တော်ကျွမ်းကျင်နေတဲ့ ဆရာတဆူဖြစ်နေပါပြီ…။ (မသိတာရှိရင် သူ့သွားမေးပါ..။ အားမနာကြပါနဲ့..။ :D )

    ကျွန်တော့်ညီ ညမီးအိမ်ဟာ တော်တော်လေးကိုလဲ ရိုးသားတဲ့လူငယ်တစ်ယောက်ပါ..။ ပါးစပ်ထဲ လက်ထည့်တောင် မကိုက်တတ်ပါဘူး (စုပ်ပဲ စုပ်ပါတယ်…။ :D ဒါကလည်း သူငယ်နာမစင်သေးလို့ပါ :P   ) သို့သော်….။ အဲ့ဒီ့ သို့သော်က တော်တော်အရေးကြီးပါတယ်..။ ဒီကောင်လေး ဒီလောက် လိမ္မာရဲ့သားနဲ့ ဘာကြောင့် ဒုက္ခပေးချင်ရပါသလဲဆိုတော့…။ ဇာတ်ကတော့ တော်တော်နာတယ်ဗျာ…။ သူ့ဘာသာသူ ရည်းစားနဲ့ အဆင်မပြေလို့ ပြတ်သွားကတည်းက ကျွန်တော့် ညီမကိုချည်းတောင်းနေလို့ ဖြစ်ပါတယ်..။ (ဟဲ ဟဲ..။ အမှုကြီးတယ်မလား :D ) ဒါကြောင့် ဒင်းအားလည်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင် တွေ့တွေ့…။ အမျိုးပြုတ်အောင် (ဘယ်လိုဖြုတ်မလဲတော့မမေးနဲ့ :P ) နှိပ်စက်မည် ဖြစ်ပါတယ်။

    ပေါက်ကရ ၈၀

    နာမည်ကြားရုံနဲ့ လူရှိန်သွားမယ် ဆိုတာ ကျွန်တော်သိပါတယ်..။ ဒါကလည်း သူ့ပါရမီပဲ ပြောရမှာပေါ့..။ နာမည်ကတင် ” ဇ” မဟုတ်ပါဘူး..။ လူက လည်း ဇကွဲအကြီးစားပါ..။ သဘောကောင်းတယ်..။ ဓားထိုးပက်စက်တယ်ဆိုတာ သူမှအစစ်ပါ (ဖွပြီ..။ ဖွပြီ…။ :P ) စိတ်ဓာတ်ကြီးသလောက် Body Structure ကလဲ အပျံစားပါ..။ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝနဲ့ နင်လား ငါလား နီးနီးကိုရှိပါတယ်..။ စိတ်ကလည်းကြီး..။ ခွန်အားကလည်း ကြီး တော့..။ သူ့ရှေ့က အိမ်မြှောင်ဖြတ်မပြေးနဲ့ အိမ်မြှောင်ဖြတ်ပြေးတာနဲ့ အမြှီးကကိုင်ပြီး ကိုင်ပေါက်..။ (သိပ်အားကြီးတာနော် :D ) ပိုးဟပ်ဖြတ်မပြေး နဲ့ နှုတ်ခမ်းမွှေးက ကိုင်ပြီးစောင့်ဆွဲ ( သန်မာပုံ…သန်မာပုံ.. :P ) အဲ့လောက်ကို စိတ်ကြီးတဲ့သူပါ..။

