• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ဒုတိယကမ္ဘာ (သို့မဟုတ်) …

    November 28 , 2009 | 1,907 views

    သက္ကရာဇ်အားဖြင့် AD 3000 ဘက်သို့ ချဉ်းနှင်း ၀င်ရောက်ခဲ့ပြီ ဖြစ်ပါတယ်…။

    ကမ္ဘာ၏ ဗဟိုလည်မှတ်မှု စနစ်များ တိမ်းစောင်း လွဲမှားစပြုလာခြင်းမှအစ…။ သတ္တ၀ါ (အဓိက လူ) တို့၏ ခံယူချက်နှင့် အတွေးအခေါ်များ တရှိန်ထိုး ပြောင်းလဲလာခဲ့သည့်နောက် ကမ္ဘာတစ်ဝှမ်းတွင် ကြောက်မယ်ဖွယ်ရာ တော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေတော့သည်။

    (မှတ်ချက်။  ။ အက်ဆေး နောက်ပိုင်းတွင် သတ္တ၀ါ ဆိုသောဝေါဟာရအစား လူ ဆိုသော ဝေါဟာရ ဖြင့်သာ ဆက်လက်ရေး သားသွားမည်ဖြစ်ပါသည်။ အကြောင်းမှာ ဤအက်ဆေးသည် လူ များကိုသာ ရည်ရွယ်ကာ ရေးသား ထားသောကြောင့် ဖြစ်ပါတယ်..။)

    ထိုတော်လှန်ရေးကို ကမ္ဘာတစ်ဝှမ်းမှ “ဒုတိယကမ္ဘာတော်လှန်ရေး (သို့) သက်ရှိဝါဒ တော်လှန်ရေး” လို့ ခေါ်ဆို အသိအမှတ်ပြုခဲ့ကြပါတယ်…။

    တော်လှန်ရေးပေါ်ပေါက်လာရခြင်း၏ အဓိကဇစ်မြစ်မှာ အကြောင်းအရာမှာ လူသားတို့၏ စကားလုံးနှင့် ဝေါဟာရများကို ဖောင်းပွစွာတီထွင်ခဲ့ကြ ခြင်း၊ သုံးစွဲ (သို့) သတ်မှတ်ခဲ့ကြခြင်းတို့ကြောင့် စတင်ခဲ့ပါတယ်..။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာမှ စစ်ပွဲများနှင့် တော်လှန်ရေးသမိုင်းများ ကို ပြန်လည် သုံးသပ်ကြမည်ဆိုပါက လူသားအချင်းချင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၊ တော်လှန်ရေးများသာ ဖြစ်ပေါ်ခဲ့ကြပါတယ်…။

    ထိုအချိန်က ပေါ်ပေါက်ခဲ့ဖူးသော စာရေးဆရာများ၊ သိပံ္ပပညာရှင်များက လက်ရှိကျွန်တော်တို့ ရောက်ရှိနေသော သက္ကရာဇ်တွင် ဖြစ်ပေါ်လာနိုင်သော စစ်ပွဲများ၊ တော်လှန်ရေးများမှာ လူသားနှင့် အခြားကမ္ဘာမှ အန္တာရယ်များ၊ လူသားနှင့် စက်ယန္တာယားတို့၏ စစ်ပွဲများပင် ဖြစ်ပေါ်လာလိ့မ်မည်ဟု ကြိုတင်ခန့်မှန့်သုံးသပ်ခဲ့ကြပါတယ်..။ သို့သော် ထိုဟောကိန်းများသည် တစ်ကယ်တမ်းတွက် လုံးဝ  မှားယွင်းခဲ့ပြီ ဖြစ်ပါတယ်..။ ထိုကဲ့သို့ မှားယွင်း သော ဟောကိန်းများ ထုတ်ခဲ့ရခြင်းအကြောင်းအရင်းမှာ ၎င်းတို့အနေဖြင့် လူသားတို့နှင့် အနီးကပ်ဆုံးတွင် ထာဝရတည်ရှိခဲ့သော သက်မဲ့အရာဝတ္ထု များအပေါ် မေ့လျော့နေခဲ့ ခြင်းကြောင့်ပင် ဖြစ်ပါတော့သည်…။

    ရှေးဟောင်းအတွေးအခေါ် (လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်) များအရ သက်ရှိနှင့် သက်မဲ့များ၏ ကွဲပြားခြားနားမှုအပေါ် အမျိုးမျိုးခွဲခြား သတ်မှတ်ခဲ့ကြပါတယ်…။ သက်ရှိမှန်လျှင် အသက်ရှူရမည်။ သက်ရှိမှန်လျှင် ခံစားချက်ရှိရမည်။ သက်ရှိမှန်လျှင် အသိဥာဏ်ရှိရမည်။ စသည်ဖြင့် သတ်မှတ်ခဲ့ကြ ပါတယ်…။ ၎င်းတို့ ထိုကဲ့သို့ ခြေအငြိမ်မနေ လက်အငြိမ်မနေ ဝေါဟာရများနှင့် အဓိပ္ပါယ်သတ်မှတ် ချက်များကို ချခြင်တိုင်းချ၊ ထုတ်ခြင်တိုင်း ထုတ်ခဲ့ခြင်းများ၏ ရလာဒ်များအနေဖြင့် လက်ရှိ ကျွန်တော်တို့ ခေတ်မှ လူသားများ ယခုအခါ အလူးအလဲ ခံနေကြရပြီ ဖြစ်ပါတယ်..။

