NLD Charity Concert At MCC

မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရံပုံငွေပွဲကို ရောက်သွားပါတယ်..။ အဖိုးဆုံးသွားလို့ လောင်မြိုက်နေတဲ့ သောကတွေကို ဖြေဖျောက်ဖို့ကတစ်ကြောင်း..။ အသစ်ဝယ်ဖြစ်လိုက်တဲ့ Canon EF 70-200 f/2.8L IS II USM ကိုစမ်းဖို့အတွက်ကတစ်ကြောင်း…။ နောင်နှစ်ပေါင်းများစွာ ကြာခဲ့လို့ကျွန်တော်တို့ မြန်မာပြည်ကြီး ဒီမိုကရေစီစနစ်နှင့်အတူ ကြီးပွားချမ်းသာ တိုးတက်လာတဲ့အခါမှာ သမိုင်းမှတ်တိုင် တစ်ခုအဖြစ်ကျန်ခဲ့မယ့် ဖြစ်စဥ်လေး တစ်ခုကို မှတ်တမ်းတင်လိုတာကတစ်ကြောင်းကြောင့် သွားရောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်..။
အနုပညာရှင်အမြောက်အများ ပါဝင်ကူညီခဲ့ကြတာကိုလည်း တွေ့ရပါတယ်..။ တစ်ကယ်ကို ပီတိဖြစ် ဝမ်းသာဖို့ကောင်းတဲ့ ရံပုံငွေပွဲတစ်ခုပါ…။ လာရောက် အားပေးကြတဲ့ ပရိတ်သတ်တွေလည်း တော်တော်လေးများတာကိုတွေ့ရပါတယ်…။ (more…)
Cateogry : Event , News , Photo | 6 Comments
Yangon United Vs ATM (Malaysia)

ပို့စ်မတင်တာလဲ တော်တော်ကြာသွားပါပြီ…။ ဒီရက်ပိုင်း ပို့စ်တင်ချင်နေတာ အရမ်းပါပဲ…။ ဒါနဲ့ပဲ ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို ဖြစ်သွားပါတယ်…။ ဒီနေ့ Yangon United FC Sports Complex မှာ ကျင်းပတဲ့ YUFC နဲ့ မလေးရှားမှ ATM အသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကို သွားကြည့်ဖြစ်ပါတယ်…။ Camera နှစ်လုံးလွယ်ပြီး ဝင်သွားတော့ Media သမားထင်ပြီး ဝင်ကြေးပေးစရာ မလိုပဲ ပွဲကြည့်လိုက်ရပါတယ်..။
ကျွန်တော်က ဘောလုံးပွဲသတင်းရေးမှာ မဟုတ်ပဲ အနိုင်အရှုံးရလဒ်နဲ့ ဓာတ်ပုံတွေကို အသားပေးပြီး တင်တာဖြစ်တဲ့အတွက် ပွဲချိန် ဘယ်နှစ်မိနစ်မှာ ဘယ်သူက ဘယ်လိုသွင်းတယ်တွေ ဘာတွေမရေးတော့ပါဘူး..။ အကြမ်းလေးပဲ ရေးလိုက်ပါတယ်…။ (more…)
Cateogry : Event , News , Photo | Leave Your Comment
Email ကနေ ဖတ်မယ်…
ကျွန်တော့် Blog ကို MPT က Ban ထားပါတယ်..။ သိတဲ့သူအချို့လည်း သိကြပါတယ်..။ မသိတဲ့သူအချို့လည်း မသိကြပါဘူး…။ အချို့လည်း အမှတ်တမဲ့နဲ့ သိသလိုလို မသိသလိုလိုပါပဲ…။ ကျွန်တော်ရေးတဲ့ မဖြစ်ညစ်ကျယ်စာတွေကို ဖတ်လေ့ဖတ်ထ မရှိတဲ့သူတွေအတွက် ဘာမှ မထူးခြားပေမယ့်…။ ကျွန်တော့် Blog ကို ယခင့် ယခင် လွန်ခဲ့သည့် ၄ နှစ် ခန့်ကတည်းက ဖတ်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ စာဖတ်ပရိတ်သတ်အချို့အတွက်တော့ ဒီလို Ban ခံထားရခြင်းဟာ တော်တော်စိတ်ပျက် ဖို့ ကောင်းပါလိ့မ်မယ်..။
