June 1 , 2011 | 2,352 views
စာရေးဆရာ မေတ္တာရှင်(ရွှေပြည်သာ)

ဒီရက်ပိုင်း ပြင်ဦးလွင်တွင် အထင်ကရ အလှူပွဲတွေ ဆက်နေပါတယ်…။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပေတဒါန (အကျွတ်အလွတ်ပွဲ) လုပ်သွားပါတယ်..။ အဲ့ဒီ့နောက် တရားပွဲတွေ ဆက်လုပ်ကြပါတယ်…။

ဒီနေရာမှာ တရားပွဲဖြစ်ပေါ်လာရခြင်းရဲ့ နောက်ခံအကြောင်းအရင်းလေးကို ကျွန်တော် နဲနဲပြောပြချင်ပါတယ်…။ ကျွန်တော်  အိမ်ထောင်ကျပြီးသွားတော့ မိသားစု ၀င်ငွေလေး နဲနဲပါးပါး တိုးပွားအောင် Website တွေကို အခကြေးငွေယူပြီး စလုပ်ပါတယ်..။ Site လုပ်ပေးတယ်ဆိုပေမယ့်လည်း ထူးတေဇာတို့လို ကိုယ်တိုင် Themes ရေးပြီး လုပ်ပေးရလောက်အောင် ပညာရည် မပြည့်ဝတဲ့အတွက် သူများရေးထားတဲ့ Site တွေကိုပဲ free ဆိုလည်း free..။ Paid ဆိုလဲ Free  :D ယူပြီး လုပ်ပေး ပါတယ်..။ ဒါကြောင့် တန်ရာတန်ကြေး (Hosting ဖိုးနဲ့၊ Domain ) ဖိုးလောက်ပဲ ယူပြီး ကျွန်တော် လုပ်ပေးဖြစ်ခဲ့ပါတယ်…။ (more…)

Cateogry : Article , Download , Event , Religious | 3 Comments
May 30 , 2011 | 5,579 views
IMG_5901

မိုးက မနက်ကတည်းက တောက်လျှောက်ရွာနေပါတယ်…။

မိုးဖြူမစဲ…။ မိုးမဲမရွာဆိုသလို…။ ကောင်းကင်တစ်ခုလုံး ဖြူဖွေးပြီးတော့ ရပ်သွားမယ့် အနေအထား မရှိပါဘူး…။ ဒါနဲ့ နာရီကြည့်တော့ ညနေ ၃ နာရီလောက် ဖြစ်နေပါပြီ။ Lady Black ကလည်း ရန်ကုန်ပြန်သွားတော့ ထမင်းကို အပြင်မှာပဲ စားဖြစ်ပါတယ်…။ ဒီအတိုင်း မိုးရွာလို့ ငုတ်တုတ်ထိုင်နေရင် ဒုက္ခများသွားနိုင်တာမို့..။ မိုးရေထဲမှာပဲ အပြင်ထွက်ပြီး စားလိုက်ပါတယ်…။ တဆက်တည်း အပြင်ရောက်တုန်း သန္တိသုခကို ၀င်ပြီး အသင်းကနေ ထွက်မယ့်အချိန် အတိအကျမေးရင် ကောင်းမယ်လို့ စဉ်းစား မိလိုက်ပါတယ်…။

ပထမတုန်းကတော့ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေက သူတို့လည်း လိုက်မယ်လို့ပြောပါတယ်..။ ဒါပေမယ့် ဒီမိုးရွာနေပုံနဲ့ကတော့ တော်ရုံစိတ်ဝင်စားရုံနဲ့ မလိုက်နိုင် ကြတော့လောက်ဖူးလို့ ကျွန်တော် စဉ်းစားမိပါတယ်…။ ကိုယ့်ဘာသာပဲ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဒါနဲ့ ကျွန်တော် သန္တိသုခ (နာရေးကူညီမှုအသင်း) ကိုရောက်သွား ပါတယ်…။ ကျွန်တော်ရောက်သွားတော့ အသင်းတစ်ခုလုံး အလုပ်တွေရှုပ်နေပါတယ်…။ လူတွေလည်း အုံးအုံးထနေပါတယ်..။ ကျွန်တော် တော်တော် တောင် အံ့သြသွားတယ်..။ လူတွေ ဒီလောက်များမယ်လို့ ကျွန်တော် ထင်မထားပါဘူး (ညဘက် သချိုင်းရောက်သွားတော့ ပိုအံ့သြရပါတယ်..။ ကားကြီး၊ ကားငယ်၊ သုံးဘီး၊ ဆိုင်ကယ် အသွယ်သွယ်နဲ့ လူ ၃၀၀၀ နီးပါး ရှိပါတယ်..။) (more…)

