Shadow With The Unseen Force
နေ၀င်ချိန်တွေ ဟောင်းမသွားပေမယ့်
ဘ၀တစ်ပါးကိုတော့ ပြောင်းသွားခဲ့ပြီပေါ့ အဖိုးရယ်…။
သံသရာ တစ်လျှောက်မှာ
ဒီနေရာဆိုတာ တစ်နေ့တော့
လူတိုင်းရောက်လာကြရဦးမှာပါ….။
အဖိုးပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းလိုပေါ့….
တစ်ကယ်ဆိုရင် သံသရာဆိုတာဟာ
“Shadow With The Unseen Force” ပါ…။
တစ်နေ့တော့ ဒီနေရာကို
အဖေနဲ့ အမေလည်း….
သားတို့တစ်တွေလည်း…..။
တစ်ကွေ့ကွေ့မှာ
သံသရာမဆုံးသမျှ တွေ့ကြဦးမယ်လို့
မျှော်…..
………လင့်……..
……………….ရင်း……။ ။
P.S- Dedicated To Our Beloved Grandfater (U Min Thaw) Who Suddenly Left Us Yesterday…
Cateogry : Personal , Poems | 3 Comments

၁၀ နှစ်ကြာသော ခရီးတစ်ခု…

မနေ့က ကျွန်တော့် မိသားစုနဲ့ အတူ ခရီးလေး တစ်ခုထွက်ဖြစ်ပါတယ်…။ သာမန်ခရီးလေး တစ်ခုပါပဲ…။ ကျွန်တော့် အဖေရဲ့ အလုပ်ကိစ္စအတွက် နေပြည်တော် ကိုလာခဲ့ ကြခြင်းဖြစ်ပါတယ်…။ သာမန်အားဖြင့် ကြည့်ရင်တော့ ဘာမှ ထူးထူး ခြားခြားမရှိလှပါဘူး…။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် တော့ ဒီခရီးလေးဟာ ကျွန်တော့်အတွက် အလွန်ထူးခြားပါတယ်…။
တစ်ခြားကြောင့်တော့မဟုတ်ပါဘူး..။ ကျွန်တော်တို့ မိသားစု အတူတူ ခရီးမသွားခဲ့ကြတာဆိုရင် အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် ပါတဲ့ ခရီးတွေမှာ ကျွန်တော့် ညီမလေးမပါ..။ ကျွန်တော့် ညီမပါတဲ့ ခရီးတွေမှာ ကျွန်တော် အဝေးရောက်နေတဲ့ အတွက် မပါနိုင်…။ ကျွန်တော့် ညီမနဲ့ အမေ ကျွန်တော့် ဆီကို လာကြတဲ့အခါ ကျွန်တော့် အဖေမအားလို့ မပါနိုင် စသဖြင့် တစ်ယောက်မဟုတ် တစ်ယောက် ဘက်ပဲ့နေခဲ့တာ အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ ပါပြီ…။ (more…)
Cateogry : Article , Event , Personal , Travel | 7 Comments
ကျွန်တော့် လော၂ဆယ်….

ဒီရက်ပိုင်း တော်တော်ဦးနှောက်ခြောက်ဖို့ ကောင်းပါတယ်…။ ဘာတွေမှန်းမသိပဲနဲ့ကို ရှုပ်ရှုက်ခတ်နေတာပါ…။
ပထမအချက်အနေနဲ့ မနေ့ကအထိ သုံးခဲ့တဲ့ Theme ကို စိတ်တိုင်းမကျလို့ အသစ်တစ်ခု ပြန်ပြင်ရေးလိုက်ပါတယ်…။ ဒီလထဲမှာပဲ သုံးခုမြောက် Theme ဖြစ်သွားပါတယ်…။ ပထမဆုံး ရေးခဲ့တဲ့ Theme နဲ့ ဒုတိယ ရေးခဲ့တဲ့ Theme ထဲက သဘောကျတဲ့အစိတ်အပိုင်းလေးတွေကိုယူ..။ မကြိုက်တာတွေကိုပြင်..။ ထည့်ချင်တာလေးတွေ ထပ်ထည့်ပြီး တတိမြောက် ကိုယ်ပိုင် Theme တစ်ခုကို လုပ်လိုက်ပါတယ်…။ အခုသုံးထားတဲ့ Theme ပါပဲ…။ မဲမဲနဲ့ မှောင်မှောင် ဖြစ်တာကတော့ အရင်ထုံးစံအတိုင်းပါပဲ…။ ဒါပေမယ့်… အရင်ဟာတွေနဲ့ မတူတာတော်တော်များများ ပါလာပါတယ်…။ အခု သုံးထားတယ် ဆိုပေမယ့်လို့ ၁၀၀ ရာခိုင်နှုန်းပြီးသွားတာတော့လည်း မဟုတ်သေးပါဘူး..။ ဟိုတို့တိ ဒီတို့တိ နဲနဲပါးပါး ပြင်စရာလေးတွေ ကျန်နေပါသေးတယ်…။ လုံးဝ စိတ်တိုင်းကျသွား တာ မဟုတ်သည့်တိုင် Blog တစ်ခုအနေနဲ့တော့ သပ်သပ်ရပ်ရပ် အရင်ကဟာတွေထက် ပိုရှိသွားသလို ခံစားရပါတယ်…။ နောက် အားတော့မှ ဒီ Blog Design ကို ငုံပြီး Portfolio Design တစ်ခု ထပ်လုပ်ဖို့ စဉ်းစားထားပါတယ်…။ သေချာတာတစ်ခုကတော့ ဒီရက်ပိုင်းထဲ လုံးဝမဟုတ်ပါဘူး…။ (more…)
Cateogry : Personal , Photo | 2 Comments
4 Years Of Blogging…

