• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    လောကအလှ Online Magazine နှင့်တွေ့ဆုံခြင်း

    May 2 , 2009 | 883 views

    null

    မနှစ်က မေလ (၂) ရက်နေ့..။ ယခုလိုအချိန်မျိုးမှာ မြန်မာပြည်သူပြည်သားများ ဒုက္ခအတိရောက်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းနဲ့ ပတ်သတ်ပြီးတော့ ဒီမှာ ရှိတဲ့ ကျွန်တော်တို့ ညီအစ်ကို၊ သူငယ်ချင်းတွေရဲ့ ကြိုးစားအားထုတ်ကူညီခဲ့မှုများနဲ့ ပတ်သတ်ပြီး မနေ့က လောကအလှ Online Magazine နှင့် တွေ့ဆုံ ဖြေကြားခဲ့ပါတယ်..။

    မနှစ်က ကျွန်တော်တို့ရဲ့ ပြည်ပရောက် ပညာတော်သင် ညီအစ်ကိုများရဲ့ ကြိုးစားလုပ်ဆောင်ချက်များနှင့် ပတ်သတ်တဲ့ သတင်းအချက်အလက်များ ဓာတ်ပုံနှင့် စာရင်း မှတ်တမ်းများကိုတော့ အောက်ပါ လင့်များမှာ ပြန်လည်ကြည့်ရှု နိုင်ပါတယ်..။

    ပထမအကြိမ် လှူဒါန်းမှု မှတ်တမ်း

    ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ မှတ်တမ်း

    ဒုတိယအကြိမ် လှူဒါန်းမှု မှတ်တမ်း

    (more…)

    Cateogry : Uncategorized | 8 Comments

    ဒီရက်ပိုင်းထဲ…

    March 18 , 2009 | 808 views

    ဒီရက်ပိုင်း လူကဝေလေလေဖြစ်နေပါတယ်..။ ဟိုဟာလုပ်ချင်သလိုလို ဒီဟာလုပ်ချင်သလိုလို…။ တကယ်တန်းထလုပ်မယ်ဆိုတော့လဲ ဘာမှ မလုပ် ချင်တော့ပြန်…။ ဒါနဲ့ပဲ အာရုံထဲရှိတာတွေ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်နဲ့ ကိုယ့်ဘာသာ ဘာတွေလုပ်နေမှန်းတောင် မသိတော့ဘူး..။ ” အားလား” မေးရင်လည်း မအားဘူးပဲ ဖြေရမှာပဲ..။ ဘာတွေလုပ်နေလို့ မအားတာလဲ..။ ပြပါဦးဆိုတော့လဲ..။ ဘာသွားပြလို့ ပြရမှန်းမသိ..။ တော် တော်လေးကို အူကြောင်ကြောင်နိုင်တဲ့ အနေအထားကိုရောက်နေပါတယ်…။ လူက Blog မှာလည်း ပို့စ်တွေတင်ချင်တယ်…။ Forum မှာလည်း အခုရက်ပိုင်း ဘာမှဝင်မဆွေးနွေးဖြစ်လို့ ၀င်ဆွေးနွေးချင်တာတွေ အများအပြားရှိနေတယ်..။ Blog Service ပေးထားတဲ့နေရာမှာလည်း wordpress အကြောင်းနဲနဲပါးပါးနဲ့ အချို့တော်တော်လေး အသုံးဝင်တဲ့ Plugin တွေအကြောင်းလဲ ရေးချင်နေတာကရှိသေး..။ အထူးသဖြင့် အခု Blog Service ပေးထားတဲ့ Site ရဲ့ Theme ကို စိတ်တိုင်းမကျသေးတာပဲ..။ နဲနဲ ပြန်စဉ်းစားကြည့်တော့ တစ်နေ့တစ်နေ့ အဲ့ဒီ့ Blog Service ပေး ထားတဲ့ Site အတွက် Theme တွေ ထိုင်ရွေး..။ စမ်းနေတာနဲ့ တင်အချိန်ကုန်နေတယ်လို့တော့ အကြမ်းဖျဉ်းအားဖြင့် သတ်မှတ်လို့ရပါတယ်..။

