• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်နှင့် အစာအိမ်

    September 13 , 2011 | 289 views
    scan

    Post မရေးမိတာ ၂ လ ကျော်သွားပါပြီ…။ ဓာတ်ပုံတွေ မရိုက်ဖြစ်တာလဲ အဲ့ဒီ့ ပါတ်ဝန်းကျင်ပဲ ဖြစ်ပါလိမ့်မယ်…။ စာလည်းမရေး..။ ဓာတ်ပုံလည်း မရိုက်..။ ဘာတွေများ လုပ်နေမိပါလိမ့်လို့ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို ပြန်မေးမိတော့…။ အဖြေကလည်း သိပ်ပြီး တိတိကျကျ မရှိ…။

    အိမ်ထောင်ကျသွားလို့ အိမ်မှုကိစ္စတွေ များနေသလားဆိုတော့လည်း…။ သူ့ခေတ် သူ့အခါ ထိုက်သင့်သလောက် ပြည့်စုံနေတဲ့ အတွက် ပူစရာပင်စရာက အတိုင်းအတာ တစ်ခုအထိသာ…။ အလုပ်ခွင်အတွင်းမှာလည်း အရာအားလုံး နေသားတစ်ကျနဲ့ ချောချောချူချူပါပဲ…။

    အဲ…။ ဆိုးတာလေး အနဲနဲ့ အများတော့ ရှိလေရဲ့…။

    ကျွန်တော့် Viao လေး ကော်ဖီအသောက်လွန်သွား (တစ်ကျိုက်ထဲနဲ့ ကော်ဖီတစ်ခွက်လုံးကုန်အောင် သောက်လိုက်) တဲ့အတွက် ဘယ်လိုမှ ဖွင့်မရတော့ပဲ ရာသက် ပန် အိပ်စက်သွားပါတယ်။ Hard Disk ကတော့ ကောင်းတုန်းလို့ရ ယူဆရပါတယ်..။ စက်ပျက်သွားတာထက် Hard Disk ဂန့်မသွားဖို့က ကျွန်တော့်အတွက် အဓိက ပိုကြ ပါတယ်..။ နှစ်ပေါင်းများစွာ ကျွန်တော့်ဘ၀ရဲ့ မှတ်တမ်းဓာတ်ပုံတွေ..။ ကျွန်တော်လက်ကမြင်းထားတဲ့ ဓာတ်ပုံတွေ..။ ကျွန်တော်ဆွဲထားတဲ့ Themes တွေ အားလုံး ပါသွားပါတယ်..။ (more…)

    Cateogry : Article , Personal | 10 Comments

    ယူပါ…

    June 28 , 2011 | 798 views
    c

    Saving Private Ryan ဆိုတဲ့ကားကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါတယ်…။

    ဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်ကွက်တိုင်းဟာ အနှစ်သာရ ပြည့်ဝစွာ ရိုက်ကူးတင်ဆက်ထားတဲ့ အနုပညာမြောက်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်…။ မြောက်များစွာရရှိသွားတဲ့ Oscar ဆုတွေနဲ့လည်း တကယ်ကိုထိုက်တန်တဲ့ ဇာတ်ကားတစ်ခုပါ…။

    အဲ့ဒီ့ဇာတ်ကားထဲမှာ သင်ယူစရာတွေ၊ သံဝေဂရစရာတွေ၊ မှတ်သားစရာတွေ၊ သတိထားစရာတွေ အမြောက်အများပါခဲ့ပါတယ်..။ အဲ့ဒီမြောက်များစွာထဲက ကျွန်တော့်ရင်ထဲ အခုအချိန်မှာ နက်နက်ရှိုင်းရှိုင်းထိုးဖောက် နေရာယူနေတဲ့ စကားတစ်လုံးရှိပါတယ်…။ (more…)

    Cateogry : Article , Personal | 6 Comments

    သူမ နှင့် ကျွန်တော်…

    June 4 , 2011 | 691 views
    a

    နိဒါန်း

    ၂၀၀၁ ခုနှစ်

    “ကိုဦး…။ ဖုန်းလာတယ်…။”

    “ဟ…ဟ ဖုန်းတဲ့ဟ…။ ခဏနေကြဦး…။ ခဏ..။ ခဏ..။ ချက်ခြင်း ပြန်လာခဲ့မယ်” ဘောလုံးပွဲက အရှိန်ကောင်းနေတုန်း ဖြစ်သည်။ ဒီနေ့လို လူစုံ၊တက်စုံ မကန်ရတာ ကြာပြီ..။ ကိုသူရ၊ ကိုဝထ၊ စွမ်းရည်အောင်၊ သီဟအောင်၊ လှထွဋ်၊ သီဟံစိုး၊ အောင်အောင်၊ ဖိုးသာထူး…။ လူအကုန်ပါသည်..။ ကန်လို့ကလည်း တော်တော်ကောင်းနေတဲ့ အချိန်…။ ဖုန်းဆိုတော့ တော်တော် ဦးနှောက်စားသွားသည်..။ ဘယ်သူ့ဆီကမှလည်း အရေးတကြီးလာစရာ မရှိပေ…။