    ၂၉ ရာစုနှစ်မတိုင်မှီ အထိတည်ရှိခဲ့သော ထိုရှေးဟောင်းအတွေးအခေါ်ပညာရှင်များနှင့် အတွေးချော် ပညာရှင်များသည် ထိုကဲ့သို့မှားယွင်းသော အဓိပ္ပါယ်သတ်မှတ်ချက်များ၊ ဟောကိန်းများကို ထုတ်ခဲ့ရုံသာမက လက်ရှိ ကျွန်တော်တို့ရင်ဆိုင်နေရသော “ဒုတိယကမ္ဘာတော်လှန်ရေး” ဖြစ်ပေါ်လာဖို့အတွက် အဓိက အစပျိုး မျိုးစေ့ချပေးခဲ့ကြသော သမိုင်းတရားခံများလည်း ဖြစ်ပါတယ်…။

    အကြောင်းမှာ ၎င်းတို့သည် ထိုကဲ့သို့ မည်သည့်အရာများသည် သက်ရှိများဖြစ်သည်။ မည်သည့်အရာများသည် သတ်မဲ့များ ဖြစ်သည်ဟု ပညာရှင် များပီပီ ပြီးပြီးရော သတ်မှတ်ခဲ့ကြပြီးသည့်နောက်တွင်….။ ထိုသူတို့မှပင် တစ်ဖန် သက်မဲ့များသည် အသက်ရှူကြကြောင်း….။ သက်မဲ့များတွင် ခံစားချက်များရှိကြောင်း..။ သက်မဲ့ များတွင် အသိဥာဏ်များရှိကြောင်း စတင်ဖော်ထုတ်ကာ ပြသနာအား မီးစမွှေးခဲ့ကြခြင်း ဖြစ်ပါတယ်….။

    ထိုရလဒ်များအဖြစ်…

    နေရာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ သက်ရှိသက်မဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေး ဌာနကြီးရဲ့ အစည်းအဝေး ခန်းမအတွင်း ဖြစ်ပါတယ်…။ ခန်းမရဲ့ ဖွဲ့စည်းပုံမှာ ထိပ်ဆုံးနေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအကဲ များထိုင်ရန်သတ်မှတ်ပေးထားသော စင်မြင့်နှင့် မိန့်ခွန်းပြောစင် ရှိပါတယ်..။ ကျန်တဲ့ ခန်းမတစ်ခုလုံးမှာ ရှိသည့် ခုံများကိုတော့ Column သုံးခု ပိုင်းခြားသတ်မှတ်ထားပါတယ်..။ လက်ဝဲဘက်အစွန်ဆုံးတွင် လူမဟုတ်သော သက်ရှိများ၏ ကိုယ်စားလှယ်များက နေရာယူကြပါတယ်..။ အလယ် Column တွင် လူသားများ၏ ကိုယ်စားလှယ်များမှ နေရာယူ ကြကာ။ လက်ယာအစွန်ဆုံးတွင်တော့ ယခင် သက်မဲ့များအဖြစ် သတ်မှတ်ခံခဲ့ရသော သက်မဲ့များ (၀ါ) သက်ရှိများ စာရင်းတွင် အကြုံးဝင်ဖို့အတွက် ကြိုးစားနေသော သက်မဲ့များမှ ရွေးချယ်စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့များက နေရာယူထားကြပါသည်။ (လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က ပေါ်ပေါက်ခဲ့ဖူးသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း၏  အစည်းအဝေးခန်းမကို မျက်လုံးထဲ မြင်ကြည့်နိုင်ပါတယ်)

    အစည်းအဝေးခန်းတစ်ခုလုံးကို အကြမ်းဖျဉ်းခွဲခြားကြည့်လိုက်ပါက…။ လောကတွင် (လူမပါ) သက်ရှိများ၊ သက်မဲ့များ များစွာရှိသည့်အနက်…။ ကျန်သော အဖွဲ့များမှ ကိုယ်စားလှယ်များမှာ ရာခိုင်နှုန်း ၆၆.၆၆ သာ အစည်း အဝေးတက်ရောက်ခွင့်ရရှိကာ လူလည် (အလယ် Column မှာထိုင်သောကြောင့် လူလည် လို့ခေါ်ခြင်း ဖြစ်ပါသည်။ “လူလယ်” နှင့် မမှားကြပါကုန်…။) များမှာမူ တစ်ကမ္ဘာလုံးရှိ သက်ရှိ၊ သက်မဲ့များအားလုံး၏ ၃၃.၃၃ ရာခိုင်နှုန်း စာ တက်ရောက်ခွင့်ရရှိနေခြင်းမှာမူ…။

    (more…)

    Cateogry : Essay | 11 Comments

    အိပ်မက် လက်ဆောင်

    September 27 , 2009 | 1,486 views

    နိဒါန်း

    အဖေ…။ ညက…။ သား…။ အိပ်မက်တွေမက်တယ်…။ အိပ်မက်ထဲမှာ အရောင်တွေ မညီညာဘူး..။ ပညတ်တွေမညီညာဘူး..။ အသံတွေမညီညာဘူး။ ဘ၀တွေ မညီညာဘူး..။  အင်း…။ ရင်ခုန်သံတွေလည်း မညီညာဘူးပေါ့ အဖေရယ်…။

