တူညီသော ခြားနားချက်များ…
နိဒါန်း
“သြော်….။ အခုတော့လဲ မင်းရောက်ပြီလာပဲ…”
တစ်ဘက်မှ စီးကြိုပြီးပြောလိုက်တဲ့ စကားတစ်ခွန်းကို သူခပ်ရဲ့ရဲ့ အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်ပါတယ်…။ မလိုဘူးလေ…။ ဒီလူနဲ့ ဒီလူ လောက နီတိတွေ..။ အပေါ်ယံ စကားလုံးတွေ….။ ဒီလောက်ဆို သူ့ရင်ထဲရှိတာတွေကို သဘောပေါက်သွားမှာပါ…။
“အေးဆေးပေါ့ကွာ…။ ထိုင်…။ ရော့…။ ဆေးလိပ်လေးဘာလေးသောက်ဦး…။ အမောပြေမှ စကားပြောကြတာပေါ့…”
“ဟင့်အင်း…။ ငါဆေးလိပ်မသောက်တတ်တာ မင်းမေ့သွားပြီထင်တယ်….”
တစ်ဘက်မှ သူ့သူငယ်ချင်းက ဘာမှဆက်မပြောတော့ပဲ ခေါင်းကို တဆတ်ဆတ်ငြိတ်ရင်း ပြုံးလို့သာနေပါတယ်…။
“ဘာပဲ ပြောပြောငါက ဒီနေရာကို မင်းအရင်ရောက်နေတာဆိုတော့ ငါက အိမ်ရှင်ပဲလေ..။ ဧည့်ဝတ်ကျေရပေမပေါ့…။”
သူဘာမှ ပြန်မပြောမိ…။ သူ့သူငယ်ချင်းကိုသာ သေသေချာချာ စိုက်ကြည့်နေမိသည်…။ တကယ်ကို မယုံနိုင်စရာပင်…။ သူနဲ့ သူ့သူငယ်ချင်းကြား ဘာတွေကွာခြားသွားခဲ့လဲ…? ဘယ်လိုအခြေအနေတွေက မတူညီမှုတွေကို ဖန်တီးခဲ့လဲ…။ တကယ်ဆို အနဲနဲ့အများတော့ တူညီနေသင့်တာပေါ့..။ အခုတော့…။ သူ့အတွက် အံ့သြခြင်းများစွာဖြင့် စကားတစ်ခွန်းသာ ဆိုနိုင်ခဲ့သည်…။
“မင်းအရင်လိုပဲ….။ ဘာမှ ပြောင်းလဲမသွားဘူးနော်….”
အခန်း (၁)
တကယ်တော့ သူတို့သူငယ်ချင်းနှစ်ယောက် ဝေးကွာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်…။ အတိအကျ နီးပါးပြောရရင် နှစ် (၄၀) နီးပါးပေါ့။ သူနဲ့ သူ့သူငယ်ချင်းဆိုတာက တကယ့်ကို ညီအစ်ကိုပမာ..။ တိုင်ပင်ဖက်..။ ဆွေးနွေးဖက်…။ ငြင်းခုန်ဘက်…။ တူညီတာတွေရှိခဲ့သလို..။ သဘာဝ အတိုင်း မတူညီမှုတွေကလဲ ပုံမှန်မွေးဖွားခဲ့ကြတာ အဆန်းတစ်ခုတော့ မဟုတ်ပါ။ ဒီလိုနဲ့ပဲ ကြီးပြင်းလာခဲ့ရာ…။ မထင်မှတ်တဲ့ အချိန်…။ မထင်မှတ် တဲ့နေရာမှာ သူတို့တွေ ခွဲခွာကြဖို့ အကြောင်းဖန်လာခဲ့သည်…။ သူတုန်လှုပ်ခဲ့သလောက် သူ့သူငယ်ချင်းကတော့ ဘာမှမခံစားရသည့် အတိုင်း တကယ့်ကို မယုံကြည်နိုင်လောက်အောင် တည်ငြိမ်လွန်းလှခဲ့သည်…။
