Shadow With The Unseen Force
နေ၀င်ချိန်တွေ ဟောင်းမသွားပေမယ့်
ဘ၀တစ်ပါးကိုတော့ ပြောင်းသွားခဲ့ပြီပေါ့ အဖိုးရယ်…။
သံသရာ တစ်လျှောက်မှာ
ဒီနေရာဆိုတာ တစ်နေ့တော့
လူတိုင်းရောက်လာကြရဦးမှာပါ….။
အဖိုးပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလိုပေါ့….
တစ်ကယ်ဆိုရင် သံသရာဆိုတာဟာ
“Shadow With The Unseen Force” ပါ…။
တစ်နေ့တော့ ဒီနေရာကို
အဖေနဲ့ အမေလည်း….
သားတို့တစ်တွေလည်း…..။
တစ်ကွေ့ကွေ့မှာ
သံသရာမဆုံးသမျှ တွေ့ကြဦးမယ်လို့
မျှော်…..
………လင့်……..
……………….ရင်း……။ ။
P.S- Dedicated To Our Beloved Grandfater (U Min Thaw) Who Suddenly Left Us Yesterday…
Cateogry : Personal , Poems | 3 Comments

Yangon United Vs ATM (Malaysia)

ပို့စ်မတင်တာလဲ တော်တော်ကြာသွားပါပြီ…။ ဒီရက်ပိုင်း ပို့စ်တင်ချင်နေတာ အရမ်းပါပဲ…။ ဒါနဲ့ပဲ ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို ဖြစ်သွားပါတယ်…။ ဒီနေ့ Yangon United FC Sports Complex မှာ ကျင်းပတဲ့ YUFC နဲ့ မလေးရှားမှ ATM အသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကို သွားကြည့်ဖြစ်ပါတယ်…။ Camera နှစ်လုံးလွယ်ပြီး ဝင်သွားတော့ Media သမားထင်ပြီး ဝင်ကြေးပေးစရာ မလိုပဲ ပွဲကြည့်လိုက်ရပါတယ်..။
ကျွန်တော်က ဘောလုံးပွဲသတင်းရေးမှာ မဟုတ်ပဲ အနိုင်အရှုံးရလဒ်နဲ့ ဓာတ်ပုံတွေကို အသားပေးပြီး တင်တာဖြစ်တဲ့အတွက် ပွဲချိန် ဘယ်နှစ်မိနစ်မှာ ဘယ်သူက ဘယ်လိုသွင်းတယ်တွေ ဘာတွေမရေးတော့ပါဘူး..။ အကြမ်းလေးပဲ ရေးလိုက်ပါတယ်…။ (more…)
Cateogry : Event , News , Photo | Leave Your Comment
4 Years Of Blogging…

ဟိုတစ်နေ့က ကျွန်တော့် Lady မေးမှ ကျွန်တော်လည်း သတိထားမိတယ်…
ဘာမေးတာလဲဆိုတော့ ဒီနှစ် Blog Anniversary အတွက် မရေးဘူးလားတဲ့…။
သူမေးလိုက်တဲ့ မေးခွန်းက ရိုးရှင်းပေမယ့် ကျွန်တော့် အတွက်တော့ တွေးစရာ အများကြီးဖြစ်သွားပါတယ်…။ ဟုတ်တယ်လေ ကျွန်တော်တို့လို Blogger တွေ ဆိုတာ ကိုယ့်ဘလော့ကို ကိုယ့်ရင်သွေးတစ်ယောက်လို…။ ကိုယ်ပွားတစ်ခုလို…။ အရိပ်တစ်ခုလို သဘောထားကြ…။ တန်ဖိုးထားကြတာမလား…။ ကျွန်တော် ကိုယ်တိုင်လည်း ကျွန်တော့် Blog ဟာ ကျွန်တော် မပိုင်ဆိုင်လိုက်ရတဲ့ ကျွန်တော့် အိပ်မက်တစ်ခုရဲ့ အရိပ်ပါလို့ တစ်ခါက ပြောခဲ့ဖူးပါတယ်…။