    ဒီကြားထဲ အခုလို ခြံထဲမှာဘောလုံးကန်ဖို့ဆိုတာ နဲတဲ့အခွင့်အရေးမဟုတ်ပေ..။ အဖေလစ်တုန်း ကန်ရတာ ဖြစ်သည်။ အဖေသိသွားရင် အိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းရ နိုင်သည်..။ ခေါင်းနဲ့ ဆင်းခိုင်းတာလဲ အကြောင်းရှိသည်။ ခြံထဲမှာ ဘောလုံးကန်တဲ့ အကျိုးအားဖြင့် အိမ်နံရံမှာ ရှိတဲ့ဆေးတွေ ဘောလုံးရာဖြင့် အကွက်လိုက် အကွက်လိုက်တွေမနဲ…။ အခုချိန် (၂၀၁၁) အထိ ရှိသေးသည်..။ ကွဲသွားတဲ့ အဖွားရဲ့ ကက်တလေရာ သစ်ခွပင်တွေနဲ့..။ မီးလုံးဖိုးတွေကလည်း မနည်းတော့ပေ…။ (more…)

    Cateogry : Essay , Personal | 2 Comments

    ၉/ခ စံပယ်

    May 23 , 2011 | 694 views
    a

    ဇူလိုင်..။ သြဂုတ်..။ စက်တင်ဘာ..။ အောက်တိုဘာ..။ နိုဝင်ဘာ..။ ဒီဇင်ဘာ..။ ဇန်န၀ါရီ…။ ဖေဖော်ဝါရီ..။ မတ်…။ ဧပြီ…။ မေ…။

    အချိန်တို့သည် ထင်တာထက်ပိုပြီး လျှင်လျှင် မြန်မြန်ကုန်ဆုံးသွားပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ အချို့အတွက် မသိသာပါဘူး..။ မထူးခြားပါဘူး..။ အချို့အတွက်တော့ တစ်နှစ်ဆိုတဲ့ အချိန်မပြောနဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလောက်နဲ့ တင် အရာအားလုံးကို ပြောင်းလဲပြစ်ဖို့ လုံလောက်ပါတယ်..။

    ကျွန်တော်အတွက်တော့ ဒုတိယအမျိုးအစားက အကြုံးဝင်ပါတယ်..။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင်ကို လုပ်စရာတွေက စနစ်တကျ ပြည့်နေခဲ့ပါတယ်..။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ဘ၀အမျိုးအစားအရ ဒါဟာ သိပ်မထူးဆန်းပါဘူး…။ စာဖတ်သူတွေအတွက်လည်း ထူးဆန်းမယ် မထင်ပါဘူး..။ ဒီကာလတစ်ခုအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ…။ ခံစားချက်တွေဟာ အမျိုးစုံသလောက် ရသလည်း စုံလှပါတယ်…။ ဒီအတွေ့အကြုံတွေထဲက ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ကျွန်တော် ပြန်ပြောပြချင်ပါတယ်…။ ဒီစာကိုဖတ်လိုက်ရလို့ ကုန်ဆုံးသွားမယ့် တစ်စုံတစ်ခုသော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွက် မပြောပလောက်သော ပမာဏလေးဖြစ်ဖြစ်တော့ အကျိုးရှိကောင်း ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…။ (more…)

    Cateogry : Article , Personal | 2 Comments

    Email ကနေ ဖတ်မယ်…

    March 4 , 2011 | 717 views

    ကျွန်တော့် Blog ကို MPT က Ban ထားပါတယ်..။ သိတဲ့သူအချို့လည်း သိကြပါတယ်..။ မသိတဲ့သူအချို့လည်း မသိကြပါဘူး…။ အချို့လည်း အမှတ်တမဲ့နဲ့ သိသလိုလို မသိသလိုလိုပါပဲ…။ ကျွန်တော်ရေးတဲ့ မဖြစ်ညစ်ကျယ်စာတွေကို ဖတ်လေ့ဖတ်ထ မရှိတဲ့သူတွေအတွက် ဘာမှ မထူးခြားပေမယ့်…။ ကျွန်တော့် Blog ကို ယခင့် ယခင် လွန်ခဲ့သည့် ၄ နှစ် ခန့်ကတည်းက ဖတ်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ စာဖတ်ပရိတ်သတ်အချို့အတွက်တော့ ဒီလို Ban ခံထားရခြင်းဟာ တော်တော်စိတ်ပျက် ဖို့ ကောင်းပါလိ့မ်မယ်..။

