Goodbye Palo Maldini


GOODBYE CAPITANO!!!
YOU ARE NOT ONLY THE BEST PLAYER, BUT ALSO A GOOD LEADER AND IDOL FOR THE YOUTH. I RESPECT YOU WITH ALL OF MY HEART, MY SOUL…!
YOU’LL BE STILL LIVING TOGETHER, FOREVER WITH THE SOUL OF ITALY, AC MINLAN AND ME…!
AS A BEST PLAYER, AS A GOOD CAPTAIN!!!
MAY GOD BLESS AC AND ITALY FOREVER, FOR THE SAKE OF
THE LIVING LEGEND CAPTAIN, PALO MALDINI…!!!
GOODBYE!

ပိတ်ထားသော တံခါးများ…
နိဒါန်း
အနဲဆုံးတော့…
တံခါးတစ်ချပ်ရဲ့ တစ်ဘက်မှာ မျှော်လ့င်ချက် နှစ်ခုရှိတယ်
တစ်ခုက အကောင်းဆုံးတွေ…။ နောက်တစ်ခုကတော့ ဆန့်ကျင်ဘက် ရလဒ်။ ။
BLACK DREAM
တစ်ခါက သိပ်အေးချမ်းတဲ့ မြို့လေးတစ်မြို့ရှိခဲ့ဖူးတယ်…။ အဲ့ဒီ့မြို့လေးမှာ သာယာမျှတတဲ့ ရာသီဥတုရှိတယ်..။ နူးညံ့ကြင်နာတတ်တဲ့ မြို့သူမြို့ သားတွေရှိတယ်…။ ပေါများ ကြွယ်ဝတဲ့ စားကုန်၊ ထွက်ကုန်တွေရှိတယ်။ ဘာသာတရားရဲ့ လုံခြုံတဲ့ နွေးထွေးစောင့်ရှောက်မှု ရှိတယ်။ ခြုံပြောရရင် ဒီမြို့လေးဟာ သိပ်ကို ပျော်စရာကောင်းတဲ့ မြို့လေးတစ်မြို့ပေါ့..။ ဒီမြို့မှာ နေထိုင်ကြတဲ့ မြို့သူမြို့သားတွေ အားလုံးကလည်း ဒီမြို့ လေးကိုချစ်ကြ တယ်…။ ဒီမြို့လေးက နယ်ခံတွေမပြောနဲ့ အခြား မြို့ရွာတွေကနေ လာရောက်လာပတ်ကြတဲ့ ဧည့်သည်တွေ၊ ကုန်သည်တွေကအစ ဒီမြို့လေးကို နှစ်သက် သဘောကျကြတယ်…။
ဒီမြို့လေးရဲ့ သာယာလှပမှု၊ မြို့ခံ မြို့သူ၊ မြို့သားတွေရဲ့ နွေးထွေးကြင်နာတတ်မှု၊ ရိုင်းပင်းကူညီတတ်မှု၊ စိတ်သဘောထားမြင့်မြတ်ကောင်းမွန်မှု တို့ကြောင့်…။ ဒီမြို့လေးရဲ့ သတင်းဟာ ပတ်ဝန်းကျင်မြို့တွေရဲ့ အကြားမှု သင်းပျံ့လို့သာ နေပါတယ်…။ ကဗျာဆန်ဆန်ပြောရရင် ဒီမြို့လေးနဲ့ မြို့သူမြို့ သားတွေဟာ..။ လှပတဲ့ သံဇဉ်တစ်ခုနဲ့ စူးရှထိရောက်တဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ သီချင်းတစ်ပုဒ်လိုပဲ သိပ်ကို လိုက်ဖက်ညီလွန်းခဲ့ တယ်..။ ဘယ်မြို့ခံကမှ ဒီမြို့လေးကို စွန့်သွားကြဖို့ကို လက်တွေ့မပြောနဲ့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးခဲ့ကြဖူး..။ ဘယ်လိုလူမျိုးကများ ဒီလောက်သာယာ လှပတဲ့ မြို့လေးကို စွန့်ခွာသွားခြင်ပါ့မလဲ…။ ဒါဟာ သိပ်ကို သဘာဝကျတဲ့ သဘောတရားတစ်ခုပေါ့…။
