ဒုတိယမ္ပိ တမ်းခြင်း…
အားလုံးပဲ မင်္ဂလာပါလို့ ကျွန်တော် အရင်ဆုံး ပြောချင်ပါတယ်…။ ဒီနေ့ဟာ သိပ်ကိုထူးခြားတဲ့ နေ့ထူးနေ့မြတ်တစ်ခုမဟုတ်ပါဘူး..။ ဒီနေ့ဟာ ရက်ရာဇာမဟုတ်ပါဘူး…။ နဂါးခေါင်း ဘယ်ဘက်ကိုလှည့်နေမှန်းလဲ ကျွန်တော်မသိပါဘူး..။ လပြည့်ညလဲ မဟုတ်ပါဘူး..။ ၂၁ ရာစုရဲ့ ဈာပန အခမ်းအနား တစ်ခုလည်း မဟုတ်ပါဘူး…။ ဘာဆို ဘာမှကို ထူးခြားတဲ့ နေ့ရက်တစ်ခုမဟုတ်ပါဘူး..။ အနဲဆုံး ကျွန်တော့်ဆီမှာ ၉.၉.၂၀၀၉ ခုနှစ် ဆိုပေမယ့်..။ အချို့သော နေရာဒေသတွေမှာ ၈.၉.၂၀၀၉ သာ ရှိသေးတာကြောင့်..။ ဒီနေ့ဟာ ဘာနေ့ဆိုတဲ့ ပညတ်ချက်တစ်ခုချဖို့တောင် မသေချာ လှတဲ့ သာမန် နေ့ရက်တစ်ခုသာ ဖြစ်ပါတယ်…။
သို့သော်…
ကျွန်တော့်အတွက်တော့ ဒီနေ့ဟာ ကျွန်တော့်ရဲ့ ခပ်ကျဉ်းကျဉ်း တစ်ကိုယ်စာ ဘ၀အတွက် တစ်ထောင့်တစ်နေရာကနေ အရေးပါတဲ့ နေ့ရက်တစ်ခု ပါ။ ဘာကြောင့်လဲ? ဘာအတွက်လဲ? ဆိုရင်တော့..။ အဖြေက..။ ဒီနေ့ဟာ ကျွန်တော်ဖန်တီးခဲ့တဲ့ blackdream21 ဆိုတဲ့ ကျွန်တော့ရဲ့ ကိုယ်ပွား ၀ိဥာဉ်တစ်ခုရဲ့ နှစ်နှစ်ပြည့်တဲ့အထိမ်းအမှတ် နေ့တစ်ခုဖြစ်လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဒီဝိဥာဉ်ကို ကျွန်တော့်ရဲ့ အာရုံ..။ ခံစားချက်…။ မျှော်လင့် ချက်..။ ယုံကြည်ချက်..။ စတာ တွေနဲ့ သေသေချာချာ ထုဆစ် မွေးဖွားပေးခဲ့ခြင်းဖြစ်ပါတယ်..။ ကျွန်တော်အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ ဒီကိုယ်ပွား ၀ိဥာဉ်ကို ကျွန်တော့်ကို ကျွန်တော်ထက်ပင် ပိုချစ်ပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုအားကျပါတယ်..။ ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုလေးစားပါတယ်..။
ကျွန်တော်တွေဝေသလောက် ကျွန်တော့် ၀ိဥာဉ်က မတွေဝေပါဘူး..။ ကျွန်တော် တွန့်ဆုတ်သလောက် ကျွန်တော့် ၀ိဥာဉ်ကမတွန့်ဆုတ်ဖူး..။ ကျွန်တော့်မှာ အကန့်အသတ်၊ အတားအဆီးတွေ ရှိသလောက် ကျွန်တော့်ဝိဥာဉ်မှာ အကန့်အသတ်၊ အတားအဆီးတွေ မရှိဘူး..။ ဒါတွေဟာ ကျွန်တော် ဘယ်လိုမှ မယှဉ်နိုင်တဲ့…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ အားသာချက်တွေပါ..။