    ဘာကြောင့် Ban ခံရလဲဆိုတာ ကျွန်တော်လည်း မသိသလို..။ Ban တဲ့သူလည်း သိမယ်မထင်ပါဘူး…။ (ဟုတ်ပါတယ်..။ သူလည်း သူ့အထက် လူကြီးက Ban ဆိုလို့ ဘန်းတာ ဖြစ်ပါလိ့မ်မယ်။ သူကိုယ်တိုင်လည်း ကျွန်တော့် Blog ကို ဖတ်ဖူးမယ် မထင်ပါ။ ရှိတယ်လို့တောင် ထင်မည် မဟုတ်ပါ…။ ) ထားပါ..။ ကျွန်တော်ပြောချင်တာ က Ban တဲ့အကြောင်းမဟုတ် ပါဘူး..။ အခုလို Ban ထားတဲ့အတွက် Blog ကို ကိုယ်တိုင်ကိုယ်ရောက်လာပြီး မဖတ်နိုင်တဲ့သူတွေအတွက်ရော…။ Blog တကာ လျှောက်ပတ်ပြီးဖတ်နေရတာ ထက်စာရင် Email ထဲမှ ငြိမ်ငြိမ်လေး Feel အပြည့်နဲ့ ဖတ်ချင်တဲ့သူတွေအတွက် ကျွန်တော်အခု Feed Burner နဲ့ Email Subscription လုပ်လိုက်ပါတယ်..။

    အရင်ကလည်း လုပ်ဖူးပါတယ်..။ ဒါပေမယ့် Site က Blogspot ကနေ WordPress ကိုရွှေ့လိုက်…။ 1and1 ကနေ Dot5 ကိုရွှေ့..။ နောက် Dot5 ကနေ Bluehost ကို ပြောင်းလိုက်နဲ့..။ Blog ပိုင်ရှင်ရဲ့ စိတ်အတိုင်း ဟိုခုန် ဒီပေါက်ဖြစ်နေတဲ့အတွက် Feed တွေ ပျက်ကောင်းပျက်သွားနိုင်ပါတယ်…။ (ပျက်ကို ပျက်ကုန်တာပါ)..။ အဲ့ဒါနဲ့ လွန်ခဲ့တဲ့ ၂ ရက်ကျော်က Feed အသစ် တစ်ခု Burn လိုက်ပါတယ်…။ အဲ့ဒီ့ Feed တွေကို လုပ်နေတုန်း ရုံးမှာ Net ကျသွားတဲ့ အတွက် ဆက်မလုပ်ဖြစ်ပဲ ထားလိုက်ပါတယ်..။ အသစ်စလုပ်ပြီးပြီးချင်း  Feed အသစ်လေးရဲ့ Feed Count ကို ကြည့်လိုက်တော့ အားရစရာပါ “zero” reader ပါတဲ့..။ ဒါနဲ့ ပြစ်ထားလိုက် တယ်..။ (စိတ်နာလို့…)

    အခု..။ ဒီနေ့ Internet Cafe ကနေ လာသုံးရင်း ဆက်လုပ်တော့ တော်တော်ရင်ခုန်ဖို့ ကောင်းသွားပါတယ်..။ ကျွန်တော် လျှောက်ကလိလိုက်တာ ကျွန်တော့် Google Feedburner Account ထဲမှာ Feed နှစ်ခုဖြစ်သွားပါတယ်…။ ကျွန်တော် သဘောပေါက်လိုက်တယ်..။ အရင် Feed မပျက်သေးပဲကိုး…။ ဒါနဲ့ ဆက်ကြည့် လိုက်တော့ ပိုရင်ခုန်သွားတယ်…။ ဘာလို့လဲဆိုတော့ ကျွန်တော့် Feed Account အဟောင်းထဲမှာ Email Subscription 34 readers နဲ့ Google Feedfetcher ၁ ယောက် ရှိပါတယ်..။ ကိုယ့်ကိုယ်ကို အဲ့လောက် Email Subscription ရှိမယ်လို့ ယောင်လို့တောင် အိပ်မက် မမက်ဖူးပါဘူး… (Email Subscription ရာကျော်၊ ထောင်ကျော်ရှိသူများ ပက်ပက်စက်စက် လူးလိမ့်နေအောင် ရယ်ကြပါကုန်) ..။ ဒါနဲ့…