သက်တူရွယ်တူ သူငယ်ချင်းတွေဆိုပေမယ့်…။ သူ့သူငယ်ချင်းရဲ့ အတွေးအခေါ်တွေ…။ အယူအဆတွေ…။ အမြင်တွေဟာ သူ့ထက်ပိုမို တည်ငြိမ်ခဲ့ တာတော့ သူဝန်ခံရပေလိ့မ်မည်..။ သူ့သူငယ်ချင်းရဲ့ စကားလုံးတွေတိုင်းဟာ သူ့အတွက်တော့ ဘာသာဗေဒ အသစ်တစ်ခုလို အမြဲဖြစ်နေခဲ့ပါတယ်။ သူအကြိမ်ကြိမ် နားလည်ဖို့ ကြိုးစားခဲ့ပေမယ့်…။ သူ့အတွက်တော့ အလှမ်းဝေစမြဲ ဝေးနေခဲ့ဖူးပါတယ်..။ သူတစ်ခါတစ်လေ သူ့သူငယ်ချင်း ဘာ တွေကိုများ တွေးနေပါလိ့မ်…။ ဒါမှမဟုတ် ဘယ်လိုများတွေးနေပါလိ့မ်လို့ သိချင်လွန်းလှပါတယ်…။
“မင်းကို ကြည့်လိုက်ရင် အမြဲတမ်း ဘာမှမခံစားရသလိုပဲ..” သူရဲ့စကားဟာ ဟာသတစ်ခု မဟုတ်သည့်တိုင် ဘာကြောင့်များ သူ့သူငယ်ချင်းရဲ့ နှုတ် ခမ်းတစ်စုံမှာ မထီတရီ အပြုံးတွေ ဖူးပွင့်ခဲ့ရပါသနည်း…။
“မင်းကိုငါပြောမယ်…။ ကြီးမားတဲ့ ကျောက်တောင်၊ တောင်တန်းကြီး တွေကအစ..။ သေးငယ်တဲ့ ကျောက်တုံးတစ်ခုအထိဖြစ်လာဖို့ဆိုရင် သေးငယ်တဲ့ သာမန်မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်ပေါင်းများစွာနဲ့ စတင်ခဲ့ရတယ်..။ အဲ့ဒီ့ အမှုန်လေးတွေဟာ တဖြေးဖြေး အချိန်ကြာလာတာ နဲ့အမျှ ဖိအားတွေ၊ အပူတွေ၊ အနည်ကျမှုတွေကြောင့် တစ်ဖြေးဖြေးကျစ်လျစ်သိပ်သည်းပြီးတော့ မာထန်တဲ့ ကျောက်တုံး ကျောက်ဆိုင်တွေ…။ နောက်ကျောက်တောင်တွေ..။ တောင်တန်းကြီးတွေ ဖြစ်လာခဲ့ရတယ်…။”
“ဟိတ်ကောင်…။ ငါမေးတာနဲ့ မင်းပြောနေတာနဲ့ ဘာဆိုင်လို့လဲ…။ မင်းကပြောလိုက်ရင် အဲ့လိုတွေချည်းပဲ..။ အရင်းမရှိ…။ အဖျားမရှိ..။”
“ခဏနေဦးလေကွာ…။ ဆိုင်လာလိ့မ်မယ်…။ အဲ့ဒီ့တော့ သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကျောက်တုံးတစ်ခုဟာ သာမန်အားဖြင့် ခိုင်မာတယ် ဆိုပေမယ့် သူတို့တွေရဲ့ သဘာဝ ဖြစ်တည်မှုအစဟာ အင်မတန်ပျော့ပြောင်း သေးငယ်လှတဲ့ အမှုန်လေးတွေများစွာပါဝင်နေတယ်ဆိုတာ ကိုတော့ မင်းလက်ခံလောက်ပါပြီ…။”
သူ… သူ့သူငယ်ဆက်ပြောမယ့်စကားကိုသာ အာရုံစိုက်နေလိုက်မိပါတယ်…