    သဘောကတော့ ဘာကောင်းသလဲ မမေးနဲ့..။ သူက ကျွန်တော်တို့ရဲ့ Myanmar Genius Forum မှာ Admin လေ..။ သူသဘောကောင်းပုံများ။ သူကပြောတယ် ” ညီလေး..။ မင်းအရမ်းပင်ပန်းတယ်..။ ဖိုရမ်ရော MMGenius Blog Service ရော အစ်ကို့ ကိုပေးတဲ့ အစ်ကိုအကုန်အစအဆုံး လုပ်ပေးမယ်တဲ့” အဲ့လောက်ကို သဘောကောင်းတာဗျာ (ဟုတ်တယ်နော်..။ :D ချုပ်တာ…။ ချုပ်တာ :P ) သူ့ကြတော့ အပေါ်ကလူတွေနဲ့ မတူပြန် ဘူး အဲ့လောက်ကြီးကို သဘောတွေကောင်းနေလို့..။ အပြင်ရောက်ရင် ညှင်းစဲခြင်တာပါ..။ :D သူက သူငယ်ချင်းတွေနဲ့တွေ့ရင် လာသမျှသူငယ် ချင်း သူ့မှာရှိတာအကုန်ချကျွေးတာ..။ ပိုက်ဆံလိုရင် အကုန်ထုတ်ပေး (ချေးတာမဟုတ်ဘူးနော် အပိုင်ပေးတာ :D ) အဲ့လိုဗျာ..။ အဲ့ဒီ့တော့ ကျွန်တော်သူ့ကို တွေ့ချင်တာ ဆန်းသလားဗျာ…။ :P (ပြောထားတယ်နော်..။ အဲ့ဒီ့အတိုင်းမဟုတ်လို့ကတော့ ဖွမှာ :P )

    အိုင်လွယ်ပန်

    သူကတော့ အားလုံးသိတဲ့ အတိုင်းနာမည်ကြီး ကဗျာဆရာပေါ့ဗျာ..။ ရေးးချက်တွေက စက်သေနတ်နဲ့ ပြစ်နေသလား အောက်မေ့ရတယ်..။ စကား လုံးတွေများ စက်ထဲကနေ ထုတ်နေသလားထင်ရတယ်..။ သူလည်း ငယ်ငယ်က ဒီဖတ်စာအုပ်..။ ဒီအတန်းပဲ တက်ခဲ့တာပဲ..။ ကျွန်တော်တို့လဲ ဒီဖတ်စာအုပ် ဒီအတန်းတွေက ကျော်ဖြတ်ခဲ့တာပဲ..။ သူ့ကြမှဗျာ..။ စကားလုံးတွေက ဘာလို့ ဒီလောက် ကြွယ်ဝနေမှန်းကို မသိပါဘူး..။ တကယ်ကို မနာလိုဖြစ်ဖို့ကောင်းတဲ့လူပါ..။ ဘာလို့တွေ့ချင်ရတာလဲ…? လာမယ်..။ နောက်တစ်ပိုင်မှာ …

    သူ့ကို နှိပ်စက်ချင်တဲ့အမှုကလည်း တော်တော်ကြီးပါတယ်..။ ဘာကြောင့်လဲဆိုတော့ သူနဲ့အတူ ကြံရာပါ နောက်တစ်ယောက်ရှိပါသေးတယ်။ သူတို့က နှစ်ယောက်ပေါင်းမိုက်တာပါ..။ :D (သေပြီ မျှားတစ်ဆင်း ငှက်နှစ်ကောင် :P ) တစ်နေ့တစ်နေ့သူတို့ နှစ်ယောက်ထဲက တစ်ယောက်မ ဟုတ် တစ်ယောက် တက်လာမှာကို ကျွန်တော့်မှာ စိုးရိမ်နေရပါတယ်..။ ဘာလို့လဲဆိုတော့ ခမျာတွေကတက်လာရင် နှစ်ယောက်ပူးကြီးဗျား.. ( ဓာတ်ပုံကိုပြောခြင်းဖြစ်ပါသည် :P ) သူများသားသမီး ဘာတွေကိုတွေးလို့ ဘာတွေကိုဆွေးနေမှန်း ဒင်းတို့မသိ..။ အဲ့လို နှစ်ယောက်ပူးကြီး ( ဓာတ်ပုံ) တက်တက်လာတော့ဗျာ..။ ရင်ထဲမှာ အပြားကြီးဆို့ဆို့သွားပြီး တော်တော် နေရထိုင်ရခက်ခက်သွားပါတယ်..။ ဒါကြောင့် ကျွန်တော့်အား ဒီလိုမျိုး စိတ်၏ ဆင်းရဲခြင်းကို အမြဲပေးသောကြောင့် အိုင်လွယ်ပန်အား (သူ့ရဲ့ ကြံရာပါနှင့်အတူ) တွေ့သည် နေရာတွေ တွေ့သည့်အချိန်မှာ တွေ့သည့်နည်းဖြင့် ဒုက္ခပေးပါမည် ဖြစ်ကြောင်း..။

