၉/ခ စံပယ်

ဇူလိုင်..။ သြဂုတ်..။ စက်တင်ဘာ..။ အောက်တိုဘာ..။ နိုဝင်ဘာ..။ ဒီဇင်ဘာ..။ ဇန်န၀ါရီ…။ ဖေဖော်ဝါရီ..။ မတ်…။ ဧပြီ…။ မေ…။
အချိန်တို့သည် ထင်တာထက်ပိုပြီး လျှင်လျှင် မြန်မြန်ကုန်ဆုံးသွားပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ အချို့အတွက် မသိသာပါဘူး..။ မထူးခြားပါဘူး..။ အချို့အတွက်တော့ တစ်နှစ်ဆိုတဲ့ အချိန်မပြောနဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလောက်နဲ့ တင် အရာအားလုံးကို ပြောင်းလဲပြစ်ဖို့ လုံလောက်ပါတယ်..။
ကျွန်တော်အတွက်တော့ ဒုတိယအမျိုးအစားက အကြုံးဝင်ပါတယ်..။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင်ကို လုပ်စရာတွေက စနစ်တကျ ပြည့်နေခဲ့ပါတယ်..။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ဘ၀အမျိုးအစားအရ ဒါဟာ သိပ်မထူးဆန်းပါဘူး…။ စာဖတ်သူတွေအတွက်လည်း ထူးဆန်းမယ် မထင်ပါဘူး..။ ဒီကာလတစ်ခုအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ…။ ခံစားချက်တွေဟာ အမျိုးစုံသလောက် ရသလည်း စုံလှပါတယ်…။ ဒီအတွေ့အကြုံတွေထဲက ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ကျွန်တော် ပြန်ပြောပြချင်ပါတယ်…။ ဒီစာကိုဖတ်လိုက်ရလို့ ကုန်ဆုံးသွားမယ့် တစ်စုံတစ်ခုသော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွက် မပြောပလောက်သော ပမာဏလေးဖြစ်ဖြစ်တော့ အကျိုးရှိကောင်း ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…။ (more…)
Cateogry : Article , Personal | 2 Comments
ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၂)
ဟိုတစ်နေ့က Living Together များအကြောင်းဆက်မပြောခင် အဲ့ဒီ့ပို့စ်မှာရခဲ့တဲ့ ကိုလောရှည်ရဲ့ ကော်မန့်လေးအပေါ် ကျွန်တော် အနဲငယ် ရှင်းပြချင်ပါတယ်…။ သူက ထောက်ပြသွားတဲ့အချက်ဟာ တစ်ကယ်ဆို ကျွန်တော် အခု ဒီအပိုင်း (၂) ထဲမှာရေးပြီးသားဆိုပေမယ့်…။ သူပြောတဲ့အချိန် တုန်းက အပိုင်း (၁) မှာ မပါတဲ့ အတွက် ဒါကို သူက စေတနာနဲ့ထောက်ပြသွားတယ်လို့ ကျွန်တော်မြင်ပါတယ်..။ ဆောင်းပါးမဆုံးခင် ဆန္ဒစောပြီး ထောက်ပြသွားတာ ဖြစ်တဲ့အတွက် စေတနာ အမှားတစ်ခုလို့ပဲ ကျွန်တော် ခံယူပါတယ်..။ အခုလို ထောက်ပြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကို လောရှည်ထောက်ပြသွားတဲ့ အကြောင်းအရာဟာ အခု အပိုင်း (၂) မှာပါဝင်မှာ ဖြစ်ပါတယ်..။ ဒါဟာလည်း သူထောက်မပြခင် ကျွန်တော် အကြမ်း ရေးထားတဲ့ အချိန်ကတည်းက ပါဝင်ပြီး ဖြစ်ကြောင်းကို ဒီပို့စ်မတင်ခင် ပို့စ် အကြမ်းဖတ်လိုက်ရတဲ့သူတွေ သိကြမယ်လို့ မျှော်လင့်ပါတယ်..။
အခု ကျွန်တော်တို့ မနေ့က အကြောင်းလေး ဆက်ပြောကြရအောင်..။
