• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    NLD Charity Concert At MCC

    December 31 , 2011 | 429 views
    IMG_4342

    မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရံပုံငွေပွဲကို ရောက်သွားပါတယ်..။ အဖိုးဆုံးသွားလို့ လောင်မြိုက်နေတဲ့ သောကတွေကို ဖြေဖျောက်ဖို့ကတစ်ကြောင်း..။ အသစ်ဝယ်ဖြစ်လိုက်တဲ့ Canon EF 70-200 f/2.8L IS II USM ကိုစမ်းဖို့အတွက်ကတစ်ကြောင်း…။ နောင်နှစ်ပေါင်းများစွာ ကြာခဲ့လို့ကျွန်တော်တို့ မြန်မာပြည်ကြီး ဒီမိုကရေစီစနစ်နှင့်အတူ ကြီးပွားချမ်းသာ တိုးတက်လာတဲ့အခါမှာ သမိုင်းမှတ်တိုင် တစ်ခုအဖြစ်ကျန်ခဲ့မယ့်  ဖြစ်စဥ်လေး တစ်ခုကို မှတ်တမ်းတင်လိုတာကတစ်ကြောင်းကြောင့် သွားရောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်..။

    အနုပညာရှင်အမြောက်အများ ပါဝင်ကူညီခဲ့ကြတာကိုလည်း တွေ့ရပါတယ်..။ တစ်ကယ်ကို ပီတိဖြစ် ဝမ်းသာဖို့ကောင်းတဲ့ ရံပုံငွေပွဲတစ်ခုပါ…။ လာရောက် အားပေးကြတဲ့ ပရိတ်သတ်တွေလည်း တော်တော်လေးများတာကိုတွေ့ရပါတယ်…။ (more…)

    Cateogry : Event , News , Photo | 6 Comments

    Yangon United Vs ATM (Malaysia)

    December 15 , 2011 | 313 views
    IMG_3137

    ပို့စ်မတင်တာလဲ တော်တော်ကြာသွားပါပြီ…။ ဒီရက်ပိုင်း ပို့စ်တင်ချင်နေတာ အရမ်းပါပဲ…။ ဒါနဲ့ပဲ ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို ဖြစ်သွားပါတယ်…။ ဒီနေ့ Yangon United FC Sports Complex မှာ ကျင်းပတဲ့ YUFC နဲ့ မလေးရှားမှ ATM အသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကို သွားကြည့်ဖြစ်ပါတယ်…။ Camera နှစ်လုံးလွယ်ပြီး ဝင်သွားတော့ Media သမားထင်ပြီး ဝင်ကြေးပေးစရာ မလိုပဲ ပွဲကြည့်လိုက်ရပါတယ်..။ :D

    ကျွန်တော်က ဘောလုံးပွဲသတင်းရေးမှာ မဟုတ်ပဲ အနိုင်အရှုံးရလဒ်နဲ့ ဓာတ်ပုံတွေကို အသားပေးပြီး တင်တာဖြစ်တဲ့အတွက် ပွဲချိန် ဘယ်နှစ်မိနစ်မှာ ဘယ်သူက ဘယ်လိုသွင်းတယ်တွေ ဘာတွေမရေးတော့ပါဘူး..။ အကြမ်းလေးပဲ ရေးလိုက်ပါတယ်…။ (more…)

    Cateogry : Event , News , Photo | Leave Your Comment

    ကျွန်တော့် လော၂ဆယ်….

    October 5 , 2011 | 185 views
    7

    ဒီရက်ပိုင်း တော်တော်ဦးနှောက်ခြောက်ဖို့ ကောင်းပါတယ်…။ ဘာတွေမှန်းမသိပဲနဲ့ကို ရှုပ်ရှုက်ခတ်နေတာပါ…။