ဘာကြောင့် Ban ခံရလဲဆိုတာ ကျွန်တော်လည်း မသိသလို..။ Ban တဲ့သူလည်း သိမယ်မထင်ပါဘူး…။ (ဟုတ်ပါတယ်..။ သူလည်း သူ့အထက် လူကြီးက Ban ဆိုလို့ ဘန်းတာ ဖြစ်ပါလိ့မ်မယ်။ သူကိုယ်တိုင်လည်း ကျွန်တော့် Blog ကို ဖတ်ဖူးမယ် မထင်ပါ။ ရှိတယ်လို့တောင် ထင်မည် မဟုတ်ပါ…။ ) ထားပါ..။ ကျွန်တော်ပြောချင်တာ က Ban တဲ့အကြောင်းမဟုတ် ပါဘူး..။ အခုလို Ban ထားတဲ့အတွက် Blog ကို ကိုယ်တိုင်ကိုယ်ရောက်လာပြီး မဖတ်နိုင်တဲ့သူတွေအတွက်ရော…။ Blog တကာ လျှောက်ပတ်ပြီးဖတ်နေရတာ ထက်စာရင် Email ထဲမှ ငြိမ်ငြိမ်လေး Feel အပြည့်နဲ့ ဖတ်ချင်တဲ့သူတွေအတွက် ကျွန်တော်အခု Feed Burner နဲ့ Email Subscription လုပ်လိုက်ပါတယ်..။
အရင်ကလည်း လုပ်ဖူးပါတယ်..။ ဒါပေမယ့် Site က Blogspot ကနေ WordPress ကိုရွှေ့လိုက်…။ 1and1 ကနေ Dot5 ကိုရွှေ့..။ နောက် Dot5 ကနေ Bluehost ကို ပြောင်းလိုက်နဲ့..။ Blog ပိုင်ရှင်ရဲ့ စိတ်အတိုင်း ဟိုခုန် ဒီပေါက်ဖြစ်နေတဲ့အတွက် Feed တွေ ပျက်ကောင်းပျက်သွားနိုင်ပါတယ်…။ (ပျက်ကို ပျက်ကုန်တာပါ)..။ အဲ့ဒါနဲ့ လွန်ခဲ့တဲ့ ၂ ရက်ကျော်က Feed အသစ် တစ်ခု Burn လိုက်ပါတယ်…။ အဲ့ဒီ့ Feed တွေကို လုပ်နေတုန်း ရုံးမှာ Net ကျသွားတဲ့ အတွက် ဆက်မလုပ်ဖြစ်ပဲ ထားလိုက်ပါတယ်..။ အသစ်စလုပ်ပြီးပြီးချင်း Feed အသစ်လေးရဲ့ Feed Count ကို ကြည့်လိုက်တော့ အားရစရာပါ “zero” reader ပါတဲ့..။ ဒါနဲ့ ပြစ်ထားလိုက် တယ်..။ (စိတ်နာလို့…)
အခု..။ ဒီနေ့ Internet Cafe ကနေ လာသုံးရင်း ဆက်လုပ်တော့ တော်တော်ရင်ခုန်ဖို့ ကောင်းသွားပါတယ်..။ ကျွန်တော် လျှောက်ကလိလိုက်တာ ကျွန်တော့် Google Feedburner Account ထဲမှာ Feed နှစ်ခုဖြစ်သွားပါတယ်…။ ကျွန်တော် သဘောပေါက်လိုက်တယ်..။ အရင် Feed မပျက်သေးပဲကိုး…။ ဒါနဲ့ ဆက်ကြည့် လိုက်တော့ ပိုရင်ခုန်သွားတယ်…။ ဘာလို့လဲဆိုတော့ ကျွန်တော့် Feed Account အဟောင်းထဲမှာ Email Subscription 34 readers နဲ့ Google Feedfetcher ၁ ယောက် ရှိပါတယ်..။ ကိုယ့်ကိုယ်ကို အဲ့လောက် Email Subscription ရှိမယ်လို့ ယောင်လို့တောင် အိပ်မက် မမက်ဖူးပါဘူး… (Email Subscription ရာကျော်၊ ထောင်ကျော်ရှိသူများ ပက်ပက်စက်စက် လူးလိမ့်နေအောင် ရယ်ကြပါကုန်) ..။ ဒါနဲ့…
