ဒုက္ခအပေးချင်ဆုံးလူ ၁၀ ယောက်
ဒီရက်ပိုင်း အာရုံတွေရနေတာနဲ့ ပို့စ်တွေတစ်ခုပြီး တစ်ခုတင်…။ ချစ်တဲ့ ညီအစ်ကို မောင်နှမတွေကို ဦးနှောက်တွေစားခိုင်း..။ အာရုံတွေများခိုင်းနဲ့ တော်တော်လေး နှိပ်စက်ရတာ အားရပါးရရှိသွားပါတယ်..။ ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ပါ..။ စာလာဖတ်တဲ့သူတွေလည်း ပေါ့ပေါ့ ပါးပါး ဖြစ်သွားအောင်..။ ကျွန်တော်တွေ့ချင်တဲ့…။ (အမှန်က နှိပ်စက်ချင်တာပါ) တဲ့သူ ၁၀ ယောက်အကြောင်းကို နဲနဲလောက်ပြောချင်ပါတယ်..။ ဘာကြောင့်တွေ့ချင်တယ်..။ ဘယ်လိုနှိပ်စက်မယ်..။ ဘာညာပေါ့…။
ကျွန်တော်နဲ့ တစ်မြို့ထဲမှာ လက်ရှိ, ရှိနေတဲ့ရောင်းရင်းများကတော့ ဒီမျက်နှာနဲ့ ဒီမျက်နှာ မမြင်ချင်မှအဆုံး ဖြစ်နေလေတော့ကာ ထည့်မရေးတော့ ပါဘူး..။ တစ်ယောက်နဲ့တစ်ယောက်က တွေ့ပြီဆိုတာနဲ့ ချစ်စနိုးလေး လည်မျိုတက်နင်းတာတို့…။ အရှိုက်ဖြတ်ကန်တာတို့…။ လုပ်နေကြဆို တော့..။ (ဦးတဲ့သူလုပ်တာပါ
) တော်တော်လေး နှိပ်စက်လို့ ၀နေပါပြီ..။ ဒါကြောင့် အခု အဝေးမှာရောက်နေတဲ့သူများကို ရာဇသံပေးတဲ့ နေနဲ့ စစ်ကြေငြာခြင်းဖြစ်ပါတယ်…။
ကျွန်တော် ရာဇသံပေးတဲ့ သူများစာရင်း အောက်မှာပါ…။ တွေ့လို့ကတော့လားဗျာ…။
ထိပ်ဆုံးကနေစပြီး ခေါင်ကိုအရင်ပြစ်ပါမယ်…။ (အသက်အငယ်ဆုံးမို့ အပေါ်ဆုံးမှာတင်ထားပေးတယ်နော်
) ကျွန်တော် ပထမဆုံး ဒုက္ခပေးချင် တာကတော့ ကိုလင်းထက်ပါ…။ ဘာကြောင့်လဲဆိုတော့..။ အွန်လိုင်းမှာတွေ့တိုင်း သူနှိပ်စက်တာချည်းခံရပါတယ်..။ သူကလည်းနိုပ်စက် သူ့ရဲ့ ဘိုးတော်ဘုရားလေးဘက်ထောက်သွားတဲ့ ခေတ်တုန်းက၀ယ်ထားတဲ့ ကွန်ပျူတာနဲ့ ( Monitor 22″ ဖြစ်ပါတယ်
) မိုက်ကရိုဖုန်း အစုတ်ပလုတ် ကလည်း သခင်အားကိုး မျက်နှာလို မျက်နှာရနဲ့…။ ဒီဘက်က စကားပြောတဲ့သူအား စကားပြောတိုင်း တကျီကျီနဲ့ ဒုက္ခပေးပါတယ်..။ တစ်ဘက်က လူမှာ သွားတွေကျိန်း..။ မျက်လုံးတွေပြာ..။ နောက်ဆုံး နားတွေပါအူပြီး ကန်းသွားမလားပါပဲ..။
ဒါတင်မကပါဘူး..။ တစ်ဘက်က ကိုယ့်ညီ ဘိုင်ပြတ်နေမှန်းမသိ..။ ရေနစ်နေမှန်းမသိ..။ တစ်ဘက်နေပြီးတော့ ဟိုဟာစားပြလိုက် (စားလို့ရတဲ့ဟာ အကုန်အကြုံးဝင်ပါတယ်)၊ ဒီဟာသောက်ပြလိုက် (တစ်ခါတစ်လေတော့ မသောက်ပါဘူး စုပ်ပါတယ်..။ ပိုက်ကလေးနဲ့
) အဲ့လိုမျိုး အမျိုးမျိုးကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်လေ့လုပ်ထရှိပါတယ်..။ ဒါကြောင့် အထက်ပါ ပုဂ္ဂိုလ်အား တွေ့ရာသချိုင်းဓားမဆိုင်း..။ တွေ့သည့်နေရာတွင် နှိပ်စက်၊ ညှင်းပန်း၊ ဒုက္ခပေး၊ မျိုးဖြုတ်မည် ဖြစ်ပါတယ်…။