    ဟိုနေ့ကလုပ်လိုက်တဲ့ Feed အသစ်လေးကို ကြည့်လိုက်တော့ ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်…။ (အခုထိလဲ တကယ်ရော ဟုတ်ရဲ့လားလို့ သံသယ ၀င်နေတုန်းပါ) ကျွန်တော့် Feed Count ထဲမှာ 200 Readers အတိအကျ ရှိနေပါတယ်…။ ဒါပေမယ့် သူကြတော့ တစ်မျိုးပါ..။ Account အဟောင်းမှာ တုန်းကလို Email Subscription များများ (ကျွန်တော့်အတွက်) မရှိပါ…။ Email Subscription 1 ယောက်ပဲ ရှိပါတယ်..။ အဲ့ဒါလည်း တစ်ခြားမဟုတ်ပါဘူး..။ ကျွန်တော့်ဘာသာ ကျွန်တော် စမ်းကြည့်ထားတဲ့ email ပါ (တော်တော်လေးများ ကြွားရာရောက်သွားပြီထင်တယ်၊ အဲ့လောက် အားပေးတဲ့ သူများပါတယ်)

    ဒါပေမယ့် Google Feedfetcher ၁၉၉ ယောက်တောင်ဖြစ်နေပါတယ်…။ သူပြထားတဲ့ Graph လေးကြည့်လိုက်တော့ March ၃ ရက်နေ့မှာ ခုန်တက်သွားတာကို တွေ့ရပါတယ်…။ Bot တွေလား Search Engine ရဲ့ Spider လားတော့ ကျွန်တော်လည်း မသိပါဘူး..။ ဘာပဲ ဖြစ်ဖြစ် ပျော်တာပေါ့ဗျာ..။ အယောက် ၂၀၀ နဲတာမှတ် လို့…။ ဖြစ်နိုင်ရင် Account အဟောင်းက Email Subscription Reader ၃၄ ယောက်ကို ဒီဘက် Account အသစ်ထဲ Transfer လုပ်ပြီး ရုပ်တည်ကြီးနဲက ၂၃၅ ယောက်လောက် ပြချင်တာပေါ့…။ ဒါပေမယ့် မရပါဘူး..။ :D (မှတ်ချက်။ Email Subscription အများကြီးဖြစ်အောင် စိတ်ကြိုက် အရေအတွက်ထည့်ပြီး Hack လုပ်လို့ရပါသည်။ မယုံမရှိပါနှင့် ကျွန်တော် လုပ်တတ်ပါသည် သို့သော် မလုပ်ချင်ပါ။)

    ပြောရင်းနဲ့ စကားတွေက တော်တော်လမ်းချော်ကုန်ပါပြီ (ခွင့်လွှတ်ပါ။ ကြွားချင်အား ကြီးသွားလို့ပါ)။ ဆိုလိုတာက အခု Blog ကို ၀င်ဖတ်မရလို့ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ ညီအစ်ကို မောင်နှမများနဲ့ စာချစ်သူများအတွက် ကျွန်တော် Account တစ်ခု သေသေချာချာလုပ်ပြီး ( ဒီတစ်ခါ အတည်ပါ..။ နောက်မပျက်စေရပါဘူး..။ အာမခံ!) မျှဝေလိုက်ပါတယ်…။ အခု ဒီ Post ရဲ့ အောက်မှာပါတဲ့ Email Subscription လေးထဲမှာ မိတ်ဆွေတို့ရဲ့ Email Address လေးထည့်လိုက်ပါ။ မိတ်ဆွေ တို့ရဲ့ Email Account ထဲကို Confirmation တောင်းတဲ့ Mail တစ်စောင်ရောက်လာပါလိ့မ်မယ်..။ Confirm လုပ်လိုက်ပါ..။ ဒါဆို အားလုံးအိုကေသွားပါပြီ..။

    ဒီ Post က တဖြေးဖြေးနောက်ရောက်သွားလို့ Post ကိုမတွေ့တော့ဘူးဆိုလည်း ဘေးက Side Bar မှာ ကျွန်တော်ထားပေးထားပါတယ်..။ ဒီတော့…။ ကျွန်တော်တင်သမျှ Post ပေါင်း ၁၆၀၀၀ ကို email ထဲက အဆင်သင့်ထိုင်ဖတ်လို့ ရသွားပါပြီ…။ အမှန်တော့ ကျွန်တော်ကိုယ်တိုင်က လျှာရှည်တာပါ (တုံးတာလဲ ပါပါတယ်) ဒီလောက် IT ခေတ်ကြီးထဲမှာ Email Subscription လုပ်တာလောက်ကို ကျွန်တော် လိုက်ရှင်းပြနေစရာမလိုပါဘူး…။ ကျွန်တော့်ထက်တောင် ပိုသိကြဦး မှာ သေချာပါတယ်..။ ဒါပေမယ့် ထုံးစံအတိုင်း ဆရာကြီး လုပ်ပြီးရှင်းပြပေးခြင်းဖြစ်ပါကြောင်း….။

     

    P.S- Email Subscription များ ပက်ပက်စက်စက် Subscribe လုပ်ကြပါစေ အရှင်ဘုရား..။

    Enter your email address:

    Delivered by FeedBurner

    Cateogry : News , Personal | 3 Comments