ဟိုနေ့ကလုပ်လိုက်တဲ့ Feed အသစ်လေးကို ကြည့်လိုက်တော့ ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်…။ (အခုထိလဲ တကယ်ရော ဟုတ်ရဲ့လားလို့ သံသယ ၀င်နေတုန်းပါ) ကျွန်တော့် Feed Count ထဲမှာ 200 Readers အတိအကျ ရှိနေပါတယ်…။ ဒါပေမယ့် သူကြတော့ တစ်မျိုးပါ..။ Account အဟောင်းမှာ တုန်းကလို Email Subscription များများ (ကျွန်တော့်အတွက်) မရှိပါ…။ Email Subscription 1 ယောက်ပဲ ရှိပါတယ်..။ အဲ့ဒါလည်း တစ်ခြားမဟုတ်ပါဘူး..။ ကျွန်တော့်ဘာသာ ကျွန်တော် စမ်းကြည့်ထားတဲ့ email ပါ (တော်တော်လေးများ ကြွားရာရောက်သွားပြီထင်တယ်၊ အဲ့လောက် အားပေးတဲ့ သူများပါတယ်)
ဒါပေမယ့် Google Feedfetcher ၁၉၉ ယောက်တောင်ဖြစ်နေပါတယ်…။ သူပြထားတဲ့ Graph လေးကြည့်လိုက်တော့ March ၃ ရက်နေ့မှာ ခုန်တက်သွားတာကို တွေ့ရပါတယ်…။ Bot တွေလား Search Engine ရဲ့ Spider လားတော့ ကျွန်တော်လည်း မသိပါဘူး..။ ဘာပဲ ဖြစ်ဖြစ် ပျော်တာပေါ့ဗျာ..။ အယောက် ၂၀၀ နဲတာမှတ် လို့…။ ဖြစ်နိုင်ရင် Account အဟောင်းက Email Subscription Reader ၃၄ ယောက်ကို ဒီဘက် Account အသစ်ထဲ Transfer လုပ်ပြီး ရုပ်တည်ကြီးနဲက ၂၃၅ ယောက်လောက် ပြချင်တာပေါ့…။ ဒါပေမယ့် မရပါဘူး..။
(မှတ်ချက်။ Email Subscription အများကြီးဖြစ်အောင် စိတ်ကြိုက် အရေအတွက်ထည့်ပြီး Hack လုပ်လို့ရပါသည်။ မယုံမရှိပါနှင့် ကျွန်တော် လုပ်တတ်ပါသည် သို့သော် မလုပ်ချင်ပါ။)
ပြောရင်းနဲ့ စကားတွေက တော်တော်လမ်းချော်ကုန်ပါပြီ (ခွင့်လွှတ်ပါ။ ကြွားချင်အား ကြီးသွားလို့ပါ)။ ဆိုလိုတာက အခု Blog ကို ၀င်ဖတ်မရလို့ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ ညီအစ်ကို မောင်နှမများနဲ့ စာချစ်သူများအတွက် ကျွန်တော် Account တစ်ခု သေသေချာချာလုပ်ပြီး ( ဒီတစ်ခါ အတည်ပါ..။ နောက်မပျက်စေရပါဘူး..။ အာမခံ!) မျှဝေလိုက်ပါတယ်…။ အခု ဒီ Post ရဲ့ အောက်မှာပါတဲ့ Email Subscription လေးထဲမှာ မိတ်ဆွေတို့ရဲ့ Email Address လေးထည့်လိုက်ပါ။ မိတ်ဆွေ တို့ရဲ့ Email Account ထဲကို Confirmation တောင်းတဲ့ Mail တစ်စောင်ရောက်လာပါလိ့မ်မယ်..။ Confirm လုပ်လိုက်ပါ..။ ဒါဆို အားလုံးအိုကေသွားပါပြီ..။
ဒီ Post က တဖြေးဖြေးနောက်ရောက်သွားလို့ Post ကိုမတွေ့တော့ဘူးဆိုလည်း ဘေးက Side Bar မှာ ကျွန်တော်ထားပေးထားပါတယ်..။ ဒီတော့…။ ကျွန်တော်တင်သမျှ Post ပေါင်း ၁၆၀၀၀ ကို email ထဲက အဆင်သင့်ထိုင်ဖတ်လို့ ရသွားပါပြီ…။ အမှန်တော့ ကျွန်တော်ကိုယ်တိုင်က လျှာရှည်တာပါ (တုံးတာလဲ ပါပါတယ်) ဒီလောက် IT ခေတ်ကြီးထဲမှာ Email Subscription လုပ်တာလောက်ကို ကျွန်တော် လိုက်ရှင်းပြနေစရာမလိုပါဘူး…။ ကျွန်တော့်ထက်တောင် ပိုသိကြဦး မှာ သေချာပါတယ်..။ ဒါပေမယ့် ထုံးစံအတိုင်း ဆရာကြီး လုပ်ပြီးရှင်းပြပေးခြင်းဖြစ်ပါကြောင်း….။