Cateogry : Article , Event , Religious | 16 Comments
May 25 , 2011 | 1,490 views
b

ကြားဖူးသူများ ကြားဖူး ပါလိ့မ်မည်…။ သိပြီးသူများလည်း သိပြီး ဖြစ်ပါလိ့မ်မည်…။ သို့သော် မကြားဖူးသောသူများနှင့် မသိသေးသော သူများအတွက် ရည်ရွယ်ပါသည်။ ပေတ ဆိုသော ဝေါဟာရကို မသိနိုင်သောလည်း ဗုဒ္ဓဘာသာ လူမျိုးတိုင်း ဒါနကိုတော့ သိကြမှာပါ…။ အခု ကျွန်တော်ပြောမယ့် ပေတ ဒါန ဆိုတာ အမျိုးမျိုးသော အလှူတွေထဲကမှ တစ်ခုပါ…။ ဒါပေမယ့် ထူးခြားတယ်…။ စိတ်ဝင်စားဖို့ကောင်းတယ်…။ အကျိုးသက်ရောက်မှု ပြန်းထန်တယ်…။ ကုသိုလ်ရတယ် (အခြား အလှူမှာ ရတဲ့ ကုသိုလ်တွေနဲ့ မတူပါဘူး..။ ဘာလို့လဲဆိုတာ ဒီဆောင်းပါးပြီးသွားရင် သိပါလိမ့်မယ်…)

ပေတ ဒါနအကြောင်းကို ကျွန်တော် ပထမဆုံး ကြားဖူးတာကတော့ သွားလေသူ စာရေးဆရာ နီကိုရဲ ရဲ့ “နတ်ငယ်” ဆိုတဲ့ ၀တ္ထုထဲမှာပဲ ဖြစ်ပါတယ်..။ ၀တ္ထုရဲ့ ရည်ရွယ်ချက် က ပေတဒါန အကြောင်းကို လူတွေသိလာအောင်…။ လှူဒါန်းကြအောင် ရည်ရွယ်ထားပြီး…။ အရေးအသားကတော့ ဆရာ နီကိုရဲရဲ့ ပင်ကိုအတိုင်း ရယ်စရာ ဟာသ ၀တ္ထု လေးတစ်ခုဖြင့် ဖွဲ့စည်းထားပါသည်…။ ရေးသားပုံနှင့် ဇာတ်လမ်းဖွဲ့စည်းပုံမှာ တကယ်အနှစ်သာရရှိသော (အပေါစားမဆန်နသော) ဟာသမျိုး ဖြစ်နေပေမယ့်…။ အဓိက သူတင်ပြလိုတဲ့ အကြောင်းအရာကတော့ တကယ်ကို လေးနက် လှပါတယ်…။ (more…)

