• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    Kaluga 2010 (The End)

    February 24 , 2010 | 1,437 views

    ကျွန်တော်တို့ရဲ့ Kaluga 2010 ခရီးစဉ် ဒုတိယပိုင်းလေးဆက်လိုက်ရအောင်…။ ဒီနေ့ (၅.၂.၂၀၁၀) (Thanks Ko zkaungkhant for pointing my typing error :) ) ကတော့ မနက်ကနေညအထိ Schedule က အပြည့်ပါပဲ…။ အစီအစဉ်တွေအားလုံးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်တွေချည်းပါပဲ…။

    ဘာလို့လဲဆိုတော့ အဲ့ဒီ့နေ့က ကျွန်တော်တို့ရဲ့ နာမည်ကျော် ဓာတ်ပုံဆရာကြီး Dragonz (မိတ်ကပ်လိမ်းတဲ့ နဂါးကြီး) ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်လို့ပါ..။ သူနဲ့ ကျွန်တော်နဲ့က မွေးလတူလို့လားတော့မသိဘူး..။ အနုပညာကိုရူးသွပ်တဲ့နေရာမှာတော့ တော်တော်လေး တူကြပါ တယ်..။ ကျွန်တော့်ထက်စာရင် ဒီကောင်က ပိုပြီးတော့တောင် အနုပညာဆန်တယ်လို့ ပြောလို့ရပါတယ်..။ (အတည်နောက်တာပါ ဒီကောင်ကြီးက ရုပ်သာကြမ်းတာ..။ စိတ်ထားကတော့ တော်တော်ဆိုးပါတယ်..။ :D ) ကျွန်တော်က အလုပ်တစ်ခုလုပ်ရင် စိတ်မရှည်သလောက် ဒီကောင်က အလုပ်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ အသေးစိတ်လုပ်တတ်ပါတယ်..။ ကျွန်တော်က ၀လုံးတောင် ၀ိုင်းအောင်မရေးတတ် သလောက် ဒီကောင်က ပန်းချီ၊ ကာတွန်း ကောင်းကောင်းဆွဲတတ်ပါတယ်..။ စာတွေဘာတွေလည်းရေးပါတယ်..။ ဒါတွေက သိပ်မထူးဆန်း ဘူးလား? အိုကေ ဒါဆို ကျွန်တော် ထူးဆန်းတာလေးတစ်ခုပြောပြပါမယ်..။ အဲ့ဒီ့ နဂါးက Paper Art ( ရောင်စုံ ကဒ်ထူစက္ကူများကို သုံးကာ ဒီဇိုင်းတွေဖော်တဲ့ ပညာလို့ပဲ အကြမ်းဖျဥ်းသတ်မှတ်ကြတာပေါ့ ) ကို တော်တော်လေး ကျွမ်းကျင်ပါတယ်..။ အခု အောက်မှာ ဒီကောင်လက်ဆောင် ပေးဖို့လုပ်ထားတဲ့ Paper Art Design တစ်ခုကို ကျွန်တော် ရိုက်ပေးထားတဲ့ ပုံတင်ပေးထားပါတယ်..။ (Order မှာယူလိုပါက လက်လီလက်ကား လက်ခံပါတယ်တဲ့..။ :P )

    ဆိုတော့..။ သူမွေးနေ့အမှတ်တရ ဖြစ်ဖို့..။ ကျွန်တော်တို့ အဲ့ဒီ့မြို့မှာရှိတဲ့သူငယ်ချင်းတွေနဲ့ ချိန်းပြီး မနက်ပိုင်းမှာ နှင်းလျောစီးသွားကြပါတယ်..။ ကျွန်တော့်အတွက်တော့ တကယ့်ပထမဆုံး စလုပ်ဖူးတဲ့အလုပ်တစ်ခု အနေနဲ့ မှတ်တမ်းတင်သွားပါတယ်..။ ကျွန်တော်က ငယ်ငယ်ကတည်းက Skate (In-Line Roller) စီးတတ်တဲ့အတွက် အစပိုင်း ၁၅ မိနစ်လောက် ယိုင်တိုင် ယိုင်တိုင်စီးပြီးတဲ့နောက်မှာ..။ တော်တော်လေးအသားကျ သွားပါတယ်..။ လိပ် ရယ်..။ အကြိုင်ရယ်…။ ဂါးဂါးရယ်ကတော့ တပိုင်းပိုင်း တဗုန်းဗုန်းပါပဲ..။ (သိက္ခာချတာမဟုတ်ပါဘူး..။ အမှန်က အပုပ်ချတာပါ  :P ) ကျွန်တော်တို့အားလုံးရဲ့ နှင်းလျောစီးအနီးကပ် နည်းပြကတော့ ဒီနိုင်ငံက နိုင်ငံကျော်ကဗျာဆရာ ပူရှကင်နဲ့ တထေရာတည်းတူတဲ့ (အထူးသဖြင့် သူ့ရဲ့ လန်ထွက် နေတဲ့ Hair Stlye က ချွတ်စွတ်တူပါတယ်) ချစ်စရာနာမည်လေးကို ပိုင်ဆိုင်ထားသူ လီဆူးမပဲ ဖြစ်ပါတယ်..။

    ကျွန်တော်တို့သွားတဲ့ ခရီးစဉ်မှာပါဝင်သူတွေကတော့ ကျွန်တော်ရယ်..။ ဂါးဂါးရယ်..။ လိပ် (မ) ရယ်..။ အကြိုင် ရယ်..။ ပေါက်စီရယ်..။ လီဆူးမရယ်။ နောက်တစ်ယောက်ရယ်ပါ (ဒီကောင့် Nick Name ကတော့ အချင်းချင်း ဖဲ့သလိုဖြစ်နေမှာစိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး ;) ) စုစုပေါင်း (၇) ယောက်ပါ..။

