December 30 , 2008 | 572 views

mgm_design300

စက္ကန့်   နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့   ရဲ့   ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်…။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်1ဖို့ ဆိုရင်တော့ ကျွန်တော်တို့   ရဲ့ မျက် စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်…။

ထို့ကြောင့် ကျွန်တော်တို့ သိထား၊တတ်တထားသည်များကို ဝေမျှရန်၊  မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြစေနိုင်ရန် အတွက် ကျွန်တော်တို့ ရဲ့  Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်…။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့  ချစ်သောနိုင်ငံနှင့်   အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင် ကြိုးစားရင်း မိမိတို့ရဲ့   တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့  Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။

ကျွန်တော်တို့   ရဲ့   Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်…။

Novice Member (0 Post to 50) – Download Role

Beginner Member (50 Posts to 100 Posts) – WordPress with subdomain (yourdomain.myanmargenius.com)

Permanent Member (100 Posts to 500 Posts) –   WordPress+Subdomain+ FTP account with Database

VIP Member & Special Member -  (WordPress, Joomla) + Subdomain + FTP account + Rapidshare Premium Account

စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

Cateogry : News | 2 Comments
November 21 , 2008 | 1,396 views
  • FIRSTLY, IT’S MY APOLOGIES THAT I CAN’T POST ANYTHING DURING THESE MOMENTS!
  • AND NOW, MY BLOG IS UNDER MAINTAINANCE & YOUR FORGIVENESS WILL BE MY PLEASURE!
  • APPEARANCE & SOME FUNCTIONS IN THIS SITE MAY NOT BE WORK  PROPERLY RIGHT THIS MOMENT!
  • PLEASE FORGIVE ME AND I AM REALLY SORRY FOR YOUR PRECIOUS TIME BY VISITING MY BLOG!
  • WHATEVER I AM REALLY GLAD & APPRECIATE FOR YOUR VISIT!
  • YOU CAN STILL ACCESS MY VERY FIRST STEP OF BLOGGING NAMED “BLACK DREAM” HERE
Cateogry : Uncategorized | 1 Comment
June 4 , 2008 | 1,130 views

ကျွန်တော်တို့ မြန်မာပြည် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအတွက် (ဒုတိယအကြိမ်) မြောက် ထပ်မံ လှူဒါန်းနိုင်ရန် ကျင်းပပြုလုပ်ခဲ့သော ရံပုံငွေဘောလုံးပြိုင်ပွဲသည် (၃၁.၅.၂၀၀၈) သောကြာ နေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ဒီပြိုင်ပွဲကို ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ မြန်မာ ပြည်သူပြည်သားများအတွက် ကိုယ်ထိလက်ရောက် ကိုယ်တိုင်လုပ်အားပေးကူညီ လိုသော်လည်းမည် သို့မျှ မတတ်နိုင်သည့်အတွက် ကျွန်တော်တို့ရဲ့ ခွန်အား၊ ချွေး စသည်တို့ဖြင့် အင်အားစိုက်ထုတ်ကာ သွယ် ၀ိုက်သောနည်းဖြင့် ရင်းနှီးပြီး လှူဒါန်းလိုသောကြောင့် ဖြစ်ပါသည်။

အခန်းအနားတွင် မြန်မာပြည် မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ၀မ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် (၂) မိနစ် ငြိမ်သက်ကာ ဆုတောင်းမေတ္တာများပို့သပြီးနောက် ရံပုံငွေဘောလုံးပြိုင်ပွဲအား စတင် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း (၇)၊ ဒုတိယပိုင်း (၁၅) မိနစ်နှင့် တတိယပိုင်း မိနစ် (၃၀) တို့တွင် မြန်မာ ကျောင်းသားအသင်းမှ ရုရှားကျောင်းသားအသင်းအား ဂိုးများသွင်းယူကာ သုံးဂိုး ဂိုးမရှိ ဖြင့် အနိုင်ရခဲ့ပါသည်။

ရံပုံငွေပွဲမှရရှိသော အလှူငွေများအားလုံးကိုလည်း ယခင်အတိုင်းပင် မြန်မာနိုင်ငံသို့ အမြန်ဆုံး (တိုက်ရှိက်) လှူဒါန်း သွားမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ရံပုံငွေပွဲဖြစ်မြောက်ရေးအတွက် ကိုယ်အား၊ အကြံဥာဏ်အားများဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြသော Russian New University နှင့် Moscow State Technology University, Bauman (BMSTU) မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများအား၎င်း၊ မိမိတတ်နိုင်သည့်နည်း လမ်းများဖြင့် အားကျိုးမာန်တက် ကူညီပေးခဲ့ကြသော နောင်တော်များ၊ သူငယ်ချင်းများနှင့် ညီငယ်များအား၎င်း၊ ကျောင်းအသီးသီးမှ ရံပုံငွေ လက်မှတ်များအား တာဝန်ယူရောင်းချပေးခဲ့သော သူငယ်ချင်းများအား၎င်း၊ ရံပုံငွေလက်မှတ်များအား (လူကိုယ် တိုင်မလာနိုင်သည့်တိုင်) ၀ယ်ယူအားပေးခဲ့ကြသော စေတနာရှင်များနှင့် သီးခြား အလှူငွေထည့်ဝင်ခဲ့ကြသော စေတနာရှင်များအား လွန်စွာကျေးဇူးတင်ရှိ ပါသည်။