    Blog မှာလည်းရေးမယ်ဟဲ့ဆိုပြီး ရာထားတဲ့ ပို့စ်တွေအတွက် ဇာတ်လမ်းဆင်ထားတာတွေက ၆ ခုလောက်ရှိတယ်..။ ခက်နေတာက တစ်ခုမှ စမရေး ချင်ဘူး (စမရေးဖြစ်လို့လဲ ဖြစ်နိုင်ပါတယ်) ဖြစ်နေတယ်..။ ကျွန်တော်က ဦးနှောက်ကလည်း သိပ်မှတ်မိတာမဟုတ်ဘူး..။ ခဏခဏမေ့တတ်တယ်..။ အဲ့ဒါနဲ့ပဲ Draft ထဲမှာ ကိုယ်ရေးချင်တာလေးတွေကို ပြန်ကြည့်တာနဲ့ သတိရနိုင်အောင်လို့ တစ်ကြောင်းစ နှစ်ကြောင်းစလောက်လေးတွေရေးပြီး သိမ်းထားလိုက်တယ်..။ တော်ကြာ ဇာတ်လမ်းတွေမေ့သွားရင် ကျွန်တော်ပဲ ယူကြုံးမရဖြစ်ရဦးမယ်..။ အဲ့လိုပဲရေးမယ်ဆိုပြီး မရေးဖြစ်တော့တဲ့ ပို့စ် တွေ..။ စဉ်ထားတဲ့ ဇာတ်လမ်းတွေ မေ့သွားတဲ့ ဟာတွေကလည်း တော်တော်များနေပြီ..။ ဘာလို့မရေးချင်တာလဲဆိုရင်တော့ အဓိက, က မတွေး ချင်လို့ပဲလို့ ပြောရမှာပဲ…။ ဒီရက်ပိုင်းတွေးရမယ့် အလုပ်ကိုတော်တော် ကြောက်နေမိတယ်…။ ကိုယ်တိုင်လဲ လေဟာနယ်ထဲ မြောနေသလိုပဲ..။ ဘာဖြစ်နေလို့ ဖြစ်နေမှန်း..။ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း…။ ဘာမှကို စုပ်ကိုင်လို့မရဘူး ဖြစ်နေတယ်…။

    Blog မရေးဖြစ်လို့ Blog တွေရောလည်ဖြစ်လာဆိုတော့…။ ကိုယ့်ဘလော့တောင် ကိုယ်မရောက်တာ သူများဘလော့ဆိုရင်တော့ တော်တော်စဉ်း စားရပါလိ့မ်မယ်..။ ဘယ်မှမသွားပါ…။ ထို့ကြောင့် ဘယ်မှမရောက်ပါ..။ ဒီရက်ပိုင်း ကျွန်တော်ရောက်ဖြစ်တဲ့ဆိုဒ်တွေက FaceBook, Twitter, MyBlogLog, MMGenius နဲ့ Myanmar Genius Forum တွေပဲရှိပါတယ်..။ ကြိုကြားကြိုကြားတော့ အာရုံရရင် ရသလို တစ်ချို့ဘလော့တွေ ရောက်ဖြစ်ပါတယ်..။ အမှန်အတိုင်းပြောတယ်လို့ပဲ ထင်ထင်..။ ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ပဲ တွေးတွေး ဒီရက်ပိုင်း စာရေး (Blog ရေး) တဲ့ အလုပ်ထက်..။ နည်းပညာနဲ့ ဆိုင်တာလေးတွေကို ပိုရေးချင်နေမိတယ်..။ ပိုပြီးလေ့လာ ချင်စိတ်တွေဖြစ်နေတယ်…။ အမှန်က ကျွန်တော် နည်းပ ညာ ဆိုင်ရာတွေကို အရင်ကတည်းက စိတ်ဝင်စားပါတယ်..။ ဘလော့မှာလည်းရေးပါတယ်..။ နောက်ပိုင်းတော့ Essay တွေရေးတဲ့ ဘက်ကို တဖြေး ဖြေး ရောက်သွားပြီး…။ ကိုယ့်ဘာသာ ကိုယ့်ဘလော့မှာ ပြန်ရေးတာ ဘာဖြစ်လဲဆိုပြီးတော့ တွေးရင်တောင်…။ အခု ကျွန်တော့် Blog ရဲ့ အပြင်အ ဆင် အနေအထားနဲ့ အဲ့ဒီလိုပို့စ်တွေနဲ့ မအပ်စပ်သလိုလို မဆီမဆိုင် ကိုယ်တိုင်ကိုယ်က ထင်နေပါတယ်..။ အဲ့ဒါကြောင့် ကျွန်တော် ဒီမှာမရေးဖြစ်ပါ ဘူး။ MMGenius နဲ့ Forum မှာပဲ ရေးဖြစ်ပါတယ်..။ သူများဘလော့တွေရောက်လို့ သူများတွေ အားရပါးရရေးထားတာတွေ မြင်ရင် အားငယ်တာ လဲပါပါတယ်..။

