• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    မြှုပ်နှံခြင်း

    April 2 , 2009 | 687 views

    နိဒါန်း

    ခမ်းနားသော မေတ္တာတရားတို့ ၀န်းရံသောအခါတွင် သေးသိမ်သော ပကာသနတို့သည် ဒူးထောက်အညံ့ခံကာ မြင့်မြတ်သော မေတ္တာတရား၏ ကြီးမြတ်သော အောင်မြင်မှုအား ကောင်းချီးပေးရလေသည်။

    အခန်း (၁)

    ခဏလောက် ရင်ခုန်သံတွေကို

    အိပ်စက်ခိုင်းလိုက်ပါ…

    နောက်နေ့နံနက်မှာ သူတို့တွေ လန်းဆန်းစွာ နိုးထပါစေ…။

    BLACK DREAM

    အချိန်အားဖြင့် (၁၂) နာရီထိုးဖို့ (၄၅) မိနစ်ခန့်သာ လိုပါတော့သည်။ မကြာမှီအချိန်တွင် သန်းခေါင်သည် အနက်ဆုံး ညဥ့်ပါတော့မည်…။ ညသည် ယခင့်ယခင် ညများထက်ပိုမိုသာယာ လှပလို့နေပါတယ်…။ တစ်ချက်တစ်ချက် တိုက်ခိုက်လိုက်သော လေပြေတို့သည် လတ်ဆတ်သန့်ရှင်းလို့ နေ ပါတယ်…။ သေသေချာချာကြည့်မယ် ဆိုပါက…။ အိပ်မောကျနေသော မြို့ကလေးရဲ့ ခပ်ဝေးဝေး တောင်ကုန်းလေး တစ်ခုပေါ်ရှိ ဘုရားရှိခိုးကျောင်း လေး တစ်ခုပေါ်သို့ လက်ခြင်းတွဲယှက်၍ တစ်လှမ်းခြင်း လျှောက်လှမ်းနေသော ချစ်သူနှစ်ဦးအား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်…။ ၎င်းတို့နှစ်ဦး၏ ဦး တည်ချက်မှာလည်း ထို ဘုရားကျောင်းသေးသေးလေးသို့သာ ဖြစ်ပါတယ်…။ ဘာအတွက်လဲ…? ဘာကြောင့်လဲ….?

    မကြာခင်မှာပဲ ထိုချစ်သူနှစ်ဦးသည် ဘုရားကျောင်းလေးသို့ရောက်ရှိသွားပါတယ်..။ အချိန်အားဖြင့် ည ၁၂ နာရီထိုးဖို့ နာရီဝက်အလိုဖြစ်ပါတယ်..။ ထို့နောက် ထိုချစ်သူနှစ်ဦးသည် ဘုရားကျောင်းလေးထဲသို့မ၀င်ခင် တစ်ယောက်နှင့်တစ်ယောက် ခေတ္တမျှ တစ်ဦးကို တစ်ဦး အကြည့်ခြင်းစုံလိုက် ကြပါတယ်..။ ၎င်းတို့နှစ်ဦးရဲ့ မျက်နှာများပေါ်တွင်တော့ အပြုံးများ ကိုယ်စီနှင့်ပေါ့…။

    ချစ်သူနှစ်ဦးသည် ဘုရားကျောင်းလေးထဲရောက်ရှိသွားပြီးနောက် ဘုရားသခင်၏ ရှေ့မှောက်၌ဒူးထောက်ထိုင်ချလိုက်ပါတယ်..။ ထို့နောက် တစ်ဦး နှင့်တစ်ဦး မျက်နှာချင်းဆိုင်လိုက်ပြီး…။ တစ်ဦးမျက်ဝန်းကို တစ်ဦး စူးစိုက်စွာကြည့်ကာ…။ တစ်ဦးလက်ကို တစ်ဦးဆုပ်ကိုင်လိုက်ပါတော့တယ်……။

    အခန်း (၂)