Cateogry : Article , Religious | 3 Comments
March 3 , 2011 | 1,007 views

အမှာ

ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ယက်ခတ်နေတဲ့ စိတ်တွေနဲ့ Post တွေ တောက်လျှောက်တင်ခဲ့တဲ့အပေါ် မူတည်ပြီး ကျွန်တော့်ရဲ့ ဖြစ်၊ ပျက်နေတဲ့ စိတ်တွေကို သတိထား မိပုံရတဲ့ ..။ ကျွန်တော့်ရဲ့ မများလှစွာသော စာဖတ်ပရိတ်သတ်များထဲမှ တစ်ယောက်ဖြစ်တဲ့ ဆရာတော် အရှင်ညာဏစာရ ထံမှ ကျွန်တော့်ဆီကို ပေးပို့လာသော ဆုံးမ စာ (ပေးစာ) ကို ကျွန်တော်ကဲ့သို့ပင် သံသရာ ပင်လယ်ကို ဖြတ်ကူးရင်း လောကဓံတရားနှင့် စီးခြင်းထိုးနေကြတဲ့ အခြားသော ညီအစ်ကိုမောင်နှစ်များနှင့် မိတ်ဆွေများ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်…။

ဆရာတော်၏ ပေးစာအား မည်သည့်ပြင်ဆင်ဖြည့်စွက်မှုမှ မပြုလုပ်ပဲ ဆရာတော်ပေးပို့လိုက်သည့်အတိုင်း ပြန်လည်ဖော်ပြလိုက်ပါတယ်…။

P.S – အကြောင်းအရာနှင့် ဆုံးမစာကတော့ တိုတောင်းပေမယ့် အလွန်တရာမှ အနှစ်သာရပြည့်ဝလှပါကြောင်း…။

******************************************************************************************************

ဒကာ ဘလက်

တလောက ဦးဇင်း တက်နေတဲ့ တက္ကသိုလ်က ဆွေးနွေးပွဲတခုက ဖိတ်လို့ သွားဖြစ်တယ်။ ဦးဆောင် ဆွေးနွေးတာကတော့ မြန်မာဆရာတော်တပါး တိဘက်ဘုန်းတော်ကြီးတပါး မဟာယာန ဘုန်းတော်ကြီးတပါးပေါ့လေ။ ဦးဇင်းကတော့ မြန်မာဆရာတော်အတွက် စကားပြန်အဖြစ် တက်ခွင့်ရပါတယ်။

ဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ တရားထိုင်ခြင်း-တဲ့။ သုံးပါးစလုံး ကိုယ့်အမြင်တွေကို တင်ပြကြတယ်။ အများကြီးဆိုပါတော့ ဒကာဘလက်ခ်။ အဲဒီတုံးက ပရော်ဖက်ဆာတယောက်က မေးခွန်းတခုမေးတာကိုတော့ ခုထက်ထိ အမှတ်ထင်ထင် ရှိနေဆဲပါ။

သူမေးတဲ့ မေးခွန်းက တရားထိုင်ခြင်းသည် ကောင်းသည့်အလုပ်ဖြစ်ပါလျက် အဘယ့်ကြောင့် ဆိုကျိုးများကို တွေ့ကြုံရတတ်ပါသလဲ-တဲ့။ ခုနေခါ ဒကာဘလက်အတွက် တိုက်ဆိုင်မှုရှိတဲ့ မေးခွန်းတခုများ ဖြစ်နေမလားလို့ မျှဝေလိုက်တာပါ။

ဘုန်းတော်ကြီး သုံးပါးစလုံး အဖြေတွေ ကိုယ်စီ ပေးကြပေမယ့် ဦးဇင်းကတော့ လားမားဘုန်းတော်ကြီး ပေးတဲ့ အဖြေကို အကြိုက်ဆုံးဖြစ်ပါတယ်။ သူဖြေတာက ဥပမာလေးနဲ့ ဆိုတော့ ခုထက်ထိကို မှတ်မိနေတုံးပါပဲ။