    Skate စီးတုန်းက ဒူးလောက်ပဲ ညောင်းပါတယ်..။ အခု နှင်းလျော Skate မှာတော့ လက်က တုတ်ချောင်းနှစ်ချောင်းကို အားယူပြီးတွန်းရတဲ့အတွက် လက်မောင်းတွေပါ အီစလံဝေသွားပါတယ်..။ (စီးနေတုန်းကတွေးထားတဲ့အတိုင်းပဲ ညလည်းရောက်ရော လက်မောင်းတွေ ကိုက်ပါတော့တယ်..။) ဒီနေရာမှာ ကြုံကြိုက်လို့ နှင်းလျောစီးနည်း တက်ကနီကွီးလေး နဲနဲပေးလိုက်ပါမယ်..။ (Skate စီးတတ်ပြီးသူတွေကတော့ စက်ဘီးစီးတတ်တဲ့သူ ဆိုင်ကယ်စီးသင် သလောက်ပါပဲ) ဒူးနဲနဲကွေးပါ..။ ခါးနဲနဲညွတ်ပါ..။ ခန္ဓာကိုယ်ရဲ့ Weight ကို အတင်းအားမထည့်ထားပါနဲ့ (အတွင်းအားမသုံးပါနဲ့..။ သုံးပါက ချောနေတဲ့နှင်းပြင်ပေါ်မှာ ဖွတ်ကနဲ ဖင်ထိုင်လျှက်ကျပါလိ့မ်မယ်) စိတ်ကိုလျော့ထားပါ..။ နှင်းလျောစီးတဲ့အပြားနှစ်ခု Parallel ဖြစ်ဖို့ကို သတိထားပါ (မထားပါက ထိုအပြား နှစ်ခု ဝေးသွားလျှင် ပေါင်ပြဲကာ ကျော်မကောင်း ကြားမကောင်း ဖြစ်ပါလိ့မ်မယ်..။ ပူးသွားပါက ခြေထောက် နှစ်ချောင်းလိမ်ပြီးတော့ Blackie ကျ (Black Dream ကျ မဟုတ်ပါ) ကျပါလိ့မ်မယ်..။) ထို့နောက် တုတ်တံ နှစ်ချောင်းကို မိမိရဲ့နောက်နားခပ်ကျ ကျကိုထားကာ အားယူပြီးတွန်းပါ..။ အရှိန်မရခင် အနဲငယ် အားစိုက်ရပေမယ့် အရှိန်ရသွားတဲ့အခါမှာတော့ ဟပ်ထိုးလဲ..။ မှားလို့…။ သက်တောင့် သက်သာ တွန်းရုံနဲ့ ရွှီးကနဲ ရွှီးကနဲ သွားပါလိ့မ်မယ်…။

    ထိုကဲ့သို့ စနစ်တကျ (ကိုယ့်နည်းကိုယ့်ဟန်နဲ့) နာရီဝက်လောက် ထရိန်နင်ဆင်းပြီးသွားတဲ့အခါမှာတော့ ကျွန်တော်တို့ အားလုံးဟာ ဂျိန်းစဘွန်းနဲ့ ငါလား ငါလား စီးနိုင်လောက်တဲ့အခြေအနေကို ရောက်သွားပါတော့ တယ်..။ (မယုံပါက ညာသည်ဟု မှတ်ကြကုန်..)

    ဒီနေရာမှာ ဗဟုသုတအနေနဲ့ တစ်ခုပြောစရာရှိလာပါတယ်..။ ဒါကတော့ အအေးချိန်ပါပဲ..။ ကျွန်တော်တို့ နှင်းလျောသွားစီးတဲ့နေ့က ကျွန်တော် ထင်တာမမှားဘူးဆိုရင် အနှုတ် ၁၅ ရှိပါတယ်..။ (သေချာတာကတော့ အနှုတ် ၁၀ အောက်မရောက်ပါဘူး) တော်တော်လေး အေး တယ်လို့ယူဆလို့ ရပါတယ်..။ ဒီအတိုင်းလမ်းလျှောက်နေရင် လက်တွေ၊ နားရွက်တွေ၊ နှာခေါင်းတွေ ကိုက်လာသည်အထိ  အေးစေတဲ့ အအေးချိန်ပါ…။ ဒါပေမယ့် နှင်းလျှောစီးတဲ့အချိန်မှာကတော့ လူက ချွေးတွေတောင်စို့ပြီး ( စောချွေးတွေ၊ ကြောက်ချွေးတွေလားတော့ မသိပါဘူး :D ) တော်တော်လေး လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ အအေးဒဏ်ကို လုံးဝသတိမထားမိတော့ပါဘူး..။ ဒါကြောင့် ကျွန်တော့်အထင် ဒီဘက်အနောက်နိုင်ငံတွေ လို အအေးချိန်များတဲ့ နိုင်ငံတွေမှာ နှင်းလျောစီးကြခြင်းဟာ အပျော်အတွက်လည်းဖြစ်နိုင်သလို..။ ကျန်းမာရေး အတွက်လည်း အများကြီး အထောက်အကူပြုနိုင်တဲ့ အပန်းဖြေနည်းတစ်မျိုးအဖြစ် နှစ်သက်ကြခြင်းဖြစ်နိုင်ပါတယ်..။ (အစီးမတော်ရင်တော့ ကျန်းမာရေးမကောင်းပဲ အရေးပေါ် တော့ ရောက်သွားနိုင်ပါတယ်..) ဒီလိုနဲ့ ၃ နာရီခန့် ကလေးတွေနဲ့အပြိုင်အဆိုင် (ကလေးနဲ့တောင် မနိုင်ပါဘူး..။ လူကြီးဆိုရင်တော့ ပြောမနေပါနဲ့တော့) စီး ပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ ငှားထားတဲ့ တိုက်ခန်းကို ပြန်ကာ ညနေကျရင် ပြုလုပ်မယ့် ဂါးဂါးရဲ့ မွေးနေ့ အတွက် ကျွေးဖို့မွေးဖို့ ပြန်လည် ပြင်ဆင်ကြပါတယ်..။

    (more…)

    Cateogry : Article , Personal , Photo | 12 Comments

    သွေးပူ…

    February 16 , 2010 | 1,145 views

    အဟမ်း..။ အဟမ်း…။ စပွားပါမယ်…။

    စိတ်ထဲရှိတာတွေ လျှောက်ပြောချင်လို့ရေးတာပါ..။ ဘာအကျိုးမှ ရှိနိုင်မည် မဟုတ်ကြောင်း ကိုတော့ အတိအကျ အာမခံပါတယ် ..။ ;)