အရင်တစ်ချိန် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်က Blog ရေးကာစကဆို…။ မနက်မိုးလင်း မျက်စိနှစ်လုံးမပွင့်သေးဘူး ကွန်ပျူတာကို လက်ကလှမ်းဖွင့်ပြီးသား..။ ကို့ယ် Blog ရဲ့ C-Box မှာ ဘယ်သူတွေ… ဘာတွေများ လာပြောသွားသလဲ…။ ဘယ်ပို့စ်မှာ Comment တွေ တက်လာလဲ…။ ဒီနေ့ ဘာရေးရမလဲ..။ စသဖြင့် ….။ Blog နဲ့ မျက်နှာသစ်တယ်လို့တောင် ပြောလို့ရပါတယ်…။ (more…)
Cateogry : Event , Personal | 6 Comments
Kaluga 2010 (The End)
ကျွန်တော်တို့ရဲ့ Kaluga 2010 ခရီးစဉ် ဒုတိယပိုင်းလေးဆက်လိုက်ရအောင်…။ ဒီနေ့ (၅.၂.၂၀၁၀) (Thanks Ko zkaungkhant for pointing my typing error
) ကတော့ မနက်ကနေညအထိ Schedule က အပြည့်ပါပဲ…။ အစီအစဉ်တွေအားလုံးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်တွေချည်းပါပဲ…။
ဘာလို့လဲဆိုတော့ အဲ့ဒီ့နေ့က ကျွန်တော်တို့ရဲ့ နာမည်ကျော် ဓာတ်ပုံဆရာကြီး Dragonz (မိတ်ကပ်လိမ်းတဲ့ နဂါးကြီး) ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်လို့ပါ..။ သူနဲ့ ကျွန်တော်နဲ့က မွေးလတူလို့လားတော့မသိဘူး..။ အနုပညာကိုရူးသွပ်တဲ့နေရာမှာတော့ တော်တော်လေး တူကြပါ တယ်..။ ကျွန်တော့်ထက်စာရင် ဒီကောင်က ပိုပြီးတော့တောင် အနုပညာဆန်တယ်လို့ ပြောလို့ရပါတယ်..။ (အတည်နောက်တာပါ ဒီကောင်ကြီးက ရုပ်သာကြမ်းတာ..။ စိတ်ထားကတော့ တော်တော်ဆိုးပါတယ်..။
) ကျွန်တော်က အလုပ်တစ်ခုလုပ်ရင် စိတ်မရှည်သလောက် ဒီကောင်က အလုပ်တစ်ခုကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ အသေးစိတ်လုပ်တတ်ပါတယ်..။ ကျွန်တော်က ၀လုံးတောင် ၀ိုင်းအောင်မရေးတတ် သလောက် ဒီကောင်က ပန်းချီ၊ ကာတွန်း ကောင်းကောင်းဆွဲတတ်ပါတယ်..။ စာတွေဘာတွေလည်းရေးပါတယ်..။ ဒါတွေက သိပ်မထူးဆန်း ဘူးလား? အိုကေ ဒါဆို ကျွန်တော် ထူးဆန်းတာလေးတစ်ခုပြောပြပါမယ်..။ အဲ့ဒီ့ နဂါးက Paper Art ( ရောင်စုံ ကဒ်ထူစက္ကူများကို သုံးကာ ဒီဇိုင်းတွေဖော်တဲ့ ပညာလို့ပဲ အကြမ်းဖျဥ်းသတ်မှတ်ကြတာပေါ့ ) ကို တော်တော်လေး ကျွမ်းကျင်ပါတယ်..။ အခု အောက်မှာ ဒီကောင်လက်ဆောင် ပေးဖို့လုပ်ထားတဲ့ Paper Art Design တစ်ခုကို ကျွန်တော် ရိုက်ပေးထားတဲ့ ပုံတင်ပေးထားပါတယ်..။ (Order မှာယူလိုပါက လက်လီလက်ကား လက်ခံပါတယ်တဲ့..။
)
ဆိုတော့..။ သူမွေးနေ့အမှတ်တရ ဖြစ်ဖို့..။ ကျွန်တော်တို့ အဲ့ဒီ့မြို့မှာရှိတဲ့သူငယ်ချင်းတွေနဲ့ ချိန်းပြီး မနက်ပိုင်းမှာ နှင်းလျောစီးသွားကြပါတယ်..။ ကျွန်တော့်အတွက်တော့ တကယ့်ပထမဆုံး စလုပ်ဖူးတဲ့အလုပ်တစ်ခု အနေနဲ့ မှတ်တမ်းတင်သွားပါတယ်..။ ကျွန်တော်က ငယ်ငယ်ကတည်းက Skate (In-Line Roller) စီးတတ်တဲ့အတွက် အစပိုင်း ၁၅ မိနစ်လောက် ယိုင်တိုင် ယိုင်တိုင်စီးပြီးတဲ့နောက်မှာ..။ တော်တော်လေးအသားကျ သွားပါတယ်..။ လိပ် ရယ်..။ အကြိုင်ရယ်…။ ဂါးဂါးရယ်ကတော့ တပိုင်းပိုင်း တဗုန်းဗုန်းပါပဲ..။ (သိက္ခာချတာမဟုတ်ပါဘူး..။ အမှန်က အပုပ်ချတာပါ