    HAPPY CLOUD (ကိုမိုးမောင်၊ ကိုးဖိုးမောင်)

    သူတို့ကလည်း စုံတွဲပါပဲ..။ (အင်းလေ..။ ဟုတ်ပါ့နော်..။ ယောက်ျားအချင်းချင်းကြီး တွဲရတယ်လို့ :P ရိုးကြရဲ့လားမသိဘူး :D ) သူတို့နှစ်ယောက် ကို ဒုက္ခပေးမယ့်စာရင်းထဲ ထည့်ရခြင်းရဲ့ အဓိက တရားခံစာ ကိုမိုးမောင်ဖြစ်ပါတယ်..။ (ကိုဖိုးမောင်ကြီးက အေးပါတယ်..။ ရေခဲတုံးအမြဲ -င်ခုထိုင် ထားလို့ပါ..။ သောက်တော်ပုလင်းဖွင့်တဲ့အခါ ရေခဲရှာရမှာစိုးလို့တဲ့ :P )

    သူတို့နှစ်ယောက်ကို ဒုက္ခပေးခြင်ရခြင်းမှာ ကိုးမိုးမောင်လက်ချက်လို့ အထက်မှာ ရေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လို ဘုရားနဲ့ တရားနဲ့နေ၊ အသောက် King အစား King ၊ ဆေးလိပ်မသောက် (ဆေးလိပ်ကသောက်လို့မရပါ :D ) စသည်ဖြင့် မရေမတွက်နိုင်လောက်သော ဂုဏ်ပုဒ်များနှင့် ပြည့်စုံသည့် သူအား သူ့ရဲ့ အမြည်းတို့ရဲ့ ပထ၀ီ ထဲမှာ အရက်သမားအဖြစ် စွပ်စွဲရေးသားခဲ့ပါတယ်..။ ဒါတင်မက ကျွန်တော် ဘုရားတရားအာရုံပြုနေတဲ့အချိန်မျိုးမှာလဲ ” မဲကြီး..။ မနက်ဖြန်…။ ငါတို့အဖွဲ့တွေ…။ !@#$ သိလား..။ အဲ့ဒါလိုက်ဦးမလား” ဆိုပြီး အာရုံတွေလွင့်ပါးအောင် ဒုက္ခပေးပါတယ်..။ ဒါကြောင့် အရက်ကြွေး (မှားလို့ :D ) သွေးကြွေးပြန်ဆပ်တဲ့အနေနဲ့ ထို Happy Cloud (မတတ်နိုင်ဘူး ကိုဖိုးမောင်ကြီးလဲ ပါသွားပြီ :D ) အဖွဲ့အား ဒုက္ခပေးမည့် စာရင်းထဲတွင် ထည့်သွင်းထားရခြင်းဖြစ်ပါတယ်..။

    (more…)

    Cateogry : Humor , Personal | 24 Comments

    သူတို့တွေ…

    April 13 , 2009 | 1,158 views

    အခန်း (၁)

    ၁၉၉၈ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)

    “မိန်းမရေ…မိန်းမ… လာပါဦးဟ…။ အား…”