P.S- Email Subscription များ ပက်ပက်စက်စက် Subscribe လုပ်ကြပါစေ အရှင်ဘုရား..။
Cateogry : News , Personal | 3 Comments
Return Of MMGenius
အားလုံးပဲ မင်္ဂလာပါ..။
ကျွန်တော်လည်း ပေါ်မလာ ဇာတ်လမ်းရိုက်နေတာ တော်တော်ကြာ သွားပါတယ်..။ ပုံပြောသွားတယ်လို့တော့ မထင်စေချင်ဘူး..။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဘာတွေနဲ့ရှုပ် လို့ရှုပ်မှန်းကို မသိအောင် ရှုပ်ရှက်ခက်နေတာပါ။ ကြွားတယ်လို့တော့ မထင်စေချင်ဘူး..။ (ဟဲ ဟဲ..။ ကြွားတာကတော့ ကြွားတာပေါ့) ကျွန်တော် Laptop လေးတစ်လုံးအသစ် ၀ယ်လိုက်ပါတယ်..။ အဲ့ဒီ့ ၀ယ်လိုက်တဲ့ Laptop မှာပါတဲ့ VGA က 64 bit Window တင်မှ Driver ကအလုပ်လုပ်ပါတယ်။ 32 bit တင်ရင်အလုပ်မလုပ်ပါဘူး..။ ဒီတော့ ကျွန်တော်လည်း 64 ပဲသုံးရပါတယ်..။ အဲ့ဒီ့မှာ ပြသနာကစပါတယ်..။ မြန်မာစာ Font Run လိုက်တော့ ဖတ်လို့တော့ရပါရဲ့..။ လုံးဝရေးလို့မရတော့ပါဘူး…။ ဟိုကလိ ဒီကလိနဲ့ တတ်တဲ့ပညာတွေ အကုန်ထုတ်သုံးပေမယ့်လည်း ဘယ်လိုမှ အဆင်ပြေမလာ တော့ပါဘူး…။ ဒီလိုနဲ့ပဲ မနေ့ကမှ ကျွန်တော့်ညီ မိုးသောက်ယံ က 64 bit အတွက် ထုတ်ထားတဲ့ Software လေးပေးတော့မှပဲ အဆင်ပြေသွားပါတယ်..။ ဒါနဲ့ပဲ အခု စာပြန်စရေး ဖြစ်တယ်ပေါ့ဗျာ..။
ကျွန်တော်အရင်ဆုံး မင်္ဂလာရှိတဲ့သတင်းတစ်ခုကိုပြောချင်ပါတယ်..။ အဲ့ဒါကတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ စုပေါင်းပြီးတည်ထောင်ထားတဲ့ MMGenius Blog Service အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ISP ကလူတွေကတော့ ဘယ်လိုတွေ သဘောရပြီး အမြင်မကြည်လင်တာတွေ ရှိလို့ Ban လိုက်တယ်တော့မသိဘူး..။ လွန်ခဲ့တဲ့ ၄ လကျော်လောက်က ကျွန်တော့်ရဲ့ www.blackdream21.com အပါအ၀င် www.mmgenius.com ပါ အ Ban ခံလိုက်ရပါတယ်..။ ဒါနဲ့ပဲ ကျွန်တော်တို့ အရင်ကထားခဲ့တဲ့ ရည်ရွယ်ချက်တွေ အားလုံးသဲထဲရေသွန်သလိုဖြစ်ပြီး တော်တော်လေး စိတ်ဓာတ်ကျသွားခဲ့ကြပါတယ်…။