) ကျွန်တော်တို့အားလုံးရဲ့ နှင်းလျောစီးအနီးကပ် နည်းပြကတော့ ဒီနိုင်ငံက နိုင်ငံကျော်ကဗျာဆရာ ပူရှကင်နဲ့ တထေရာတည်းတူတဲ့ (အထူးသဖြင့် သူ့ရဲ့ လန်ထွက် နေတဲ့ Hair Stlye က ချွတ်စွတ်တူပါတယ်) ချစ်စရာနာမည်လေးကို ပိုင်ဆိုင်ထားသူ လီဆူးမပဲ ဖြစ်ပါတယ်..။
ကျွန်တော်တို့သွားတဲ့ ခရီးစဉ်မှာပါဝင်သူတွေကတော့ ကျွန်တော်ရယ်..။ ဂါးဂါးရယ်..။ လိပ် (မ) ရယ်..။ အကြိုင် ရယ်..။ ပေါက်စီရယ်..။ လီဆူးမရယ်။ နောက်တစ်ယောက်ရယ်ပါ (ဒီကောင့် Nick Name ကတော့ အချင်းချင်း ဖဲ့သလိုဖြစ်နေမှာစိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး
) စုစုပေါင်း (၇) ယောက်ပါ..။
Skate စီးတုန်းက ဒူးလောက်ပဲ ညောင်းပါတယ်..။ အခု နှင်းလျော Skate မှာတော့ လက်က တုတ်ချောင်းနှစ်ချောင်းကို အားယူပြီးတွန်းရတဲ့အတွက် လက်မောင်းတွေပါ အီစလံဝေသွားပါတယ်..။ (စီးနေတုန်းကတွေးထားတဲ့အတိုင်းပဲ ညလည်းရောက်ရော လက်မောင်းတွေ ကိုက်ပါတော့တယ်..။) ဒီနေရာမှာ ကြုံကြိုက်လို့ နှင်းလျောစီးနည်း တက်ကနီကွီးလေး နဲနဲပေးလိုက်ပါမယ်..။ (Skate စီးတတ်ပြီးသူတွေကတော့ စက်ဘီးစီးတတ်တဲ့သူ ဆိုင်ကယ်စီးသင် သလောက်ပါပဲ) ဒူးနဲနဲကွေးပါ..။ ခါးနဲနဲညွတ်ပါ..။ ခန္ဓာကိုယ်ရဲ့ Weight ကို အတင်းအားမထည့်ထားပါနဲ့ (အတွင်းအားမသုံးပါနဲ့..။ သုံးပါက ချောနေတဲ့နှင်းပြင်ပေါ်မှာ ဖွတ်ကနဲ ဖင်ထိုင်လျှက်ကျပါလိ့မ်မယ်) စိတ်ကိုလျော့ထားပါ..။ နှင်းလျောစီးတဲ့အပြားနှစ်ခု Parallel ဖြစ်ဖို့ကို သတိထားပါ (မထားပါက ထိုအပြား နှစ်ခု ဝေးသွားလျှင် ပေါင်ပြဲကာ ကျော်မကောင်း ကြားမကောင်း ဖြစ်ပါလိ့မ်မယ်..။ ပူးသွားပါက ခြေထောက် နှစ်ချောင်းလိမ်ပြီးတော့ Blackie ကျ (Black Dream ကျ မဟုတ်ပါ) ကျပါလိ့မ်မယ်..။) ထို့နောက် တုတ်တံ နှစ်ချောင်းကို မိမိရဲ့နောက်နားခပ်ကျ ကျကိုထားကာ အားယူပြီးတွန်းပါ..။ အရှိန်မရခင် အနဲငယ် အားစိုက်ရပေမယ့် အရှိန်ရသွားတဲ့အခါမှာတော့ ဟပ်ထိုးလဲ..။ မှားလို့…။ သက်တောင့် သက်သာ တွန်းရုံနဲ့ ရွှီးကနဲ ရွှီးကနဲ သွားပါလိ့မ်မယ်…။
ထိုကဲ့သို့ စနစ်တကျ (ကိုယ့်နည်းကိုယ့်ဟန်နဲ့) နာရီဝက်လောက် ထရိန်နင်ဆင်းပြီးသွားတဲ့အခါမှာတော့ ကျွန်တော်တို့ အားလုံးဟာ ဂျိန်းစဘွန်းနဲ့ ငါလား ငါလား စီးနိုင်လောက်တဲ့အခြေအနေကို ရောက်သွားပါတော့ တယ်..။ (မယုံပါက ညာသည်ဟု မှတ်ကြကုန်..)