    ယုံချင်မှတော့ ယုံကြပါလိ့မ်မယ်…။ ကျွန်တော် ကိုယ့်ဘလော့ကို ကိုယ်တိုင် ဖွင့်မကြည့်တာ ၂ လကျော်သွားပါပြီ ။ ဘာကြောင့်ဖွင့်မကြည့် မိတာလည်း ဆိုတာကတော့ အကြောင်းမျိုးမျိုးကြောင့် ဖြစ်နိုင်သလို..။ ကျွန်တော် ကိုယ်တိုင်လည်း ဘာကြောင့်မှန်း တစ်ကယ်မသိနိုင်တာ ဖြစ်ကောင်းဖြစ်ပါ လိ့မ်မယ်..။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော် စာတွေရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ ကျွန်တော့်ဘလော့ကို ဘယ်တုန်းကမှ မပိတ်ခဲ့ပါဘူး…။ ဘာလို့လဲဆိုတော့…။ ကျွန်တော်ဟာ ဘယ်တော့မှ ကျွန်တော့် ဘလော့ဆိုတာကို ဖဲကြိုးဖြတ်ပြီး မဖွင့်လှစ်ခဲ့လို့ပဲ ဖြစ်ပါတယ်…။

    ဘာတွေလုပ်နေလဲ..? ဘယ်တွေပျောက်နေလဲ…? ဘယ်သူမှမမေးပေမယ့်…? ကိုယ့်ကိုယ်ကို နာမည်ကြီး လူသိများပြီးတော့ လူတွေ စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ပုံစံဖမ်းပြီး ပြောကြည့်ချင်ပါတယ်..။ အကြောင်းကတော့ ကျွန်တော် လိုင်းပြောင်းသွား (တစ်မျိုးမထင်ကြပါကုန်) လို့ပါ..။ အမှန်က လိုင်းကြောင်သွားတယ်လို့ ပြောလည်း ရပါတယ်..။ ကျွန်တော် အခု အုန်းသီးတစ်လုံးရထားပါတယ်..။ နေ့နေ့ညည ကျွန်တော် အဲ့ဒီ့ အုန်းသီးကို ကိုင်ကာ ဖင်တစ်ပြန်ခေါင်းတစ်ပြန်လေ့လာနေပါတယ်..။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ၀ါသနာတစ်ပင်ကနေ အခြားတစ်ပင်ကို ခဏခဏခုန်ကူးတတ်တဲ့ မျောက်တစ်ကောင်မို့ပါ..။

    အရာရာကို စိတ်ဝင်စားလွယ်တယ်…။ လေ့လာလွယ်တယ်…။ တတ်မြောက်လွယ်တယ်…။ ကျွမ်းကျင်လွယ်တယ်…။ ဒါပေမယ့်….။ ငြီးငွေ့လည်း လွယ်တတ်ပါတယ်…။ ဒါပေမယ့် ကျွန်တော့်ဘ၀တစ်လျှောက်မှာ ကျွန်တော် ဘယ်တုန်းကမှ ငြီးငွေ့မသွားတဲ့ အရာတွေ…။ ကျွန်တော့်ဘ၀ထဲက ဘယ်လိုမှ ထုတ်ပြစ်လို့မရနိုင် တဲ့အရာတွေကတော့ အများကြီးရှိပါတယ်…။ Romantic ဆန်ဆန်တွေ…။ နက်နက်နဲနဲတွေ မတွေးကြပါနဲ့..။ ကျွန်တော် အအိပ်၊အစားနဲ့ ဆေးလိပ်ကိုတော့ ဘယ်တုန်းကမှ မငြီးငွေ့ခဲ့ပါဘူး…။ အနှုတ် ၂၀ လောက်ရောက်နေတဲ့ နှင်းတောထဲမှာ ဘောလုံးကန်ရဲ လောက်တဲ့ သတ္တိမရှိတဲ့ ကျွန်တော်…။ အခုဆိုပေါင်ချိန်က ၁၅၀ ကျော်စပြုလာပါပြီ…။

    အခုဆို ပထမနှစ်ဝက်စာမေးပွဲပြီးလို့ ဒုတိယနှစ်ဝက် ပြန်စနေပါပြီ..။ ကျွန်တော်လည်း ကျောင်းသားတစ်ယောက် ဘ၀ကနေပြီးတော့ မကြာတော့တဲ့ ကာလမှာ ရရှိတော့မယ့် မဟာဘွဲ့အတွက် စာတမ်းပြုစုနေရတဲ့ လူတစ်ယောက်အဖြစ်သို့ စတင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်..။ တကယ်ကို အချိန်တွေက အကုန်အမြန်လှပါတယ်…။ ကျွန်တော်တို့တွေ တကယ်ပဲ အမှုမဲ့ အမှတ်မဲ့ ဖြတ်သန်းခဲ့ကြတာ သိပ်ကို သိသာလွန်းပါတယ်…။

    ကျွန်တော့်ကို ရင်းနှီးတဲ့သူတွေက စာမရေးတော့ဘူးလားလို့မေးကြပါတယ်…။ တကယ်ဆို ဒီမေးခွန်းကို ကျွန်တော်ဖြေစရာ မလိုလှဘူး ထင်ပါတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်မှ စာရေးဆရာ တစ်ယောာက် မဟုတ်ခဲ့တာပဲ…။ ကျွန်တော် ဖန်တီးခဲ့တဲ့ Website တွေက ညီအစ်ကို မောင်နှစ်မတွေက မေတ္တာပို့ကြတယ်..။ သူတို့ တောင်းထားတဲ့ အကူအညီတွေ မပေးတော့ဘူးလားတဲ့…။ ကျွန်တော် တကယ်ပဲ မသိချင်ယောင် ဆောင် နေမိ ခဲ့တယ်…။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းအရင်းတော့ ကျွန်တော် အပေါ်မှာပြောခဲ့သလိုပဲ မရေရာလှပါဘူး..။ လူမှုရေး ခံစားချက်တွေ လည်းနဲနဲပါတယ်..။ ကိုယ်ပိုင်ခံစားချက်တွေလည်း နဲနဲပါတယ် (များသောအားဖြင့်တော့ တော်ရုံတန်ရုံလောက်နဲ့ ကျွန်တော် ကိုယ်ပိုင်ခံစားချက်ကို သိပ်ပြီး ဦးစားပေး ရှေ့တန်း တင်လေ့မရှိပါဘူး..။) လူမှုရေးညံ့ဖျင်းသောကာ စကားအပြောအဆိုမတတ်သော (ကျွန်တော်ညံ့တာထက် ပိုညံ့ကြပါတယ်) လူတွေကြောင့် လည်း ပါမယ်ထင်ပါတယ်..။