” ဒီလိုပဲကွ…။ လူတစ်ယောက်ရင့်ကျတ်တယ်…။ ဒါမှမဟုတ် မင်းပြောသလို “ဒီကောင့်ကြည့်ရတာ ဘာမှခံစားတတ်မယ့် ပုံမပေါ်ပါဘူးကွာ” ဆိုတာမျိုး က အဲ့ဒီ့လူကျောက်ဖြစ်သွားတဲ့ အချိန်မှာ မင်းတို့ကတွေ့လို့သာ အဲ့လိုပြောနိုင်ကြတာ…။ လူတစ်ယောက်ရဲ့ ခံစားချက်တွေ ကျောက်ဖြစ်သွားဖို့ ဆို တာ သေးငယ်တဲ့ ထိခိုက်ခံစားမှုတွေ…။ မမြင်နိုင်တဲ့ သောကအမှုန်တွေ..။ များပြားလှတဲ့ မြိုသိပ်မှုတွေကနေ တဖြေးဖြေးစတင်ခဲ့တာပဲ…။ အဲ့ဒီ့ သေးငယ် လှတဲ့ ခံစားမှုတွေ တဖြေးဖြေး စုပုံအနည်ကျလာတဲ့နောက်…။ ဘ၀ရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ သောကရဲ့ အပူတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ ရပြီးတဲ့နောက် သူ့ရဲ့ စိတ်အစုံဟာ ကျောက်ဖြစ်သွားခဲ့ရတယ်…။ တကယ်ဆိုရင် အဲ့လိုဘာမှ မခံစားတတ်ဘူးလို့ မင်းတို့ထင်တဲ့သူတွေက မင်းတို့ ငါတို့တွေထက် အများကြီးခံစားတတ်…။ အဲ..။ ဒါမှမဟုတ်…။ ခံစားဖူးတဲ့သူတွေချည်းပဲကွ….။“
အခန်း (၂)
“ဒါနဲ့ မင်းအခုလာတာက…?”
“ငါလာတဲ့ ကိစ္စကိုမပြောခင်…။ ငါသိခြင်တာ တစ်ခုကို မင်းအရင်ပြောပြနိုင်မလား..?”
“အင်း…။ ဆိုစမ်းဘာဦး…။”
” ဒီမယ်သူငယ်ချင်း…။ အခုအသက်အရွယ်ကြီးရောက်တဲ့အထိ မင်းမှာငါ့ကိုမေးစရာမေးခွန်းတွေ မကုန်နိုင်သေးဘူးလား…? ဒီလိုပဲ မင်းအမြဲ သူများ ကို လျှောက်မေးနေတာ မင်းကိုမင်းမေးဖို့ရော အချိန်ရသေးရဲ့လား…။ ဟမ်…။ ဟေ့ရောင်…”
“ဒါတွေထားစမ်းပါကွာ…။ ငါအခုမေးမှာကိုပဲ မင်းဖြေ…။ မင်းနဲ့ငါနဲ့ လမ်းခွဲခဲ့ကြတာ ငါတို့ အသက် (၂၀) လောက်က အခုဆို ငါ့အသက် (၆၀) ကျော်ပြီ..။ တစ်နည်းအားဖြင့် ငါတို့မတွေ့ခဲ့ကြတာ နှစ်ပေါင်း လေးဆယ်ကျော်လောက်ရှိပြီ…။ ဒီလောက်နှစ်တွေ အချိန်တွေကြာခဲ့တာတောင် ငါ့မှာ ပြောင်းလဲမှုတွေ များစွာဖြစ်ခဲ့သလောက် မင်းကျတော့ ဘာလို့ ဘာမှမပြောင်းလဲရတာလဲ….။ ဒါကို ငါသိခြင်တယ်…။”
“ဟား…ဟား..။ ငါဘာကြောင့် မပြောင်းလဲသလဲဆိုတာ မင်းကိုမပြောပြခင်..။ မင်းကို ငါမေးခွန်းတစ်ခုမေးမယ်…။ မင်းတို့ အသက်အရွယ်ဆိုတာကို ဘာနဲ့တိုင်းလဲ ဟေ့ရောင်…”
“ဟ..။ အသက်အရွယ်ပါဆိုမှတော့ အချိန်နဲ့ တိုင်းရတာပေါ့ဟ..။ အချိန်နဲ့မတိုင်းလို့ မင်းကြီးဒေါ်ကြီးနဲ့ ငါကတိုင်းရမှာလား..”
