စက္ကန့် နှင့်အမျှပြောင်းလဲနေတဲ့ ကျွန်တော်တို့ ရဲ့ ၂၁ ရာစုခေတ်ထဲမှာ အသိပညာ၊ အတတ်ပညာ များဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲလို့ လာနေပြီ ဖြစ်ပါတယ်…။ ဒီလိုတိုးတက်ပြောင်းလဲနေ တဲ့ နည်းပညာများ၊ အသိပညာများကို မျက်ခြေမပြတ်လိုက်နိုင်1ဖို့ ဆိုရင်တော့ ကျွန်တော်တို့ ရဲ့ မျက် စိတွေ၊ နားတွေကို အစွမ်းကုန် ဖွင့်ထားဖို့လိုပါလိမ့်မယ်…။
ထို့ကြောင့် ကျွန်တော်တို့ သိထား၊တတ်တထားသည်များကို ဝေမျှရန်၊ မသိသေးတာတွေကို မေးမြန်း၊ တိုင်ပင်ကြစေနိုင်ရန် အတွက် ကျွန်တော်တို့ ရဲ့ Myanmar Genius Forum ကိုတည်ထောင်လိုက်ခြင်းရခြင်း ဖြစ်ပါတယ်…။ အားလုံးပူးပေါင်းပါဝင်လက်တွဲပြီး ကျွန်တော်တို့ ချစ်သောနိုင်ငံနှင့် အနာဂတ်အတွက် မိမိကျရာအခန်းအခန်းကဏ္ဍမှ ပါဝင် ကြိုးစားရင်း မိမိတို့ရဲ့ တိမ်မြုပ်နေသော အရည်အချင်းများကို ထုတ်ဖော်ပြသကြဖို့ ကျွန်တော်တို့ရဲ့ Myanmar Genius ၀ိုင်းတော်သားများမှ လေးစားစွာ ဖိတ်ခေါ်၊ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသည်။
ကျွန်တော်တို့ ရဲ့ Forum မှာ Member များအဖြစ် ပါဝင်လက်တွဲကြမယ့် Genius များအတွက် အောက်ပါအစီအစဉ်များကိုလည်း ပြုလုပ်ထားပါတယ်…။
Novice Member (0 Post to 50) – Download Role
Beginner Member (50 Posts to 100 Posts) – WordPress with subdomain (yourdomain.myanmargenius.com)
Permanent Member (100 Posts to 500 Posts) – WordPress+Subdomain+ FTP account with Database
VIP Member & Special Member - (WordPress, Joomla) + Subdomain + FTP account + Rapidshare Premium Account
စသောအစီအစဉ်များနှင့် အခြားသော အစီအစဉ်ပေါင်းများစွာကို အခမဲ့ အသုံးပြုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။
ယခုနှစ် ၂၀၀၈ ခုနှစ်ဒီဇင်ဘာကတော့ ကျွန်တော့်ဘ၀အတွက် တကယ့်ကို အမှတ်တရပေါင်းများစွာကို ပေးစွမ်းနိုင်တဲ့ လတစ်လပါပဲ…။ ခံစား ချက်မျိုးစုံကို ပေးပါတယ်….။ ကောင်းတာတွေ ရှိသလို၊ ဆိုးတာတွေလဲ ရှိပါတယ်…။ ဒါပေမယ့် ကျွန်တော်အခု ဒီပို့စ်ကို ရေးတာက တော့ ကောင်းတဲ့အချက်တွေ ကိုဂုဏ်ပြုဖို့ ဖြစ်ပါတယ်…။
ပထမဦးဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ..။ ၂၀၀၈ ဒီဇင်ဘာလ ၁၇ ရက်နေ့ဟာ ကျွန်တော်တို့ စစ်တက္ကသိုလ် အပါတ်စဉ် (၄၇) ကျောင်းဆင်းအရာရှိများ၏ ၄ နှစ်ပြည့်နှစ်ပတ်လည်နှင့် အတူ ဗိုလ်ကြီးများအဖြစ် နိုင်ငံတော်မှ ရာထူးတိုးမြှင့် ခံ့ထားခြင်းခံရပြီ ဖြစ်ပါတယ်…။
ထို့ကြောင့် ဒီလိုနေ့ရက်မျိုးမှာ ကျွန်တော်နှင့် အတူ အားလုံးသော ကျောင်းဆင်း ညီအစ်ကို၊ သူငယ်ချင်းများ အားလုံး စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် အတူ တိုင်းပြည်နှင့်လူမျိုး အမျိုးဘာသာ သာသနာအတွက် မိမိ၏ အသက်နှင့် ခန္ဓာအား ပဓာနမထားပဲ ဦးလည်မသုန် ဆထက်တန်ဖိုးတိုး၍ နောက်ဆုံးထွက်သက်အထိ တိုင်းပြည်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ အကျိုးပြုနိုင်သော တိုင်းပြည်၏ သားကောင်း ရတနာများ ဖြစ်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်….။
ဒုတိယတစ်ခု ကတော့..။ ကျွန်တော်တို့ရဲ့ မြန်မာ Blogging ကျေးရွာမှ ပျောက်ချင်းမလှပျောက် (ချင်ယောင်ဆောင်) နေသော ကိုစိုးထက် ကြီးအကြောင်းပါပဲ…။ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျွန်တော့်တို့ရဲ့ Anniversary Promotion Day ဖြစ်သလို…။ ယနေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ဟာဆိုရင် ကျွန်တော်တို့ လေးစားရပါသော အစ်ကိုကြီးကိုစိုးထက်ရဲ့ Graduation Day လည်းဖြစ်ပါတယ်…။