    ဒါပေမယ့် ဘယ်သူကမေးမေး…။ အားလားဆိုရင်တော့…။ လုံးဝပါပဲ…။ ကျွန်တော် မအားပါဘူး…။ ဘာလို့မအားတာလဲ…။ မအားချင်လို့ မအား တာပါ..။ ဘာလုပ်ရင်ကောင်းမလဲလို့ အချိန်နဲ့အမျှတွေးနေရတဲ့ အတွက် ကျွန်တော် မအားပါဘူး…။

    “မင်းအနုပညာသမားစစ်တယ်ဆိုရင် မင်းရေးမယ့်စာတွေကို လေးလေးနက်နက်စောင့်ဖတ်နေမယ့် စာဖတ်ပရိတ်သတ်ကို မင်းလေးစားသင့်တယ်။” အဟမ်း အဟမ်း..။ ကိုယ့်ကိုယ်ကို ဆရာကြီးအထာနဲ့ မေးကြည့်လိုက်တော့ ..။ ကျွန်တော်ဆိုတဲ့ ငတိက မချိုမချဉ်မျက်နှာနဲ့ တစ်လုံးပဲ သူ့ကိုပြန်မေးမိတယ်…။ ကျွန်တော့်ကို အနုပညာသမားလို့ ခင်ဗျားကို ဘယ်သူကအချွန်နဲ့ မလိုက်တာလဲ…?

    ဒီမေးခွန်းကို အတည်တကျမေးလာမယ်ဆိုရင် ..။ တစ်ကယ်လဲ ကျွန်တော့်မှာ ဖြေစရာမရှိပါဘူး..။ ကျွန်တော် ဘာလဲ..? အနုပညာသမားလား..? အင်ဂျင်နီယာလား…? စစ်သားလား…? ဓာတ်ပုံဆရာလား..? အားကစား သမားလား…? ကျွန်တော် ဘာလားမှ မဟုတ်ပါဘူး…။ ကျွန်တော်ဟာ ကျွန်တော်စစ်စစ်ဖြစ်ဖို့ ကြိုစားနေတဲ့ ကျွန်တော် မဖြစ်သေးတဲ့ ကျွန်တော် တစ်ယောက်ပါပဲ..။ ဒီ့ထက် ကျွန်တော့်မှာ ဘာမှ မပိုပါဘူး..။ ( တစ်ကယ်ပါ တစ်ခါတစ်လေ ကျွန်တော်လို့ ကိုယ့်ကိုယ်ကိုသုံးရတာတောင် မလုံမလဲ ဖြစ်မိတယ်..။ “တကယ်ရော မင်းကိုယ် တိုင်ဟုတ်ရဲ့လား? မင်းကိုယ်မင်း ပိုင်ရဲ့လား? ” လို့ အကြိမ်ကြိမ်တွေးမိပါတယ်..။)

    အာ…။ မရဘူး..။ အမြှီးကဆွဲ…။ ခေါင်းကဆွဲ…။ လူမှန်ရင် (လူမှန်မှန်၊ မမှန်မှန် လူတွေနဲ့မလွတ်ကင်းနိုင်သေးရင်၊ လူလို့သူတို့ကိုယ် သူတို့သတ်မှတ်ထားတဲ့ လူတွေရဲ့ အသိုင်းအ၀ိုင်းထဲမှာ နေနေသေးတယ်ဆိုရင်) တော့ အကြောင်းပြချက်တစ်ခုပေး..။ ဒါပဲ…။

    (more…)

    Cateogry : Personal | 19 Comments

    လောကအလှ Online Magazine နှင့်တွေ့ဆုံခြင်း

    October 3 , 2009 | 1,274 views

    ကျွန်တော် လွန်ခဲ့တဲ့ တစ်လခန့် (၀၉.၀၉.၀၉) ရက်နေ့က ကျွန်တော့် Blog ရေးသားတာ (၂) နှစ်ပြည့်ခဲ့ပါတယ်..။ အဲ့ဒီ့နေ့မှာပဲ မှတ်မှတ်ရရ လောကအလှ Online Magazine မှ ကျွန်တော် Blog ရေးခြင်းနဲ့ ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ သဘောထားလေးတွေ၊ အမြင်လေးတွေ၊  အနေအထားလေးတွေကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီ့ မေးမြန်းမှုလေးတွေနဲ့ ကျွန်တော် ဖြေကြားခဲ့တာလေးတွေကို အမှတ်တရအနေနဲ့ အခုဒီမှာ ပြန်လည်ဖော်ပြလိုက်ပါတယ်..။ မူလနေရာမှာ ဖတ်ချင်တယ်ဆိုရင်တော့ လောကအလှ Online Magazine စာမျက်နှာမှာ သွားရောက် ဖတ်ရှုနိုင် ပါတယ်..။

    သီတင်းကျွတ်အမှတ်တရပေါ့ဗျာ..။ :)

    ***************************************************************************************

    ဘယ်အချိန်က စလို့ ဘလော့ဂ်ရေးတာပါလဲ။

    ကျွန်တော် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က စပြီး Blogspot မှာ http://blackdream21.blogspot.com ဆိုတဲ့ နာမည်နဲ့ စရေးခဲ့ပါ တယ်။ ၆လခန့်ကြာတဲ့အခါမှာ www.blackdream21.com ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။၂၀၀၈ ခုနှစ် စက်တင်ဘာမှာ Blogspot အစား  WordPress ကို စတင် အသုံးပြုခဲ့ပါတယ်။ အခုအချိန် ထိပါပဲ။