“ဟဲ..ဟဲ..။ အေးဟုတ်ပါပြီကွာ..။ မင်းပြောသလို အသက်အရွယ်ကို အချိန်နဲ့မတိုင်းပဲ ငါ့ကြီးဒေါ်ကြီးနဲ့တိုင်းတာကမှ မင်းတို့အတွက် ပိုအဓိပ္ပါယ်ရှိဦး မလားပဲ…”
“နေစမ်းပါဦး…။ ဒါဆို မင်းက အသက်အရွယ်ဆိုတာကို အချိန်နဲ့ မတိုင်းတာခြင်လို့ ဘာနဲ့များတိုင်းတာခြင် သေးလို့လဲ…”
“လွယ်ပါတယ်ကွာ…။ အသိတရားနဲ့ တိုင်းတာမှာပေါ့…”
“ဘာ…! အသက်ကို အသိတရားနဲ့တိုင်းမယ်…? ဟုတ်လား…? ” သူ့သူငယ်ချင်းရဲ့ စကားကြောင့် သူတော်တော်တွေဝေသွားမိသည်…။
Cateogry : Essay | 25 Comments
အိပ်မက်အလွန်
နိဒါန်း
အမှန်တရားဆိုသည် တစ်ခါတစ်ရံတွင် မည်သို့သောအရာကို ခေါ်ကြောင်း…။ မည်သို့သော် စံသတ်မှတ်ချက်ဖြင့် သတ်မှတ်ကြောင်း…။ မည်သို့သော အချက်အလက်များဖြင့် တည်ဆောက်ကြောင်း…. သူ သိချင်လှသည်…။ ” ဒီအချိန်ဟာ ည” ဟုပြောလျှင် သူရပ်တည်ရာ ဒေသနှင့် အချိန် ၊ နေရာမတူ သော အခြားကမ္ဘာတစ်ဘက်ခြမ်းမှ လူများက သူ့အား “မဟုတ်ဘူး နေ့ကွ” လို့ ပြန်ပြောကြမည်မှာ အသေအချာပင်ဖြစ်သည်..။ ထိုသို့ဆိုလျှင် အမှန်တရားဟူသည် ကာလံဒေသံ ဆိုသည့် အချိန်နှင့် နေရာအပေါ်တွင်လိုက်၍ ပြောင်းလဲခြင်း သဘောများ ရှိလေသလော…? ကမ္ဘာ့ရှေးဟောင်း တွေးခေါ်ပညာရှင်များ၏ ကမ္ဘာဗဟိုပြု လည်ပတ်မှုသည် ကိုပါးနိကပ်၏ အချိန်သို့ရောက်လာသောအခါ အားလုံး ဇောက်ထိုးမိုး မျှော် ဖြစ်ခဲ့ကြရလေသည်။
လူတစ်ယောက်၏ ဘ၀တွင် မကြာခဏဆိုသလို အခြေအနေနှစ်ရပ်ကြားတွင် ရွေးချယ်ရခက် ဖြေရှင်းရခက်သော အခြေအနေများနှင့် ကြုံတွေ့ရလေ့ ရှိတာ အဆန်းတစ်ခုတော့ မဟုတ်ခဲ့ပါ..