    ရုတ်တရက် ထအော်လိုက်တဲ့ ကျွန်တော့်အဖေအသံကြောင့် ကျွန်တော်လန့်ဖြန့်ပြီး နိုးသွားပါတယ်..။ အမှန်က ကျွန်တော်နိုးနေပါပြီ..။ အခြား နေ့တွေသာ ကျွန်တော်အိပ်ပုပ်ကြီးရင်ကြီးမယ် ဒီလိုနေ့မျိုးကတော့ မနက် ၅ နာရီ ၆ နာရီကတည်းက နိုးနေပြီး ဒီသင်္ကြန်ဘယ်လိုကဲရမလဲ ဆိုပြီး တွေးနေတတ်တာ ကျွန်တော့်အကျင့်ပါ…။ ကျွန်တော့်အခန်းက ကျွန်တော့်အဖေအမေအခန်းနှင့် ကပ်လျှက်အပေါ်ထပ်မှာရှိပါတယ်..။ (ပေါက် ကရတွေ လုပ်တတ်လွန်းလို့ စိတ်မချလို့ သူတို့ဘေးခန်းခေါ်ထားခြင်းဖြစ်ပါတယ်…။ ချစ်လွန်းလို့ ခေါ်ထားတယ် မထင်ကြပါကုန် :P ) ကျွန်တော် ကလည်း ဒီလောက်ကြီးမသောင်းကျန်းပါဘူး..။ ညဘက် လူကြီးတဲ့အိပ်တဲ့အချိန် အနောက်ဘက် ၀ရန်တာကဆင်း..။ သူငယ်ချင်းတွေလာခေါ်တဲ့ ကားပေါ်တက်..။ Club သွားရုံလောက်ပါ..။ အဲ့လိုလုပ်လို့ ကျွန်တော့်ကို လူဆိုးမထင်ပါနဲ့..။ ကျွန်တော်က ညသာခိုးထွက်တာပါ..။ ပြီးရင်တော့ လူကြီးတွေ စိတ်မပူရအောင် အစောကြီးပြန်လာလေ့ရှိပါတယ်…။

    မနက် ၃ နာရီတို့ ၄ နာရီတို့လေ…။ ပဲပြုတ်သည်တောင်မနိုးသေးဘူး..။ ဟုတ်တယ်မလား :D :P

    ဒါနဲ့ စောစောက စကားပြန်ဆက်ပါ့မယ်…။ အဖေအဲ့လို ရုတ်တရက်ထအော်လိုက်တာကြောင့် ကျွန်တော်လည်း ဘာများဖြစ်တာပါလိ့မ်ဆိုပြီး လန့် ဖြန့်ပြီး အဖေတို့ အခန်းဘက်ကို ထပြေးပါတော့တယ်…။ အခန်းထဲမရောက်ခင် တံခါးအ၀မှာပဲ…။  ကျွန်တော်အသံတစ်ခုကို ကြားလိုက်ရပါတယ်..။ ဒီအသံကြားလိုက်ရတယ်ဆိုရင်ပဲ….။ ကျွန်တော် အထဲကို ဆက်ဝင်စရာမလိုတော့မှန်း သိလိုက်ပါတယ်…။ တစ်မျိုးမထင်ကြပါကုန်လင့်….။ ပြောတာ ကို ဆုံးအောင်ဆက်နားထောင်စေချင်ပါတယ်…။ ကျွန်တော်ကြားလိုက်ရတဲ့ အသံကတော့….။

    “ဗွမ်းးးးးးးးးး….ဟား ဟား အောင်ပြီ…။ အောင်ပြီ…။ အောင်ပြီ…ကွ”

    သူ့ကိုသူ ရဟန်းစားရသော ဆွမ်းတစ်နပ်ထဲက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းသားကြီး ဇော်လင်းအော်တဲ့ အသံမျိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်နေတာကတော့ ကျွန်တော့ဖခမည်းတော်ပဲ ဖြစ်ပါတယ်…။ တစ်ဆက်တည်းမှာပဲ….။

    “အာ…။ ရှင် သိပ်လူလည်ကြတယ်…။ ကျွန်မကဘာများ ဖြစ်လဲလို့ လန့်ဖြန့်သွားတာပဲ…။ ဒါရှင် မတရားအနိုင်ကျင့်တာ…။ မရဘူး…။ ဒီပွဲကို အသိ အမှတ်မပြုဘူး…”