    ပြည်ပကိုရောက်တာ ကြာပါပြီလား။

    ကျွန်တော့် Blog စရေးတဲ့နေ့က ကျွန်တော် ပြည်ပကို ရောက်တဲ့တစ်နှစ် ပြည့်တဲ့ နေ့ပါ။ အခု ကျွန်တော့် Blog သက်တမ်းက နှစ်နှစ်ဆိုတော့ ကျွန်တော် ဒီရောက်တာ ၃ နှစ်ပြည့်ခဲ့ပါပြီ။ အခုတော့ ကျော်သွားပြီပေါ့။

    ပညာရေးက ဘာတွေလုပ်နေတာပါလဲ။

    အခု ဒီမှာ အင်ဂျင်နီယာဘာသာရပ်နဲ့ ပတ်သတ်ပြီး ဘွဲ့လွန်သင်တန်း တက်နေပါတယ်…။

    ပြည်ပမှာ နေထိုင် ပညာသင်ယူရတာ အခက်အခဲတွေ ရှိပါသလား။

    ကိုယ့်ရေ ကိုယ့်မြေမှာလောက်တော့ ဘယ်မှာမှ လွယ်ကူအဆင်ပြေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အဆင်ပြေမှုတွေ
    ရှိနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံနဲ့ မပြီးနိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနဲ့ လုံခြုံမှုဟာလည်း အရေးကြီး တယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို နားလည်နိုင်မှုတွေကလည်း အရေးပါ ပါတယ်။

    ဒါက အားလုံးအတွက် ခြုံငုံသုံးသပ်ကြည့်တာပါ။ ကျွန်တော်လက်ရှိ ပညာ သင်ကြားနေတဲ့နေရာမှတော့ အခြေအနေက နည်းနည်း ပိုရှုပ်ထွေး ပါတယ်။ နိုင်ငံတကာသုံး ဘာသာစကားကို အသုံးပြုရတာမဟုတ်ပဲ။ သူတို့ မိခင် ဘာသာစကားကိုသာ အသုံးပြုကြတာမို့ ပိုပြီး အခက်အခဲတွေ ရှိပါတယ်။

    အားလပ်ချိန်မှာ ဘလော့ဂ်ရေးတယ်ဆိုပေမယ့် ဘလော့ဂ်ပို့စ်တွေ အတော်လေး စုံလင်လှပြီး စာဖတ်ပရိသတ်နဲ့လည်း အတော်လေး
    ပျော်ပျော်ရွှင်ရွှင်ပြောဆိုထားတာ တွေ တွေ့ပါတယ်။ အချိန်ကို ဘယ်လို စီမံခန့်ခွဲပါသလဲ။

    ကျွန်တော် အရင်က စာတော်တော်ဖတ်ဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကိုယ်လည်း သူတို့လို ရေးကြည့်ချင်တဲ့ စိတ်တွေ ပေါ်လာပါတယ်။ ဒါနဲ့ပဲ ကိုယ့်ဘာသာ ကိုယ် စာအုပ်လေးတွေထဲမှာ ကဗျာတွေ ဘာတွေ ချရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာ Internet တွေ ဘာတွေပေါ်လာတော့ Planet Myanmar လိုနေရာ မျိုးမှာစပြီး ကဗျာတွေကို Internet ပေါ် စတင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အခြေအနေ အကြောင်းကြောင်း ကြောင့် ဆက်ပြီး မရေးဖြစ်တော့ပါဘူး။ ဒါနဲ့ ပြည်ပကိုရောက်လာတဲ့ အခါမှ ဒီစိတ်က တစ်ဖန် နိုးကြွလာပါတယ်။ အဲ့ဒီ့အချိန်မှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကနေ တဆင့် Blog ဆိုတဲ့ အရာနဲ့ စတင် ထိတွေ့ သိရှိ ခဲ့ပါတယ်။

    (more…)

    Cateogry : Personal | 13 Comments

    ဒုတိယမ္ပိ တမ်းခြင်း…

    September 9 , 2009 | 1,905 views

    အားလုံးပဲ မင်္ဂလာပါလို့ ကျွန်တော် အရင်ဆုံး ပြောချင်ပါတယ်…။ ဒီနေ့ဟာ သိပ်ကိုထူးခြားတဲ့ နေ့ထူးနေ့မြတ်တစ်ခုမဟုတ်ပါဘူး..။ ဒီနေ့ဟာ ရက်ရာဇာမဟုတ်ပါဘူး…။ နဂါးခေါင်း ဘယ်ဘက်ကိုလှည့်နေမှန်းလဲ ကျွန်တော်မသိပါဘူး..။ လပြည့်ညလဲ မဟုတ်ပါဘူး..။ ၂၁ ရာစုရဲ့ ဈာပန အခမ်းအနား တစ်ခုလည်း မဟုတ်ပါဘူး…။ ဘာဆို ဘာမှကို ထူးခြားတဲ့ နေ့ရက်တစ်ခုမဟုတ်ပါဘူး..။ အနဲဆုံး ကျွန်တော့်ဆီမှာ ၉.၉.၂၀၀၉ ခုနှစ် ဆိုပေမယ့်..။ အချို့သော နေရာဒေသတွေမှာ ၈.၉.၂၀၀၉ သာ ရှိသေးတာကြောင့်..။ ဒီနေ့ဟာ ဘာနေ့ဆိုတဲ့ ပညတ်ချက်တစ်ခုချဖို့တောင် မသေချာ လှတဲ့ သာမန် နေ့ရက်တစ်ခုသာ ဖြစ်ပါတယ်…။