    တကယ်တော့ အချစ်ဆိုတာ

    အဲ့ဒီ့ချစ်သူနှစ်ဦးထဲသာ အပြန်အလှန်နားလည်နိုင်တဲ့

    သီးခြားဘာသာစကားတစ်မျိုးပေါ့…။

    BLACK DREAM

    သာယာသောကောင်းကင်အောက်…။ တောက်ပသော ကြယ်စဉ်တို့သည် လရောင်ရဲ့ တေးသွားနဲ့အတူ ပျော်ရွှင်စွာ ကခုန်ရင်း သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံအသီးသီးကို ပူဇော်နေကြလေရဲ့…။ တိတ်ဆိတ်မှုအတိဖုန်းလွှမ်းလျှက်ရှိသော ပတ်ဝန်းကျင်ဟာလည်း ချစ်သူနှစ်ယောက်ရဲ့ ရင်ခုန်သံတွေ ကို ငြိမ်သက်စွာ ခိုးနားထောင်နေကြလေရဲ့…။ စစ်မှန်သော မေတ္တာတရားတို့ဖြင့် ကမ္ဘာအသစ်တစ်ခုအား ဖန်ဆင်းစေအံ့…။ ခိုင်မြဲသော သံဓိဌာန် တစ်ခုသည် မတူညီသော ခန္ဓာကိုယ်နှစ်ခုရှိ ၀ိဥာဉ်တို့အား သံသရာကုန်အောင် ရစ်ပတ်ချည်နှောင်စေခဲ့လေပြီ…။ ချစ်သူနှစ်ဦးရဲ့ စိတ်အတွင်းမှာ ကိုယ်စီ စကားသံတို့သည် နူးညံ့စွာ စီးဆင်းနေတယ်…။ သင်မကြားနိုင်ပါဘူး..။ ထို့အတူ ကျွန်တော်လည်းမကြားနိုင်ပါဘူး….။

    ချစ်သူတို့ပြောသော ဘာသာစကားတွင် မေတ္တာတရားသည် ဘာသာစကားအဖြစ်ပါဝင်ကြမည်ဆိုပါက…။  သံယောဇဉ်သည် နာမ်များအဖြစ် လည်းကောင်း ၊ နားလည်ယုံကြည်မှုတို့သည် ကြိယာများအဖြစ်လည်းကောင်း…၊ ကြင်နာယုယမှုတို့သည် နာမသိသေသနများအဖြစ်လည်း ကောင်း၊ မျှဝေခံစားမှုတို့သည် ကြိယာဝသေသနများအဖြစ်လည်းကောင်း ပါဝင်ကြလေမည်…။ ၎င်းအချစ်သူတို့၏ ဘာသာစကားအား သစ္စာတရား တည်းဟူသော သဒ္ဒါစည်းမျဉ်းဖြင့် ရေးသား ဖန်တီးကြလေသည်…။ ချစ်သူတို့၏ ဘာသာစကားများတွင် ကံမပါ,ပါ…။ ကတ္တားမပါ, ပါ…။ ထို့ကြောင့် ပြုသူမရှိသလို…။ အပြုခံရသူလည်းမရှိပါ…။ နောက်တစ်ခေါက်အနေဖြင့် သင်ပြန်ဖတ်ကြည့်ပါ…။ ချစ်သူတို့၏ ဘာသာစကားတွင် စကားလုံးများ လည်း ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရပါလိ့မ်မယ်…။

    (more…)

    Cateogry : Essay | 13 Comments

    ပညတ်မဲ့…

    March 4 , 2009 | 1,175 views

    “မင်းဘယ်သွားမလို့လဲ…?”

    “တစ်နေရာရာပေါ့..။”

    “ဘယ်လိုနေရာမျိုးလဲ…?”

    “မျှော်လင့်ချက်နဲ့ အသက်ရှင်ရခြင်းတွေမှ ကင်းဝေးတဲ့နေရာ..။ အိပ်မက်ဆိုတဲ့ ၀င်သက်၊ ထွက်သက်တွေကို ရှူရှိုက်ရခြင်းတွေနဲ့ ကင်းဝေးတဲ့နေရာ။ ဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ ဖြစ်နေတာတွေမရှိတဲ့နေရာ…။ အတိတ်ဆိုတဲ့ အရိပ်တွေမရှိတဲ့နေရာ…။ ပစ္စုပ္ပန်ဆိုတဲ့ ဖြစ်တည်ခြင်းတွေ မရှိတဲ့ နေရာ…။ အနာဂတ်ဆိုတဲ့ လှည့်စားခြင်းတွေ မရှိတဲ့နေရာ…။”

    “မင်းဟာက အဓိပ္ပါယ်မရှိတာ…”

    “အေး…ငါတစ်ခုပြောဖို့မေ့သွားတယ်..။ ဟုတ်တယ်…။ မင်းပြောတဲ့ “အဓိပ္ပါယ်” ဆိုတဲ့အရာတွေပါ မရှိတဲ့နေရာ…။

    “ဟေ့ရောင်…။ မင်း..။ မင်း ရူးများနေလား…?”