ဒီလိုသာယာလှပမှုတွေ ကောင်းခြင်းတရားတွေနဲ့ ပြည့်ဝနေတဲ့ မြို့ကလေးအပေါ် တစ်နေ့မှာတော့ ဘယ်သူကမှ မထင်မှတ်ထားခဲ့တဲ့ ဘေးဆိုးတစ် ခုကျရောက်ခဲ့တယ်…။ လူတွေဟာ တစ်ကယ်ကို တုန်လှုပ်ချောက်ခြားခဲ့ရတယ်…။ သွေးပျက် အံ့သြခဲ့ရတယ်..။ နှလုံးကွဲကျေ ပျက်စီးခဲ့ရတယ်..။ ဒီလိုအဖြစ်ဆိုးမျိုးတွေ သူတို့ မြို့လေးအပေါ် ဘယ်တော့မှ ကျရောက်လာလိ့မ်မယ်လို့ ဘယ်သူကမှ မထင်မှတ်ထားခဲ့ကြဖူးလေ..။ ဒီအဖြစ်အပျက် ဆိုးကြီးကို မြို့ခံတွေတင်မကဘူး..။ အခြား အနီးနားပတ်ဝန်းကျင်က မြို့တွေကပါ အံ့သြ တုန်လှုပ်ခဲ့ကြတယ်..။ သူတို့လည်း ထင်မထားခဲ့ကြဖူးတဲ့ လေ..။ ဒါပေမယ့် ဒါတွေဟာ တစ်ကယ်တမ်း ဖြစ်လာခဲ့တယ်…။
သူတို့နေတဲ့ မြို့လေးရဲ့ မြို့အ၀င် လမ်းမှာ “တံခါး” ကြီးတစ်ချပ် ထူးဆန်းစွာ ပေါ်လာခဲ့တဲ့ နေ့ကစလို့ပေါ့….။
အခန်း (၁)
မြို့သူ မြို့သားတွေဟာ တကယ်ကို အံ့သြတုန်လှုပ်ခဲ့ကြရတယ်…။ ဒီတံခါးပေါ်လာတဲ့ နေရာဟာ သူတို့ မြို့လေးရဲ့ အဓိက ဆက်သွယ်မှု လမ်း ကြောင်း နေရာဖြစ်တယ်..။ ဒီနေရာကို ဖြတ်သန်းပြီး တစ်မြို့နဲ့ တစ်မြို့ကုန်သွယ် စီးဆင်းကြရတယ်..။ ကူးလူးဆက်ဆံကြရတယ်..။ ဒီလမ်းကြောင်း လေးကို မှီခိုပြီး သူတို့ရဲ့ မြို့လေး ဖွံ့ဖြိုး၊ သာယာစိုပြေအောင် ကြိုးစားကြရတယ်..။ ဒီလမ်းကြောင်းလေးဟာဆိုရင် သူတို့မြို့လေးအပါအ၀င် အခြား ပတ်ဝန်းကျင်မြို့လေးတွေနဲ့ ပူးပေါင်းပြီး တည်ထောင်ထားတဲ့ စာသင်ကျောင်းလေးရှိရာကို သွားတဲ့ လမ်းကြောင်းလေး တစ်ခုလဲ ဖြစ်တယ်။ အခုလို ဒီတံခါးကြီးသာ လမ်းကြောင်းပေါ်မှာ ဆက်လက်ပိတ်ဆို့နေပါက…။ သူတို့မြို့လေးမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးဟာ အခြားမြို့က လူငယ်တွေ ရဲ့ ခပ်ဝေးဝေးမှာ ကျန်ခဲ့လေတော့မည်…။
သူတို့နားမလည်နိုင်တာ တစ်ခုလည်းရှိသေးသည်။ ဒီတံခါးက ဘာကြောင့်ပေါ်လာခဲ့ရသလဲ..။ ဘယ်သူကြောင့်လဲ…။ ဘာအတွက်လဲ..။ မေးခွန်း ပေါင်းများစွာက မြို့ခံတွေရဲ့ အတွေးတွေကို ရှုပ်ထွေးစေခဲ့ပါတယ်..။ အကြောင်းအရာ တစ်ခုတိုင်းမျာ အကျိုးတရား တစ်ခုတော့ ရှိရမည် ဖြစ်သည်။ ထို့အတူ အကျိုးဆက်တစ်ခုအတွက်အလည်း ခိုင်လုံသော အကြောင်းအရာ တစ်ခုတော့ ရှိနေဖို့ လိုပါလိ့မ်မယ်..။ ဒါဟာ ငြင်းဆန်မရတဲ့ လောကရဲ့ နိယာမတစ်ခုပါပဲ..။ သို့သော် တစ်ခါတစ်လေတွေ ထိုကဲ့သို့ အကြောင်းအကျိုး ဆက်စပ်လို့မရသော အခြေအနေများလည်း ရှိလာနိုင်ကြောင်းကိုမူ သူတို့ မြို့ခံတွေအနေနဲ့ ယခုမှသာ နောက်ကျစွာ သိမြင်ခဲ့ရပြီ ဖြစ်ပါတယ်…။
