September 24 , 2011 | 320 views
Wordpress_Logo_Lens_Flare

ကဲ ဒီနေတော့ တတိယပိုင်းလေး စလိုက်ရအောင်…။

မစခင် အရေးအကြီးဆုံး အချက်အနေနဲ့ သတိပေးချင်တာကတော့ ကျွန်တော် Zawgyi နဲ့မရေးတော့ပါဘူး။ ပြီးခဲ့တဲ့ ပို့စ်ကစပြီးတော့ Unicode နဲ့စရေးနေပြီ ဖြစ်ပါတယ်။ ကျွန်တော် Myanmar3 နဲရေးတာပါ။ ဒါကြောင့် ကျွန်တော့်ပို့စ်တွေကို ဆက်ဖတ်ချင်တယ်ဆိုရင်တော့ Unicode Font တစ်ခုခု မဖြစ်မနေ ရှိမှကို ရမှာ ဖြစ်ပါတယ်။ Unicode To Zawgyi Converter တင်ထားပေးပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ Unicode Font လေး Install လုပ်ထားဖို့ တိုက်တွန်း လို ပါတယ်။

ထုံးစံအတိုင်း မစခင် ဒီ Tutorial Series ကို ပထမဆုံး Post ကနေ စဖတ်ဖို့ တိုက်တွန်းပါယ်…။ သို့မဟုတ်ရင် ဘာမှ နားလည်မှာ မဟုတ်ပါဘူး…။ (more…)

Cateogry : Tutorial | 1 Comment
September 16 , 2011 | 375 views
wordpress-logo-bw

ဒီ Tutorial ကို မဖတ်ခင် မနေ့က ကျွန်တော် ရေးခဲ့တဲ့ Introduction ကို အရင် ဖတ်စေလိုပါတယ်။ အစကနေ စမဖတ်ပဲ ကြားထဲကနေ ဖြတ်ပြီး ဖောက်ဖတ်မယ်ဆိုရင် နားမလည်တာတွေ ဖြစ်မှာစိုးလို့ပါ။

ကဲ..။ ဖတ်ပြီးပြီဆိုရင်တော့ ဒီနေ့အတွက် Tutorial လေး စလိုက်ရအောင်။

မနေ့က ကျွန်တော်ပြောခဲ့သလို Local မှာ Server Run တာတို့။ Local Server မှာ WordPress Run တာတို့ကို လုပ်ပြီးပြီလို့ထင်ပါတယ်။ ဒီနေ့အထိ မနေ့က တင်ခဲ့ တဲ့ Post မှာ Comment တွေ တက်မလာတဲ့အတွက် အခက်အခဲမရှိဘူးလို့ ကျွန်တော်ယူစပါတယ်။ (ဒါမှမဟုတ် လုံးဝ စမလုပ်ရသေးတာလဲ ဖြစ်နိုင်ပါတယ်။ ဒီ့ထက်ပိုပြီး ဒီ Tutorial ကို နဲနဲလေးမှ စိတ်မ၀င်စာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ :) )ဒီဟာတွေ အားလုံး Ready ဖြစ်ရင်တော့ ဒီနေ့ coding တွေ ရေးတဲ့ အပိုင်းကို စပြီး မိတ်ဆက်ပေးသွားပါ့မယ်။ (more…)

September 15 , 2011 | 394 views
images

အရင်က ကျွန်တော့်ရဲ့ ဒီကိုယ်ပိုင် blog မှာ ကျွန်တော်ရေးနေကြ ဆောင်းပါးတွေ၊ အက်ဆေးတွေပဲ ရေးဖို့စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း စာမရေးတာ တော်တော်ကို ကြာသွားတဲ့အတွက်..။ တကယ်တမ်းရေးချင်လို့ ပြန်စဉ်းစားတဲ့အခါမှာ ရေးစရာအကြောင်းအရာတွေကများပြီး ဘယ်က စရေးရမှန်း မသိအောင် ဖြစ်လာပါတယ်..။ ဒါကြောင့် မရေးတာကြာလို့ အညောင်းမိနေတဲ့ လက်တွေကို ပြန်သွေးရင်း လောလောဆယ် အာရုံလာနေတဲ့ WordPress Theme တစ်ခု ပြုလုပ်နည်းအကြောင်းကို ရေးသားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီ ပို့စ်ကို MMGenius မှာလည်း တင်ပေးသွားပါ့မယ်…။ ဒါမှလည်း MMGenius မှာ WordPress နဲ့ ပါတ်သတ်ပြီး စုစုစည်းစည်းလေးဖြစ်သွားမှာ ဖြစ်ပါတယ်။ (more…)

Cateogry : Tutorial | 4 Comments