အထူးသဖြင့် စာမေးပွဲများဖြေဆိုနေသည့် ကာလဖြစ်သည့်တိုင် မိမိချစ်သော ပြည်သူပြည်သားများ အတွက် အားကျိုးမာန်တက် လေ့ကျင့်၊ ကြိုးစားကစားပေးခဲ့ကြသော မြန်မာကျောင်းသားလက်ရွေးစင် အသင်းအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ။

CHARITY FOOTBALL MATCH

BMSTU TEAM

p.s- ပြိုင်ပွဲအမှတ်တရ ဓာတ်ပုံများအား စုဆောင်းရရှိမှု အခက်အခဲကြောင့် Post တင်ခြင်းနောက်ကျခဲ့သည်ကို နားလည် ခွင့်လွှတ်ပေးကြပါရန်နှင့် ကောက်ခံရရှိသော အလှူငွေစာရင်းနှင့် လှူဒါန်းမှုများကို မကြာမှီ ဖော်ပြ ပေးသွားမည် ဖြစ်ကြောင်း။ ။



Cateogry : Article , News | 26 Comments
May 23 , 2008 | 1,074 views
ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓကလျာနယုဝအသင်း (YMBA-MEPHI)မှလက်ခံရရှိသော အလှူငွေ US$2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံရှိ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများ ကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှ တစ်ဆင့်ဆက် သွယ်ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည် ။
၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ကျပ် (၁၀)သိန်း အား ထပ်မံထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န် ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ထံသို့ လှူဒါန်းပြီး၊ စေတနာရှင် လူငယ်ဆရာဝန်များ နှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစား ခဲ့ရသော ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာနှင့် သိဖက်ရွာ သုံးရွာတို့အား ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ၊ ဆန်၊ ပဲ၊ အ၀တ် အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင်ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန် အသိပေး တင်ပြအပ်ပါသည်။
အလှူဒါနပြုလုပ်ရာ ဘုန်းတော်ကြီးကျောင်းအား မြင်တွေ့ရစဉ်
အ၀တ်အထည်များ လှူဒါန်းနေစဉ်
တာလဘတ် အမိုးစများအား လှူဒါန်းစဉ်
ဆေးဝါးကုသမှုများ ပြုလုပ်ပေးစဉ်
လှူဖွယ်ပစ္စည်းများအား မြင်တွေ့ရစဉ်
လှူဒါန်းမှု ခရီးစဉ်မြင်ကွင်း
စေတနာရှင် လူငယ်ဆရာဝန်များမှ ဆေးဝါးကုသမှုများ ပေးနေစဉ်
လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် မြင်တွေ့ရစဉ်
လှူဖွယ်ပစ္စည်း ၀ယ်ယူမှုစာရင်း
နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့ဝင် ကန်ဦးဇေတ၀န် ကျောင်းထိုင်ဆရာတော်၏ အလှူမှတ်တမ်း
p.s-(ဒုတိယအသုတ်) အနေဖြင့် ထပ်မံလှူဒါန်းနိုင်ရန်အတွက် အစီအစဉ်များကိုလည်း ထပ်မံဆောင်ရွက်ပြီး ဖြစ် ပါသည်။
Cateogry : Article , News | 33 Comments
April 14 , 2008 | 832 views
မနေ့က (၁၃.၄.၀၈) သင်္ကြန်အကျနေ့မှာ ကျွန်တော်တို့ ဒီမှာအတူတူရှိနေကြတဲ့ သူငယ်ချင်း (Blogger)တွေ ပထဆုံးအကြိမ် စုံစုံလင်လင် ဆုံဆည်းခဲ့ကြပါတယ်..။ သင်္ကြန်တွင်းမှာ သူများတွေ ကိုယ်စီကိုယ်စီ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပျော်ပါးနေတဲ့အချိန်မှာ ကျွန်တော်တို့လည်း အမှတ်တရလေး ဖြစ်သွားအောင် အခုလိုဆုံကြဖို့ စီစဉ်လိုက်ကြတာဖြစ်ပါတယ်…။
