Shadow With The Unseen Force
နေ၀င်ချိန်တွေ ဟောင်းမသွားပေမယ့်
ဘ၀တစ်ပါးကိုတော့ ပြောင်းသွားခဲ့ပြီပေါ့ အဖိုးရယ်…။
သံသရာ တစ်လျှောက်မှာ
ဒီနေရာဆိုတာ တစ်နေ့တော့
လူတိုင်းရောက်လာကြရဦးမှာပါ….။
အဖိုးပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလိုပေါ့….
တစ်ကယ်ဆိုရင် သံသရာဆိုတာဟာ
“Shadow With The Unseen Force” ပါ…။
တစ်နေ့တော့ ဒီနေရာကို
အဖေနဲ့ အမေလည်း….
သားတို့တစ်တွေလည်း…..။
တစ်ကွေ့ကွေ့မှာ
သံသရာမဆုံးသမျှ တွေ့ကြဦးမယ်လို့
မျှော်…..
………လင့်……..
……………….ရင်း……။ ။
P.S- Dedicated To Our Beloved Grandfater (U Min Thaw) Who Suddenly Left Us Yesterday…
Cateogry : Personal , Poems | 3 Comments

ကောင်းကင်များရဲ့ အတ္ထုပ္ပတ္တိ (သို့မဟုတ်) LEGENDS OF THE SKY!

အမေများနေ့အမှတ်တရ ကျွန်တော်တို့ စုစည်းမိသမျှ Blogger မောင်နှမများ၊ စာရေးသူများ ပေါင်းစပ်၍ ထုဆစ်ထားတဲ့ စကားလုံး တွေပါ..။
ပါဝင်ထုဆစ်ထားသောသူများ ။ ။အောင်သာငယ် ၊ မှော်ဆရာ(MGM) ၊ ကိုရင်ညိန်း၊ mmThinker(MGM) ၊ ဟန်သစ်ငြိမ် ၊ ညိမ်းညို၊ မောင်ခင်လေး ၊မောင်ငယ် ၊ တင့်ထူးရွှေ(MGM) ၊ ဖြိုးငယ်(MGM) ၊ အဇ္ဈတ္တပြခန်း ။ ဆိုးသွမ်း၊ ခန့်နေ ၊ Chaos ၊ မိုးမြင့်တိမ်(MGM)၊ ကောင်းကင်ကို ၊ ပန်ဒိုရာ ၊ ရွှေပြည်သူ(MGM) ၊ မှူးဒါရီ ၊ အိုင်လွယ်ပန်(MGM)၊ Black Dream(MGM)၊ အက္ခရ
စီစဉ်သူ ။ ။ ကိုရင်ညိန်း
ဒီဇိုင်းဝိဥာဉ် ထုဆစ်သူများ ။ ။ mmThinker(MGM)၊ ဟန်သစ်ငြိမ်၊ ထွန်းတောက်နေ၊ အောင်သာငယ်
LINK : DOWNLOAD HERE
Cateogry : Download , Ebooks , Poems | 4 Comments

To….BLACK DREAM
(၂၃) နှစ် ဆိုတဲ့ကာလကို
ဖြတ်ကျော်ခဲ့ပြီးပြီ
ပျော်စရာတွေလဲ ကြုံတွေ့ ခဲ့ပြီးပြီ
ဝမ်းနည်းစရာတွေလဲ မရေမတွက်နိုင်တော့ဘူး….။
အိပ်မက်ပေါင်းများစွာလဲ
ငါ့ညထဲကို ပြုတ်ကျခဲ့ပြီးပြီ
မျက်ရည်တွေကို ပြန်ရေကြည့်ရင်
ကောင်းကင်က ကြယ်တွေထက် များလိမ့်မယ်….။
အတိတ်တွေကို ဘ၀ဟောင်းထဲမှာ
သော့ခတ်ထားခဲ့ကြရအောင်
လာလေ….သွားကြမယ်….။
ငြိမ်းချမ်းမှုတွေ ဝေဆာနေတဲ့ မနက်ဖြန်တွေ အတွက်
သောကတွေကို မြေမြုပ်လိုက်ပါ
ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်
ပျော်စရာသီချင်းတစ်ပုဒ်တော့ ဆိုသင့်ပါတယ်….။
အကြိမ်ပေါင်းများ ကိုယ့်ကိုယ်ကို ပြန်ကြည့်ခဲ့တယ်
ငါလဲဘဲ
အရောင်တွေ စွန်းထင်းခဲ့ပြီဘဲ…။
မျော်လင့်ချက်တွေကို
ရေလောင်းပါ..ပေါင်းသင်ပါ။
ကြိုးစားမှုတွေကို အားဆေးကျွေးပါ…။
တစ်ချိန်က ဝေဒနာတွေကို
Photo Album တစ်ခုထဲမှာ သိမ်းထားလိုက်ပါ
တစ်ခါတလေတော့လဲ အလွမ်းပြေ ထုတ်ကြည့်ပေါ့
ဒါပေမယ့် အမြဲတမ်းတော့ ဖွင့်ထားစရာ မလိုပါဘူး….။
အနာဂတ်ကို ဘယ်လိုတည်ဆောက်မလဲ?
ဘ၀ကို Formula ထုတ်လို့မရတာတော့ သေချာတယ်
ရေဖြစ်ဖို့ Hydrogen နှစ်စနဲ့ Oxygen တစ်စ လိုတယ်….။
အောင်မြင်တဲ့ ဘ၀တစ်ခုဖြစ်ဖို့
မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု နှစ်ဆနဲ့
ကံကြမ္မာ တစ်စလိုတယ်….။
စိတ်ညစ်စရာတွေကို
မနေ့ကညနဲ့ အတူထားခဲ့ပါ
ဒါဆိုရင်တော့ အနာဂတ်မှာ
သက်တံ့တွေစီးနေတဲ့ အိပ်မက်တွေကို
မြင်တွေ့နိုင်ပါလိမ့်မယ်…..။ ။
p.s- ဒီ Post ကို (၂၁.၂.၀၈) မှာ ရောက်ရှိမယ့် ကျွန်တော့ (၂၃) နှစ်ပြည့် မွေးနေ့အတွက်တင်ခြင်း ဖြစ်ပါတယ်။ ဒီ Post ကို အမှန်တကယ်ရေးခဲ့တဲ့ နေရာနဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ရှေ့တန်း စစ်မျက်နှာပြင် နေရာတစ်ခုမှာ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း…။ သူငယ်ချင်းများအားလုံး ငြိမ်းချမ်း နိုင်ကြပါစေ။
Cateogry : Personal , Poems | 14 Comments
ပစ်စလက်ခတ်…ကဗျာ…!

Words Start With “L” For Me…








