နေလည်းမြင့်လှပြီ
အရူးက ရင့်ယုံတင်မကဘူး
ရော်တောင် နေပြီ…။
ဒီအတိုင်းသာ ဆက်သွားလို့ကတော့
နေ၀င်တောင်
အိမ် ၀င်ရမှာမဟုတ်ဘူး…။
(“အိမ်” နေရာတွင် သောကြာနံ အစ စကားလုံးအားထည့်သွင်း နိုင်ကြောင်း)
ဖြစ်ချင်တိုင်းဖြစ် လုပ်ခြင်တိုင်းလုပ်ပြီး
ရေစုန်မြော နေလိုက်ကြပုံများ
တင်စရာ ကမ်းတောင် မရှိတော့ဘူး…။
သံသရာကို မကြောက်လို့
မာစတာ ကို
(“သံသရာ”နဲ့ ကာရံတူ ထည့်ကြည့်နိုင်ပါသည်…ဥမမာ..”သ”နှင့်စသော စကားလုံး များ…)
ခေါင်းခေါက်ကာ မတန်တရာ စကားလုံးတွေနဲ့
ပါးစပ်မဆန့်အောင် ပြောနေလိုက်ကြတာများ…။
ကျွန်ယုံရင် တစ်ဖက်ကန်း
သားသမီး ယုံ စုံလုံးကန်း
……ကို ယုံတော့ ဘ၀တွေ ကန်းကုန်ကြပြီ….။
(ကွက်လပ်ထဲတွင် တနင်္ဂနွေနံနှင့် သော စကားလုံး သုံးလုံး ထည့်သွင်းနိုင်သည်။)
ဆက်ပြောရင်
ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်တော့မှာမို့
တောတွေ မတုန်းခင်
မိမိကိုယ်ကိုပဲ အဆုံးစီရင် လိုက်ရပါကြောင်း….။ ။
မှတ်ချက်။ ။ ဤကဗျာကို ဖြည့်စွက်ခြင်း..အစားထိုးခြင်း များဖြင့် မိမိကြိုနှစ်သက်သလို ဖတ်နိုင်ပါကြောင်း….။
“ပလုံ…”
သွား….ပြန်ပြီ
ငါ့အိပ်မက်တစ်ခု။
နေအထွက်မှာ
ရွှေခွက်နဲ့ခံဖို့ မပြောနဲ့
တစ်ရက်စာ ဘ၀တစ်ခုကို သစ်ဖို့
ရေခွက်တောင် မနည်းရှာနေရတယ်။
ခဏခဏ တိုက်စားတာခံရလို့
ငါ့မျှော်လင့်ချက် ကမ်းခြေက
ကျောတစ်ခင်းစာတောင်
မကျန်တော့ပါလား။
အိပ်မက်တွေ ပိုးစိုးပက်စက်
အရည်ပျော်နေတာများ
ငါ့ကိုငါ မှန်ထဲတောင် မကြည့်ရဲတော့ဘူး။
တိုက်ပွဲတစ်ခု စမယ်မှ
မကြံသေးဘူး
ငါ့ဘ၀တွေက အံဖက်စို့နေပြီ
ကဲ…ငါဘာဆက်လုပ်ရမလဲ။
နောက်ဆုံးစုပ်ကိုင်ခဲ့တဲ့
ကောက်ရိုးတစ်မျှင်က
ငါ့ကိုပြုံးပြီးပြောတယ်…
” မင်းစွဲလိုက်တဲ့ ငါကကောက်ရိုးတစ်မျှင်
မဟုတ်ဖူး…ဘ၀တစ်ခုလုံးကို ဖျက်ဆီးမယ့်
ဗုံးတစ်လုံးရဲ့ စနက်ကြိုး..” တဲ့
ဘာပြောခြင်ကျသေးလဲ..?
