• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    နှင်းဆီ ဈာပန

    February 14 , 2009 | 2,731 views

    နိဒါန်း

    သာမန်နေ့ရက်တစ်ခုပါပဲ

    အချိန်တွေနဲ့ဖွဲ့စည်းထားခဲ့တယ်…

    ဒါပေမယ့်

    အဲ့ဒီ့နေ့က နေ၀င်တာစောခဲ့တယ်…။     ။

    BLACK DREAM

    သူမျက်လုံး နှစ်လုံးပွင့်ကတည်းက သူ့ခေါင်းထဲကို ပထမဆုံး ၀င်လာသော အသိတရားတစ်ခုရှိသည်။

    “ချစ်သူများနေ့…” သူ တစ်ချက်ပြုံးလိုက်သည်…။ အလိုလိုပင် သူ့ရင်တွေ တလှိုက်လှိုက်ခုန်လာမိသည်။ သူနေ့ပေါင်းများစွာ စောင့်စားနေခဲ့ သောနေ့။ သူ့ရဲ့ ဆန္ဒတွေကို အမြန်ဆုံး အကောင်အထည်ပေါ်လာအောင် ဖန်ဆင်းပေးနိုင်မည့်နေ့။ သူ့အိပ်မက်ထဲကနေ့..။ သူ့အနာဂတ်ထဲ ကနေ့….။ အနဲဆုံး တော့ ပြက္ခဒိန်ပေါ်က နေ့တစ်နေ့…။ ဒီနေ့….။

    “ချစ်သူများနေ့…”

    အခန်း (၁)

    တစ်ခါတစ်လေ

    တစ်စုံတစ်ယောက်ရဲ့ ကျဆုံးခြင်းဆိုတာဟာ

    ကျွန်တော်တို့ ရင်ဘတ်ထဲမှာ ထာဝရရှင်သန်နေဖို့ပါ….။       ။

    BLACK DREAM

    အိပ်ယာပေါ်မှာ ခါတိုင်းလို ကြာကြာနှပ်မနေတော့ပဲ အမြန်ဆုံးထလိုက်တယ်…။ ဒီလိုနေ့မျိုးအတွက် သူပထမဆုံး လှမ်းရမယ့် ခြေလှမ်းဟာ ရေချိုးခန်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး…။ ခြေလှမ်းတွေကို အသက်မသွင်းခင် သူ ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်အရင်ဆုံး လှမ်းကြည့် လိုက်မိတယ်..။ သူ့ရဲ့ မြင်ကွင်းထဲမှာတော့ သူ့မျက်ဝန်းနဲ့အပြည့် နှင်းဆီခင်းကြီးတစ်ခုလုံးက အဖြူရောင် နှင်းဆီပွင့်တွေနဲ့ လှချင်တိုင်းလှ လို့သာ နေပါတော့ တယ်။

    တက်ကြွသောခြေလှမ်းများဖြင့် သူ့ရဲ့ နှင်းဆီခင်းကြီးထဲကို အမြန်ဆုံးသူရောက်ရှိသွားပါတယ်…။ တစ်ပွင့်…။ ပြီးတော့ နောက်တစ်ပွင့်…။ စိတ်ထဲမှာ တော့ စကားလုံးအချို့ဖြင့် နှင်းဆီပင်တွေကို သူတောင်းပန်နေမိပါတယ်…။ ဒီလိုပါပဲလေ…။ လောကမှာ တစ်စုံတစ်ခု လှပသွားဖို့ ဆိုရင် တစ်စုံတစ်ခု က ပျက်စီးရစမြဲပါ…။ ထူးထူးခြားခြားတော့ သိပ်မရှိလှပါဘူး…။ တောင်းပန်မယ့်သာတောင်းပန်နေရတာ…။ နှင်းဆီပွင့်တွေရဲ့ မျက်နှာတွေကို သူ သေသေ ချာချာကြည့်မိတော့…။ သူ့ရင်ထဲမှာ နဲနဲတော့ အံ့သြသွားမိတာအမှန်ပါ…။

    သူ့ပန်းခင်းထဲမှာ ပွင့်နေတဲ့ နှင်းဆီပွင့်တွေအားလုံးက ချစ်သူများနေ့ကို သူတို့၏အလှများဖြင့် ပြီးပြည့်စုံစေဖို့အတွက် ပြုံးပြီး လည်စင်းပေးနေကြ တယ်လေ…။ သူ့လက်ထဲကို ပြန်ကြည့်လိုက်မိတော့ နှင်ဆီပေါင်းများစွာက ၀ိဥာဉ်မဲ့လို့…။ မြင့်မြင့်မြတ်မြတ်ကြီးကို ချစ်သူများအတွက် ဂုဏ်ပြုသွား ခဲ့ကြပြီ ဖြစ်ပါတယ်…။

    သူသက်ပြင်းတစ်ချုက်ခြရင်း တွေးနေမိတယ်…။

    “ငါ အချစ်အတွက် နှင်းဆီ တစ်ပွင့်လောက်မှ မြင့်မြတ်ခဲ့ဖူးရဲ့လား…”

    (more…)

    Cateogry : Essay | 46 Comments