လက်ရှိ ကျွန်တော်တို့လူမျိုးများကျင့်သုံးနေတဲ့ Living Together ဆိုတာ တကယ့် Living Together မဖြစ်သေးပါဘူး..။ ဘောလုံးစကားနဲ့ ပြောရရင်တော့ Pro မရောက်သေးပဲ ..။ Semi Pro အဆင့် (ဒါတောင် နဲနဲမြင့်နေမလား မသိဘူး။ Beginner ပြောရမလား Rookie ပြောရမလားပဲ ) လောက်ပဲ ရှိနေပါသေးတယ်။ တစ်ကယ်တမ်းပြောရရင် Living Together အဆင့်မရောက်သေးပဲ Sleeping Together အဆင့်ပဲ ရှိသေးတယ်လို့ ဆိုရပါလိ့မ်မယ်..။
ဒီ အကျင့်စရိုက်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့ လူမျိုးတွေဆီကို (သိသိသာသာ) ကြီးကူးစက်လာတာဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပိုများလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီမှာ အခြေအနေ ၂ ရပ်ရှိပါတယ်..။ အဲ့ဒါကတော့ ပြည်တွင်းနေ လူငယ်ထုနဲ့ ပြည်ပနေ လူငယ်ထုပဲ ဖြစ်ပါတယ်..။ ပြည်တွင်းနေလူငယ်ထုထက် ပြည်ပနေ လူငယ်ထုက ပိုမိုပြီးတော့ လွတ်လပ်မှု၊ အမြင်ကျယ်မှုရှိတဲ့ အတွက် သူတို့မှာ ဒီအခြေအနေမျိုးရှိနေတဲ့သူတွေ ပိုများပါတယ်။ အမြင်ကျယ်မှုဆိုတဲ့နေရာမှာ ကောင်းတဲ့ အမြင်ကျယ်မှုနဲ့ ဆိုးတဲ့ အမြင်ကျယ်မှု နှစ်ခု ထပ်ဖြစ်လာပါတယ်..။
ကောင်းတဲ့အမြင်ကျယ်မှုကတော့ ဒီလို Sleeping Together ရာမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်မလာဖို့ တားဆီးတဲ့ နည်းလမ်းတွေ၊ ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုသိရှိခြင်း၊ ထိုကဲ့သို့ ကာကွယ်ပို့ ရုပ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အထောက် အပံ့နဲ့ ဖန်တီးပေးနိုင်မှု အခြေအနေတွေ ပိုမိုရရှိခြင်းကြောင့် များသောအားဖြင့် ပြည်တွင်းမှာထက် ပိုမို ကာကွယ်နိုင်ကြပါတယ်…။ ပြည်တွင်းမှာတော့ ထိုကဲ့သို့သော အခြေ အနေများ မပေးတာကြောင့် ပြည်ပနေ လူ့အဖွဲ့အစည်းလောက် လျှင်မြန်တွင်ကျယ်စွာ ပြန့်ပွားလာခြင်း မရှိတာကို ကျွန်တော် သတိထားမိပါတယ်..။
ဆိုးတဲ့အချက်ကတော့..။ ထိုကဲ့သို့ ပြည်တွင်းမှာက ပတ်ဝန်းကျင်ရဲ့ အရှိန်၊ လူတွေရဲ့ ပါးစပ်၊ ဘာသာတရားရဲ့ အထိမ်းအကွပ်တွေကြောင့် တားဆီးခြင်း သို့မဟုတ် ကာကွယ်ဟန့်တားခြင်းများ ပြုလုပ်ရာမှာ ပြည်ပမှာထက် အခြေအနေပေးမှု သိသာစွာ နဲပါးပါတယ်..။ ဒီအတွက် တကယ် တမ်း ပြဿနာ ဖြစ်လာတဲ့အခါမှာ ကာယကံရှင်များရော၊ မိဘအသိုင်းအ၀ိုင်းရော များစွာ စိတ်ထိခိုက် ကြရပြီး ပြဿနာဟာ ဖြစ်သင့်တာထက် ပိုမိုကြီးထွားလာ ပါတော့တယ်..။ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့အတိုင်း..။ မဖြစ်တာ အကောင်းဆုံးဆိုပေမယ့်..။ မလွှဲသာမရှောင်သာဖြစ် လာတဲ့အခါမှာ အချိန်မှီ တားဆီးနိုင်ခြင်းဟာ ပြသနာအဆုံးစွန်ဆုံး ရောက်သွားတာထက်တော့ သက်သာရာရမှာပဲ ဖြစ်ပါတယ်..။ ပြည်ပ အနေအထားရဲ့ ဆိုးကျိုးကတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့သလိုပဲ လွတ်လပ်မှု၊ အခွင့်အရေးပေးမှုတွေကြောင့် ဒီလို Sleeping Together ခြင်း အနေအထားတွေဟာ ပိုမိုလျှင်မြန်စွာ ပြန့်ပွား လာတာကို တွေ့နိုင်ပါတယ်..။
