• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    Blog ကို Link လုပ်ထားတဲ့သူတွေ ဘယ်လောက်ရှိလဲ?

    June 15 , 2009 | 746 views

    ဒီရက်ပိုင်း…။ အတိအကျဆို မနက်ဖြန် စာမေးပွဲရှိပါတယ်…။ တော်တော်တော့ ကြည့်ထားပြီးပါပြီ…။ ဘောလုံးပွဲပြောတာပါ…။ ဘရာဇီး၊ စပိန်၊ အီဂျစ်၊ အီရတ်၊ တောင်အာဖရိက…။ တစ်ပွဲမှကို မလွတ်သေးပါဘူး..။ အခု ဒီစာကိုရေးတဲ့အချိန်က နဲနဲစောနေသေးလို့ပါ..။ မနက်ဖြန်ဖြေရမှာဆို တော့ ပြီးတော့ မှပဲ ဆက်ကြည့်လိုက်ပါတော့မယ်..။ အီတလီနဲ့ အမေရိကန် ပွဲကိုပြောတာပါ…။ :P

    ဒီလိုပါ..။ အခုဒီမှာက စာမေးပွဲရာသီ ဖြစ်တဲ့အတွက် မေးကြမယ် ဖြေကြမယ် အစီအစဉ်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပနေကြပါတယ်..။ ဆရာတွေနဲ့ တပည့် တွေလဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်စွာဖြင့် ” မင်းနဲ့ငါ အောက်က Basketball ကွင်းထဲ ဆင်းထိုးမယ်” တို့…။ ” ငါ့ကိုယ်ငါ သတ်သေ ရမလား..။ မင်းတို့ဘာသာ မင်းတို့ သတ်သေမလားတို့…။” အဲ့လိုပါ…။ အခြေအနေကတော့ အေးအေးဆေးဆေး ချစ်ချစ်ခင်ခင်ပါပဲ..။ ဆရာတွေက အပြောသာဆိုး ကြတာပါ…။ စာမေးပွဲတကယ်ဖြေတဲ့အခါမှာတော့ စာစစ် ကြမ်းကြပါတယ်…။ :D

    အတူတူလာကြတာခြင်းကို ၃ နှစ်ပဲ တက်ရတဲ့ကျောင်းများက ပြန်မယ့် သကောင့်သားများက အလိုက်ကန်းဆိုးမသိစွာ အခုမှ စေတနာတွေ လာပိုပြ နေကြပါတယ်..။ ” မင်းညီမလေး အတွက် ဘာထည့်ပေးလိုက်ဦးမလဲတို့…..” “မင်းကောင်မလေးအတွက် စိတ်ချပါ..။ ငါကိုယ်ဖိ ရင်ဖိ စောင့်ရှောက် ထားပါ့မယ်တို့…” ” စောင်… မ…. ကြည့်ရှုပေးထားပါ့မယ်” တို့ စသည်ဖြင့် တစ်ယောက်တစ်မျိုးမရိုးရအောင်ကို စေတနာတွေ ပိုနေကြပါတယ်….။

    ဒီကြားထဲ Site တစ်ခုရဲ့ အကူအညီနဲ့ AIDS ဖြစ်နေတယ်ဆိုပြီးဖွတဲ့သူကဖွ၊ လူလစ်တုန်း အိမ်သာထဲက ရေတွေခိုးသောက်ပါတယ်ဆိုပြီး ကြပ်တဲ့သူ က ကြပ်…။ အဲ့လို အခြေအနေတွေကလည်းရှိပါတယ်..။ ကိုယ်က ဒီသတင်းကို ကြိုသိပြီးသားဖြစ်နေလို့သာ ခံသာပါတယ်..။ အဲ့လိုသာ မဟုတ်လို့ ကတော့ မျက်ကလူးဆန်ပြာနဲ့ လုံးပါးပါးရပါလိ့မ်မယ်…။ ကိုယ်ပညာပြလိုက်လို့ ခံစားသွား ရတဲ့သူတွေလည်း ကိုယ့်အကြောင်း ကိုယ်သိပါက ဒီမှာ ကော်မန့် ရေးပြီး ဂုဏ်ယူနိုင်ပါတယ်..။ :P ဘယ် Site လဲ? ဘယ်လို လုပ်တာလဲ? လာမမေးပါနဲ့..။ ပြန်ကစ်မယ့်သူတွေက ကီးဘုတ် တပြင်ပြင်နဲ့ စောင့်နေတဲ့အတွက် မပြောတော့ပါ…။ သိတဲ့သူတွေ သိပါတယ်..။ :P

    အဲ့လို အဲ့လို အခြေအနေတွေက သာယာနာပျော်ဖွယ်တွေ ဖြစ်နေပါတယ်…။ ဒါနဲ့ပဲ ဒေါသထွက်တိုင်း မဲစရာရှိ လှိမ့်မဲလို့ရတယ် ကွန်ပျူတာကိုပဲ ဖိဖိ မဲ ရပါတယ်..။ ကိုယ်က နဂိုကတည်းက အမဲ…။ သူကလဲ အမဲ…။ ဒေါသကအမဲ…။ အမဲပေါ်အမဲ ဆင့်သွားတဲ့သကာလ…။ မထင်ရင် မထင်သလို ကွန်ပျူ တာက အာခံတဲ့ အနေနဲ့ Ham ပြပါတော့တယ်…။