ဒီနေရာမှာ ဗဟုသုတအနေနဲ့ တစ်ခုပြောစရာရှိလာပါတယ်..။ ဒါကတော့ အအေးချိန်ပါပဲ..။ ကျွန်တော်တို့ နှင်းလျောသွားစီးတဲ့နေ့က ကျွန်တော် ထင်တာမမှားဘူးဆိုရင် အနှုတ် ၁၅ ရှိပါတယ်..။ (သေချာတာကတော့ အနှုတ် ၁၀ အောက်မရောက်ပါဘူး) တော်တော်လေး အေး တယ်လို့ယူဆလို့ ရပါတယ်..။ ဒီအတိုင်းလမ်းလျှောက်နေရင် လက်တွေ၊ နားရွက်တွေ၊ နှာခေါင်းတွေ ကိုက်လာသည်အထိ အေးစေတဲ့ အအေးချိန်ပါ…။ ဒါပေမယ့် နှင်းလျှောစီးတဲ့အချိန်မှာကတော့ လူက ချွေးတွေတောင်စို့ပြီး ( စောချွေးတွေ၊ ကြောက်ချွေးတွေလားတော့ မသိပါဘူး
) တော်တော်လေး လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ အအေးဒဏ်ကို လုံးဝသတိမထားမိတော့ပါဘူး..။ ဒါကြောင့် ကျွန်တော့်အထင် ဒီဘက်အနောက်နိုင်ငံတွေ လို အအေးချိန်များတဲ့ နိုင်ငံတွေမှာ နှင်းလျောစီးကြခြင်းဟာ အပျော်အတွက်လည်းဖြစ်နိုင်သလို..။ ကျန်းမာရေး အတွက်လည်း အများကြီး အထောက်အကူပြုနိုင်တဲ့ အပန်းဖြေနည်းတစ်မျိုးအဖြစ် နှစ်သက်ကြခြင်းဖြစ်နိုင်ပါတယ်..။ (အစီးမတော်ရင်တော့ ကျန်းမာရေးမကောင်းပဲ အရေးပေါ် တော့ ရောက်သွားနိုင်ပါတယ်..) ဒီလိုနဲ့ ၃ နာရီခန့် ကလေးတွေနဲ့အပြိုင်အဆိုင် (ကလေးနဲ့တောင် မနိုင်ပါဘူး..။ လူကြီးဆိုရင်တော့ ပြောမနေပါနဲ့တော့) စီး ပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ ငှားထားတဲ့ တိုက်ခန်းကို ပြန်ကာ ညနေကျရင် ပြုလုပ်မယ့် ဂါးဂါးရဲ့ မွေးနေ့ အတွက် ကျွေးဖို့မွေးဖို့ ပြန်လည် ပြင်ဆင်ကြပါတယ်..။

လောကအလှ Online Magazine နှင့်တွေ့ဆုံခြင်း
ကျွန်တော် လွန်ခဲ့တဲ့ တစ်လခန့် (၀၉.၀၉.၀၉) ရက်နေ့က ကျွန်တော့် Blog ရေးသားတာ (၂) နှစ်ပြည့်ခဲ့ပါတယ်..။ အဲ့ဒီ့နေ့မှာပဲ မှတ်မှတ်ရရ လောကအလှ Online Magazine မှ ကျွန်တော် Blog ရေးခြင်းနဲ့ ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ သဘောထားလေးတွေ၊ အမြင်လေးတွေ၊ အနေအထားလေးတွေကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီ့ မေးမြန်းမှုလေးတွေနဲ့ ကျွန်တော် ဖြေကြားခဲ့တာလေးတွေကို အမှတ်တရအနေနဲ့ အခုဒီမှာ ပြန်လည်ဖော်ပြလိုက်ပါတယ်..။ မူလနေရာမှာ ဖတ်ချင်တယ်ဆိုရင်တော့ လောကအလှ Online Magazine စာမျက်နှာမှာ သွားရောက် ဖတ်ရှုနိုင် ပါတယ်..။
သီတင်းကျွတ်အမှတ်တရပေါ့ဗျာ..။
***************************************************************************************
ဘယ်အချိန်က စလို့ ဘလော့ဂ်ရေးတာပါလဲ။