ဒီ့ထက်…။ ကျွန်တော်ဖန်တီးခဲ့တဲ့ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှုတ်ခမ်းက ကျွန်တော့်ရဲ့ နှုတ်ခမ်းထက် ရဲရင့်တယ်..။ ကျွန်တော့် ၀ိဥာဉ်ရဲ့ နှလုံးသားက ကျွန်တော့် နှလုံးသားထက် ဖြူစင်နူးညံ့တယ်..။ ကျွန်တော့် ၀ိဥာဉ်ရဲ့ အတိတ်သမိုင်းကြောင်းက ကျွန်တော့် အတိတ်သမိုင်းကြောင်းထက် အပြစ်ကင်း စင် သန့်ရှင်းတယ်…။ နောက်ဆုံး ကျွန်တော့် ၀ိဥာဉ်ရဲ့ အရိပ်က ကျွန်တော့်အရိပ်ထက် ပြတ်သား ထင်ပေါ်တယ်…။ အရင်က ကျွန်တော့်ကို မှီခိုပြီး ဒီဝိဥာဉ်ဖြစ်တည် ပေါ်ပေါက်လာခဲ့တယ်..။ အခုတော့ ဒီဝိဥာဉ်ကို ကျွန်တော် ပြန်လည် ရို့ကျိုး မှီခိုနေရပြီ….။ အခုဆို..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ကို ကိုယ်စားပြုခဲ့တာ နှစ်နှစ်ဆိုတဲ့ ကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်…။
ကျွန်တော့် ၀ိဥာဉ်က စကားတွေပြောပေးခဲ့တယ်..။ ကျွန်တော့်ဝိဥာဉ်က ကျွန်တော်မသိတဲ့ လူသား တွေရဲ့ နုလုံးသားကို နူးညံ့သိမ်မွေ့စေခဲ့တယ်..။ ရဲရင့် တက်ကြွစေခဲ့တယ်..။ တည်ငြိမ် ရင့်ကျတ်စေ ခဲ့တယ်..။ အလင်းရောင်တွေ ဖြန့်ကျဲပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မရောက် နိုင်တဲ့၊ ကျွန်တော် မရောက်ဖူးတဲ့ နေရာတွေ အထိခရီး ဆက်ပေးခဲ့တယ်..။ ကျွန်တော့် ၀ိဥာဉ်က ကျွန်တော် မသိတဲ့သူတွေရဲ့ ခံစားချက် တွေကို မျှဝေခံစားပေးခဲ့တယ်…။ နှစ်သိမ့်ဖြေဖျောက်ပေးခဲ့တယ်…။ ကျွန်တော့် ကိုယ်စားပေါ့…။ ကျွန်တော့်ကို လူတွေမသိကြပေမယ့် ကျွန်တော့် ၀ိဥာဉ်ကို လူတွေ ချစ်ကြတယ်..။ အခုဆို ကျွန်တော့် ၀ိဥာဉ်က ကျွန်တော့်ထက်ပင် လူချစ်လူခင် ပေါများခဲ့ပါပြီ…။
တစ်ခါတစ်လေ ကျွန်တော်လဲကျတဲ့အခါမျိုးတွေမှာ..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့် ၀ိဥာဉ်ကိုမှီပြီး ပြန်ထခဲ့ရတယ်..။ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့်ဝိဥာဉ်ကပေးတဲ့ အလင်းတန်းနဲ့ မောဟအမှောင်တွေကို အကြိမ်ကြိမ် တိုက်ဖျက်ခဲ့ရတယ်..။ ကျွန်တော့်ရဲ့ ၀ိဥာဉ်ဟာ ထွက်ပေါက် ပျောက် နေတဲ့ ၀ိဥာဉ်တွေ အားလုံးအတွက် ထွက်ပေါက်အဖြစ် လည်စင်းပေးခဲ့တယ်..။ ခင်ဗျားတို့အတွက်..! ကျွန်တော့အတွက်….! ဒီ ၀ိဥာဉ်ဟာ တစ်ခါတစ် လေ အိပ်မက် မက်တယ်..။ အဲ့ဒီ့ အိပ်မက်ထဲမှာ ခင်ဗျားတို့ရဲ့ အိပ်မက်တွေအကြောင်းလဲပါတယ်…။ ကျွန်တော့်အိပ်မက်တွေအကြောင်းလဲပါတယ်..။ အဲ့ဒီ့ည အမှောင်နဲနဲကျနေပေမယ့်..။ ကျွန်တော်တို့ အိပ်မက်တွေ ဒီ အနက်ရောင်အိပ်မက်တစ်ခုရဲ့ ၀ိဥာဉ်ထဲမှာ စုံစည်းခဲ့ကြတယ်…။