ကဗျာက ဆုံးနေပြီ….။ ။
တစ်နေ့နေ့ ဆိုတာကို
ပြက္ခဒိန်ထဲမှာ သေသေချာချာ
လက်ညှိုးထိုးပြလို့ မရမှန်းသိပေမယ့်
ငါတကယ်ကို မျှော်လင့်မိပါတယ်…။
မျှော်လင့်ချက်တွေ
တဖွဲဖွဲ ဆုတ်ခွာနေတဲ့
ငါ့အိပ်မက်ထဲမှာ
မင်းဟာ ငါ့ကို နောက်ဆုံးစွန့်ခွာမဲ့
နောက်ဆုံး မျှော်လင့်ချက်တစ်ခု များလားကွာ…။
မင်းသာ ငါ့ဘ၀ရဲ့
အိပ်မက်တစ်ခု ဖြစ်မယ်ဆိုရင်
တစ်သက်စာ မြင်မက်ချင်ပါတယ်
ချစ်သူ…။
တစ်ခုတော့ ပြောခဲ့မယ်ချစ်သူ
အိပ်မက်တွေနဲ့ အသက်ရှင်နေတဲ့
လူတစ်ယောက်ဟာ
အိပ်မက် မမက်တော့တဲ့ ညမှာ
သူ့ဘ၀ဟာ
ဆုံး….ခန်း….တိုင်…..ပါလိမ့်မယ်…။ ။
အတိတ်ဆိုတာ တကယ်တော့
့စွန့်ပြစ် ပစ္စည်းတစ်ခုပါ
ဒီနေ့ထဲကို အလေးခံပြီး
သယ်လာစရာ မလိုပါဘူး…။
ဒီနေ့ ဆိုတဲ့အရာဟာ
ဘုရားသခင်ကပေးတဲ့
လက်ဆောင်တွေထဲမှာ
အကောင်းဆုံး လက်ဆောင်တစ်ခုပါ…။
မနက်ဖြန်ကို
ကြောက်တယ်ဆိုရင်
အစကတည်းက ‘ခင်ဗျား’ ဒီနေ့ထဲကို
ဝင်မလာသင့်ဘူး…။
ဖြစ်ခဲ့သမျှ တွေကိုသာ
အမြဲ နောင်တရနေမယ်ဆိုရင
်ခင်ဗျားအတွက်
အဆိပ် တစ်ခွက်လောက်လက်ဆောင် ပေးပါရစေ…။
(ကျေးဇူးပြုပြီး ရေရော မသောက်ပါနဲ့)
မှိုတက်နေတဲ့ ဦးနှောက်တွေ
ဈေးကောင်းပေး ၀ယ်နေတယ်(၀က်စာကျွေးဖို့)
ရောင်းစားပြစ်လိုက
်အကယ်ရွေ့ ခင်ဗျားသာ
ဒီနေ့အတွက်အကောင်းဆုံး အသုံးမချ နိုင်ခဲ့ရင်…။
နောက်ဆုံးပြောမယ်ဗျာ….။
ခင်ဗျားမျက်လုံးတွေကို
ထိုးဖောက်လိုက်
အကယ်၍သာ
မနက်ဖြန်တိုင်းကို
စိုးရိမ်မှုတွေနဲ့မကောင်း မြင်နေမယ်ဆိုရင်…။ ။
ကဗျာဆိုတာ
ခံစားချက်မှာ မြစ်ဖျားခံတဲ့
မြစ်တစ်စင်း…
ကဗျာဆိုတာ
နှလုံးသားက စီးဆင်းလာတဲ့
သံစဉ်တစ်ခု…
ကဗျာဆိုတာ
ချစ်သူရဲ့ ဥယျာဉ်မှာ ပွင့်ဖူးတဲ့
ပန်းတစ်ပွင့်…
ကဗျာဆိုတာ
အလွမ်းညတွေမှာ မြင်မက်တဲ့
အိပ်မက်တစ်ခု…
ကဗျာဆိုတာ
လမိုက်ညတွေမှာ ထွန်းလင်းတဲ့
ကြယ်တစ်စင်း…
ကဗျာဆိုတာ
သူရဲကောင်းတွေ ကိုင်စွဲတဲ့
ဓားတစ်လက်…
ကဗျာဆိုတာ
ခံစားတတ်သူတွေ စားသုံးတဲ့
အားဆေးတစ်ခွက်….။ ။
င့ါလမ်း ငါဖောက်
ရှေ့တန်း ရောက်ရောက်
ငါ့လှေ ငါထိုး
ဗုံးတော တိုးတိုး
င့ါလေ ငါဆန်
ကျည်ဆန် မှန်လည်း……
ငါကားမကြောက်
ငါဖောက်သည့်လမ်း
ငါလျှောက်လှမ်းမည်။
မိဘနဲ့ဝေး ချစ်သူပြေးလဲ
ဇွတ်မှိတ်မေ့ပြစ် ငါအံကြိတ်လို့
မိုးသည်း လေထန် အာခံကာမြဲ
ပန်းသည်မရှိ ငါချီတက်၏။
အမျိုးဘာသာ သာသနာအတွက်
ငါ၏အသက် သွေးနဲ့ဆက်လည်း
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်
ပိုတိုး၍သာ ငါပေးဆပ်မည်။
နောင်တဘယ်မှာ
ရှိစေငှာလည်း
ငါကားမရွံ့ ရှေ့သို့မျှော်ရီ
ဆက်ရွေ့ တိုးမည်။
မွေးဖွားခြင်းစ သေခြင်းအဆုံး
ဤနိဂုံးမှာ
ဘယ်ပုံ ဘယ်နည်း ငါပြီးဆုံးမည်
မသိနိုင်ငြား
ငါရှင်သန်မျှ ငါ့မြေတစ်လက်မ သူမထိရဟု
ရင်မှာဟစ်ကြွေး
တိုက်ရင်းသေမည်…..ငါမြတ်သည်။ ။
မှတ်ချက်။ ။ လွတ်လပ်ရေးနေ့ အမှတ်တရ…