ဒီလိုတွေ မဖြစ်ခင် ကျွန်တော်တို့ Server အချိန်းအပြောင်းမှာ ကျွန်တော့်ရဲ့အားနည်းချက်၊ အသုံးပြု သူတွေရဲ့ ပေါ့ဆမှုတွေကြောင့် ကျွန်တ်ာတို့ MMGenius မှာလုပ်ထားကြတဲ့ Blog တွေ တော်တော်များများ ပျက်စီးသွားပါတယ်..။ ဒီလိုတွေမဖြစ်အောင်လို့ ကျွန်တော့်အနေနဲ့ အသုံးပြုသူတွေကို Server ပြောင်းမှာ ဖြစ်တဲ့အတွက် Backup များ လုပ်ထားကြဖို့ အကြိမ်ကြိမ် email များပို့ပြီး သတိပေးခဲ့ပါတယ်..။ ဒါပေမယ့်လည်း ကိုယ်စီကိုယ်စီအကြောင်းတွေကြောင့် Backup လုပ်မိတဲ့သူထက် မလုပ်မိတဲ့သူတွေက ပိုများကြပါတယ်..။ Backup မလုပ်ထားရင်တော့ Server ကြီးတစ်ခုလုံး အသစ်ပြောင်းလိုက်တာဖြစ်တဲ့အတွက် ကျွန်တော်လည်း ဘာမှ ပြန်ပြီးမကူညီနိုင်တော့ပါဘူး..။
အဲ့လိုအကြောင်းတရားတွေကဖြစ်..။ အခြား နားလည်မှုမပေးနိုင်သော၊ လူမှုရေးနားမလည်သည့် သူတွေရဲ့ အပြောအဆိုတွေခံရနဲ့ ကျွန်တော်လည်း လုပ်ချင်ကိုင်ချင်စိတ် တော်တော်ပျောက်သွားတာ တော့အမှန်ပါပဲ…။ ဒီကြားထဲ ကျွန်တော့်ရဲ့ Personal ကိစ္စတွေကပါ တစ်ဘက်က ရှိလာပြန်တော့ အကြောင်းအရာ များအားလုံး ပေါင်းစည်းလိုက်တဲ့အချိန်မှာ ကျွန်တော်…။ ကျွန်တော့် ကိုယ်ပိုင် ဘလော့ အပါအ၀င် ကျွန်တော်တို့ တည်ထောင်ထားတဲ့ Site တွေအားလုံးကို လျစ်လျူရှုလိုက်မိသလို ဖြစ်သွားပါတယ်..။
ဒါပေမယ့် တစ်နေ့မှာ ကျွန်တော် ဘလော့တွေကို လိုက်ဖတ်ကြည့်ရင်း Backup လုပ်ထားလို့ကျန်ခဲ့ တဲ့ www.mmgenius.com နဲ့ရေးနေကြတဲ့ Zox ရဲ့ Post နှစ်ခုကို ဆက်တိုက်ဖတ်လိုက်မိပါတယ်..။ အဲ့ဒီ့မှာ ကျွန်တော်တို့ MMGenius ကပေးထားတဲ့ ၀န်ဆောင်မှုကို သစ္စာရှိရှိနဲ့ တစ်စိုက်မတ်မတ် ဆက်လက် အသုံးပြုကာရေးနေကြတဲ့ ညီအစ်ကိုမောင်နှစ်မတွေရဲ့ ဆန္ဒတွေနဲ့ ရင်ထဲက ခံစားချက်တွေကို ကျွန်တော် ဖတ်မိလိုက်ပါတယ်..။ ကျွန်တော် တကယ်ပဲ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်..။ စိတ်ပျက် လက်ပျက် ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ စိတ်တွေလည်း တစ်ခါ ခေါင်းပြန်ထောင်လာပါတယ်…။ နားလည်မှု မရှိတဲ့ လူအချို့ကြောင့် တကယ် တစ်စိုက်မတ်မတ် အသုံးပြုနေတဲ့သူတွေ..။ သုံးချင်တဲ့သူတွေရဲ့ အကျိုးတွေ ကျွန်တော့်ရဲ့ ပျော့ညံ့မှုကြောင့် ပျက်ဆီးကုန်တယ်လို့ ကျွန်တော်ခံစားလိုက်ရပါတယ်..။
Myanmar Genius Forum မှာဆိုရင်လည်း Blog လုပ်ပေးဖို့တောင်းဆိုထားတဲ့ Request ပေါင်းများ စွာကို ကျွန်တော်တွေ့ပေမယ့် …။ ဒီအတိုင်းပဲ ငူတူတူ ငေါင်တောင်တောင်နဲ့ ကြည့်နေရုံကလွဲပြီး ကျွန်တော် ဘာမှမလုပ်ပေးခဲ့မိပါဘူး..။ ဒါတွေအားလုံးဟာ တကယ်တော့ ကျွန်တော့်အပြစ်တွေပါပဲ။ ဒီအတွက်လည်း ကျွန်တော် အားလုံးကိုတောင်းပန်ပါတယ်..။ အခုရေးနေတဲ့သူတွေရော…။ အရင်ကရေးခဲ့တဲ့သူတွေရော..။ နောင်ရေးလာမယ့်သူတွေရော အားလုံးကို တောင်းပန်ခြင်း ဖြစ်ပါတယ်..။