ကျွန်တော်တို့ရဲ့ အစ်ကိုကြီး ကိုစိုးထက်လည်း နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိ၏ အတတ်ပညာ၊ အသိပညာများကို ကျွန်တော်တို့ ချစ်သော တိုင်းပြည်နှင့် ပြည်သူအတွက် ဆထက်တန်ဖိုးတိုး၍ အကျိုးပြနိုင်သော နိုင်ငံ့ သားကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်…။ အောက်မှ ကိုစိုးထက်ရဲ့ Graduation Ceremony Video ကို Youtube မှတစ်ဆင့် ကိုစိုးထက်ရဲ့ ခွင့်ပြုချက်ဖြင့် ဖော်ပြပေးလိုက်ပါတယ်…။
ကျွန်တော်တို့ မြန်မာပြည် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအတွက် (ဒုတိယအကြိမ်) မြောက် ထပ်မံ လှူဒါန်းနိုင်ရန် ကျင်းပပြုလုပ်ခဲ့သော ရံပုံငွေဘောလုံးပြိုင်ပွဲသည် (၃၁.၅.၂၀၀၈) သောကြာ နေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ဒီပြိုင်ပွဲကို ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ မြန်မာ ပြည်သူပြည်သားများအတွက် ကိုယ်ထိလက်ရောက် ကိုယ်တိုင်လုပ်အားပေးကူညီ လိုသော်လည်းမည် သို့မျှ မတတ်နိုင်သည့်အတွက် ကျွန်တော်တို့ရဲ့ ခွန်အား၊ ချွေး စသည်တို့ဖြင့် အင်အားစိုက်ထုတ်ကာ သွယ် ၀ိုက်သောနည်းဖြင့် ရင်းနှီးပြီး လှူဒါန်းလိုသောကြောင့် ဖြစ်ပါသည်။
အခန်းအနားတွင် မြန်မာပြည် မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ၀မ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် (၂) မိနစ် ငြိမ်သက်ကာ ဆုတောင်းမေတ္တာများပို့သပြီးနောက် ရံပုံငွေဘောလုံးပြိုင်ပွဲအား စတင် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း (၇)၊ ဒုတိယပိုင်း (၁၅) မိနစ်နှင့် တတိယပိုင်း မိနစ် (၃၀) တို့တွင် မြန်မာ ကျောင်းသားအသင်းမှ ရုရှားကျောင်းသားအသင်းအား ဂိုးများသွင်းယူကာ သုံးဂိုး ဂိုးမရှိ ဖြင့် အနိုင်ရခဲ့ပါသည်။
ရံပုံငွေပွဲမှရရှိသော အလှူငွေများအားလုံးကိုလည်း ယခင်အတိုင်းပင် မြန်မာနိုင်ငံသို့ အမြန်ဆုံး (တိုက်ရှိက်) လှူဒါန်း သွားမည် ဖြစ်ပါသည်။
ယခုကဲ့သို့ ရံပုံငွေပွဲဖြစ်မြောက်ရေးအတွက် ကိုယ်အား၊ အကြံဥာဏ်အားများဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြသော Russian New University နှင့် Moscow State Technology University, Bauman (BMSTU) မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများအား၎င်း၊ မိမိတတ်နိုင်သည့်နည်း လမ်းများဖြင့် အားကျိုးမာန်တက် ကူညီပေးခဲ့ကြသော နောင်တော်များ၊ သူငယ်ချင်းများနှင့် ညီငယ်များအား၎င်း၊ ကျောင်းအသီးသီးမှ ရံပုံငွေ လက်မှတ်များအား တာဝန်ယူရောင်းချပေးခဲ့သော သူငယ်ချင်းများအား၎င်း၊ ရံပုံငွေလက်မှတ်များအား (လူကိုယ် တိုင်မလာနိုင်သည့်တိုင်) ၀ယ်ယူအားပေးခဲ့ကြသော စေတနာရှင်များနှင့် သီးခြား အလှူငွေထည့်ဝင်ခဲ့ကြသော စေတနာရှင်များအား လွန်စွာကျေးဇူးတင်ရှိ ပါသည်။
အထူးသဖြင့် စာမေးပွဲများဖြေဆိုနေသည့် ကာလဖြစ်သည့်တိုင် မိမိချစ်သော ပြည်သူပြည်သားများ အတွက် အားကျိုးမာန်တက် လေ့ကျင့်၊ ကြိုးစားကစားပေးခဲ့ကြသော မြန်မာကျောင်းသားလက်ရွေးစင် အသင်းအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ။
p.s- ပြိုင်ပွဲအမှတ်တရ ဓာတ်ပုံများအား စုဆောင်းရရှိမှု အခက်အခဲကြောင့် Post တင်ခြင်းနောက်ကျခဲ့သည်ကို နားလည် ခွင့်လွှတ်ပေးကြပါရန်နှင့် ကောက်ခံရရှိသော အလှူငွေစာရင်းနှင့် လှူဒါန်းမှုများကို မကြာမှီ ဖော်ပြ ပေးသွားမည် ဖြစ်ကြောင်း။ ။