ဟုတ်ပြီ..။ ဒါဆို မေးလာပြီ…။ ဒါဆို..။ “Living Together က လုံးဝတားဆီးသင့်တဲ့အရာလား..? မလိုလားအပ်တဲ့ အရာလား? မရှိသင့်တဲ့ အရာလား..?” ဒီလိုမေးလာရင် အဖြေရတော်တော်ကြပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော် နားလည်သလောက် ကြိုးစား ဖြေကြည့်ပါ့မယ်..။
ကျွန်တော်တို့ လူမျိုးတွေအနေနဲ့ ဘာသာတရား နဲ့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး နှစ်လုံးကို လိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် မလိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် ပါးစပ်ဖျားကမချပဲ ကိုင်ကိုင်ပေါက်တတ်ကြတဲ့ အကျင့်ဆိုးကြီးတစ်ခုကို မဖြစ်မနေ အရင်ဦးဆုံး ပြင်သင့်ပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဥပမာ နှစ်ခုပေးပါမယ်…။ ခေတ်ဟောင်းက ဥပမာတစ်ခုနဲ့ ခေတ်သစ် ဥပမာတစ်ခုပါ..။
ကနောင်မင်းသားကြီးတုန်းက ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲတဲ့အချိန်မှာ မင်းတုန်းမင်း ဆွမ်းကပ်နေတဲ့ ရဟန်းတ်ာများက သတ္တ၀ါများ သေကြေ စေတဲ့ လက်နက်များ ထုတ်လုပ်တာကို လက်မခံနိုင်တဲ့အတွက် ဆွမ်းစားတာကို ရပ်ပြစ်ပြီး ဆန္ဒပြလို့..။ မင်းတုန်းမင်း အမိန့်နဲ့ ကနောင်မင်းသားကြီးလဲ ဆက်မလုပ်ရတော့ပါဘူး..။ ဒီတော့ ဘာဖြစ်လဲ..? ခေတ်မှီတဲ့ လက်နက်ကို မထုတ်လုပ်နိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့လူမျိုး သူများကျွံဘ၀ ရောက်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ အမဲစက်တစ်ခုဖြစ် အတိအကျ ပါဝင်ခဲ့ရပါတယ်…။ ဒါဟာ ဘာသာရေးနဲ့ ခေတ်ကို ရောထွေး ယှက်တင် ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်..။ နောက်တစ်ခု…
Cateogry : Article | 26 Comments
Blog ကို Link လုပ်ထားတဲ့သူတွေ ဘယ်လောက်ရှိလဲ?
ဒီရက်ပိုင်း…။ အတိအကျဆို မနက်ဖြန် စာမေးပွဲရှိပါတယ်…။ တော်တော်တော့ ကြည့်ထားပြီးပါပြီ…။ ဘောလုံးပွဲပြောတာပါ…။ ဘရာဇီး၊ စပိန်၊ အီဂျစ်၊ အီရတ်၊ တောင်အာဖရိက…။ တစ်ပွဲမှကို မလွတ်သေးပါဘူး..။ အခု ဒီစာကိုရေးတဲ့အချိန်က နဲနဲစောနေသေးလို့ပါ..။ မနက်ဖြန်ဖြေရမှာဆို တော့ ပြီးတော့ မှပဲ ဆက်ကြည့်လိုက်ပါတော့မယ်..။ အီတလီနဲ့ အမေရိကန် ပွဲကိုပြောတာပါ…။