။ အမှားနှင့် အမှန်…။ အကောင်းနှင့်အဆိုး…။ ကိုယ်စီပြဌာန်းချက်များ သီးသန့်ရှိနေတတ်ကြပါတယ်…။ ဒါ ပေမယ့် လူတစ်ယောက်ဟာ ဒီလိုဆန့်ကျင်ဘက်နှစ်ခုရဲ့ ကြားမှာ ညပ်နေခြင်းဟာ သေသေချာချာပြန်စဉ်းစားကြည့်မယ်ဆိုရင် နောက်ထပ်လာမယ့် အခြေအနေတစ်ခုထက်စာရင် အများကြီးခံသာနေသေးပါတယ်…။ နောက်ထပ်လာမယ့် အခြေအနေဆိုတာ???? ဒီလို အမှန်အမှား ဝေခွဲဆုံးဖြတ်ရ တာ ထက်ပဲ ခက်ခဲတဲ့ အခြေအနေဆိုတာရှိနိုင်သေးလို့လား…? ရှိပါတယ်…။ အတိအကျကိုရှိနေပါတယ်…။ အဲ့ဒါကတော့ အမှန်တရား နှစ်ခုကြား မှာ ရွေးချယ်ရခြင်း Jeopardize ဖြစ်ခြင်းပဲ ဖြစ်ပါတယ်…။
လူတစ်ယောက်ဟာ အမှန်နှင့်အမှား၊ အကောင်းနဲ့အဆိုး ရွေးကြစတမ်းဆို မည်သူမဆို အမှန်ဘက်ကို ရွေးချယ်ကြမှာပါပဲ…။ ဒါဟာသိပ်ရိုးရှင်းပါ တယ်..။ သို့သော် အမှန်နှင့် အမှန်ကြားသို့ မထင်မှတ်ပဲ ကျွန်တော်တို့ ရောက်ရှိသွားကြသော အချိန်တွင်မူ…..။
အခန်း (၁)
“ရှင်ဘယ်တော့ ကျွန်မဆီ ငွေလွှဲမှာလဲ…? ဒီမှာ ကလေးတွေအတွက် ကျောင်းစရိတ်၊ ကျူရှင်စားရိတ်တွေ…အိမ်လခတွေက ရှင်းရတော့မယ်…။ ကုန်ဈေးနှုန်းတွေ ကလည်း ရှင်သိတဲ့အတိုင်းပဲ…။ အဲ့ဒါ လွှဲမယ်ဆိုရင် ဒေါ်လာဈေးလေးကောင်းတုန်း မြန်မြန်လွှဲဦး…”
Gtalk ခေါ် ခေတ်သစ် ဆက်သွယ်ရေး အချက်အချာနေရာတစ်ခုသူ ခြေချလျှင် ခြချင်းတစ်ဘက်မှ အဆက်မပြတ်ဝင်ရောက်လာသော ထိုးဖောက် တိုက်စစ်များကြောင့် သူဘာပြန်ပြောရမှန်းပင်မသိဖြစ်သွားပါတယ်….။
“ဟ…။ မင်းကလွန်လွန်းပြီထင်တယ်ကွာ…။ ငါဒီမှာ ပိုက်ဆံကို တွင်းထဲက နှိုက်ထုတ်ပြီးပေးနေတာမဟုတ်ဘူးကွ…။ သူများနိုင်ငံ…။ သူများလူမျိုး လက်အောက်မှာ ကျွဲလို၊ နွားလို ရုန်းကန်ပြီး ရှာဖွေနေရတာ…။”
“အိုး…။ ဒါကတော့ ရှင်က ယောက်ျားလေ၊ အိမ်ထောင်ဦးစီးလေ…။ ကိုယ့်မိသားစုကောင်းစားဖို့ ကြီးပွားတိုးတက်ဖို့အတွက် ကြိုးစားရမှာ ရှင့်တာဝန် ပဲ မဟုတ်ဘူးလား..။ ဒါဆိုရင် ရှင်ဘာလို့ မိန်းမယူထားသေးလဲ…?”