    အိပ်မက် (၁)

    အိပ်မက်ထဲမှာ…။ နံရံအချို့လည်း ပါတယ် အဖေ..။ ထူးခြားတာက အဲ့ဒီ့နံရံတွေမှာ “နား” မပါကြဖူးတဲ့လေ…။ ခပ်သဲ့သဲ့ ငိုရှိုက်သံအချို့ကြားမှာ အချို့ အချို့ရဲ့ ဘ၀တွေက ခါးလှပါတယ် အဖေရယ်..။ မေတ္တာမိုးခေါင်၊ သစ္စာရေရှား..။ ဒီသဘာဝတရား ကြီးက တစ်ခါတစ်လေ တစ်ကယ်ပဲ တရားရဲ့လား အဖေ…?

    အိပ်မက်ထဲမှာ…။ လူအချို့…။ အစားတစ်လုပ်စာ လုံလောက်တဲ့ ငွေအသပြာရဖို့ သူတို့အစာအိမ်ကိုသူတို့ ဖြုတ် လျှော့ဈေးနဲ့ ထုတ်နေကြတယ်…။ စပါးလုံးတစ်ထောက်စာ အရေပြားတစ်ခု အ၀တ်အစားဝတ်နိုင်ဖို့ ကိုယ့်သားရေကို ကိုယ်လှီးထုတ် ပိတ်စတစ်အုပ်နဲ့ လဲနေကြတယ်…။ လူအချို့ရှင် သန်ဖို့…။ လူအချို့ ယဇ်စဉ် တက်နေရတယ်…။

    မျှော်လင့်ခြင်းနဲ့ရက်တဲ့ ပန်းချီကားတစ်ချပ်…။ ရုတ်တရက်..။ စုတ်တစ်ချက်အမှားမှာ…။ စုတ်ပြတ်သတ်သွားတော့..။ စတေးလိုက်ရတာ ဘ၀တစ်ခု လုံးပေါ့ အဖေ..။ ရမ္မက်တွေကြား ရုန်းကန်လှုပ်ရှား…။ တစ်ခါတစ်လေများ..။ သားတို့မျှော်လင့်ချက်တွေကို အနားပေးဖို့တောင် မေ့ခဲ့ကြတာ ကြာပြီ ထင်ပါတယ် အဖေရယ်…။

    အိပ်မက် (၂)

    အိပ်မက်ထဲမှာ…။ မျက်မှန်တွေ အရမ်း ရောင်းကောင်းတယ် အဖေ…။ အဲ့ဒီ့မျက်မှန်က ဘယ်သူ့ကိုမဆိုကြည့် လိုက်တာနဲ့ အဲ့ဒီ့လူရဲ့ ကျောကုန်းမှာ လှေခါး ဘယ်နှစ်ထစ် ပါတယ်ဆိုတာ မြင်ရတယ်…။ အဲ့ဒီ့လူရဲ့ ဦးနှောက် ထဲမှာ ဓာတ်ဆီ ဘယ်နှစ်ဂါလံ ပါတယ်ဆိုမြင်ရတယ်…။ အင်း…။ အဲ့ဒီ့လူရဲ့ နှလုံးသားထဲမှာ အတ္တဘယ်နှစ်ပိသာ ပါတယ်ဆိုတာလည်း မြင်ရတယ် ဆိုပါတော့အဖေရယ်..။

    အိပ်မက်ထဲမှာ….။ သားမျှားမိတဲ့ငါးက…။ အရိုးထွားတယ်…။ ချေးခါးတယ်…။ ဘေးတိုက်သွားတယ်…။ ရေခဲ ရိုက်ထားတယ်…။ ခြေထောက်များ တယ်..။ နောက်ပြီးတော့…။ အင်း…။ နားရွက်လည်း နဲနဲကားတယ် အဖေ…။ သူကပြောတယ်…။ ငါဟာ ရှားပါး “ငါး”…။ မင်း မမျှားလည်း..။ ငါ့ကို စားချင်တဲ့သူတွေ အများကြီးတဲ့…။ စုပ်လည်းဆူး..။ စားလည်းရူး…။ မထူးပါဘူးအဖေရယ်…။ သား…။ စည်သွပ်ဘူးထဲ ထည့်လိုက်တယ်….။

    သန်းခေါင်ထက် ညဉ့်မနက်ဖူး ဆိုတဲ့စကား…။ မျက်မမြင်တစ်ယောက်ကြားရင်…။ ဟားပါလိ့မ်မယ် အဖေ…။ အလင်းနဲ့ အမှောင်ကြား…။ သူသိတဲ့ အမှန်တရားက…။ အရောင်တွေ သိပ်မများလှပါဘူး…။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့…။ အလင်းဆိုတာ အမှောင်ထက်မြတ်ကြောင်း…။ ဘယ် “တောင်” ကိုတက်ပြီး…။ သားသူ့ကို သက်သေထားရမလဲ အဖေ…?