    ပထမအချက်အနေနဲ့ မနေ့ကအထိ သုံးခဲ့တဲ့ Theme ကို စိတ်တိုင်းမကျလို့ အသစ်တစ်ခု ပြန်ပြင်ရေးလိုက်ပါတယ်…။ ဒီလထဲမှာပဲ သုံးခုမြောက် Theme ဖြစ်သွားပါတယ်…။ ပထမဆုံး ရေးခဲ့တဲ့ Theme နဲ့ ဒုတိယ ရေးခဲ့တဲ့ Theme ထဲက သဘောကျတဲ့အစိတ်အပိုင်းလေးတွေကိုယူ..။ မကြိုက်တာတွေကိုပြင်..။ ထည့်ချင်တာလေးတွေ ထပ်ထည့်ပြီး တတိမြောက် ကိုယ်ပိုင် Theme တစ်ခုကို လုပ်လိုက်ပါတယ်…။ အခုသုံးထားတဲ့ Theme ပါပဲ…။ မဲမဲနဲ့ မှောင်မှောင် ဖြစ်တာကတော့ အရင်ထုံးစံအတိုင်းပါပဲ…။ ဒါပေမယ့်… အရင်ဟာတွေနဲ့ မတူတာတော်တော်များများ ပါလာပါတယ်…။ အခု သုံးထားတယ် ဆိုပေမယ့်လို့ ၁၀၀ ရာခိုင်နှုန်းပြီးသွားတာတော့လည်း မဟုတ်သေးပါဘူး..။ ဟိုတို့တိ ဒီတို့တိ နဲနဲပါးပါး ပြင်စရာလေးတွေ ကျန်နေပါသေးတယ်…။ လုံးဝ စိတ်တိုင်းကျသွား တာ မဟုတ်သည့်တိုင် Blog တစ်ခုအနေနဲ့တော့ သပ်သပ်ရပ်ရပ် အရင်ကဟာတွေထက် ပိုရှိသွားသလို ခံစားရပါတယ်…။ နောက် အားတော့မှ ဒီ Blog Design ကို ငုံပြီး Portfolio Design တစ်ခု ထပ်လုပ်ဖို့ စဉ်းစားထားပါတယ်…။ သေချာတာတစ်ခုကတော့ ဒီရက်ပိုင်းထဲ လုံးဝမဟုတ်ပါဘူး…။ (more…)

    Cateogry : Personal , Photo | 2 Comments

    Live Beyond Light (3)

    February 4 , 2011 | 941 views

    ဒီပုံကတော့ ရန်ကုန်ကို ပထမဆုံး ပြန်ရောက်တဲ့အချိန်တုန်းက Lady Black နဲ့ အတူ ကန်တော်ကြီးမှာ အအေးသွားသောက်ရင်း လမ်းကြုံလို့ ရိုက်ဖြစ်သွားတဲ့ ပုံပါ။ ;)

    EXIF INFO:

    Aperture           : f/22

    ISO                       : 1600

    Shutter Speed : 1/6 Seconds

    Focal Length    : 17mm

    Gears : Canon Eos 50D; Canon EF-S 17-85 IS;

    P.S – This evening was very special to me :)

    Cateogry : Photo | 2 Comments

    Lives Beyond Light (2)

    February 4 , 2011 | 975 views

    ရန်ကုန်ကို ခွင့်နဲ့ ခဏပြန်ရောက်တုန်း ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း ဖွေးဖွေး၊ နောက် နာမည်ကြီး Photographer တစ်ယောက်ဖြစ်တဲ့ ငြိမ်းချမ်းရယ်…။ ကျွန်တော့်ရဲ့ Lady Black ရယ် Coffee Circle ကအပြန် ငြိမ်းချမ်းရဲ့ သူငယ်ချင်းနေထိုင်တဲ့ ပန်းခြံ Tower ပေါ်မှာ ဂစ်တာသွားတီးကြရင်း ရိုက်ထားတဲ့ ပုံလေးဖြစ်ပါတယ်…။ :)

    EXIF INFO:

    Aperture           : f/22

    ISO                       : 100

    Shutter Speed : 30 Seconds

    Focal Length    : 70mm

    Gears : Canon Eos 50D; Canon EF 70-200 f/4 L;

    P.S- The night i took this photo is one of the most important days in my life. Actually I started my new life at that night … :)

    Cateogry : Photo | 3 Comments