*******************************************************************
တစ်နှစ်ထက် တစ်နှစ် ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေ။ အတွေ့အကြုံတွေ..။ များလွန်းလှပါတယ်။ တိုးတက်တာတွေလည်း ရှိမယ်..။ ဆုတ်ယုတ် တာတွေလည်း ရှိမယ်..။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်လျှောက်ခဲ့ပါတယ်..။ ဒီခရီးတစ်ခုကို ကျွန်တော်ရဲ့ အရင် လျှောက်ခဲ့တဲ့သူတွေ..။ ကျွန်တော်နဲ့ အတူ လျှောက်ခဲ့တဲ့သူတွေ…။ ကျွန်တော့်နောက်မှ လျှောက်ခဲ့တဲ့သူတွေ….။ တစ်ချို့လည်း ကျွန်တော်နဲ့ အတူ ဆက်လက် လျှောက်လှမ်းနေကြတုန်း ရှိနေသလို..။ တစ်ချို့လည်း လမ်းခွဲနှုတ်ဆက်ခဲ့ကြပါပြီ..။ ကျွန်တော်တို့တွေ တွေ့ဆုံခဲ့ကြတယ်..။ ကျွန်တော်တို့တွေ ရင်ခုန်မျှဝေခဲ့ကြတယ်..။ ကျွန် တော်တို့တွေ ခံစား၊ နားလည်ပေးခဲ့ကြတယ်..။ ကျွန်တော်တို့တွေ အတူတကွ ရယ်မောခဲ့ကြတယ်..။ အတူတကွ ကြေကွဲဆို့နင့်ခဲ့ကြတယ်..။ ဒါတွေ အားလုံးဟာ အချိန်တန်တော့လည်း…။ လမ်းခွဲနှုတ်ဆက်ခြင်း မှတ်တိုင်မှာ လက်ပြနှုတ်ဆက်ခဲ့ကြတယ်…။ ဒီလို ခရီးတစ်ထောက်မှာ နှုတ်ဆက်သွား ကြတဲ့ ရောင်းရင်းတွေ အားလုံး ကိုယ်စီ ကိုယ်စီ ဆက်လက်လျှောက်လှမ်းတဲ့ ခရီးအသီးသီးမှာ အဆင်ပြေ ချောမွေ့ကြပါစေလို့ ကျွန်တော် ဆုတောင်း ပါတယ်…။
Cateogry : Personal | 43 Comments
၂၅ နှစ်မြောက် ငွေရတုမင်္ဂလာနှစ်ပတ်လည်

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဒီဆုတောင်းလေးပါလာပါပြီ..။ အခုလို စီစဉ်နိုင်ဖို့အတွက် လူအားရော၊ ငွေအားရော အစစအရာရာ ကူညီ ပေးခဲ့ကြတဲ့ သူငယ်ချင်း ၀င့်ဟန်၊ ကြော်ငြာထည့်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မရမက ခိုးထုတ်ပေးတဲ့ ညီမငယ် ပုံ့ပုံ့တို့နဲ့ မနေ့က ကျွန်တော်ရေးခဲ့တဲ့ ပို့စ်မှာ လာရောက်ဆုတောင်းပေးကြတဲ့ ညီအစ်ကို မောင်နှစ်မတွေအားလုံးအား အထူးပင် ကျေးဇူးတင်မိပါကြောင်း….။
Cateogry : News , Personal | 15 Comments
ကျွန်တော်တို့တွေ…
နိဒါန်း
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးး…………တစ်အိမ်လုံးဆူညံနေတာပဲ… အစောကြီးရှိသေးတယ်…။ ဘယ်လိုမှကို ဆက်အိပ်လို့မရဘူး….။”
ကျွန်တော် အသားကုန် ကြုံးအော်လိုက်ပါတယ်…။ ခဏတော့ တစ်အိမ်လုံး ကြောင်ပြီး ကျွန်တော့်ကို ၀ိုင်းကြည့်နေကြပါတယ်…။ သိပ်မကြာလိုက်ပါ ဘူး တစ်ယောက်တစ်ပေါက်နဲ့ အားရပါးရ ၀ိုင်းလှောင်ကြပါတော့တယ်….။