    “ဟင့်အင်း..။ အခုတော့ ငါထင်ထားသလောက် ရူးခွင့်မရသေးဘူး..။ အခုအဲ့ဒီ့နေရာကိုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ထဲမှာ…။ “လွတ်လွတ်လပ်လပ် ရူးသွပ်ခွင့်” ရချင်တာလဲ အဓိကအကြောင်းအရင်းထဲမှာ ပါတယ်..။”

    ” မင်း ဒီလိုတွေ လျှောက်လုပ်နေတာ..။ မင်းဘ၀အတွက်…။ မင်းရှေ့ရေးအတွက် ဘာမှမစဉ်းစားတော့ဘူးလား…။ မင်း ဒါတွေလျှောက်လုပ်နေလို့ မင်းဘ၀ ဘာဖြစ်လာမှာတဲ့လဲ..။ မင်းဘယ်လိုလုပ် အောင်မြင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါတောာ့မလဲ…?”

    “ဟုတ်တယ်…။ ဘာမှဖြစ်လာမှာမဟုတ်ဘူး…။ ဟုတ်လား…? ဟား…ဟား…။ တကယ်လို့များ ဘာမှဖြစ်မလာခြင်းဆိုတဲ့အရာတွေဟာ ငါဖြစ်ခြင်တဲ့ ဆန္ဒတွေပဲလို့ ပြောရင် မင်းဘာပြောမလဲ..။ ဘ၀တွေ ဘာမှဖြစ်မလာဘူးဆိုတာ တကယ်တော့ မှားတယ်..။ လုံးဝမှားတယ်…။ တကယ်က ဖြစ်လာ တယ်..။

    “ဟမ်…။ ဘယ်လို…ဘယ်လို..။ ငါမူးလာပြီ မင်းစကားကို ငါနားမလည်ဘူး…။ ဘာမှ ဖြစ်မလာခြင်းဆိုမှတော့ ဘယ်လိုလုပ်ပြီး ဖြစ်လာတယ်လို့ မင်း ကပြောဦးမလို့လဲ…?”

    ဘာဖြစ်လာတာလဲဆိုတော့ ” ဘာမှ မဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်ခြင်း” တစ်မျိုးဖြစ်လာတယ်…။ မင်းစဉ်းစားကြည့်ပါဦး..။ မင်းတို့၊ ငါတို့ ရှင်သန် နေတဲ့ ဒီလောကကြီးထဲမှာ…။ လူတွေက အမြဲတမ်း တစ်ခုမဟုတ်သော အရာတွေကို အမြဲတောင့်တနေကြတယ်..။ မျှော်လင့်နေကြတယ်..။ တစ်ချို့ရကြ တယ်..။ တစ်ချို့မရဘူး..။ တစ်ချို့ ရသလောက်နဲ့ မတင့်တိမ်နိုင်ပဲ ထပ်လိုချင်တယ်..။ တစ်ချို့မလိုချင်တာတွေရတယ်…။ တစ်ချို့ ရတာတွေ မလို ချင်ဘူး…။ ဘယ်နှခါများ ပြည့်စုံခဲ့ကြလဲ…? ဘယ်နှစ်ခါများ ပြည့်ဝခဲ့ကြလဲ…? ဘယ်နှစ်ခါများ ပြီးဆုံးခဲ့ကြလဲ….? ငါတို့လူသားတွေ အများစုပိုင်ဆိုင် နေတဲ့ (သို့မဟုတ်) ပိုင်ဆိုင်တယ်လို့ ထင်နေကြတဲ့ ဘ၀တွေဟာ တကယ်တော့ သမင်မွေးရင်း ကျားစားရင်ဖြစ်နေတယ်..။

    (more…)