“မင်းလျှောက်မပြောနဲ့..။ ငါမင်းတို့ကို တာဝန်မယူချင်ရင် အစကတည်းက အခုလို ရေခြားမြေခြားကို ဒုက္ခခံပြီးလာနေစရာတောင်မလိုဘူး..။ အဲ့ဒါကို မင်းနားလည်…။ ငါအခုပြောနေတယ်ဆိုတာက မင်းကို အတိုင်းအတာလေးနဲ့ ချင့်ချင့်ချိန်ချိန် သုံးဖို့စွဲဖို့ ပြောနေတာ..။”
“ရှင်က ကျွန်မကိုအဲ့လို ပြောရအောင် ကျွန်မကဘာတွေလုပ်နေလို့လဲ…။ ရှင် တာဝန်မယူချင်တိုင်း ကျွန်မကိုလာမစွတ်စွဲနဲ့…”
“တောက်….။ မင်းကွာ..။ မင်းမို့အဲ့ဒီ့စကားပြောထွက်တယ်…။ ငါဒီမှာ အနှစ်နှစ်အလလ ကျွန်ခံပြီးရှာဖွေပေးခဲ့တဲ့ ငွေတွေမင်းဘာလုပ်ပြစ်လဲ မင်းသိတယ်..။ နှစ်လုံးဆိုလဲ မင်းပါတယ်…။ သုံးလုံးဆိုလဲ မင်းမလွတ်ဘူး…။ မင်းဘယ်လောက် ရှုံးခဲ့လဲဆိုတာမင်းအသိဆုံး…။ မင်းသာ လိမ္မာခဲ့မယ် ဆိုရင် အခုလိုအိမ်လခပေးနေဖို့မပြောနဲ့…။ ဒီအချိန်မှာ ငါပို့ပေးခဲ့တဲ့ ငွေနဲ့ ငါတို့မိသားစု ခြံနဲ့၊ ကားနဲ့ တင့်တင့်တယ်တယ်နေနိုင်နေပြီ…။ အခု မင်းကြည့်စမ်း…။ ငါ့မှာ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို ဖြစ်နေပြီ…။ ငါဒါတွေ ခဏခဏ ထပ်မပြောချင်ဘူးကွာ…။
“ဒါကတော့ ကျွန်မလဲ ကျွန်မနည်း ကျွန်မဟန်နဲ့ အဆင်ပြေမလားလို့ ကြိုးစားကြည့်တာပဲ…။ ကံကြမ္မာက မျက်နှာသာမပေးလို့ ဖြစ်သွားတာ ကျွန်မ လဲ ဘယ်တတ်နိုင်ပါ့မလဲ?”
“တော်စမ်းဘာကွာ…။ အေး ထပ်ပြောဦးမယ်..။ ငါရှာနေတဲ့ စီးပွားက ငါ့မိသားစုလေး သာယာဖို့..။ လူတန်းစေဖို့..။ လူအများကြားမျာ မျက်နှာမငယ် ပဲ တင့်တင့်တယ်တယ်လေး ဖြစ်ဖို့ရှာနေတာကွ…။ မင်းအမေတွေ..။ မင်းမောင်တွေ…။ ရှိရှိသမျှ မင်းအမျိုးတွေကို အိမ်ဦးခန်းတင်ပြီး ထမင်းကျွေး ထားဖို့မဟုတ်ဘူး…။ ငါဒီလိုပြောတော့…။ ငါလူမိုက်ဖြစ်ဦးမယ်..။ စေတနာမရှိဦးဖြစ်ဦးမယ်…။ အတိုင်းနဲ့အထွာနဲ့ မင်းမိသားစုကို မင်းထောက်ပံ့၊ မိဘကို ပြန်ကြည့်ရှုတာကို ငါမပြောလိုဘူး..။ အခုဟာက ရှိရှိသမျှ ချီးကအစ…။ သေးကအစ…။ တောက်…။ ငါမပြောလိုက်ချင်ဘူး…။ ပြီးရင်လဲ ကွယ်ရာကြ အပုပ်ချခံရသေး…။ ငါ့ဘ၀က “……သေးတယ်…….သေးတယ် ဆိုသလို ဖြစ်နေပြီ…။ မင်းကတော့ မင်းအမျိုးဆိုတော့ ဘယ်နာမလဲ..။ ကြာတော့ ဒီဒဏ်တွေ ငါမခံနိုင်တော့ဘူးကွ…။ မင်းတို့ သိပ်တရားလွန်ပြီ…။ ငါ့ကိုမကူညီရင်နေကြပါကွာ..။ တစ်မျိုးပြီး တစ်မျိုးစိတ်ဆင်းရဲအောင် တော့ မလုပ်ကြပါနဲ့…။ ငါတောင်းပန်ပါတယ်…။”
“ရှင်တရားလွန်လာပြီ..။ ကျွန်မမိဘတွေ…။ ဆွေမျိုးတွေကိုပါ ရှင်ကစွတ်စွဲတယ်ပေါ့လေ…”
“ဟူး…။ အေး…။ ပြောကွာ…။ ပြော….။ မင်းပဲပြောတော့…။ ငါမပြောတော့ဘူး….။ ငါ့သားသမီးလေးတွေ မျက်နှာသာမရှိခဲ့ရင် သိပ်ကောင်းမယ်ကွာ။ အခုတော့ ၀ဋ်ရှိသ၍ မင်းနဲ့ မင်းအမျိုးတွေ နှိပ်စက်သမျှ ၀န်ကိုထမ်းဖို့…။ ငါကျွန်သွားခံလိုက်ဦးမယ်..။ ဒါပဲကွာ…။ နောက်တစ်ခါအရေးအကြောင်း ရှိရင် ငါဖုန်းဆက်မယ်..။ အွန်လိုင်းလဲ လာမနေနဲ့တော့…။ မင်းလိုချင်တဲ့ ငွေ ငါပို့ပေးလိုက်မယ်….။ ဒါဆိုဖြစ်ပြီမလား..။ ပြန်တော့ကွာ….။”
“ဟူး…။”
သက်ပြင်းမောတစ်ခုနှင့်အတူ သူ စိတ်ပျက်လက်ပျက် ဆိုဖာပေါ်သို့ လှဲချလိုက်မိသည်…။
Cateogry : Essay , Personal | 21 Comments
To…U Thant

Hello Sir,
I know that today gonna be your 100th birthday ceremony, if you are still in this Mysterious Outlook! I just wrote this letter to let you know that you still keep alive in our souls, though you left our environment and society for a long time!