    အိပ်မက် (၃)

    အိပ်မက်ထဲမှာ..။ သစ်ပင်တွေ တွေ့တယ်အဖေ..။ ဒါပေမယ့် အဲ့ဒီ့သစ်ပင်တွေက မြေပြင်မှာ အမြစ်မတွယ်ပဲ တိမ်တွေထဲမှာ အမြစ်တွယ်တယ်လေ..။ သူတို့က တိမ်ညွှန့်စားပြီး ဖွားကြတာတဲ့…။ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်တန်တော့လည်း ကမ္ဘာ့ဆွဲငင်အားက ဘယ်သူ့ကိုမှ လက်လီ၊လက္ကား  ဈေးစ ကား မများခဲ့ဘူး မဟုတ်လားအဖေ…? သူတို့သစ်ရွက်တွေ ကြွေတော့လည်း ဒီမြေပြင်ပေါ်ပဲ သက်ဆင်းခဲ့ရတာပဲ မဟုတ်လား အဖေ?

    အိပ်မက်ထဲမှာ…။ ဧရာဝတီဘက်က ပြန်လာတဲ့…။ လေပြေအချို့နဲ့လည်းတွေ့တယ် အဖေ…။ “ဒီကောင် လေပဲ ရှိတာပါကွာ..” လို့ ပြောတတ်တဲ့ လူတွေကို မကျေနပ်လို့..။ ထိတွေ့ကိုင်တွယ်ခြင်း၊ မျက်စိဖြင့် မြင်နိုင်ခြင်း မရှိနိုင်အောင်လောက်အောင် နူးညံ့ပေမယ့်..။ လေမှာလည်း သူ့အားနဲ့ သူရှိ ကြောင်းသက်သေပြပြီး ပြန်လာတယ်လို့တော့ ပြောသံကြားမိတယ်..။

    တစ်ကယ်တော့ အိပ်မက်ဆိုတာ သားအတွက်တော့ တစ်ခါက ပြောဖူးသလို….။ ဘ၀တစ်လျှောက်လုံး နေ့စဉ်ရက်ဆက်မှန်မှန် စားသုံးခဲ့တဲ့ နံနက်စာ သက်သက်ပါပဲ အဖေရယ်…။

    နိဂုံး

    ဘာရယ်တော့ မဟုတ်ဖူးပေါ့အဖေရယ်..။ လောကမှာ အဖေလို့ ခေါ်နိုင်တဲ့ အခွင့်အရေးလေးရှိတုန်း…။ အဖေ့ မွေးနေ့မှာ..။ အမှတ်တရအနေနဲ့..။ မက်ဖူးတဲ့ အိပ်မက်လေးတွေအကြောင်း တိုင်တည် ရုံလောက်ပါ…။ သားလို တိုင်တည်ခွင့်မရတော့တဲ့ သူတွေရဲ့ ကိုယ်စားလည်း ပါတာပေါ့ အဖေ ရယ်…။

    P.S- HAPPY BIRTHDAY DAD!!!

    Cateogry : Essay | 17 Comments

    မိုးစက်ကြွေ

    July 5 , 2009 | 1,001 views

    နိဒါန်း

    မိုးဖွဲများ ဖြေညှင်းစွာ စတင် ကျဆင်းလာပါတယ်…။

    အခန်း (၁)

    ညင်သာစွာ ဖြတ်သန်းတိုက်ခတ်လိုက်တဲ့ လေနုအေးတစ်ချက် အမှတ်တမဲ့ သူ့ရင်ခုန်သံအချို့ကို ကျီစယ်သွားပုံက မထေမဲ့မြင်နိုင်လှပါတယ်…။ သိစိတ်တစ်ဝက် မသိစိတ်တစ်ဝက်နဲ့ သတိထားမိတော့မှ သူ့ခြေလှမ်းတွေ အခန်းနဲ့အပြည့်တပ်ထားတဲ့ ပြတင်းပေါက်တွေဆီကို ဦးတည် နေကြောင်း သူ သတိထားမိလိုက်ပါတယ်…။

    ခပ်ဟဟ ဖြစ်နေတဲ့ ပြတင်းပေါက်တံခါးကို သူဆွဲဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်…။ အဆုံးအစမဲ့စွာ တိုက်ခတ်လာတဲ့ လေပြေတစ်ချို့နဲ့ အတူ ပိုင်ရှင်မဲ့ မိုးစက်တွေ သူ့ရဲ့ပါးပြင်ပေါ်ကို အလုအယက်….။ သို့မဟုတ်….။ အားကိုးတကြီး လာရောက်ဖက်တွယ်ကြပါတယ်။ အင်းလေ….။ သူတို့လည်း ဒီလောက်အေးစက်နေတဲ့ အပြင်လောကမှာနေရတာ ချမ်းလောက်ရောပေါ့…။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ အခုလိုပဲ နွေးထွေးတဲ့နေရာ တစ်ခုခု ကို ခိုနားရကောင်းရဲ့ဆိုပြီး မျှော်လင့်ဖူး….။ မျှော်လင့်ဖူးခဲ့ကြမှာပေါ့…။