ဟိုတစ်နေ့က ကျွန်တော့် Lady မေးမှ ကျွန်တော်လည်း သတိထားမိတယ်…
ဘာမေးတာလဲဆိုတော့ ဒီနှစ် Blog Anniversary အတွက် မရေးဘူးလားတဲ့…။
သူမေးလိုက်တဲ့ မေးခွန်းက ရိုးရှင်းပေမယ့် ကျွန်တော့် အတွက်တော့ တွေးစရာ အများကြီးဖြစ်သွားပါတယ်…။ ဟုတ်တယ်လေ ကျွန်တော်တို့လို Blogger တွေ ဆိုတာ ကိုယ့်ဘလော့ကို ကိုယ့်ရင်သွေးတစ်ယောက်လို…။ ကိုယ်ပွားတစ်ခုလို…။ အရိပ်တစ်ခုလို သဘောထားကြ…။ တန်ဖိုးထားကြတာမလား…။ ကျွန်တော် ကိုယ်တိုင်လည်း ကျွန်တော့် Blog ဟာ ကျွန်တော် မပိုင်ဆိုင်လိုက်ရတဲ့ ကျွန်တော့် အိပ်မက်တစ်ခုရဲ့ အရိပ်ပါလို့ တစ်ခါက ပြောခဲ့ဖူးပါတယ်…။
အရင်တစ်ချိန် လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄ နှစ်က Blog ရေးကာစကဆို…။ မနက်မိုးလင်း မျက်စိနှစ်လုံးမပွင့်သေးဘူး ကွန်ပျူတာကို လက်ကလှမ်းဖွင့်ပြီးသား..။ ကို့ယ် Blog ရဲ့ C-Box မှာ ဘယ်သူတွေ… ဘာတွေများ လာပြောသွားသလဲ…။ ဘယ်ပို့စ်မှာ Comment တွေ တက်လာလဲ…။ ဒီနေ့ ဘာရေးရမလဲ..။ စသဖြင့် ….။ Blog နဲ့ မျက်နှာသစ်တယ်လို့တောင် ပြောလို့ရပါတယ်…။ (more…)
Cateogry : Event , Personal | 6 Comments
Running MAMP (Local Server) On Mac

ဒီရက်ပိုင်းတော့ WordPress Tutorial ကို ဆက်ရေးနိုင်မယ် မထင်ပါဘူး..။ ကျွန်တော့် Viao ကော်ဖီအသောက်လွန်ပြီး မှောက်သွားတဲ့နောက်။ Lady Black ရဲ့ ကျေးဇူးနဲ့ သူ့ MSI လေး အကူအညီကို ယူပြီး အရင်နေ့တွေက Tutorial Post တွေ ရေးနေခဲ့တာပါ။ တစ်ရက်က နှစ်ရက်…။ နှစ်ရက်က နေ ၂ လ လောက် ဖြစ်လာတဲ့ အခါမှာ Lady Black ကို အားနာလာတာနဲ့ မရှိမဲ့ရှိမဲ့ ငွေလေး ခြစ်ချုပ်စုပြီး MacBook Pro လေး တစ်လုံး တနင်္ဂနွေနေ့က ၀ယ် ဖြစ် လိုက်ပါတယ်။
၁၀ နှစ်သားလောက်ကတည်းက အသုံးပြုလာတဲ့ Window OS ကြီးကို စွန့်လွှတ်ပြီး Mac Platform ပေါ် ခြေချလိုက်တယ်ဆိုရင်ပဲ။ Mac က နည်းမျိုးစုံနဲ့ ပညာစမ်းပါတော့တယ်..။ အခု တစ်ရက် နှစ်ရက်ကနေ တစ်ပါတ်လောက်အတွင်းတော့ သူပညာစမ်းသမျှကို လှိမ့်ပိန့်ခံရမှာပါပဲ…။
စ၀ယ်ဝယ်လာခြင်း Facebook သုံးတော့ ပြသနာစပါတယ်။ ကျွန်တော့် Mac က Lion ဖြစ်တဲ့အတွက်…။ မြန်မာ Unicode တစ်ခါထဲ ပါလာပါတယ်။ ဒါ့ကြောင့် Facebook မှာ ရှိသမျှ မြန်မာစာတွေအားလုံးကို Unicode နဲ့ ပြတဲ့အခါမှ ဇော်ဂျီ မြန်မာ Font တွေဟာ တစ်ကယ့်ကို ဇော်ဂျီ ဘာသာစကား တွေ ဖြစ်သွားပြီး ဘယ်လိုမှ ဖတ်လို့မရတော့ပါဘူး..။ (more…)
Cateogry : Mac , Personal | 2 Comments