    သို့သော်…

    ကျွန်တော့်အတွက်တော့ ဒီနေ့ဟာ ကျွန်တော့်ရဲ့ ခပ်ကျဉ်းကျဉ်း တစ်ကိုယ်စာ ဘ၀အတွက် တစ်ထောင့်တစ်နေရာကနေ အရေးပါတဲ့ နေ့ရက်တစ်ခု ပါ။ ဘာကြောင့်လဲ? ဘာအတွက်လဲ? ဆိုရင်တော့..။ အဖြေက..။ ဒီနေ့ဟာ ကျွန်တော်ဖန်တီးခဲ့တဲ့ blackdream21 ဆိုတဲ့ ကျွန်တော့ရဲ့ ကိုယ်ပွား ၀ိဥာဉ်တစ်ခုရဲ့ နှစ်နှစ်ပြည့်တဲ့အထိမ်းအမှတ် နေ့တစ်ခုဖြစ်လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဒီဝိဥာဉ်ကို ကျွန်တော့်ရဲ့ အာရုံ..။ ခံစားချက်…။ မျှော်လင့် ချက်..။ ယုံကြည်ချက်..။ စတာ တွေနဲ့ သေသေချာချာ ထုဆစ် မွေးဖွားပေးခဲ့ခြင်းဖြစ်ပါတယ်..။ ကျွန်တော်အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ ဒီကိုယ်ပွား ၀ိဥာဉ်ကို ကျွန်တော့်ကို ကျွန်တော်ထက်ပင် ပိုချစ်ပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုအားကျပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုလေးစားပါတယ်..။

    ကျွန်တော်တွေဝေသလောက် ကျွန်တော့် ၀ိဥာဉ်က မတွေဝေပါဘူး..။ ကျွန်တော် တွန့်ဆုတ်သလောက် ကျွန်တော့် ၀ိဥာဉ်ကမတွန့်ဆုတ်ဖူး..။ ကျွန်တော့်မှာ အကန့်အသတ်၊ အတားအဆီးတွေ ရှိသလောက် ကျွန်တော့်ဝိဥာဉ်မှာ အကန့်အသတ်၊ အတားအဆီးတွေ မရှိဘူး..။ ဒါတွေဟာ ကျွန်တော် ဘယ်လိုမှ မယှဉ်နိုင်တဲ့…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ အားသာချက်တွေပါ..။

    ဒီ့ထက်…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှုတ်ခမ်းက ကျွန်တော့်ရဲ့ နှုတ်ခမ်းထက် ရဲရင့်တယ်..။ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှလုံးသားက ကျွန်တော့် နှလုံးသားထက် ဖြူစင်နူးညံ့တယ်..။  ကျွန်တော့် ၀ိဥာဉ်ရဲ့ အတိတ်သမိုင်းကြောင်းက ကျွန်တော့် အတိတ်သမိုင်းကြောင်းထက် အပြစ်ကင်း စင် သန့်ရှင်းတယ်…။ နောက်ဆုံး ကျွန်တော့် ၀ိဥာဉ်ရဲ့ အရိပ်က ကျွန်တော့်အရိပ်ထက် ပြတ်သား ထင်ပေါ်တယ်…။  အရင်က ကျွန်တော့်ကို မှီခိုပြီး ဒီဝိဥာဉ်ဖြစ်တည် ပေါ်ပေါက်လာခဲ့တယ်..။ အခုတော့ ဒီဝိဥာဉ်ကို ကျွန်တော် ပြန်လည် ရို့ကျိုး မှီခိုနေရပြီ….။ အခုဆို..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ကို ကိုယ်စားပြုခဲ့တာ နှစ်နှစ်ဆိုတဲ့ ကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်…။

    ကျွန်တော့် ၀ိဥာဉ်က စကားတွေပြောပေးခဲ့တယ်..။ ကျွန်တော့်ဝိဥာဉ်က ကျွန်တော်မသိတဲ့ လူသား တွေရဲ့ နုလုံးသားကို နူးညံ့သိမ်မွေ့စေခဲ့တယ်..။ ရဲရင့် တက်ကြွစေခဲ့တယ်..။ တည်ငြိမ် ရင့်ကျတ်စေ ခဲ့တယ်..။ အလင်းရောင်တွေ ဖြန့်ကျဲပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မရောက် နိုင်တဲ့၊ ကျွန်တော် မရောက်ဖူးတဲ့ နေရာတွေ အထိခရီး ဆက်ပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မသိတဲ့သူတွေရဲ့ ခံစားချက် တွေကို မျှဝေခံစားပေးခဲ့တယ်…။ နှစ်သိမ့်ဖြေဖျောက်ပေးခဲ့တယ်…။ ကျွန်တော့် ကိုယ်စားပေါ့…။ ကျွန်တော့်ကို လူတွေမသိကြပေမယ့် ကျွန်တော့် ၀ိဥာဉ်ကို လူတွေ ချစ်ကြတယ်..။ အခုဆို ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ထက်ပင် လူချစ်လူခင် ပေါများခဲ့ပါပြီ…။

    တစ်ခါတစ်လေ ကျွန်တော်လဲကျတဲ့အခါမျိုးတွေမှာ..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့် ၀ိဥာဉ်ကိုမှီပြီး ပြန်ထခဲ့ရတယ်..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့်ဝိဥာဉ်ကပေးတဲ့ အလင်းတန်းနဲ့ မောဟအမှောင်တွေကို အကြိမ်ကြိမ် တိုက်ဖျက်ခဲ့ရတယ်..။ ကျွန်တော့်ရဲ့ ၀ိဥာဉ်ဟာ ထွက်ပေါက် ပျောက် နေတဲ့ ၀ိဥာဉ်တွေ အားလုံးအတွက် ထွက်ပေါက်အဖြစ် လည်စင်းပေးခဲ့တယ်..။ ခင်ဗျားတို့အတွက်..! ကျွန်တော့အတွက်….! ဒီ ၀ိဥာဉ်ဟာ တစ်ခါတစ် လေ အိပ်မက် မက်တယ်..။ အဲ့ဒီ့ အိပ်မက်ထဲမှာ ခင်ဗျားတို့ရဲ့ အိပ်မက်တွေအကြောင်းလဲပါတယ်…။ ကျွန်တော့်အိပ်မက်တွေအကြောင်းလဲပါတယ်..။ အဲ့ဒီ့ည အမှောင်နဲနဲကျနေပေမယ့်..။ ကျွန်တော်တို့ အိပ်မက်တွေ ဒီ အနက်ရောင်အိပ်မက်တစ်ခုရဲ့ ၀ိဥာဉ်ထဲမှာ စုံစည်းခဲ့ကြတယ်…။