“အံမယ်…။ အိပ်လို့မရဘူးသာ လျှောက်အော်နေတာ…။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး ကိုကြီးရယ်…။ ရေချိုး၊ အ၀တ်အစားလဲပြီးလို့ ရေမွှေး နံ့တစ်ထောင်းထောင်းနဲ့….။ ဘယ်အချိန်ကတည်းက အစောကြီးထပြီး ပြင်ထားမှန်းတောင်မသိဘူး…။ ဒီမှာ ဘယ်သူမှတောင် မျက်နှာမသစ်ရသေး ဘူး…”
ကျွန်တော့်ညီမမှ ဆက်တိုက်ပြစ်လိုက်သော စကားလုံးများ ကြားမှ ကျွန်တော် ကိုယ့်ကိုယ်ကို နဲနဲပြန်သတိထားမိသွားပါတယ်..။ အနဲငယ် အံ့သြသလို လည်း ဖြစ်သွားပါတယ်…။ ကျွန်တော့်အခန်းဟာ ရေချိုးခန်း၊ အိမ်သာ တွဲလျှက်မဟုတ်ပါဘူး။ အောက်က အခန်းက ပြင်ထားတဲ့အတွက် သုံးလို့မရ ပါ။ အပေါ်မှာ အဖေတို့အခန်း…။ ကျွန်တော် ဘယ်အခန်းတွင် ၀င်ချိုးလိုက်မှန်းမသိပါ…။ ဒါပေမယ့် ခဏပါပဲ..။ ကျွန်တော့်အတွက် ဒါအဆန်းမဟုတ် တော့ပါ..။ အိပ်ယာကထရင် အိပ်ချင်မူးတူးနဲ့ လုပ်စရာရှိတာတွေ ဒါမှမဟုတ် လုပ်ချင်တာတွေလုပ်ပြီး တစ်ခါတစ်လေ ပြန်အိပ်ပျော်သွားပြီး နိုးလာမှ ကိုယ်ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို မမှတ်မိတာမျိုးတွေ ခဏခဏပါ..။
“ဟေ…။ အေး…။ ဟုတ်လား…။ ဟီး ဟီး…။ ဆောတီး ဆောတီး…။ မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်…။ ဖြဲချင်တဲ့ စိတ်ကများသွားလို့ ဟဲ ဟဲ”
“သေနာလေး…။ ငါ့မှာလန့်သွားတာပဲ ဘာများဖြစ်တာလဲလို့….။” ဒါက မာတာမိခင်ရဲ့ တိုက်စစ်….။
“အဖေရာ…? အဖေ….?”
” နင့်အဖေ အိမ်သာတက်နေတာ တစ်ကမ္ဘာလောက်ရှိပြီ..။ အခုထိမပြီးသေးဘူး…။ ကျန်တဲ့ရေချိုးခန်းတွေ မနေ့က ခြံထဲက အလုပ်သမားတွေလာ ပြီး ပြန်ပြင်ထားလို့ အဲ့ဒီ့တစ်ခန်းပဲ အားတာ…။ အဲ့ဒါ နင့်အဖေက ဇိမ်စွဲပြီး လုပ်နေလို့ ငါရော နင့်ညီမရော အခုထိ ရေမချိုးရသေးဘူးဟေ့…။”
သြော်….။ တစ်ခုပြောပြရဦးမယ် ကျွန်တော့် ဖခမည်းတော်က အိမ်သာတက်ရင် စာအုပ်တစ်အုပ်မဟုတ် တစ်အုပ်ပါမှ တက်တတ်ပါတယ်..။ အဲ…။ အိမ်သာထဲ ၀င်သွားပြီဆိုရင်လည်း မသိရင် အိမ်သာထဲဝင်ပြီး နားအေးပါးအေး စာထိုင်ဖတ်နေတာလား…။ အိမ်သာသွားတတ်တာလား ခွဲခြားမရ အောင်ကို ကြာပါတယ်…။ တစ်ခါက အပြင်က ပြန်လာတုန်း ကမူးရှူးထိုးနဲ့ အိမ်သာထဲဝင်မယ်ဆိုပြီး တွေ့ကရာ စာအုပ်ဆွဲသွားလိုက်တာ အဲ့ဒီ့တုန်းက ကျွန်တော့်ညီမ သင်နေရတဲ့ သူငယ်တန်း ဖတ်စာအုပ်ကြီး ပါသွားလေရဲ့ဗျာ….။ တကယ့်ကို စံပါပဲ…။
” ငါ့အကြောင်း ဘာတွေအတင်းတုပ်နေတာလဲ…။ အကုန်ကြားတယ်…။ မင်းတို့ သားအမိတွေ အူကြောင်ကြောင်မလုပ်နဲ့…”
“အဲ့….သရဲ”
ကျွန်တော်တို့အားလုံး ကြောင်သွားပါတယ်..။ အသံပဲ ကြားရပြီး လူမမြင်ရဘူးလေ…။
“၀ါးးးးးးးး…..ဟား…ဟား…ဟား…။ ဒီလိုလုပ်လို့ရရိုးလား…”