အခုတော့ MMGenius က မြန်မာပြည်မှာ ဖွင့်လို့ရတဲ့နေရာကရ..။ မရတဲ့ နေရာကမရ ဖြစ်နေတော့..။ အခြေအနေအမှန်ကို ကျွန်တော်ကိုယ်တိုင် အတိအကျတော့ မသိပါဘူး..။ ဒါပေမယ့် ကျွန်တော်ဆုံး ဖြတ်ချက် တစ်ခုကိုတော့ ပြတ်ပြတ်သားသားချလိုက်ပါတယ်..။
ပိတ်ထားသည်ပဲ ဖြစ်ဖြစ်..။ ဖွင့်ထားသည်ပဲ ဖြစ်ဖြစ်..။ ကျွန်တော်တို့ စေတနာအရင်းခံထားပြီးလုပ်ခဲ့တဲ့ အလုပ်တစ်ခုကို ကျွန်တော် ဆက်လက်ဖို့ ဆုံးဖြတ်လိုက် ပါတယ်..။ အရင်လို အဆင်ပြေလွယ်ကူစွာ အသုံးပြုလို့မရနိုင်တော့ပေမယ့်…။ မြန်မာလူမျိုးတွေကြားထဲမှာ ကိုယ့်လူမျိုးအခြင်းခြင်းပေးနေတဲ့ ၀န်ဆောင်မှုတစ်ခုကို တော့ ကျွန်တော် အပျက်အစီးမခံနိုင်တာအမှန်ပါ…။
ဒါကြောင့် အခုအချိန်ကာလ အတော်ကြာရပ်ဆိုင်းသွားတဲ့ MMGenius ကို ပြန်လည် စတင်လည်ပတ်လိုက်ပြီ ဖြစ်ပါတယ်..။ ဒီနေရာမှာ ကျွန်တော်အားလုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့..။ MMGenius Blog Service အတွက် ကျွန်တော် Admin အသစ်နှစ်ယောက်နှင့် အားဖြည့်ဖွဲ့စည်းလိုက်ပါတယ်..။ ကျွန်တော်ကိုယ်တိုင် စာတမ်းကြောင့် မအားလပ်နိုင်တော့တာက တစ်ကြောင်း..။ တစ်ယောက်ထဲလုပ်နေရတာထက်စာရင် အားလုံးစုစုစည်းစည်းလေးနဲ့ ၀ိုင်းကြိုးစား လိုက်ရင် ပိုမိုအောင်မြင်ထိရောက်စွာ အကျိုးပြုနိုင်မယ်လို့ ယုံကြည်တာကတစ်ကြောင်းကြောင့်..။ သားဖြိုး (ကဗျာလွယ်အိတ်လေး) နဲ့ Zox (Netmaze) တို့ကို MMGenius BLog Service ရဲ့ Admin များအဖြစ် သတ်မှတ်ပေးလိုက်ပါတယ်..။ အခု သူတို့ နှစ်ယောက် ပူးပေါင်းတိုင်ပင်ပြီး Blog တွေ ပြန်ပေးနေပါပြီ..။ အရင်တောင်းထားတဲ့သူတွေကိုလည်း ပြန်ပေးနေပါပြီ..။ အသစ်ထပ်တောင်းမယ့်သူတွေကိုလည်း ပေးကြပါလိ့မ်မယ်..။
Cateogry : News | 11 Comments
ဧည့်သည်တော်မှတ်တမ်း
ကျွန်တော် ဒီနေ့ ကျွန်တော့်ရဲ့ Post တွေမှာထည့်ထားတဲ့ Post View Counter တွေကိုကြည့်ရင်း အမှတ်မထင် စဉ်းစားမိသွားတာ တစ်ခုရှိပါ တယ်..။ အကြံတစ်ခုရတယ်လို့ ပြောရင်လည်း ရပါတယ်..။ သိပ်ထူးထူးခြားခြားကြီးတော့မဟုတ်ပါဘူး…။ ကျွန်တော့်လို သာမန်ရိုးကျ လူတစ် ယောက်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတတ်တဲ့ သာမန် ဥာဉ်လေးတစ်ခုပါပဲ….။
အဲ့ဒါကတော့ ကျွန်တော့် Blog နဲ့ပါတ်သတ်ပြီး အလည်လာသူများ..။ ဒါမှမဟုတ် စာဖတ်သူများရဲ့ သဘောထားနဲ့ ခံစားချက်တွေ ကိုသိခြင်လာခြင်း ပဲ ဖြစ်ပါတယ်..။ တစ်နည်းအားဖြင့် Feedback ပြန်ယူတဲ့သဘောပါ..။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ကျွန်တော် စာတွေကို ဆက်လက်ရေးသား နေဖို့ အတွက် အားဆေးတစ်ခွက် ဖြစ်နေလို့ပါ..။