    *******************************************************************

    တစ်နှစ်ထက် တစ်နှစ် ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေ။ အတွေ့အကြုံတွေ..။ များလွန်းလှပါတယ်။ တိုးတက်တာတွေလည်း ရှိမယ်..။ ဆုတ်ယုတ် တာတွေလည်း ရှိမယ်..။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်လျှောက်ခဲ့ပါတယ်..။ ဒီခရီးတစ်ခုကို ကျွန်တော်ရဲ့ အရင် လျှောက်ခဲ့တဲ့သူတွေ..။ ကျွန်တော်နဲ့ အတူ လျှောက်ခဲ့တဲ့သူတွေ…။ ကျွန်တော့်နောက်မှ လျှောက်ခဲ့တဲ့သူတွေ….။ တစ်ချို့လည်း ကျွန်တော်နဲ့ အတူ ဆက်လက် လျှောက်လှမ်းနေကြတုန်း ရှိနေသလို..။ တစ်ချို့လည်း လမ်းခွဲနှုတ်ဆက်ခဲ့ကြပါပြီ..။ ကျွန်တော်တို့တွေ တွေ့ဆုံခဲ့ကြတယ်..။ ကျွန်တော်တို့တွေ ရင်ခုန်မျှဝေခဲ့ကြတယ်..။ ကျွန် တော်တို့တွေ ခံစား၊ နားလည်ပေးခဲ့ကြတယ်..။ ကျွန်တော်တို့တွေ အတူတကွ ရယ်မောခဲ့ကြတယ်..။ အတူတကွ ကြေကွဲဆို့နင့်ခဲ့ကြတယ်..။ ဒါတွေ အားလုံးဟာ အချိန်တန်တော့လည်း…။ လမ်းခွဲနှုတ်ဆက်ခြင်း မှတ်တိုင်မှာ လက်ပြနှုတ်ဆက်ခဲ့ကြတယ်…။ ဒီလို ခရီးတစ်ထောက်မှာ နှုတ်ဆက်သွား ကြတဲ့ ရောင်းရင်းတွေ အားလုံး ကိုယ်စီ ကိုယ်စီ ဆက်လက်လျှောက်လှမ်းတဲ့ ခရီးအသီးသီးမှာ အဆင်ပြေ ချောမွေ့ကြပါစေလို့ ကျွန်တော် ဆုတောင်း ပါတယ်…။

    (more…)

    Cateogry : Personal | 43 Comments

    ဧည့်သည်တော်မှတ်တမ်း

    June 14 , 2009 | 770 views

    ကျွန်တော် ဒီနေ့ ကျွန်တော့်ရဲ့  Post တွေမှာထည့်ထားတဲ့ Post View Counter တွေကိုကြည့်ရင်း အမှတ်မထင် စဉ်းစားမိသွားတာ တစ်ခုရှိပါ တယ်..။ အကြံတစ်ခုရတယ်လို့ ပြောရင်လည်း ရပါတယ်..။ သိပ်ထူးထူးခြားခြားကြီးတော့မဟုတ်ပါဘူး…။ ကျွန်တော့်လို သာမန်ရိုးကျ လူတစ် ယောက်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတတ်တဲ့ သာမန် ဥာဉ်လေးတစ်ခုပါပဲ….။

    အဲ့ဒါကတော့ ကျွန်တော့် Blog နဲ့ပါတ်သတ်ပြီး အလည်လာသူများ..။ ဒါမှမဟုတ် စာဖတ်သူများရဲ့ သဘောထားနဲ့ ခံစားချက်တွေ ကိုသိခြင်လာခြင်း ပဲ ဖြစ်ပါတယ်..။ တစ်နည်းအားဖြင့် Feedback ပြန်ယူတဲ့သဘောပါ..။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ကျွန်တော် စာတွေကို ဆက်လက်ရေးသား နေဖို့ အတွက် အားဆေးတစ်ခွက် ဖြစ်နေလို့ပါ..။

    မြောက်များလှစွာသော Blog ရေးတဲ့သူတွေက သူတို့ပို့စ်လေးတွေကို ဝေဖန်သွားကြတဲ့ (သို့မဟုတ်) အားပေးသွားကြတဲ့ Comment လေးတွေကို ကြည့်ပြီး ကြည်နူးပျော်ရွှင်တတ်ကြပါတယ်…။ ကျွန်တော့်မှာတော့ ရင်ခုန်စရာ Comment တွေအပြင်…။ အခုဆို Post View တွေပါ ရှိနေပါတယ်။ အမှန်အတိုင်းပြောရရင် ဒီနောက်ပိုင်းမှာ ကျွန်တော် Comment ဘယ်နှစ်ခုရတယ်ဆိုတာထက် Post View ဘယ်လောက် ခုန်ခုန်တက်သွားတယ် ဆိုတာကို ကြည့်ပြီး ကျွန်တော် ပျော်နေတတ်ခဲ့ပါပြီ…။

    ဒီနေရာမှာ တစ်ဆက်ထဲ တိုက်ဆိုင်လို့ ကျွန်တော် Post View တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်..။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ စုပေါင်း တည်ထောင်ထားတဲ့ Myanmar Genius ရဲ့ ကိုယ်ပွားတစ်ခုဖြစ်တဲ့ MMGenius Blog Service မှာရှိတဲ့ Post တွေထဲက How To Create Your Own Domain ဆိုတဲ့ Post တစ်ခုအကြောင်းဖြစ်ပါတယ်..။