မှားပါတယ် အဖေရယ်….။ ကျွန်တော်တို့တိုက်က နှစ်ထပ်ပါ..။ အပေါ်ထပ်ကိုတက်တဲ့ လှေခါးက နှစ်ဆင့်ပါ…။ ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြား မှာ အမြင့်ပေ ၂၀ လောက်ရှိတယ် ဇီးမှန်တစ်ချပ် အပြည့်တပ်ထားပါတယ်..။ အဲ့ဒီ့မှာ လိုက်ကာအရှည်ကြီးတွေလည်း တပ်ထားပါတယ်…။ အဲ့ဒီ့ လိုက်ကာကြားထဲ ကျွန်တော့်အဖေ ဘယ်အချိန်ကတည်းက ၀င်ပုန်းနေမှန်းမသိပါဘူး…။ သူ့အသံဗြဲကြီးနဲ့ ကလေးတွေလို “တူတူရေ…၀ါး” လုပ် လိုက်မှပဲ ကျွန်တော်တို့မှာ အဖြစ်မှန်ကို သဘောပေါက်သွားပါတော့တယ်…။
Cateogry : Essay , Personal | 25 Comments
အိပ်မက် နိဒါန်း
မတ်လ ၁ ရက်နေ့ ၂၀၀၆ ခုနှစ်
ညနေ : ၄း၀၀
Golden Triangle Cafe, ပြင်ဦးလွင်။
နိဒါန်း
“ဒီနေ့ ဘာနေ့လဲသိလား..?” လို့ ကျွန်တော်မေးလိုက်တော့…။
” အင်း….နေဦး…။ တို့ကနေ့တွေ ရက်တွေ သိပ်မှတ်လေ့မှတ်ထမရှိဘူး…။ အမှတ်တမဲ့ပဲ…။ ဘာနေ့များပါလိ့မ်…။”
“ဟာ…ဟ ကျွန်တော်နဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ပဲ…”
ဒီလိုနဲ့ပဲ ကျွန်တော်နှင့် သူမကြားမှာ လားရာတူသော ဆန့်ကျင်ဘက် ဦးတည်ချက်များနဲ့ စတင်ခဲ့ပါတယ်။ သဘာဝရဲ့ သဘောတစ်ရားတစ်ခုမှာ ခပ်သိမ်းသော အရာတွေဟာ လားရာတူရင် ဦးတည်ချက်တူကြပါတယ်..။ ဦးတည်ချက်တူတဲ့အရာများဟာလဲ လားရာတူတက်ကြပါတယ်…။ ကျွန်တော်နဲ့ သူမအတွက်ကတော့ ခံစားမှုဆိုသောလားရာများတူခဲ့ကြပေမယ့် ခံယူချက်တည်းဟူသော ဦးတည်ချက်တို့ ကွဲပြားခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ ဒါကိုကလည်း သူမနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲများကို ပိုမိုခိုင်ခံ့စေခဲ့တဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်..။ ဆန့်ကျင် ဘက် ဦးတည်ချက်နှစ်ခုဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာတော့ သေချာပေါက် တွေ့ဆုံကြမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်..။
အခန်း (၁)
“ပြောစမ်းပါဦး…။ ဒီနေ့က ဘာနေ့မို့လို့လဲ…” သူမက ကျွန်တော့်မျက်ဝန်းတွေကို သေသေချာချာစူးစူး စိုက်စိုက်ကြည့်ပြီးမေးလိုက်ပါတယ်။
“အိုကေလေ…။ သိချင်တယ်ဆိုတော့လဲ ပြောပြရမှာပေါ့…။ ဇာတ်လမ်းကတော့…”
” Coffee ရပါပြီ…”
” သြော…။ Okay..! သူ့ကို Cappachino ပေးလိုက်ပါ…။ ကျွန်တော်က Espresso Double…!
“အင်း…။ ဆက်စမ်းပါဦး…။”
“သြော်…။ အိုကေ…။ ခဏ….”
“ချွင်….”