မြောက်များလှစွာသော Blog ရေးတဲ့သူတွေက သူတို့ပို့စ်လေးတွေကို ဝေဖန်သွားကြတဲ့ (သို့မဟုတ်) အားပေးသွားကြတဲ့ Comment လေးတွေကို ကြည့်ပြီး ကြည်နူးပျော်ရွှင်တတ်ကြပါတယ်…။ ကျွန်တော့်မှာတော့ ရင်ခုန်စရာ Comment တွေအပြင်…။ အခုဆို Post View တွေပါ ရှိနေပါတယ်။ အမှန်အတိုင်းပြောရရင် ဒီနောက်ပိုင်းမှာ ကျွန်တော် Comment ဘယ်နှစ်ခုရတယ်ဆိုတာထက် Post View ဘယ်လောက် ခုန်ခုန်တက်သွားတယ် ဆိုတာကို ကြည့်ပြီး ကျွန်တော် ပျော်နေတတ်ခဲ့ပါပြီ…။
ဒီနေရာမှာ တစ်ဆက်ထဲ တိုက်ဆိုင်လို့ ကျွန်တော် Post View တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်..။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ စုပေါင်း တည်ထောင်ထားတဲ့ Myanmar Genius ရဲ့ ကိုယ်ပွားတစ်ခုဖြစ်တဲ့ MMGenius Blog Service မှာရှိတဲ့ Post တွေထဲက How To Create Your Own Domain ဆိုတဲ့ Post တစ်ခုအကြောင်းဖြစ်ပါတယ်..။
ကျွန်တော် အစပိုင်းက သိပ်သတိမထားမိခဲ့ပါဘူး…။ ဒါပေမယ့် ကျွန်တော်ပထမဆုံး သတိထားမိလိုက်တဲ့အချိန်မှာ သူ့ရဲ့ Post View Count အရ တော်တော်လေး အံ့ကြမိသွားပါတယ်..။ ကျွန်တော် ပထမဆုံးသတိထားမိတဲ့အချိန်မှာ အဲ့ဒီ့ Post ရဲ့ Post View ဟာ ၅၀၀၀ ကျော်ဖြစ်နေလို့ပါ..။ ဒါနဲ့ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက် နေလိုက်ခဲ့ပါတယ်..။
ဒါပေမယ့် ဒုတိယအကြိမ် ကျွန်တော် သတိရလို့ ထပ်ကြည့်မိတဲ့အခါမှာ ကျွန်တော့်ရဲ့ အံ့သြမှုက တကယ်ကို မယုံနိုင်စရာကောင်းလှပါတယ်..။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ Post ရဲ့ Post View ဟာ ၁၀၀၀၀ ကျော်နေခဲ့လို့ပါပဲ..။ ကျွန်တော့်စိတ်အထင် ၄…၅ ရက်လောက်ပဲ ခြားမယ်ထင်ပါ တယ်..။ အမှန်က အဲ့ဒီ့တုန်းက (ကျွန်တော်သတိထားမိတဲ့အချိန်တုန်းက) ရေတွက်မှ အဲ့ဒီ့ MMGenius Blog Serivce ကို စဖွင့်ထားတာ ၄ လ လောက်ပဲရှိပါသေးတယ်…။ ကျွန်တော့်လို သာမညောင်ည Blogger တစ်ယောက်အတွက်ကတော့ တကယ့်ကို အံ့မခန်းပါပဲ..။
ကျွန်တော်အပိုပြောတယ်ထင်ရင် MMGenius Blog Service ရဲ့ Side Bar မှာရှိတဲ့ Most Views မှာသွားကြည့်နိုင်ပါတယ်..။
အဲ့ဒီ့နောက်ပိုင်း ကျွန်တော် အဲ့ဒီ့ Post ကို သတိထားပြီးကြည့်လာခဲ့မိလိုက်တာ..။ အခုဆို ဘယ်လောက်ရှိသွားပြီလို့ ထင်ကြပါသလဲ…?