ကျွန်တော် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က စပြီး Blogspot မှာ http://blackdream21.blogspot.com ဆိုတဲ့ နာမည်နဲ့ စရေးခဲ့ပါ တယ်။ ၆လခန့်ကြာတဲ့အခါမှာ www.blackdream21.com ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။၂၀၀၈ ခုနှစ် စက်တင်ဘာမှာ Blogspot အစား WordPress ကို စတင် အသုံးပြုခဲ့ပါတယ်။ အခုအချိန် ထိပါပဲ။
ပြည်ပကိုရောက်တာ ကြာပါပြီလား။
ကျွန်တော့် Blog စရေးတဲ့နေ့က ကျွန်တော် ပြည်ပကို ရောက်တဲ့တစ်နှစ် ပြည့်တဲ့ နေ့ပါ။ အခု ကျွန်တော့် Blog သက်တမ်းက နှစ်နှစ်ဆိုတော့ ကျွန်တော် ဒီရောက်တာ ၃ နှစ်ပြည့်ခဲ့ပါပြီ။ အခုတော့ ကျော်သွားပြီပေါ့။
ပညာရေးက ဘာတွေလုပ်နေတာပါလဲ။
အခု ဒီမှာ အင်ဂျင်နီယာဘာသာရပ်နဲ့ ပတ်သတ်ပြီး ဘွဲ့လွန်သင်တန်း တက်နေပါတယ်…။
ပြည်ပမှာ နေထိုင် ပညာသင်ယူရတာ အခက်အခဲတွေ ရှိပါသလား။
ကိုယ့်ရေ ကိုယ့်မြေမှာလောက်တော့ ဘယ်မှာမှ လွယ်ကူအဆင်ပြေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အဆင်ပြေမှုတွေ
ရှိနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံနဲ့ မပြီးနိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနဲ့ လုံခြုံမှုဟာလည်း အရေးကြီး တယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို နားလည်နိုင်မှုတွေကလည်း အရေးပါ ပါတယ်။
ဒါက အားလုံးအတွက် ခြုံငုံသုံးသပ်ကြည့်တာပါ။ ကျွန်တော်လက်ရှိ ပညာ သင်ကြားနေတဲ့နေရာမှတော့ အခြေအနေက နည်းနည်း ပိုရှုပ်ထွေး ပါတယ်။ နိုင်ငံတကာသုံး ဘာသာစကားကို အသုံးပြုရတာမဟုတ်ပဲ။ သူတို့ မိခင် ဘာသာစကားကိုသာ အသုံးပြုကြတာမို့ ပိုပြီး အခက်အခဲတွေ ရှိပါတယ်။
အားလပ်ချိန်မှာ ဘလော့ဂ်ရေးတယ်ဆိုပေမယ့် ဘလော့ဂ်ပို့စ်တွေ အတော်လေး စုံလင်လှပြီး စာဖတ်ပရိသတ်နဲ့လည်း အတော်လေး
ပျော်ပျော်ရွှင်ရွှင်ပြောဆိုထားတာ တွေ တွေ့ပါတယ်။ အချိန်ကို ဘယ်လို စီမံခန့်ခွဲပါသလဲ။
ကျွန်တော် အရင်က စာတော်တော်ဖတ်ဖြစ်ပါတယ်။ အဲ့ဒီ့မှာ ကိုယ်လည်း သူတို့လို ရေးကြည့်ချင်တဲ့ စိတ်တွေ ပေါ်လာပါတယ်။ ဒါနဲ့ပဲ ကိုယ့်ဘာသာ ကိုယ် စာအုပ်လေးတွေထဲမှာ ကဗျာတွေ ဘာတွေ ချရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာ Internet တွေ ဘာတွေပေါ်လာတော့ Planet Myanmar လိုနေရာ မျိုးမှာစပြီး ကဗျာတွေကို Internet ပေါ် စတင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အခြေအနေ အကြောင်းကြောင်း ကြောင့် ဆက်ပြီး မရေးဖြစ်တော့ပါဘူး။ ဒါနဲ့ ပြည်ပကိုရောက်လာတဲ့ အခါမှ ဒီစိတ်က တစ်ဖန် နိုးကြွလာပါတယ်။ အဲ့ဒီ့အချိန်မှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကနေ တဆင့် Blog ဆိုတဲ့ အရာနဲ့ စတင် ထိတွေ့ သိရှိ ခဲ့ပါတယ်။