သူတို့ရဲ့ မြို့တော် ဓမ်ရ်ဆာလာ(ဓမ္မသာလာ)က တိဘက်ပြည်မကြီးရဲ့ အလယ်ပိုင်းမှာ ရှိပါသတဲ့။ မြို့တော်ကို ဘယ်အရပ်မျက်နှာက လာသည် ဖြစ်စေ တောင်တန်းတွေကို ကျော်ရတယ်။ ကွေ့တွေကို ဖြတ်ရပါတယ်။ တောင်တွေကိုပဲ ကျော်ကျော် ကွေ့တွေကိုပဲ ဖြတ်ဖြတ် အားတော့ စိုက်ရတာပါပဲ။ တတောာင်ကို ကျော်ဖို့ အတက်လမ်းကို ကြိုးပမ်းရတဲ့အခါ ငါ အပေါ်ကို ရောက်နေပါပေါ့လား-လို့ ကိုယ့်ကိုယ်ကို တလွဲမာန မထားမိဖို့ လိုသလို တောင်ဆင်းလမ်းကို လျောက်မိတဲ့ အခါတွေမှာ ငါမှာဖြင့် နိမ့်ပါးနေပါပကောလားလို့ အားငယ်ဖို့ မလိုပါဘူး။ တောင်ကို တက်နေခြင်းသည်လဲ ဓမ်ရ်ဆာလာနဲ့ နီးဖို့ အကြောင်းတခု ဖြစ်သလို တောင်ပေါ်က ဆင်းလျောက်ခြင်းက လဲ ဓမ်ရ်ဆာလာ မြို့တော်နဲ့ နီးဖို့ပဲ ဖြစ်ပါတယ်-တဲ့။

ဒီဥပမာလေးနဲ့ ဟပ်ပြီး ဓမ္မရေးမှာမှ မဟုတ်ပါဘူး လောကရေးမှာလဲပဲ ကောင်းကျိုးနဲ့ပဲ ကြုံကြုံ ဆိုးကျိုးနဲ့ပဲ တွေ့တွေ့ ဖြတ်သန်းရမယ့် အတွေ့အကြုံတွေ အဖြစ် တည်ငြိမ်စွာပြီး ဖြတ်သန်း နှလုံးသွင်းဖို့ လားမား ဘုန်းတော်ကြီးက အကြံပြုပါတယ်။

ဦးဇင်းလဲ ခုချိန်အထိ တောင်ပေါ်တွေကို ရောက်တဲ့အခါ လတ်ဆတ်တဲ့ လေတွေကို တ၀ကြီး ရှုလို့ တလွဲမာနလို့ မဆိုနိုင်သည့်တိုင် သာယာမှုတွေကိုတော့ လိုအပ်တာထက်ပိုလို့ ဆုပ်ကိုင်မိတဲ့ အခါတွေ ရှိနေဆဲပါ။ တောင်အဆင်းလမ်းနဲ့ ကြုံလေတိုင်း ညည်းညူမှုတွေနဲ့ မကင်းနိုင်သေးပါဘူး။ ကွေ့တွေကို ဖြတ်ဖို့ သွေးမကြောင်သည့်တိုင် ခြေလှမ်းတွေ နှေးနေဆဲဆိုတာ ကိုယ့်ကိုယ်ကို သုံးသပ်မိပါတယ်။

တောင်ပေါ်ကို ရောက်ခိုက် လိုအပ်တာထက် ပိုပြီး မသိမ်းပိုက်မိဖို့ တောင်ဆင်းလမ်းကို လျောက်မိလေတိုင်း စိတ်မပျက်မိစေဖို့ လားမားဘုန်းတော်ကြီးရဲ့ အဖြေစကားကို မကြာမကြာ နှလုံးသွင်းမိပါတယ်။

ကွေ့တွေကို ဖြတ်ဖို့ ကြုံလာချိန်မှာတော့ ကိုယ့်ကိုယ်ကို လိုအပ်တာထက် ပိုပြီး သတိမထားမိဖို့ ကြိုးစား ဖြစ်ပါတယ်။ သတိက မပိုဘူး မဟုတ်လားလို့တော့ မေးစရာ ရှိပါတယ်။ သတိက ပိုတယ်လို့တော့ မရှိပါဘူး။ သို့သော် ကိုယ်က သတိထားတယ်ဆိုပေမယ့် တကယ် သတိထားတာဟုတ်ရဲ့လားလို့ မကြာကြာ သုံးသပ်ကြည့်ဖို့ လိုမယ်လို့ ယူဆပါတယ်။ တခါတရံမှာကျတော့ ကိုယ့်ရဲ့ တွန့်ဆုတ်မှုက သတိလို့ အယောင်ဆောင်တတ်တယ် မဟုတ်လား။