    (more…)

    Cateogry : Personal , Uncategorized | 16 Comments

    အမည်မဲ့ည

    December 9 , 2008 | 755 views


    ကြယ်တွေ အိပ်ပြီလား ချစ်သူ
    ငါလေ နင့်နှုတ်ခမ်းကို
    တိတ်တိတ်လေး ခိုးနမ်းချင်လို့ပါ….။
    BLACK DREAM

    ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်မှုများ ဆူညံစွာ ဖုန်းလွှမ်းနေပါတယ်…။ စည်းချက်မှန်မှန် မြည်နေသော နာရီ လက်တံတစ်ခု၏ စက္ကန့်သံတစ်ချက်တိုင်းမှာ ကျွန်တော့် ခံနိုင်ရည်တွေ တစ်စစီ ကြွေကြနေလေရဲ့။ တစ်ချိန် က အဲ့ဒီ့စက္ကန့်သံတွေကို ရေတွက်ရင်း ကျွန်တော်ရင်ခုန် ကြည်နူးစွာ စောင့်ကြည့်ခဲ့ဖူးတယ်…။ ဒီတစ်ခါလည်း ကျွန်တော် ဒီစက္ကန့်သံတွေကို ရင်ခုန်စွာ စောင့်ကြည့်နေရ ပြန်ပါပြီ…။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကြေကွဲစွာ နဲ့ပေါ့…။ ကျွန်တော် တယုတယ ထုစစ်ခဲ့ရတဲ့ ရင်ခွင်ကမ်းပါးတစ်ခု…။ အခု…။ စက္ကန့်တွေရဲ့ တိုက်စားခြင်း ခံရလေပြီ။ (more…)

    Cateogry : Uncategorized | 19 Comments

    ANNOUNCEMENT!!!

    November 21 , 2008 | 1,338 views
    Cateogry : Uncategorized | 1 Comment

    ပေါက်ကွဲခြင်း…

    February 3 , 2008 | 288 views

    မကျေနပ်ရင်
    ရိုက်သတ်လိုက်
    မျက်ရည်တွေနဲ့တော့
    ငါ့ကို အဆိပ်လာလာ မခတ်နဲ့…။

    လုပ်ချင်တာ လုပ်ပြီးမှ
    ဒီလောက်လေးတောင် နားမလည်ပေးနိုင်ဘူးလား
    ဆိုတဲ့ စကားလုံးတွေနဲ့
    ငါ့နားတွေကို မုဒိန်း လာလာမကျင့်နဲ့….။

    ငါ့အတ္တကို ငါကိုယ်တိုင် ခုံရုံးတင်
    သေဒဏ်ချ ကြိုးမိန့် ပေးပြီတာတောင် မကျေနပ်သေးရင်
    လာ…
    ငါ့ဝိဥာဉ်ကိုပါ တစ်သက်လုံး ချုပ်ထားလိုက်…။

    ဒါမှ မကျေနပ်သေးရင်လဲ
    ကိုယ့်ဘာသာကိုယ်သာ
    လောင်တိုက်ထဲ ၀င်ပြီး
    အဆုံးသာ စီရင်လိုက်တော့….။ ကြားလား..?

    မှတ်ချက်။ ။ စကားလုံးများ ကြမ်းတမ်းသည်ဟု ထင်ပါက သည်းခံပေးကြပါရန်။

    Cateogry : Uncategorized | 1 Comment