    “မရတော့ဘူး ကောင်မလေး…။ ပွဲကပြီးသွားပြီ…။ ဟဲ ဟဲ…။ အချစ်နဲ့စစ်မှာ တရားတာတွေ မတရားတာတွေမရှိဘူး..။ အခုမှ ဘာမှလာရှင်းပြမနေနဲ့ တော့…။ ရှင်းပြခြင်လဲ နောက်နှစ်ရောက်မှသာ ရှင်းပြပေတော့…။ ဟဲ ဟဲ…။ ဒီနှစ်တော့ ကိုယ့်အရှုံးကိုသာ ရဲရဲတင်းတင်းလက်ခံလိုက်စမ်းပါ မိန်းက လေးရယ်..။ ဟဲ ဟဲ…”

    အသံတွေတိုးသွားသည်….။ ကျွန်တော်လည်း သူတို့အခန်းဘက်မှ မိဘနှစ်ပါး၏ အရှက်တော်ရှ၍ အညိုငြင်မခံရခင် တရုတ်သိုင်းသမားတို့အလား ကိုယ်ဖော့ကာ အခန်းအတွင်းသို့ ပြန်ဝင်ပြီး မသိချင်ယောင်ဆောင်နေလိုက်ပါတော့တယ်…။ စိတ်ထဲမှာတော့….

    “အင်း….။ ဒီနှစ်လဲ ငါ့အဖေပဲ ဖလားသိမ်းသွားပြန်ပြီ…။ စောင့်လေဦးပေါ့အမေရေ….။ နောက်တစ်နှစ်…။ ဟီး ဟီး…”

    အခန်း (၂)

    ၂၀၀၁ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)

    ကျွန်တော့်အဖေက မနက်အစောထကာ ဘုရားဝတ်ပြုလေ့ရှိပါတယ်..။ သူက မနက်ဆို အမြဲ ၅ နာရီ ၆ နာရီဆိုနိုးတတ်ပါတယ်..။ အရင်ကတော့ အဲ့ လောက်အစောကြီးမထပါဘူး…။ ၇ နာရီ လောက်အထိအိပ်တတ်ပါတယ်..။ နောက်ပိုင်းသူ Golf ရိုက်ဖြစ်တော့ အဲ့ဒီ့အချိန်ဆို နိုးနိုးနေတတ်ပါတယ်။ ပုံမှန်ကတော့ သူဘုရားဝတ်ပြုပြီးတာနဲ့ Golf သွားသွားကစားလေ့ရှိပါတယ်…။ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော်ကြားထားရသလောက် ဒီသင်္ကြန် တွင်း သူတို့ ပြိုင်ပွဲရှိတယ်ဆိုလားပါပဲ…။ ဒါကြောင့်အဖေ အရင်ရက်တွေထက် စောစော ထနေတာ ဖြစ်နိုင်ပါတယ်…။

    ထုံးစံအတိုင်းပဲပေါ့…။ သကောင့်သားကလည်း တစ်ခြားရက်တွေသာ နေဖင်ထိုးအောင် အိပ်ရင်အိပ်မယ်…။ ဒီလိုရက်မျိုးကတော့ ညကတည်းက သင်္ကြန်အတွင်းဆုံရမယ့် ကောင်မလေးတွေ (အဲဟုတ်ပါဘူး :D :P ) သင်္ကြန်အတွင်း ပျော်ရမယ့်အစီအစဉ်လေးတွေတွေးပြီး အိပ်လို့ကသိပ်ပျော်တာ မဟုတ်ဘူး..။ အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ပေါ့…။ ဒီလိုနဲ့ မနက်ရောက်တော့ အဖေဘုရားဝတ်ပြုတဲ့အသံကို အိပ်ယာထဲက အတိုင်းသားကြားနေရပါ တယ်..။ စိတ်ထဲမှာလည်း Father ကြီးလစ်တာနဲ့ အိမ်ကနေအမြန်ဆုံး ချီတက်နိုင်ဖို့ တိုင်မင် ကိုက်နေတာပေါ့…။ အဲ့လိုမျိုး ကိုယ့်အတွေးနဲ့ ကိုယ်မြူးနေတုန်း….

    “အာမဘန္တေပါ အရှင်ဘုရား….”

    “ဗွမ်း….”