33704…. သုံးသောင်း သုံးထောင် ခုနှစ်ရာ့ လေး ဖြစ်ပါတယ်..။
ဒါက လမ်းကြုံလို့ Post View အကြောင်းလေးပြောရင်း MMGenius Blog Service အကြောင်းကြောငြာဝင်တာပါ..။ ကျွန်တော့်စကားကို ပြန်ဆက်ပါ့မယ်..။
လူဆိုတာကလည်း တစ်မျိုးမဟုတ် တစ်မျိုး အနဲနဲ့အများ၊ အထူနဲ့အပါးဆိုသလို ရူးလိုက်ရမှ နေသာထိုင်သာ ရှိကြတဲ့သဘောဖြစ်တဲ့အတွက် လူထဲ က လူတစ်ယောက်ဖြစ်တဲ့ (ကိုယ့်ကိုယ်ကို သတ်မှတ်ထားခြင်းပါ..။ ဟုတ်ချင်မှလည်း ဟုတ်ပါလိ့မ်မယ်…။ ဟုတ်ရင်လည်း ဟုတ်ပါလိ့မ်မယ်) ကျွန်တော်လည်း ရူးပါတယ်…။
တကယ်တမ်း Post View အရေအတွက်နဲ့ Comment အရေအတွက်အချိုးချကြည့်လိုက်ရင် သိပ်ကိုကွာခြားပါတယ်..။ ဒါက ဘာကိုပြနေလဲ ဆိုတော့ ခြေရာလက်ရာမချန်ပဲ လာအားပေးသွားတဲ့ သူတွေအများအပြား ရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်…။ ကျွန်တော့်ရဲ့ တောင်ရောက်မြောက် ရောက်၊ ထင်ရာမြင်ရာ လျှောက်လျှောက်ရေးတတ်တဲ့ ဒီစာမျက်နှာလေးကို ဘယ်သူတွေ တမြတ်တနိုး ဖတ်ရှုနေကြပါသလဲ…? ကျွန်တော်သိချင် ပါတယ်…။
အိမ်တိုင်ရာရောက် လာဖတ်တဲ့သူတွေလည်းရှိမယ်..။ Google Reader ထဲက အေးအေးဆေးဆေးဖတ်နေတဲ့သူတွေလည်းရှိမယ်..။ Feed တွေထဲ က ထိုင်ဖတ်နေသူတွေလည်းရှိပါလိ့မ်မယ်..။ ဘာပဲ ဖြစ်ဖြစ် ဒီလူတွေအားလုံးဟာ ကျွန်တော်ချစ်ခင်ရတဲ့…။ ကျွန်တော်လေးစားရတဲ့ ကျွန်တော့်ရဲ့ အမာခံ ပရိတ်သတ်များပဲ ဆိုတာ သေချာလွန်းလှပါတယ်..။ သူတို့မှာ တစ်စုံတစ်ခုသော ပြောစရာများရှိနေလိ့မ်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါ တယ်..။
အဲ့ဒါကြောင့်…။ ထိုထိုသော မများလှတဲ့ ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များရဲ့ ရင်ခုန်သံများကို နားထောင်နိုင်ဖို့အတွက် ကျွန်တော် ဧည့်မှတ်တမ်း လေးတစ်ခုကို ဖန်တီးလိုက်ပါတယ်..။ ဒီနေရာလေးဟာ သာမန် Post တစ်ခုကို Comment ပေးသလိုမျိုး Post တစ်ခုထဲနဲ့ သက်ဆိုင်ခြင်း၊ Post အသစ်များတင်လာတာနဲ့အမျှ အနောက်ကိုရောက်ရောက်သွားခြင်းမရှိပဲ..။ ကျွန်တော့် Blog တစ်ခုလုံးအတွက် အမှတ်တရအနေနဲ့ စာမျက်နှာတစ် ခုထဲမှာ အမြဲတမ်း စုစုစည်စည်းရှိနေပါလိ့မ်မယ်…။
Cateogry : News , Personal | 6 Comments