    ဒါပေမယ့်…။ အဲ့ဒီ့မှာ မထင်မှတ်ပဲ သိထားသင့်တဲ့ Site လေးတစ်ခု သွားတွေ့လိုက်ပါတယ်…။ နာမည်ကြီး Web Studio တွေရဲ့ နေ့စဉ်နဲ့အမျှထွက် နေတဲ့ အခကြေးငွေနဲ့ ပေးဝယ်ရတဲ့ အမျိုးမျိုးသော Template တွေ  Theme တွေ၊ Script တွေကို  Free Download ချလို့ ရတဲ့ Site ၊ ထွက်သ မျှ ရုပ်ရှင်ကားတိုင်းကို ဒီနေ့ထွက် မနက်ဖြန် DVD quality နဲ့ FREE ချလို့ရတဲ့ Site၊ ရှိသမျှ အင်္ဂလိပ်သီချင်းအားလုံးကို နာမည်အလိုက် Free Download ချလို့ရတဲ့ Site၊ ကြိုက်တဲ့ နိုင်ငံကနေ မြန်မာနိုင်ငံကို Phone ကြိုက်သလောက် အလကား ခေါ်ဆိုလို့ရတဲ့ဆိုဒ်…။ ဟုတ်ကဲ့…။

    အဲ့ဒီ့ Site တွေ တစ်ခုမှ မဟုတ်ပါဘူး..။ အဲ့ဒါတွေက ကျွန်တော် ဖြစ်ချင်တဲ့ဟာတွေကို ပြောတာပါ…။ :P

    ကျွန်တော် အခုတွေ့တဲ့ Site က Web Developing လောက၊ Blog လောကတို့မှာ ကိုယ်တိုင်ပါဝင်နေသူမဟုတ်ပါက သိပ်တော့ စိတ်ဝင်စားဖို့ မကောင်းပါဘူး..။ ဒါပေမယ့် Web Developer တွေ၊ Blogger တွေအတွက်ကတော့ ရင်ခုန်စရာကောင်း (မယ်ထင်) တဲ့ Site လေးတစ်ခုပါ..။

    စာမေးပွဲရှိလို့ အရင်လို Essay တွေ မရေးဖြစ်သေးပေမယ့်..။ စာလာဖတ်ကြတဲ့သူတွေ၊ ဖွက်ထားတဲ့ ဆီဗုံးကို အညှိုးတကြီးလာရှာနေတဲ့သူတွေ၊ ဒီအ မဲကောင် ဘာတွေလုပ်နေလဲဆိုပြီး အပြင်ပန်းသာစိတ်မ၀င်စားယောင်ဆောင်ပြီး လာလာချောင်းကြည့်ကြတဲ့သူတွေအတွက် တစ်စုံတစ်ခုသော…။ အကျိုးကြီးကြီးမားမား မဟုတ်တောင်..။ စိတ်ဝင်စားဖွယ်ရာကောင်းမှာတော့ သေချာပါတယ်..။

    ပေါက်ကရတွေ လျှောက်ပြောတာ တော်တော်များသွားပါပြီ..။ အမှန်က တစ်ကယ်ရေးရင် စာကြောင်းလေး  တစ်ကြောင်း နှစ်ကြောင်း လောက်ပါ..။ အဲ့လို စာတစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ပို့စ်တစ်ခု မတင်ခြင်တာက တစ်ကြောင်း..။ ဘာရယ်မဟုတ်ဘူး ဖတ်လိုက်တဲ့သူတွေ ပေါ့ပေါ့ပါးပါးနဲ့ မဟူရာမဲမှောင်မှောင်နက်တို့ ဘယ်လိုတွေ ပျားတုပ်နေတဲ့အကြောင်း သိအောင်က တစ်ကြောင်း၊ ပျော်စေခြင်တာကတစ်ကြောင်း၊ Essay ရေးနေကြ ဆိုတော့ အကျင့်ပါပြီး လေကြော ရှည်နေတာကတစ်ကြောင်း…။ နောက်ဆုံးကတော့ တကယ်သိစေချင်တာက တစ်ကြောင်း (ဆရာကြီးလုပ်ချင်လို့ တင်တယ်လို့ထင်လဲ မပြောလိုပါ) စုစုပေါင်း….။ ၁ ၂ ၃ ၄ …။ ဟုတ်ကဲ့ ၅ ကြောင်းပါ…။ အဲ့ဒါကြောင့် အခုလိုရှည်သွားခြင်းဖြစ်ပါတယ်…။

    အခုကျွန်တော် ပြောပြချင်တာကတော့ Who Link To Me ဆိုတဲ့ Site လေးအကြောင်းဖြစ်ပါတယ်..။ ကိုယ့် Site, Blog, Forum, Online Magazine, Online Radio စတဲ့ ဘယ် Site ကိုမဆို…။ Link ပေးထားတဲ့သူတွေ…။ Refer လုပ်ပေးထားတဲ့ Link အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကို စစ်နိုင်တဲ့…။ သို့မဟုတ်..။ သိနိုင်တဲ့ Site လေးပါ…။ တစ်ကယ် အရေအတွက် မှန်လားမမှန်လားကတော့ ဦးပေါ်ဦးပြောသလိုပါပဲ..။ မယုံရင်တော့ လိုက်သာရေကြည့်ကြပါ…။

    သူတို့က ဒီလို Service ပေးထားတယ်ဆိုတာလဲ Link များများကိုယ့်ကို Refer လုပ်ပေးထားတဲ့အပေါ်မှာ မူတည်ပြီး အဆင့်သတ်မှတ်တဲ့ Google Page Rank တက်ချင်တဲ့အတွက် ဒီ Service ကိုပေးထားပုံရပါတယ်..။ ဘာလို့လဲဆိုတော့ ကိုယ့် Site ကို Link ထားတဲ့သူဘယ်လောက်ရှိလဲ သိဖို့ သူ့ Link ကို Add ရတယ်လေ..။ ကျွန်တော်ကတော့ အဲ့လိုပဲထင်ပါတယ်..။

    (more…)

    Cateogry : Article | 7 Comments