အတိတ်ကို ပြန်ကောက်ရင်..။ သူတို့ရဲ့ လိုအပ်ချက်တွေ မသိနားမလည်မှုတွေကြောင့်ပဲ ဒီတံခါးဟာ ပေါ်ပေါက်ခဲ့ရပါသလော…? အခု ဒီတံခါးကြီး ပေါ်လာခြင်းဟာ သူတို့တွေအတွက် ကောင်းခြင်းကို ဖြစ်စေမည်လော..? သို့မဟုတ် ဆိုးရွားသော အခြေအနေတစ်ရပ်ကို သယ်ပိုးလာခြင်းလော..? မည်သူမျှ အတတ်မပြောနိုင်ကြပေ..။ သို့သော် သေချာတာတစ်ခုတော့ရှိသည်။ လတ်တလော ထိုတံခါးကြီး ရုတ်တရက်ပေါ်ပေါက်လာသောကြောင့် သူတို့ရဲ့ အလုပ်အကိုင်များ၊ ပတ်ဝန်းကျင်မြို့များနှင့် ဆက်ဆံသွားလာမှုများ၊ တိုးတက်အောင်မြင်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လို အပ်သော ပညာရေးဆိုသည့် အလင်းတန်း တစ်ခုရရှိစေရေးအတွက် အခက်အခဲများကတော့ ကြုံတွေ့ရင်ဆိုင်လိုက်ကြရပြီ ဖြစ်ပါတယ်..။

ဆင်ခြေ…
ကျွန်တော် ဒီရက်ပိုင်း စာမရေးဖြစ်ပါ..။ ဘယ်မှလည်း မရောက်ဖြစ်ပါ..။ အတိအကျ ပြောရရင် Blog လောကနှင့် အဆက်အသွယ် ပြတ်နေပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အောက်ပါ အကြောင်းအရင်းများကြောင့်ဟု ကိုယ့်ဘာသာ ခေါင်းစဉ်တပ်လိုက်ပါသည်..။
၁။ ဦးနှောက်စက်ရုံ အတွက် ကုန်ကြမ်းရှားပါးလာခြင်း။
၂။ ရေးပြီးသောစာများအား အားရကျေနပ်မှုမရှိသောကြောင့် မတင်ဖြစ်ခြင်း။
၃။ ရေးလိုက်သော စာများအား, အားရ ကျေနပ်လွန်းအားကြီးသောကြောင့် မတင်ဖြစ်ခြင်း။
၎။ စာရေးလိုက်တိုင်း လက်များ ဘရိတ်ပေါက်ပေါက်သွားသောကြောင့် အရှိန်သတ်ထားခြင်း။
၅။ စာရေးခြင်းထက် နည်းပညာပိုင်းနှင့်ဆိုင်သောဘက်တွင် အနဲငယ် ပိုမို အာရုံရနေခြင်း။
၆။ လုပ်ခြင်တာများ များနေသောကြောင့် ဘာမှ လုပ်မရခြင်း။
၇။ မု့န်ဖိုးရလိုရငြား ကိုယ်တတ်သည့်ပညာလေး (မဖြစ်စလောက်) နှင့် တစ်ဘက်တစ်လမ်းမှ ၀င်ငွေရှာနေခြင်း။
၈။ စာမေးပွဲများ မဟားတရား နီးကပ်လာခြင်း။
၉။ စာကျက်ရန် စာအုပ်နှင့် Lecture များ ရှာမရခြင်း။
၁၀။ စာရေးခြင်စိတ် အလျဉ်းမရှိခြင်း။
မည်သို့ပင် ဖြစ်စေ..။ ကျွန်တော် ဘလော့မပိတ်ပါ..။ ရပ်ပါဦးမည်…။ ပြန်ရေးနေပြီ ဆိုပြီး ပိတ်လိုက်ဖွင့်လိုက် လုပ်မည်လည်းမဟုတ်ပါ..။ အရေးကြဲ ခြင်းသာလျှင် ရှိမည်ဖြစ်ပါသည်…။ မရေးခြင်တဲ့ အဆုံး ပြစ်ထားရုံမှလွဲ…။ ကျွန်တော်ဘာမှလုပ်မည်မဟုတ်ပါ…။