    မိုးစက်အချို့ ပြတင်းပေါက်ဘောင်တစ်လျှောက် ဟိုနား…။ နောက်…။ ဒီနား…။ စုစုဝေးဝေး….။ ပြန့်ကျဲလို့ နားနေကြလေရဲ့….။ ကောင်းကင်ခရီးကို ဖြတ်သန်း ပျံသန်းလာကြရတာ သူတို့အတွက် သိပ်ကိုမောပန်းသတဲ့လေ…။ တစ်နေ့တော့ မြေပြင်ခရီးကို ဖြတ်သန်းနေရတဲ့သူတွေ အကြောင်း သူတို့ကို ပြောပြရပါဦးမယ်…။ အဆင်ပြေမယ်ဆိုရင် သူတို့တွေရဲ့ ဖြတ်သန်းခဲ့တဲ့ ကောင်းကင်ပေါ်က အတွေ့အကြုံတွေကိုလည်း တတ်နိုင်သ လောက် တီးခေါက်ကြည့်ရပါဦးမယ်…။ ထားပါလေ…။ ကောင်းကင်ပေါ်ကို ရောက်ပါ့မလား..။ မရောက်နိုင်ဖူးလား ဆိုတာထက်…။ ဘာပဲဖြစ်ဖြစ် သိထားတော့ မကောင်းဘူးလားလေ…။

    တကယ်တော့ ဒီမိုးစက်တွေဟာ မှားယွင်းသော ခိုလှုံရာကိုရှာခဲ့ကြတာပါ…။ အေးစက်မှုတွေနဲ့ စတင်ဖွဲ့တည်လာခဲ့တဲ့ သူတို့ဘ၀တွေ ဆက်လက် ရပ်တည်ဖို့အတွက်….။ ပျော်သည်ဖြစ်စေ မပျော်သည် ဖြစ်စေ…။ သူတို့ဟာ အဲ့ဒီ့အေးစက်မှုတွေ ကြားမှာပဲ ဆက်လက်နေထိုင်ဖို့ လိုပါလိ့မ်မယ်…။ နွေးထွေးမှုကို မိုက်မဲစွာ ရှာဖွေခဲ့တဲ မိုးစက်အချို့…။ သူတို့တောင့်တခဲ့ကြတဲ့ နွေးထွေးမှုကိုရတဲ့အခိုက်….။ မကြာခင်မှာပဲ ခြောက်ခမ်းကွယ်ပျောက် သွားကြလေရဲ့….။

    တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ နွေးထွေးမှုကို အခုလိုမိုက်မဲစွာ ရှာဖွေ ခိုလှုံခဲ့ကြဖူးတဲ့ မိုးစက်တွေဟာ…။ အသစ်အသစ်သော နောင်ဖြစ်လာမယ့် မျိုး ဆက်သစ် မိုးစက်တွေအတွက် မဖြစ်မနေ သင်ယူစရာ သင်ခန်းစာ တစ်ခုများ ဖြစ်လာလေမလား….။

    အခန်း (၂)

    ညဥ့်သည် တဖြေးဖြေးချင်း အချိန်၏တိုက်စားခြင်းကို ခံတုရင်းဖြင့် ကျရှုံးလို့လာနေပါတယ်…။ တကယ်တော့ အလင်းရဲ့အင်အားကို တောင့်ခံနိုင်တဲ့ အမှောင်ဆိုတာ ဘယ်ရာဇ၀င်မှာမှ မရှိခဲ့ဖူးဘူးလေ…။ မိုးစက်တွေ….။ မိုးစက်တွေ….။ ဆက်လို့သာ ကြနေကြလေရဲ့…။ နီမြန်းနေတဲ့ ကောင်းကင် အောက်…။ မိုးစက်အချို့ လမ်းပျောက်နေကြတယ်…။ မိုးစက်အချို့ လမ်းဖောက်နေကြတယ်…။

    မာကျူရီ မီးလုံးနားက ခရီးဆက်ခဲ့တဲ့ မိုးစက်အချို့က ၀ါဖန့်ဖန့်အရောင်တွေနဲ့…။ တံခါးပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုရဲ့ “ကြိုဆိုပါတယ်” ဆိုတဲ့ ဆိုင်း ဘုတ်မှာထွန်းထားတဲ့ အစိမ်းရောင် မီးသီးတွေနားက မိုးစက်အချို့ကတော့ ခပ်စိမ်းစိမ်း…။ ဘာပဲဖြစ်ဖြစ်လေ…။ ၀ါဖန့်ဖန့်အရောင်နဲ့ ခရီးဆက်သွား တဲ့ မိုးစက်တွေပဲ ဖြစ်ဖြစ်…။ အစိမ်းရောင်တွေနဲ့ ခရီးဆက်သွားတဲ့ မိုးစက်တွေပဲဖြစ်ဖြစ်…။ အနဲနဲ့အများတော့…။ ပိန်းပိတ်အောင် ကျယ်ပြောနေတဲ့ ကောင်းကင်အောက် ဘယ်သူမှ သတိမထားမိလိုက်ပဲ တိုးဝင်ပျောက်ကွယ်သွားကြတဲ့ မိုးစက်တွေထက်စာရင်တော့…။ အဲ့ဒီ့ မိုးစက်တွေထက် စာရင်တော့….။