    Cateogry : Essay | 27 Comments

    ၂၄ ခုမြောက် တံခါးတစ်ချပ်…

    February 20 , 2009 | 2,630 views

    တစ်ခါတလေကြရင် ကျွန်တော်တို့တွေ အချိန်တွေက အကုန်မြန်တာလို့ခံစားရတတ်ပါတယ်..။ တစ်ခါတစ်လေတော့လဲ တော်တော်လေးကို ကြာ နေတယ်လို့ ခံစားရတတ်ပါတယ်..။ အမှန်တော့ ဒါတွေဟာ Reativity Theory အရ ကျွန်တော်တို့စိတ်ကြောင့်သာ အနှေးအမြန်တွေ ဖြစ်နေကြခြင်းဖြစ်ပါတယ် ။ အချိန်တွေကတော့ ပုံမှန်ပဲ သွားလာနေကြစမြဲ…။ ကျွန်တော်တို့ကို လှည့်စားနေကြမြဲပဲဖြစ်ပါတယ်…။

    Relativity Theory ထဲမှာ အိုင်းစတိုင်းက ဒီလိုရှင်းပြထားပါတယ် ” ကျွန်တော်တို့ စာမေးပွဲ (ကိုယ်မဖြေနိုင်တဲ့) အခန်းတစ်ခုထဲမှာရောက် နေ တယ်ဆိုရင် အချိန်တွေက တော်တော်နဲ့ကို မကုန်နိုင်တော့ပါဘူး..။ လူကလည်း ဇောချွေးတွေပြန်လို့..။ ဘာရေးလို့ရေးရမှန်းလဲမသိ…။ အချိန်တွေကလည်း တော်တော်နဲ့ကို မကုန်တော့ပါဘူး…။ အဲ့ဒီလိုအချိန်မှာ ကျွန်တော်တို့ အချိန်တွေကို ကြာလိုက်တာလို့ မြည်တွန်တောက် တီးတတ်ကြပါတယ်…။ အဲ..။ ဒါပေမယ့်..။ ကျွန်တော်တို့ သိပ်ချစ်တဲ့ ချစ်သူရဲ့ ဘေးနားမှာများ ကျွန်တော်တို့တွေ ရှိနေခဲ့မယ်ဆိုရင်တော့ အချိန်တွေ အကုန်မြန်သွားကြပုံများ ဘယ်ကနေ ဘယ်လို ကုန်သွားမှန်းကို မသိတော့ပါဘူး..။” လို့အချိန်ရဲ့ ပရမတ် တစ်ခုကို ရှင်းပြသွားပါတယ်..။

    တကယ်တော့ ကျွန်တော်တို့ လူသားတွေဟာ အချိန်ဆိုတဲ့အရာတစ်ခုရဲ့ လှည့်စားခြင်းကို ခံနေခဲ့ကြရခြင်းသာဖြစ်ပါတယ်…။ ကိုမင်းတစေ ရေးခဲ့တဲ့ ပို့စ်တစ်ခုထဲက စာသားကို ပြန်ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့လူသားတွေဟာ ကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့ အချိန်ဆိုတဲ့ လှောင်အိမ် ထဲမှာ ကိုယ်တိုင်ပြန်ပြီး အချုပ်နှောင် ခံနေကြရခြင်းသာ ဖြစ်ပါတယ်…။ ဒါတွေကို သေသေချာချာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ တွေ ဝေမှု (Illusion) တွေကို အတိုင်းသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်…။

    ဒီလိုတွေဝေမှုတွေ ဖြစ်ရခြင်းဟာ ကျွန်တော်တို့ဟာ မိမိရဲ့ ဖန်တီးနိုင်မှု၊ သိမြင်နိုင်မှု၊ လုပ်ဆောင်နိုင်မှု အစရှိတဲ့ Inspiration တွေကို ကိုယ်တိုင် ချိုးနှိမ် အကျဉ်းချထားလို့ပဲဖြစ်ပါတယ်…။ တကယ်တော့ Inspiration ဆိုတာဟာ စိုက်ပျိုးအပ်တဲ့ အပင်လေးတစ်ခုပါ…။ သူ့ကို Self Cofindence, Self Control အစရှိတဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ ထိမ်းသိမ်းစောင့်ရှောက်နိုင်မှု စတဲ့ မြေသြဇာလေးတွေ ကျွေးပြီး ကျွန်တော်တို့ စနစ်တကျစိုက်ပျိုးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ်တွေဟာ လှပစွာ ဖူးပွင့် ဝေဆာလာမှာ မလွဲပါဘူး…။