ကျွန်တော့်အတွက် မနက်ဖြန်များစွာ ရှိနေပါသေးသည်..။ ထို့ကြောင့် ကျွန်တော့်တွင် ဖက်တွယ်ထားသော အိပ်မက်များစွာလည်း အတိအကျရှိနေပါ သေးကြောင်း…။
P.S- မကြာမှီ လာမည်….။ မျှော်….။

Crossing Over

ဇာတ်လမ်း
ကျွန်တော်မနေ့က မထင်မှတ်ပဲ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်ပါတယ်..။ ကားနာမည်က Crossing Over ပါ..။ နာမည်ကြီး ၀ါရင့်မင်းသားကြီး Harrison Ford ပါဝင်သရုပ်ဆောင်ထားပါတယ်..။ ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားက သာမန်အားဖြင့် Drama အမျိုးအစားလို့ သတ်မှတ်လို့ရ ပေမယ့်…။ Crime အမျိုးအစားထဲမှာလည်း အကျုံးဝင်နေပါတယ်..။ ဘယ်လို Crime မျိုးလဲဆိုရင်တော့ Emotional Crime လို့ပဲ သတ်မှတ်ရ မလား..။ Human Rights Crime လို့ပဲ သတ်မှတ်ရမလား..။ ကြည့်ရှုခံစားသူရဲ့ View Of Point ပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်..။
ဇာတ်လမ်းရဲ့ အဓိက ကျောရိုးက United State မှာ Illegally နေထိုင်သူများ..။ US ရဲ့ ကမ္ဘာကျော် Green Card ကို ရရှိဖို့ကြိုးစားနေသူများ၊ US Citizen ဖြစ်ဖို့ ကြိုးစားနေသူများအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်…။
သုတ
ဒီဇတ်လမ်းက ပေးသွားတဲ့ အချက်အလက်တွေ..။ စဉ်းစားစရာတွေကတော့ တကယ်ကို ဒုနဲ့ဒေးပါ…။ အထူးသဖြင့် ဒီဇာတ်လမ်းကို US မှာနေထိုင် နေကြသူများ..။ US ကို သွားဖို့ ဘ၀နဲ့ရင်းကာ ကြိုးစားနေကြသူများ…။ US နိုင်ငံအပါအ၀င် (အခြားမည်သည့်နိုင်ငံတွင်မဆို) Citizenship ခံယူ ဖို့ ကြိုးစားနေသူများ မကြည့်မဖြစ် ကြည့်သင့်ပါတယ်…။ သူများ တိုင်းတစ်ပါးနိုင်ငံတစ်ခုဟာ သူတို့ တိုင်းပြည်အကျိုးနဲ့ ပတ်သတ်လာရင် ဘယ်လို လူမျိုးရေးခွဲခြားတယ်…။ ဘယ်လို လူအခွင့်အရေးတွေကို လက်တစ်လုံးခြား လုပ်သွားတယ်ဆိုတာတွေကို ပညာသားပါပါနဲ့ တင်ဆက်ရိုက်ကူးထား ပါတယ်…။
ရသ
ဒီဇာတ်ကားထဲမှာ ကိုယ့်ရဲ့သားငယ်အပေါ်ထားရှိတဲ့ Mexico အမျိုးသမီး မိခင်တစ်ဦး ရဲ့ မေတ္တာတရားတစ်ခု။ မိဘမေတ္တာကို ခေါင်းပါးစွာ ငတ်မွတ် နေတဲ့က Nigeria လူမျိုး ကလေးငယ်လေးတစ်ယောက်ရဲ့ မျှော်လင့်ချက်..။ အောင်မြင်မှုတစ်ခု (US တွင် Green Card ရကာ အခြေချ နိုင်ဖို့အပါအ၀င်) အတွက် ဘ၀နဲ့ လဲကာ အားထုတ်ခဲ့တဲ့ Australia မိန်းကလေးတစ်ဦးရဲ့ အိပ်မက်တစ်ခု…။ မတရားမှုတစ်ခုအား စာသင်ခန်း၏ သင်ခန်းစာတစ်ခုအတွင်း ယုံကြည်မှု အပြည့်၊ မျိုးချစ်စိတ်ဓာတ်ရှိရှိဖြင့် ရှင်းပြသွားလို့ ဒုက္ခရောက်သွားတဲ့ Iraq ကျောင်းသူလေးနဲ့ သူ့မိသားစုရဲ့ အနာဂတ်တစ်ပိုင်းတစ်…။