အဲဒီနေ့က ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုလေးဟာ အပျော်သဘော အမှတ်တရ သဘောမျိုး တစ်ခုတည်း အတွက် သီးသန့်မဟုတ်ပဲ မကြာခင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေစုပေါင်းပြီး တည်ထောင် ကြမယ့် Website လေးတစ်ခုအကြောင်းကို ဆွေးနွေးတိုင်ပင်ကြဖို့လည်းပါဝင်ပါတယ်…။ အဲဒီ့ Website လေးမှာတော့ ကျွန်တော်တို့ တတ်သမျှ၊ သိသမျှ နည်းပညာအကြောင်းအရာများ၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာ များနဲ့အတူ အခြားသော အကျိုးရှိနိုင်တဲ့ အခန်းကဏ္ဏများကို ထည့်သွင်းသွားဖို့ ရည်ရွယ်ထားပါတယ်။
ကျွန်တော်တို့ဆုံဆည်းမှုရဲ့ ပထမခရီးစဉ်အနေဖြင့် Парк Культуры (Park Of Cultre) လို့ ခေါ်တဲ့ ပန်းခြံကို ပထမဆုံးစတင်ချီတက်ကြပါတယ်..။ ကျွန်တော်တို့ရဲ့ ၀မ်းတွင်းသာယာစိုပြေရေးကိုလည်း အဲဒီ့နေရာမှာပဲ ဖြေရှင်းပြီး အမှတ်တရ ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်..။ အဲဒီ့နောက်မှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Красная Плошадь (Red Square) ကို ဆက်လက်ထွက်ခွာခဲ့ပြီး… မှတ်တမ်း ဓာတ်ပုံများဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်…။
ကျွန်တော်တို့ရဲ့ အမှတ်တရ ဆုံဆည်းမှုလေးမှာ ထူးဆန်းမှုလော တိုက်ဆိုင်မှုလောမသိတဲ့ အဖြစ် အပျက်လေးတစ်ခုကိုတော့ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဘာလဲဆိုတော့ မိုးရွာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့ နေရာမှာ ဒီလိုအချိန်မျိုးမိုးရွာလေ့ ရွာထမရှိပါဘူး။ ဘာလို့ ကျွန်တော်က မိုးရွာတာကို အထူးအဆန်းတစ်ခုအနေနဲ့ ပြောရကြောင်းကို သိချင်ရင်တော့ အခုကျွန်တော်တို့ အစီအစဉ်မှာ ပါတဲ့သူများကိုဖြစ်ဖြစ် ကျွန်တော်တို့နှင့်အတူ တစ်နှစ်တည်း ကျောင်းအတူတူ တက်ခဲ့ကြတဲ့ တစ်ခြား သူငယ်ချင်းများကိုပဲ မေးကြည့်လိုက်ကြပါတော့ :)
ကျွန်တော်တို့ရဲ့ ဆုံဆည်းမှု အမှတ်တရနေ့ရက်လေးကို ကျွန်တော်တို့ ချစ်တဲ့ စာဖတ်သူများ၊ Blogger ညီအစ်ကိုများ၊ မောင်နှစ်များအားလုံးကို ဝေမျှရင်းနဲ့ “မင်္ဂလာနှစ်သစ်မှာ ကျွန်တော်တို့ချစ်တဲ့ မြန်မာ ပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုတောင်းပေးလိုက်ပါတယ်…။ ထို့အတူ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ယခု ထက်ပို ပိုမို၍စည်ပင် သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”

Moscow River နဲ့ အမှတ်တရ…

(Park Of Cultre) ထဲမှာပါ…


ဒါကတော့ ပန်းခြံအ၀င် ဂိတ်ဝမှာပါ…


Moscow River ကို တံတားပေါ်ကနေ မှတ်တမ်းတင်ထားတာပါ…


Red Square နားမှာရှိတဲ့ ကမ္ဘာ့မြေပုံပေါ်က အမိမြန်မာပြည် မြေပုံရှေ့မှာပါ…


ရေမလာတဲ့ ရေပန်းကြီးဘေးမှာပါ… :P << ရေလာရင်တော်တော်လှပါတယ် :) >>

ဒါကတော့….ဒီလိုပေါ့… :)


လှေခါးထစ်လေးများ….

p.s- ပါဝင်သူများ မျှားပြာညိမ်းညိုမောင်ကောင်းအောင်မင်းကျန်စစ်တင့်ထူးရွှေနတ်ရှင်နောင်ကိုရင်ညိန်းBLACK DREAM
Cateogry : Feature , Personal | 28 Comments