    လှပတဲ့ညတစ်ခုဖြစ်ဖို့အတွက်..။ တကယ်တမ်း…။ အမှောင်ဟာ ဓားစာခံတစ်ယောက်ပါ…။ တစ်ခါတစ်လေ မရေမတွက်နိုင်သော ကြယ်ရောင်စုံတွေ ရဲ့  အလှကို လူတွေချီးမွမ်း ထောပနာ ပြနိုင်ကြဖို့အတွက် အမှောင်ဟာ ဗီလိန်တစ်ယောက်အနေနဲ့ အသုံးတော်ခံပါတယ်…။ ဘာပဲပြောပြော အမှောင်ထဲမှာ ဘယ်သူမှသတိမထားမိလိုက်ပဲ ခရီးဆက်ရင်းပျောက်ကွယ်သွားတဲ့ မိုးစက်တွေဟာ အနဲဆုံးတော့ အခြားမိုးစက်တွေလို အရောင်တွေ အဆိုးမခံ လိုက်ရဖူးပေါ့လေ…။ ကံကောင်းပါစေ မိုးစက်တွေရေ….။

    (more…)

    Cateogry : Essay | 19 Comments

    ကျွန်တော်တို့တွေ…

    June 8 , 2009 | 1,055 views

    နိဒါန်း

    “အားးးးးးးးးးးးးးးးးးးးးးးးးးးးးး…………တစ်အိမ်လုံးဆူညံနေတာပဲ… အစောကြီးရှိသေးတယ်…။ ဘယ်လိုမှကို ဆက်အိပ်လို့မရဘူး….။”

    ကျွန်တော် အသားကုန် ကြုံးအော်လိုက်ပါတယ်…။ ခဏတော့ တစ်အိမ်လုံး ကြောင်ပြီး ကျွန်တော့်ကို ၀ိုင်းကြည့်နေကြပါတယ်…။ သိပ်မကြာလိုက်ပါ ဘူး တစ်ယောက်တစ်ပေါက်နဲ့ အားရပါးရ ၀ိုင်းလှောင်ကြပါတော့တယ်….။

    “အံမယ်…။ အိပ်လို့မရဘူးသာ လျှောက်အော်နေတာ…။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး ကိုကြီးရယ်…။ ရေချိုး၊ အ၀တ်အစားလဲပြီးလို့ ရေမွှေး နံ့တစ်ထောင်းထောင်းနဲ့….။ ဘယ်အချိန်ကတည်းက အစောကြီးထပြီး ပြင်ထားမှန်းတောင်မသိဘူး…။ ဒီမှာ ဘယ်သူမှတောင် မျက်နှာမသစ်ရသေး ဘူး…”

    ကျွန်တော့်ညီမမှ ဆက်တိုက်ပြစ်လိုက်သော စကားလုံးများ ကြားမှ ကျွန်တော် ကိုယ့်ကိုယ်ကို နဲနဲပြန်သတိထားမိသွားပါတယ်..။ အနဲငယ် အံ့သြသလို လည်း ဖြစ်သွားပါတယ်…။ ကျွန်တော့်အခန်းဟာ ရေချိုးခန်း၊ အိမ်သာ တွဲလျှက်မဟုတ်ပါဘူး။ အောက်က အခန်းက ပြင်ထားတဲ့အတွက် သုံးလို့မရ ပါ။ အပေါ်မှာ အဖေတို့အခန်း…။ ကျွန်တော် ဘယ်အခန်းတွင် ၀င်ချိုးလိုက်မှန်းမသိပါ…။ ဒါပေမယ့် ခဏပါပဲ..။ ကျွန်တော့်အတွက် ဒါအဆန်းမဟုတ် တော့ပါ..။ အိပ်ယာကထရင် အိပ်ချင်မူးတူးနဲ့ လုပ်စရာရှိတာတွေ ဒါမှမဟုတ် လုပ်ချင်တာတွေလုပ်ပြီး တစ်ခါတစ်လေ ပြန်အိပ်ပျော်သွားပြီး နိုးလာမှ ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို မမှတ်မိတာမျိုးတွေ ခဏခဏပါ..။

    “ဟေ…။ အေး…။ ဟုတ်လား…။ ဟီး ဟီး…။ ဆောတီး ဆောတီး…။ မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်…။ ဖြဲချင်တဲ့ စိတ်ကများသွားလို့ ဟဲ ဟဲ”

    “သေနာလေး…။ ငါ့မှာလန့်သွားတာပဲ ဘာများဖြစ်တာလဲလို့….။” ဒါက မာတာမိခင်ရဲ့ တိုက်စစ်….။

    “အဖေရာ…? အဖေ….?”

    ” နင့်အဖေ အိမ်သာတက်နေတာ တစ်ကမ္ဘာလောက်ရှိပြီ..။ အခုထိမပြီးသေးဘူး…။ ကျန်တဲ့ရေချိုးခန်းတွေ မနေ့က ခြံထဲက အလုပ်သမားတွေလာ ပြီး ပြန်ပြင်ထားလို့ အဲ့ဒီ့တစ်ခန်းပဲ အားတာ…။ အဲ့ဒါ နင့်အဖေက ဇိမ်စွဲပြီး လုပ်နေလို့ ငါရော နင့်ညီမရော အခုထိ ရေမချိုးရသေးဘူးဟေ့…။”