I have a lot to tell you about Today which you can’t know nor see! It is better you can’t see what’s going on this Earth. You know, that most of the things in our sights are ruined systematically, strategically, slightly, smoothly, delicately, and deeply day by day. I am sure that you will surprise what’s going on Today! Of course, the organization that you loved and loyally severed for many years is included as one of them!
Yes, I know very well that you able to block the river which is nearly flowed by tears and blood! I know very well that you let continue the birds flying in the sky which is nearly substituted by rockets and bullets! I know very well that you allowed the millions of lives to keep sing with their families. I know very well that you gave the chances to the parents to flower their children for new and bright generation. Yes, I do know that you sacrificed a lot for our beloved Union. But one question, please Sir! Does it deserve?
No, don’t think our Mother Land already forget about you! Please, don’t be misunderstood! It ain’t be right anymore! Don’t be doubt that there’s no one who can follow your step, yet! Untill today. Oops! Sorry, I was wrong! But…! Let it be…! I don’t want to talk about that & let’s make secret between you and me. You know what I mean, right?
Maybe we are stupid, useless. Maybe we are not bright enough like you. Maybe the century is already changed. Maybe there’s no chance for us. Maybe our fate was tricked by a magician. Maybe our dreams are locked. Maybe our histories are over written. Maybe we are screwed up. Maybe we are complicated. Maybe we are trapped!
But don’t think twice, Sir. If somebody destroyed our chances, we will find another ways! If our fates are tricked by a magician, we will use our inspiration to revolute that magician! If our dreams are locked, we will find the key for our freedom. If someone over written our history, we will try to re-write our history with our spirits again! We will cut the head of the illusion which makes us complicated and stuck between unnecessary worries.
You should know only one thing, Sir. Maybe our skin becomes pale, for lacking of rights. But the blood which flowing in our veins still red, brilliantly as our Union’s Flag still red all over the sky! You know that we are still singing our own National Anthem which was written with our grand, grand generation’s blood and spirits! We sang, we still singing and we will sing as loud as we can, not with our mouths, but with our hearts till the end of the world, loudly….., proudly….! I bet you that you will be smiling at that time! Isn’t it?
Sir, I can promise you one thing that, no matter what happen to us we, our generation will keep walking till all the Countries, Nations in this Universe know WHAT WE ARE! WHAT OUR COUNTRY IS! HOW WE LOVE OUR UNION! HOW WE BRAVE! HOW WE PATRIOTIC….!
HAPPY 100TH BIRTHDAY ANNIVERSARY, SIR!
I BELIEVE THAT GOD WILL BLESS US AND OUR BELOVED UNION, SIR!
BLACK DREAM
P.S- WITH REMINISCENCE