    ကျွန်တော် အစပိုင်းက သိပ်သတိမထားမိခဲ့ပါဘူး…။ ဒါပေမယ့် ကျွန်တော်ပထမဆုံး သတိထားမိလိုက်တဲ့အချိန်မှာ သူ့ရဲ့ Post View Count အရ တော်တော်လေး အံ့ကြမိသွားပါတယ်..။ ကျွန်တော် ပထမဆုံးသတိထားမိတဲ့အချိန်မှာ အဲ့ဒီ့ Post ရဲ့ Post View ဟာ ၅၀၀၀ ကျော်ဖြစ်နေလို့ပါ..။ ဒါနဲ့ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက် နေလိုက်ခဲ့ပါတယ်..။

    ဒါပေမယ့် ဒုတိယအကြိမ် ကျွန်တော် သတိရလို့ ထပ်ကြည့်မိတဲ့အခါမှာ ကျွန်တော့်ရဲ့ အံ့သြမှုက တကယ်ကို မယုံနိုင်စရာကောင်းလှပါတယ်..။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ Post ရဲ့ Post View ဟာ ၁၀၀၀၀ ကျော်နေခဲ့လို့ပါပဲ..။ ကျွန်တော့်စိတ်အထင် ၄…၅ ရက်လောက်ပဲ ခြားမယ်ထင်ပါ တယ်..။ အမှန်က အဲ့ဒီ့တုန်းက (ကျွန်တော်သတိထားမိတဲ့အချိန်တုန်းက) ရေတွက်မှ အဲ့ဒီ့ MMGenius Blog Serivce ကို စဖွင့်ထားတာ ၄ လ လောက်ပဲရှိပါသေးတယ်…။ ကျွန်တော့်လို သာမညောင်ည Blogger တစ်ယောက်အတွက်ကတော့ တကယ့်ကို အံ့မခန်းပါပဲ..။

    ကျွန်တော်အပိုပြောတယ်ထင်ရင် MMGenius Blog Service ရဲ့ Side Bar မှာရှိတဲ့ Most Views မှာသွားကြည့်နိုင်ပါတယ်..။

    အဲ့ဒီ့နောက်ပိုင်း ကျွန်တော် အဲ့ဒီ့ Post ကို သတိထားပြီးကြည့်လာခဲ့မိလိုက်တာ..။ အခုဆို ဘယ်လောက်ရှိသွားပြီလို့ ထင်ကြပါသလဲ…?

    33704…. သုံးသောင်း သုံးထောင် ခုနှစ်ရာ့ လေး ဖြစ်ပါတယ်..။ :P

    ဒါက လမ်းကြုံလို့ Post View အကြောင်းလေးပြောရင်း MMGenius Blog Service အကြောင်းကြောငြာဝင်တာပါ..။ ကျွန်တော့်စကားကို ပြန်ဆက်ပါ့မယ်..။

    လူဆိုတာကလည်း တစ်မျိုးမဟုတ် တစ်မျိုး အနဲနဲ့အများ၊ အထူနဲ့အပါးဆိုသလို ရူးလိုက်ရမှ နေသာထိုင်သာ ရှိကြတဲ့သဘောဖြစ်တဲ့အတွက် လူထဲ က လူတစ်ယောက်ဖြစ်တဲ့ (ကိုယ့်ကိုယ်ကို သတ်မှတ်ထားခြင်းပါ..။ ဟုတ်ချင်မှလည်း ဟုတ်ပါလိ့မ်မယ်…။ ဟုတ်ရင်လည်း ဟုတ်ပါလိ့မ်မယ်) ကျွန်တော်လည်း ရူးပါတယ်…။

    တကယ်တမ်း Post View အရေအတွက်နဲ့ Comment အရေအတွက်အချိုးချကြည့်လိုက်ရင် သိပ်ကိုကွာခြားပါတယ်..။ ဒါက ဘာကိုပြနေလဲ ဆိုတော့ ခြေရာလက်ရာမချန်ပဲ လာအားပေးသွားတဲ့ သူတွေအများအပြား ရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်…။ ကျွန်တော့်ရဲ့ တောင်ရောက်မြောက် ရောက်၊ ထင်ရာမြင်ရာ လျှောက်လျှောက်ရေးတတ်တဲ့ ဒီစာမျက်နှာလေးကို ဘယ်သူတွေ တမြတ်တနိုး ဖတ်ရှုနေကြပါသလဲ…? ကျွန်တော်သိချင် ပါတယ်…။

    အိမ်တိုင်ရာရောက် လာဖတ်တဲ့သူတွေလည်းရှိမယ်..။ Google Reader ထဲက အေးအေးဆေးဆေးဖတ်နေတဲ့သူတွေလည်းရှိမယ်..။ Feed တွေထဲ က ထိုင်ဖတ်နေသူတွေလည်းရှိပါလိ့မ်မယ်..။ ဘာပဲ ဖြစ်ဖြစ် ဒီလူတွေအားလုံးဟာ ကျွန်တော်ချစ်ခင်ရတဲ့…။ ကျွန်တော်လေးစားရတဲ့ ကျွန်တော့်ရဲ့ အမာခံ ပရိတ်သတ်များပဲ ဆိုတာ သေချာလွန်းလှပါတယ်..။ သူတို့မှာ တစ်စုံတစ်ခုသော ပြောစရာများရှိနေလိ့မ်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါ တယ်..။

    အဲ့ဒါကြောင့်…။ ထိုထိုသော မများလှတဲ့ ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များရဲ့ ရင်ခုန်သံများကို နားထောင်နိုင်ဖို့အတွက် ကျွန်တော် ဧည့်မှတ်တမ်း လေးတစ်ခုကို ဖန်တီးလိုက်ပါတယ်..။ ဒီနေရာလေးဟာ သာမန် Post တစ်ခုကို Comment ပေးသလိုမျိုး Post တစ်ခုထဲနဲ့ သက်ဆိုင်ခြင်း၊ Post အသစ်များတင်လာတာနဲ့အမျှ အနောက်ကိုရောက်ရောက်သွားခြင်းမရှိပဲ..။ ကျွန်တော့် Blog တစ်ခုလုံးအတွက် အမှတ်တရအနေနဲ့ စာမျက်နှာတစ် ခုထဲမှာ အမြဲတမ်း စုစုစည်စည်းရှိနေပါလိ့မ်မယ်…။

    (more…)

    Cateogry : News , Personal | 6 Comments