    သြော်….။ တစ်ခုပြောပြရဦးမယ် ကျွန်တော့် ဖခမည်းတော်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်မဟုတ် တစ်အုပ်ပါမှ တက်တတ်ပါတယ်..။ အဲ…။ အိမ်သာထဲ ၀င်သွားပြီဆိုရင်လည်း မသိရင် အိမ်သာထဲဝင်ပြီး နားအေးပါးအေး စာထိုင်ဖတ်နေတာလား…။ အိမ်သာသွားတတ်တာလား ခွဲခြားမရ အောင်ကို ကြာပါတယ်…။ တစ်ခါက အပြင်က ပြန်လာတုန်း ကမူးရှူးထိုးနဲ့ အိမ်သာထဲဝင်မယ်ဆိုပြီး တွေ့ကရာ စာအုပ်ဆွဲသွားလိုက်တာ အဲ့ဒီ့တုန်းက ကျွန်တော့်ညီမ သင်နေရတဲ့ သူငယ်တန်း ဖတ်စာအုပ်ကြီး ပါသွားလေရဲ့ဗျာ….။ တကယ့်ကို စံပါပဲ…။

    ” ငါ့အကြောင်း ဘာတွေအတင်းတုပ်နေတာလဲ…။ အကုန်ကြားတယ်…။ မင်းတို့ သားအမိတွေ အူကြောင်ကြောင်မလုပ်နဲ့…”

    “အဲ့….သရဲ”

    ကျွန်တော်တို့အားလုံး ကြောင်သွားပါတယ်..။ အသံပဲ ကြားရပြီး လူမမြင်ရဘူးလေ…။

    “၀ါးးးးးးးး…..ဟား…ဟား…ဟား…။ ဒီလိုလုပ်လို့ရရိုးလား…”

    မှားပါတယ် အဖေရယ်….။ ကျွန်တော်တို့တိုက်က နှစ်ထပ်ပါ..။ အပေါ်ထပ်ကိုတက်တဲ့ လှေခါးက နှစ်ဆင့်ပါ…။ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြား မှာ အမြင့်ပေ ၂၀ လောက်ရှိတယ် ဇီးမှန်တစ်ချပ် အပြည့်တပ်ထားပါတယ်..။ အဲ့ဒီ့မှာ လိုက်ကာအရှည်ကြီးတွေလည်း တပ်ထားပါတယ်…။ အဲ့ဒီ့ လိုက်ကာကြားထဲ ကျွန်တော့်အဖေ ဘယ်အချိန်ကတည်းက ၀င်ပုန်းနေမှန်းမသိပါဘူး…။ သူ့အသံဗြဲကြီးနဲ့ ကလေးတွေလို “တူတူရေ…၀ါး” လုပ် လိုက်မှပဲ ကျွန်တော်တို့မှာ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်…။

    (more…)

    Cateogry : Essay , Personal | 25 Comments

    ခေါင်းစဉ်မရှိ

    June 6 , 2009 | 717 views

    နှုတ်ဆက်ပါတယ် ဆိုတာ
    အနည်းဆုံးတော့
    သတိရခြင်းအတွက်လားခွဲခွာခြင်းအတွက်လား
    ရေးမိဖို့ တွေးမိဖို့ ကောင်းပါတယ်။

    ကျွန်မ အမှတ်ရနေဆဲပါ။ အညှိုးတကြီးရွာချတဲ့ မိုးဒဏ်ကို ခံလိုက်ရတဲ့ ကျွန်မတို့ ကျောင်းလေးကို ပြုပြင်နေဆဲ ကြည်လင်တဲ့ ကောင်းကင်ကြီးအောက်မှာ အမြင်မတင့်ပေမဲ့ အပြစ်ကင်းတဲ့ ကလေးငယ်တွေကို စာသင်နေတဲ့ တစ်နေ့ကိုပေါ့။ သူတို့လေးတွေအတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ဟယ်လင်ကဲလားရဲ့ အံ့မခန်း စွမ်းဆောင်နိုင်ပုံတွေကို မမောနိုင် မပန်းနိုင်နဲ့ လက်နှစ်ဖက်ကို မြှောက်ကာ ပင့်ကာ ကွေ့ကာ ၀ိုက်ကာနဲ့ ကျွန်မ အားပါးတရ ပြောပြနေခဲ့တာလေ။ သူ ကျွန်မကို ဘယ်အချိန်ကတည်းက ကြည့်နေခဲ့လဲမသိပါဘူး။ တစ်စုံတစ်ယောက်ရဲ့အကြည့်ဒဏ်ကို ခံရတဲ့သူတိုင်း ဖြစ်တတ်တဲ့ စိတ်အနေအထားမျိုးကြောင့် ကျွန်မ သူ့ကို လှည့်ကြည့်တော့ ကျွန်မရဲ့အကြည့်ကို လွှဲဖယ်ဖို့ ရှက်ကိုးရှက်ကန်းမဖြစ်နိုင်လောက်အောင် သူ အံ့အားတသင့်ကြည့်နေခဲ့တာ။ မနီးလှပေမဲ့ အတော်အသင့် ဝေးတဲ့ကြားက သူ့ရဲ့ကြည်လင်တဲ့ရုပ်ရည်ကို ကျွန်မ မြင်လိုက်ရတယ်။ တဒင်္ဂ လှုပ်ခတ်သွားတဲ့ ရင်ခုန်သံမြန်မြန်တွေကို အဲဒီကတည်းက ရိုက်ချိုးခဲ့ရမှာလေ။