ကျွန်တော် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပါတယ်…။ ပြီးတော့ Espresso ရဲ့အရာသာကို နဲနဲမြည်းကြည့်လိုက်တယ်…။
“အင်း…။ ဒီနေ့ ကော်ဖီက ခါတိုင်းထက် နဲနဲပိုပြင်းတယ်ဗျ…”
ကျွန်တော်တို့သည် တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို လေးလေးနက်နက်ပေါ့ပါး ပြစ်တတ်ကြဖို့လိုပါတယ်….။ တစ်ခါတစ်ရံ တစ်စုံတစ်ခုကို မေ့ ဖျောက်ဖို့… တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် သတိရနေဖို့လိုပါတယ်…။ မများလှတဲ့လောကရဲ့ လှည့်ကွက်တွေကြားမှာ တစ်ခါတစ်ရံ ကျွန်တော် တို့က လောကကို ပြန်လည်လှည့်စားဖို့ အခွင့်အရေးတွေရတတ်ကြပါတယ်…။ ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အသက်ရှူသံတွေကို ဦးနှောက်နဲ့အပြည့်ဖြန့်ကျက်ထားဖို့လိုပါလိမ့်မယ်…။ အဲ…။ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ဆိုရင်တော့ သူမ မျက် ၀န်းက အကြည့်တွေကို စက္ကန့်မလပ် ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ အပြည့် သိမ်းဆည်းထားတတ်ဖို့လိုတာပေါ့…။
Cateogry : Essay , Personal | 21 Comments
ပထမမြောက် မှတ်တိုင်

poll
ကျွန်တော် Blog ရေးသားခြင်းကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ မှ စတင်ရေးသားခဲ့ပါ တယ်…။ စတင်ရေးသားချိန်မှ ယခုလက်ရှိအချိန်ထိ တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်မှား၊ အတွေ့ အကြုံများအားလုံးကို ကျွန်တော့်ရဲ တစ်နှစ်ပြည့် Post မှာတုန်းက တော်တော်များများ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်…။
ဒီလိုပါပဲ…။ ကျွန်တော် လျှောက်လှမ်းခဲ့တဲ့ ကာလလေးတစ်ခုမှာ Blog စာမျက်နှာနဲ့ Blog လောကမှာ ကျွန်တော်ဖန်တီးခဲ့တဲ့ အနက်ရောင်အိပ်မက်တွေကို မှတ်တိုင်လေးတစ်ခု သို့ မဟုတ် အမှတ်တရ မှတ်တမ်းလေးတစ်ခု စိုက်ထူဖို့ (သို့မဟုတ်) တိုင်းတာဖို့ ကျွန်တော်ကြိုး စားခဲ့ပါတယ်…။ အဲ့ဒါကတော့ ကျွန်တော်ရေးခဲ့တဲ့စားများကို လာရောက်ဖတ်ရှုကြသော သူများ နှင့် Blogger ညီအစ်ကို မောင်နှမများ၏ သဘောထားများကို တောင်းခံခဲ့ခြင်းဖြစ်ပါတယ်..။
၂၀၀၈ ခုနှစ် ဇန်န၀ါရီလတစ်ရက်နေ့ မှာ စတင်ခဲ့တဲ့ မှတ်တမ်းဟာ ဒီနေ့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လ ၁ ရက်နေ့ မှာ တစ်နှစ်ပြည့် ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်…။ ကျွန်တော် လျှောက်လှမ်းခဲ့ပါတယ်…။ ယခုလဲ ကျွန်တော်ဆက်လျှောက်နေဆဲပါ…။ နောင်ကိုလည်း ကျွန်တော့် အိပ်မက်တွေ ရှင်သန် နေသ၍ ဆက်လက် လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်…။
အနက်ရောင်အိပ်မက်တစ်ခု၏ ၀ိဥာဉ်များအား ယနေ့ထက်ထိ ရှင်သန်နေအောင် အားပေးခဲ့ ကြသော အားလုံးသော စာဖတ်သူ အပေါင်းနဲ့ Blogger ညီအစ်ကို မောင်နှမများအားလုံးအား အထူးကျေးဇူးတင်၊ တန်ဖိုးထားကြောင်း ပြောကြားရင်း ၂၀၀၉ ခုနှစ်အတွက် ကျွန်တော့်ရဲ့ Blog စာမျက်နှာကို စတင်ဖွင့်လှစ်လိုက်ပါတယ်…။
P.S- မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ (BLACK DREAM)
Cateogry : News , Personal | 17 Comments