ဒီလိုပါ..။ အခုဒီမှာက စာမေးပွဲရာသီ ဖြစ်တဲ့အတွက် မေးကြမယ် ဖြေကြမယ် အစီအစဉ်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပနေကြပါတယ်..။ ဆရာတွေနဲ့ တပည့် တွေလဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်စွာဖြင့် ” မင်းနဲ့ငါ အောက်က Basketball ကွင်းထဲ ဆင်းထိုးမယ်” တို့…။ ” ငါ့ကိုယ်ငါ သတ်သေ ရမလား..။ မင်းတို့ဘာသာ မင်းတို့ သတ်သေမလားတို့…။” အဲ့လိုပါ…။ အခြေအနေကတော့ အေးအေးဆေးဆေး ချစ်ချစ်ခင်ခင်ပါပဲ..။ ဆရာတွေက အပြောသာဆိုး ကြတာပါ…။ စာမေးပွဲတကယ်ဖြေတဲ့အခါမှာတော့ စာစစ် ကြမ်းကြပါတယ်…။
အတူတူလာကြတာခြင်းကို ၃ နှစ်ပဲ တက်ရတဲ့ကျောင်းများက ပြန်မယ့် သကောင့်သားများက အလိုက်ကန်းဆိုးမသိစွာ အခုမှ စေတနာတွေ လာပိုပြ နေကြပါတယ်..။ ” မင်းညီမလေး အတွက် ဘာထည့်ပေးလိုက်ဦးမလဲတို့…..” “မင်းကောင်မလေးအတွက် စိတ်ချပါ..။ ငါကိုယ်ဖိ ရင်ဖိ စောင့်ရှောက် ထားပါ့မယ်တို့…” ” စောင်… မ…. ကြည့်ရှုပေးထားပါ့မယ်” တို့ စသည်ဖြင့် တစ်ယောက်တစ်မျိုးမရိုးရအောင်ကို စေတနာတွေ ပိုနေကြပါတယ်….။
ဒီကြားထဲ Site တစ်ခုရဲ့ အကူအညီနဲ့ AIDS ဖြစ်နေတယ်ဆိုပြီးဖွတဲ့သူကဖွ၊ လူလစ်တုန်း အိမ်သာထဲက ရေတွေခိုးသောက်ပါတယ်ဆိုပြီး ကြပ်တဲ့သူ က ကြပ်…။ အဲ့လို အခြေအနေတွေကလည်းရှိပါတယ်..။ ကိုယ်က ဒီသတင်းကို ကြိုသိပြီးသားဖြစ်နေလို့သာ ခံသာပါတယ်..။ အဲ့လိုသာ မဟုတ်လို့ ကတော့ မျက်ကလူးဆန်ပြာနဲ့ လုံးပါးပါးရပါလိ့မ်မယ်…။ ကိုယ်ပညာပြလိုက်လို့ ခံစားသွား ရတဲ့သူတွေလည်း ကိုယ့်အကြောင်း ကိုယ်သိပါက ဒီမှာ ကော်မန့် ရေးပြီး ဂုဏ်ယူနိုင်ပါတယ်..။
ဘယ် Site လဲ? ဘယ်လို လုပ်တာလဲ? လာမမေးပါနဲ့..။ ပြန်ကစ်မယ့်သူတွေက ကီးဘုတ် တပြင်ပြင်နဲ့ စောင့်နေတဲ့အတွက် မပြောတော့ပါ…။ သိတဲ့သူတွေ သိပါတယ်..။
အဲ့လို အဲ့လို အခြေအနေတွေက သာယာနာပျော်ဖွယ်တွေ ဖြစ်နေပါတယ်…။ ဒါနဲ့ပဲ ဒေါသထွက်တိုင်း မဲစရာရှိ လှိမ့်မဲလို့ရတယ် ကွန်ပျူတာကိုပဲ ဖိဖိ မဲ ရပါတယ်..။ ကိုယ်က နဂိုကတည်းက အမဲ…။ သူကလဲ အမဲ…။ ဒေါသကအမဲ…။ အမဲပေါ်အမဲ ဆင့်သွားတဲ့သကာလ…။ မထင်ရင် မထင်သလို ကွန်ပျူ တာက အာခံတဲ့ အနေနဲ့ Ham ပြပါတော့တယ်…။
ဒါပေမယ့်…။ အဲ့ဒီ့မှာ မထင်မှတ်ပဲ သိထားသင့်တဲ့ Site လေးတစ်ခု သွားတွေ့လိုက်ပါတယ်…။ နာမည်ကြီး Web Studio တွေရဲ့ နေ့စဉ်နဲ့အမျှထွက် နေတဲ့ အခကြေးငွေနဲ့ ပေးဝယ်ရတဲ့ အမျိုးမျိုးသော Template တွေ Theme တွေ၊ Script တွေကို Free Download ချလို့ ရတဲ့ Site ၊ ထွက်သ မျှ ရုပ်ရှင်ကားတိုင်းကို ဒီနေ့ထွက် မနက်ဖြန် DVD quality နဲ့ FREE ချလို့ရတဲ့ Site၊ ရှိသမျှ အင်္ဂလိပ်သီချင်းအားလုံးကို နာမည်အလိုက် Free Download ချလို့ရတဲ့ Site၊ ကြိုက်တဲ့ နိုင်ငံကနေ မြန်မာနိုင်ငံကို Phone ကြိုက်သလောက် အလကား ခေါ်ဆိုလို့ရတဲ့ဆိုဒ်…။ ဟုတ်ကဲ့…။