    ကျွန်တော်တို့လူသားတွေဟာ မကြာခဏလည်း ထွက်ပေါက်ပျောက်နေတတ်ကြပါတယ်..။ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကို အသေအလဲ ရှာနေကြတယ် လို့ပြောလို့လဲရပါတယ်..။ တကယ်ဆိုရင် အဲ့ဒါကလည်း ကျွန်တော်တို့ရဲ့ မှားယွင်းနေမှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်..။ တကယ်တော့ ထွက်ပေါက်ဆိုတာ ကျွန်တော်တို့ တကူးတက လိုက်ရှာနေစရာမလိုပါဘူး…။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ကျွန်တော်တို့ ဘ၀တွေအတွက် ထွက်ပေါက် (Exit) ဖြစ်နေလို့ပါပဲ…။

    ကျွန်တော် စကားလုံးလေးနှစ်လုံးကို ငယ်ငယ်ကတည်းက သဘောကျမိတာရှိပါတယ်..။ Exist နဲ့ Exit ပါ…။ ကျွန်တော်တို့ ဘ၀တွေ  ဖြစ်တည် (Exist) နေ မျှ ကျွန်တော်တို့မှာ ကိုယ်ပိုင်ထွက်ပေါက် (Exit) တွေဟာ အတိအကျကို ရှိနေပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်..။ တကယ်တော့ ဘုရားသခင်က ဖန်ဆင်းပေးခဲ့တယ့် ကျွန်တော်တို့ ဘ၀တွေရဲ့ ဖြစ်တည်မှုဟာ ပြီးပြည့်စုံပြီးသားဖြစ်ပါတယ်…။ ဒါဆိုရင် သောကတွေ၊ အလိုမကျမှုတွေ၊ မပြည့်စုံမှုတွေက ဘာလဲလို့ မေးလာပါလိ့မ်မယ်..။ ဟုတ်ပါတယ်…။ အဲ့ဒါတွေကိုယ်တိုင်ကိုက လူတစ်ယောက်ရဲ့ ဖြစ်တည်မှု တစ်ခုထဲမှာ မဖြစ်မနေပါဝင်နေရမယ့် အဓိကသရုပ်ဆောင် (Main Character) တွေပါပဲ…။

    ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုထဲမှာ သူတို့သာမပါဝင်ခဲ့ဖူးဆိုရင် ကျွန်တော်တို့ရဲ့ ကာလသုံးပါးဟာ တကယ်ကို ပျင်းခြောက်ခြောက်နဲ့ ငြီးငွေ့ဖွယ် အတိ ဖြစ်နေမှာသေချာပါတယ်…။ တကယ်တော့ လောကရဲ့ အနိဌာရုံနဲ့ သောကတွေဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ချမ်းသာမှု၊ အဆုံးစွန်ဆုံး လွတ် မြောက်မှု (နိဗ္ဓာန် သို့မဟုတ် ကောင်းကင်ဘုံ) အတွက် တကယ့်ကို မိတ်ဆွေကောင်းတွေပါပဲ…။ သူတို့ဟာ တကယ့်မိတ်ဆွေစစ်စစ်တွေပါ…။ တစ် ချိန်ထဲမှာပဲ သူတို့ဟာ ကျွန်တော်တို့ အတွက် လှေခါးထစ်တွေတဖြစ်လဲ ပါရမီဖြည့်ဘက်တွေ အနေနဲ့ ရှိနေပါတယ်။ ဘယ်လိုလှေခါးထစ်တွေလဲ ဆိုရင်တော့ ကျွန်တော်တို့ဘ၀ မြင့်သထက်မြင့်မားပြီး အဆုံးစွန်ဆုံးသော လွတ်မြောက်မှုတစ်ခုအထိရောက်ရှိအောင် ပို့ဆောင်ပေးမယ့် ဘ၀ရဲ့ လှေခါးထစ်တွေပဲပေါ့…။

    (more…)

    Cateogry : Article , Personal | 58 Comments