လိုရာဆန္ဒ ပြည့်ဝအောင် ကြိုးစားနိုင်ပါစေ။

Cateogry : Article , Personal , Religious | 4 Comments
November 20 , 2007 | 425 views


ငါ့လက်ထဲက လွတ်ကျခဲ့တဲ့
အတိတ်တွေကို
“မနေ့က”ဆိုတာနဲ့အတူ
ငါ့အိပ်မက်ထဲမှာ မြုပ်နှံခဲ့လိုက်ပြီ
ဒီအချိန်မှာ ငါဘာကိုမှ ပြန်တမ်းတနေမှာ မဟုတ်တော့ဘူး…..။

အခုငါရပ်တည်နေတဲ့
“ပစ္စုပ္ပန်”ကို တကယ်အားနာတယ်ဆိုရင်
အနည်းဆုံး ကဗျာတစ်ပုဒ်တော့
မွေးဖွားပေးသင့်တာပေါ့……..။

င့ါကိုစောင့်ကြိုနေတဲ့
“မနက်ဖြန်” တွေများစွာရှိပါလျက်နဲ့
ဘာဖြစ်လို့ ငါကိုယ်တိုင်က
“Hysteria” ဆိုတဲ့ စကားလုံးကိုမှ
အသေအလဲ ဖတ်တွယ်ထားချင်ရတာလဲ…..??

ဘ၀တစ်ခုလုံးကို ဖြတ်ကျော်ဖို့
ကိုယ့်ကိုယ်ကို အကောင်းဆုံး စကားတစ်လုံး
လက်ဆောင်ပေးလိုက်မယ်….
“ယောနိသော မနသိကာရ”…….။

“၈” ပါးထဲရှိတဲ့ လောကဓံကို ရင်ဆိုင်ဖို့
ဘ၀တစ်ခုလုံး ထိုးအပ်စရာ မလိုပါဖူး….
“သတိပဌာန်” ဆိုတဲ့ စကားတစ်လုံးကို
တကယ်နားလည်ဖို့ပဲ လိုတယ်……..။

ဒါတွေကိုလက်ခံပြီဆိုရင်
ကဲ…..
……..စလိုက်ရအောင်
……………………..
……………………..
……………………..
ဘ၀တိုက်ပွဲကို……..။

Cateogry : Poems , Religious | Leave Your Comment
October 26 , 2007 | 310 views

မွေးသမိခင် ကျွေးဖခင်နှင့်
တတ်သင့်ပညာ အရာရာကို
သင်ကြားပို့ချ ပြသခဲ့သော
မြတ်သည့်ဆရာ အဖြာဖြာအား
ဝေးတစ်နေရာ မိုင်ရာထောင်မှ
ဝပ်တွားဦးချ ကန်တော့ပါ၏။

နိုင်ငံအကျိုး အမျိုးဘာသာ
သာသနာအတွက် ကိုယ်ကျိုးမဖတ်
ကြိုးစားဆောင်ရွက် အသက်ဆက်ကာ
ထမ်းဆောင်ကာဖြင့်
မိဘကျေးဇူး ဆရာ့ဂုဏ်ထူးအား
ဆပ်မည်ဖြစ်ကြောင်း…။ ။

Note : သီတင်းကျွတ်လပြည့်နေ့တွင် ကျွန်တော်ကဲ့သို့ ကိုယ်ချစ်သောမိဘ ဆရာသမားများနှင့် ခွဲခွာနေကြရသော သူငယ်များအားလုံးအတွက်…(၂၆.၁၀.၂၀၀၇)

Cateogry : Poems , Religious | Leave Your Comment
October 26 , 2007 | 348 views

ဘာသာရေးနဲ့ ဆိုင်တဲ့စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ ဒီနေရာတွင် Download လုပ်ယူနိုင်ပါတယ်။

Cateogry : Ebooks , Religious | Leave Your Comment