အနုပညာ ဖန်တီးမှု
သရုပ်ဆောင်များရဲ့ ၎င်းတို့ရဲ့ ရင်ထဲက ခံစားချက်များကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုများ…။ အခြေခိုင်ပြီး လေးနက်တဲ့ ဇာတ်အိမ်တစ်ခုအား Director ရဲ့ အတွေးအခေါ်များ Cameraman တို့ရဲ့ လက်စွမ်းများက အတွေးတွေကို ပိုမို လေး နက်အောင် တွန်းပို့ခဲ့ပါတယ်…။
ကျွန်တော် ဘာလို့ ဒီလောက်ပြောနေလဲ…။ ဘာကြောင့် ဒီလောက်ညွှန်းနေလဲ…။ ဒီဇာတ်လမ်းကို ကြည့်ပြီးသွားရင် နားလည်သွားပါလိ့မ်မယ်…။
P.S- ကျွန်တော်တို့ အနုပညာဖန်တီးမှု တစ်ခုအား ရင်ဘတ်နဲ့မြင်အောင်ကြည့်ပြီး ဦးနှောက်နဲ့ သုံးသပ်ကြည့်ကြတာပေါ့…။

ဂီတထွက်ပေါက် ၂
ဒီရက်ပိုင်းတော့ အပျင်းတစ်နေတယ်ပဲ ပြောရမလား..။ လေနေတယ်ပဲပြောရမလားတော့ မသိဘူး..။ ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိ..။ စာမေးပွဲတွေက နီးလာပြီ..။ စာအုပ်တွေက ဘယ်နားထားမိမှန်းမသိ…။ စိတ်ကူးပေါက်တာနဲ့ သီချင်းတွေချည်း စွတ်နားထောင်ဖြစ်နေတယ်..။ သီချင်းအဟောင်းတွေပဲ ပြောရမှာပဲ..။ ကျွန်တော် နောက်ပိုင်းသီချင်းတွေ ရင်ထဲသိပ်မရောက်လို့..။ အရင်က အဟောင်းတွေပဲ ပြန်ခံစားနေတယ်..။ ဘယ်အချိန်ပြန်ခံစားလိုက် ခံစားလိုက် အဲ့ဒီ့သီချင်းတွေက ကျွန်တော့်ရင်ကို အခုချိန်ထိ ရိုက်ခတ်ဆဲပဲရှိနေသေးတာကတော့ ထူးဆန်းတယ်..။
နားထောင်နေတာတွေက…။ ကျွန်တော်က အပြင်းကြိုက်တော့ အပြင်းတွေများပါတယ်..။ အပြင်းတကာ့ အပြင်းစားတွေဆိုတဲ့ Rocker ကြီးတွေရဲ့ တစ်ခါတစ်လေ နူးညံ့တဲ့ သံစဉ်တွေနဲ့ စကားလုံးတွေက နုပြီ၊ ရွပြီဆိုရင်လည်း ကျန်တဲ့သူတွေ လက်မှိုင်ချရအောင်ပါပဲ…။ ကျွန်တော် လောလောဆယ် ခံစားမိတဲ့ သီချင်းအချို့ တင်ပေးလိုက်ပါတယ်..။
ဘာရယ်တော့မဟုတ်ဘူး..။ တစ်ခုခုပေါ့..။ ထွက်ပေါက်လေးများ ရလိုရညားပါ…။
IF YOUR GONE – MATCHBOX 20
OUTSIDE – STAIND
ONE LAST BREATH – CREED
p.s- သီချင်းတွေထဲက ကြိုက်တာရှိရင် ဆက်သွယ်လိုက်ပါ ကျွန်တော့်ဆီမှာ ရှိပါတယ်..။