    နေ့စဉ်ရက်ဆက်မဟုတ်ပေမဲ့ တစ်ပတ် နှစ်ခါလောက်တော့ သူ့ကို ကျွန်မ တွေ့ဖြစ်တယ်။ စာသင်ဆောင်ရဲ့ မနီးမဝေးက ကဖေးဆိုင်မှာ ထိုင်နေတတ်ပေမဲ့ ကျွန်မကို လှမ်းကြည့်နေမယ်မှန်း မြန်ဆန်လာတဲ့ ရင်ခုန်သံတွေက အလိုလိုသိနေခဲ့တယ်။ ကျွန်မ ရင်ခုန်ခွင့်ရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နေချိန်မှာပဲ မသိလိုက်တဲ့ဒဏ်ရာတစ်ခုက  ကျွန်မနှလုံးသားမှာ အမြစ်တွယ်သွားခဲ့တာ။ ကျွန်မ နေသားကျနေခဲ့တာပါ အစ်ကိုရယ်လို့ အကြိမ်ပေါင်းများစွာ အသံတိတ် ရေရွတ်နေခဲ့မိတယ်။

    *************************************************************************************

    နွေ့အတွက် ကျွန်တော် စေတနာသန့်သန့်နဲ့ပေးတာပါ။ နွေ အင်္ဂလိပ်ဝတ္ထုတွေ ဖတ်တာ နှစ်သက်တယ်ကြားလို့ အိမ်က ယူလာခဲ့တာ။ ရင်ထဲ့နင့် နေအောင်ကို ဇာတ်လမ်းက ကောင်းလို့လေ။ ယူပါ နွေ….။

    မထင်မှတ်ထားတဲ့ သူ့ကို တွေ့လိုက်ရလို့ အံ့သြထိတ်လန့်စွာနဲ့ ကျွန်မ ခြေစုံရပ် လိုက်မိတယ်။ Khaled Hosseini ရဲ့ The Kite Runner ဆိုတဲ့ စာအုပ်ကို တရိုတသေကိုင်ပြီး ကျွန်မထံ လှမ်းပေးနေတဲ့ သူ့လက်အစုံကို အမှတ်မထင် ကြည့်လိုက်မိရင်းနဲ့ ဖြူဖြူသန့်သန့် လက်တစ်စုံက ကျွန်မကို ငေးမောစေခဲ့သေးတယ်။ နောင်တစ်ချိန်မှာ မလွှတ်တမ်း ကိုင်ထားချင်နေမယ့် လက်တစ်စုံကို ကျွန်မ အဲဒီကတည်းက မကြည့်သင့်ခဲ့ပါဘူး။

    လက်မနဲ့ လက်ညှိုးကို ထိစပ်လို့ မျက်ခုံးနှစ်ခုကြားကနေ ရင်ဘတ်နားထိလွှဲယမ်းပြီး ဘယ်လက်ဝါးပေါ် ညာလက်ဝါးကို ဘေးတိုက်ထောင် ပြလိုက်မိတယ်။  ရုတ်တရက်မို့ အကျင့် ပါနေတဲ့ လက်တွေက လှုပ်ရှားသွားပေမဲ့ သူ ဘယ်နားလည်ပါ့မလဲလို့ တွေးပြီး စာရွက်နဲ့ ဘောပင်ကို ထုတ်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ

    တောင်းပန်စရာမလိုပါဘူး နွေရယ်၊ ကျွန်တော်က ဖြူစင်စိတ်နဲ့ ပေးတာမို့ နွေသာလက်ခံပေးရင် ကျွန်တော် ကျေနပ်မှာပါ။ ပြီးတော့ နောက်ဆို နွေ စာရေးပြစရာမလိုပါဘူး။ နွေပြောတာတွေအားလုံးကို ကျွန်တော် နားလည်ပါတယ်….။

    ညင်းသွဲ့သွဲ့ရေမွှေးနံ့လေးက သူ့အမှတ်သညာတစ်ခုလို ဦးနှောက်ထဲကို ၀င်ရောက်လာတယ်။ ကျွန်မ တကယ့်ကို ပျောက်ဆုံးသွားချင်ခဲ့တာပါ။ နွေက အမြဲရွက်သစ်ပဲ။ ရော်ရွက်မဟုတ်ဘူးလို့ ပြောတတ်တဲ့ ဖေဖေသာ ခုနေ ရှိနေမယ်ဆိုရင် ကျွန်မကို ဘယ်လိုရှင်သန်စေမလဲ ကျွန်မ သိပ်သိ ချင်တယ်။

    နွေ မျက်ရည်ဝဲနေတာလား။ ကျွန်တော် မှားသွားတယ်ထင်တယ်။ နွေ မျက်ရည်ကျစေဖို့ ကျွန်တော်မရည်ရွယ်ပါဘူး။ ကျွန်တော် နွေ့ကို ပျော်ရွှင်စေချင်တာပါ။

    ကျွန်မ ခေါင်းညိတ်ပြလိုက်ရင်းနဲ့ နောက်ဆို ရှောင်လွှဲမရလို့ စကားပြောရတဲ့အခါ စာရေးပြဖို့ ဆုံးဖြတ်လိုက်တယ်။ နွေ ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ဘ၀မှာ ပါဝင်ကပြဖို့ မဖြစ်နိုင်တဲ့ သူ့ကို ကျွန်မဘ၀ရဲ့ စစ်မှန်ခြင်းတွေနဲ့ မရောထွေးလိုပါဘူး။

    (more…)

    Cateogry : Essay | 11 Comments