အဲ့ဒီ့ Site တွေ တစ်ခုမှ မဟုတ်ပါဘူး..။ အဲ့ဒါတွေက ကျွန်တော် ဖြစ်ချင်တဲ့ဟာတွေကို ပြောတာပါ…။
ကျွန်တော် အခုတွေ့တဲ့ Site က Web Developing လောက၊ Blog လောကတို့မှာ ကိုယ်တိုင်ပါဝင်နေသူမဟုတ်ပါက သိပ်တော့ စိတ်ဝင်စားဖို့ မကောင်းပါဘူး..။ ဒါပေမယ့် Web Developer တွေ၊ Blogger တွေအတွက်ကတော့ ရင်ခုန်စရာကောင်း (မယ်ထင်) တဲ့ Site လေးတစ်ခုပါ..။
စာမေးပွဲရှိလို့ အရင်လို Essay တွေ မရေးဖြစ်သေးပေမယ့်..။ စာလာဖတ်ကြတဲ့သူတွေ၊ ဖွက်ထားတဲ့ ဆီဗုံးကို အညှိုးတကြီးလာရှာနေတဲ့သူတွေ၊ ဒီအ မဲကောင် ဘာတွေလုပ်နေလဲဆိုပြီး အပြင်ပန်းသာစိတ်မ၀င်စားယောင်ဆောင်ပြီး လာလာချောင်းကြည့်ကြတဲ့သူတွေအတွက် တစ်စုံတစ်ခုသော…။ အကျိုးကြီးကြီးမားမား မဟုတ်တောင်..။ စိတ်ဝင်စားဖွယ်ရာကောင်းမှာတော့ သေချာပါတယ်..။
ပေါက်ကရတွေ လျှောက်ပြောတာ တော်တော်များသွားပါပြီ..။ အမှန်က တစ်ကယ်ရေးရင် စာကြောင်းလေး တစ်ကြောင်း နှစ်ကြောင်း လောက်ပါ..။ အဲ့လို စာတစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ပို့စ်တစ်ခု မတင်ခြင်တာက တစ်ကြောင်း..။ ဘာရယ်မဟုတ်ဘူး ဖတ်လိုက်တဲ့သူတွေ ပေါ့ပေါ့ပါးပါးနဲ့ မဟူရာမဲမှောင်မှောင်နက်တို့ ဘယ်လိုတွေ ပျားတုပ်နေတဲ့အကြောင်း သိအောင်က တစ်ကြောင်း၊ ပျော်စေခြင်တာကတစ်ကြောင်း၊ Essay ရေးနေကြ ဆိုတော့ အကျင့်ပါပြီး လေကြော ရှည်နေတာကတစ်ကြောင်း…။ နောက်ဆုံးကတော့ တကယ်သိစေချင်တာက တစ်ကြောင်း (ဆရာကြီးလုပ်ချင်လို့ တင်တယ်လို့ထင်လဲ မပြောလိုပါ) စုစုပေါင်း….။ ၁ ၂ ၃ ၄ …။ ဟုတ်ကဲ့ ၅ ကြောင်းပါ…။ အဲ့ဒါကြောင့် အခုလိုရှည်သွားခြင်းဖြစ်ပါတယ်…။
အခုကျွန်တော် ပြောပြချင်တာကတော့ Who Link To Me ဆိုတဲ့ Site လေးအကြောင်းဖြစ်ပါတယ်..။ ကိုယ့် Site, Blog, Forum, Online Magazine, Online Radio စတဲ့ ဘယ် Site ကိုမဆို…။ Link ပေးထားတဲ့သူတွေ…။ Refer လုပ်ပေးထားတဲ့ Link အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကို စစ်နိုင်တဲ့…။ သို့မဟုတ်..။ သိနိုင်တဲ့ Site လေးပါ…။ တစ်ကယ် အရေအတွက် မှန်လားမမှန်လားကတော့ ဦးပေါ်ဦးပြောသလိုပါပဲ..။ မယုံရင်တော့ လိုက်သာရေကြည့်ကြပါ…။
သူတို့က ဒီလို Service ပေးထားတယ်ဆိုတာလဲ Link များများကိုယ့်ကို Refer လုပ်ပေးထားတဲ့အပေါ်မှာ မူတည်ပြီး အဆင့်သတ်မှတ်တဲ့ Google Page Rank တက်ချင်တဲ့အတွက် ဒီ Service ကိုပေးထားပုံရပါတယ်..။ ဘာလို့လဲဆိုတော့ ကိုယ့် Site ကို Link ထားတဲ့သူဘယ်လောက်ရှိလဲ သိဖို့ သူ့ Link ကို Add ရတယ်လေ..။ ကျွန်တော်ကတော့ အဲ့လိုပဲထင်ပါတယ်..။
Cateogry : Article | 7 Comments