    သေပြီ…။ တစ်ယောက်ယောက်တော့ အလစ်အငိုက် ခြုံခိုတိုက်ခိုက်ခံလိုက်ရတာ သေချာသွားပါပြီ…။ ဒီနှစ်ဒိုင်းကိုတော့ ဘယ်သူလက်ဝယ်ပိုင်ဆိုင် သွားပြီလဲမသိ…။ တစ်ယောက်ယောက်ကတော့ လက်နက်ပုံးသုံးလိုက်တာသေချာသွားပြီ ဖြစ်ပါတယ်…။

    “ဟား..။ မင်းဘယ်လိုလုပ်လိုက်တာလဲ… ဒီမှာ အကုန်ရွှဲကုန်ပြီ..”

    “အိုး…။ ရေလောင်းပါတယ်ဆိုမှ ရွှဲမှာပေါ့…။ ဒါဆန်းသလား…?”

    “အွန်….။ ရေလောင်းရင် ရွှဲတာတော့ ငါလဲသိတာပေါ့ဟ..။ အခုပြောတာက လူရွှဲလို့ပြောတာမဟုတ်ဘူး..။ ဘုရားခန်းတစ်ခန်းလုံး ကော်ဇောတွေပါ ရွှဲကုန်လို့ပြောတာ…။ မင်းဒါလေးတောင် နားမလည်ဘူးလား…?”

    “ဘာမှလာရှင်းပြမနေနဲ့ လူကလေး..။ ပွဲကပြီးသွားပြီ…။ ဘာတဲ့…။ အချစ်နဲ့စစ်မှာ ဘုရားခန်းမပါဘူးဆိုလား…။ ကဲ..။ ဒီတော့ ရှင်းပြခြင်ရင် နောက်တစ်နှစ်ကိုသာ စောင့်လိုက်ပါတော့ရှင်…။ ဟွန်း..။ မှတ်ပြီလား”

    “သြော်..။ မင်းက ဒီလိုလား…။ တွေ့ကြသေးတာပေါ့…။ လွတ်အောင်သာပြေးပေတော့….”

    “မှီမယ်ထင် လုပ်လိုက်လေ… ရှင့်ကိုယ်ရှင် အရင်ကလို ဗလံလေးများအောက်မေ့နေလား..။ လာလိုက်စမ်းပါ..”

    “အာ ဒီမိန်းမ…။ နာပြီသာမှတ်…။ ငါလာပြီ…”

    နောက်တော့အသံတွေပျောက်သွားသည်…။ ဘယ်ရောက်သွားလဲ ကျွန်တော်လဲမသိပါ..။ :D အမေက ဘယ်ပြေးလို့ အဖေက ဘယ်ကိုလိုက်ကာ..။ ဘယ်နေရာမှာပဲ မိသွားသလား…။ မမိဘူးလား…။ ကျွန်တော်မသိပါ…။ ကျွန်တော်သိတဲ့ သေချာတာတစ်ခုကတော့…..။ ဒီတစ်နှစ် အိမ်ထောင်စု သင်္ကြန်ဒိုင်းစုကြီးကို ကျွန်တော့်မာတာမိခင်မှ ဂိုးပြတ်သွင်းကာ ရယူသွားပါပြီ…။

    ကျွန်တော် ဘာရယ်လို့မဟုတ် စိတ်ထဲမှာ အလိုလိုပြုံးမိသည်…။ အမည်မဖော်ပြနိုင်သော ခံစားမှုတစ်မျိုး ကျွန်တော့်ရင်ထဲ ညိ့မ်ညောင်းကစီးဆင်း သွားသည်…။ သေချာတာတစ်ခုကတော့ ကျွန်တော်ကြည်နူးမိတယ်…။ သူတို့ကို ကြည့်ရင်း ကျွန်တော်ပျော်ရွှင်မိတယ်…။ တကယ်ပါ…။ ကျွန်တော် တို့ မိသားစုလေး အရမ်းပျော်ဖို့ကောင်းတယ်ဗျာ….။

    (more…)

    Cateogry : Essay , Personal | 25 Comments