အထက်ပါ သရဲနီဂိုင်းချုပ်ကြီးနဲ့ အတူခင်ခွင့်ရတဲ့ ညီတစ်ယောက်ပါ..။ အခုတော့ ဘလော့လောကကို ခြေစုံပြစ်ထွက်ခွာသွားပါတယ်..။ ဒါပေမယ့် သူ့ရဲ့ ထွက်ခွာသွားမှုဟာ မှန်ကန်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုတော့..။ သူဟာ ဘလော့လောကကို ခြေစုန်ပြစ်သွားပေမယ့် အခုဆို MZ မှာ အကောင်ဖြစ်နေပါပြီ..။ (ဘာကောင်လဲသိချင်ရင်တော့ MZ မှာသာသွားကြည့်ပါတော့) သူ့အတွက် အင်မတန်ကောင်းပါတယ်။ နည်းပညာတွေလည်း အခုဆို တော်တော်ကျွမ်းကျင်နေတဲ့ ဆရာတဆူဖြစ်နေပါပြီ…။ (မသိတာရှိရင် သူ့သွားမေးပါ..။ အားမနာကြပါနဲ့..။
)
ကျွန်တော့်ညီ ညမီးအိမ်ဟာ တော်တော်လေးကိုလဲ ရိုးသားတဲ့လူငယ်တစ်ယောက်ပါ..။ ပါးစပ်ထဲ လက်ထည့်တောင် မကိုက်တတ်ပါဘူး (စုပ်ပဲ စုပ်ပါတယ်…။
ဒါကလည်း သူငယ်နာမစင်သေးလို့ပါ
) သို့သော်….။ အဲ့ဒီ့ သို့သော်က တော်တော်အရေးကြီးပါတယ်..။ ဒီကောင်လေး ဒီလောက် လိမ္မာရဲ့သားနဲ့ ဘာကြောင့် ဒုက္ခပေးချင်ရပါသလဲဆိုတော့…။ ဇာတ်ကတော့ တော်တော်နာတယ်ဗျာ…။ သူ့ဘာသာသူ ရည်းစားနဲ့ အဆင်မပြေလို့ ပြတ်သွားကတည်းက ကျွန်တော့် ညီမကိုချည်းတောင်းနေလို့ ဖြစ်ပါတယ်..။ (ဟဲ ဟဲ..။ အမှုကြီးတယ်မလား
) ဒါကြောင့် ဒင်းအားလည်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင် တွေ့တွေ့…။ အမျိုးပြုတ်အောင် (ဘယ်လိုဖြုတ်မလဲတော့မမေးနဲ့
) နှိပ်စက်မည် ဖြစ်ပါတယ်။
နာမည်ကြားရုံနဲ့ လူရှိန်သွားမယ် ဆိုတာ ကျွန်တော်သိပါတယ်..။ ဒါကလည်း သူ့ပါရမီပဲ ပြောရမှာပေါ့..။ နာမည်ကတင် ” ဇ” မဟုတ်ပါဘူး..။ လူက လည်း ဇကွဲအကြီးစားပါ..။ သဘောကောင်းတယ်..။ ဓားထိုးပက်စက်တယ်ဆိုတာ သူမှအစစ်ပါ (ဖွပြီ..။ ဖွပြီ…။
) စိတ်ဓာတ်ကြီးသလောက် Body Structure ကလဲ အပျံစားပါ..။ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝနဲ့ နင်လား ငါလား နီးနီးကိုရှိပါတယ်..။ စိတ်ကလည်းကြီး..။ ခွန်အားကလည်း ကြီး တော့..။ သူ့ရှေ့က အိမ်မြှောင်ဖြတ်မပြေးနဲ့ အိမ်မြှောင်ဖြတ်ပြေးတာနဲ့ အမြှီးကကိုင်ပြီး ကိုင်ပေါက်..။ (သိပ်အားကြီးတာနော်
) ပိုးဟပ်ဖြတ်မပြေး နဲ့ နှုတ်ခမ်းမွှေးက ကိုင်ပြီးစောင့်ဆွဲ ( သန်မာပုံ…သန်မာပုံ..
) အဲ့လောက်ကို စိတ်ကြီးတဲ့သူပါ..။
သဘောကတော့ ဘာကောင်းသလဲ မမေးနဲ့..။ သူက ကျွန်တော်တို့ရဲ့ Myanmar Genius Forum မှာ Admin လေ..။ သူသဘောကောင်းပုံများ။ သူကပြောတယ် ” ညီလေး..။ မင်းအရမ်းပင်ပန်းတယ်..။ ဖိုရမ်ရော MMGenius Blog Service ရော အစ်ကို့ ကိုပေးတဲ့ အစ်ကိုအကုန်အစအဆုံး လုပ်ပေးမယ်တဲ့” အဲ့လောက်ကို သဘောကောင်းတာဗျာ (ဟုတ်တယ်နော်..။
ချုပ်တာ…။ ချုပ်တာ
) သူ့ကြတော့ အပေါ်ကလူတွေနဲ့ မတူပြန် ဘူး အဲ့လောက်ကြီးကို သဘောတွေကောင်းနေလို့..။ အပြင်ရောက်ရင် ညှင်းစဲခြင်တာပါ..။
သူက သူငယ်ချင်းတွေနဲ့တွေ့ရင် လာသမျှသူငယ် ချင်း သူ့မှာရှိတာအကုန်ချကျွေးတာ..။ ပိုက်ဆံလိုရင် အကုန်ထုတ်ပေး (ချေးတာမဟုတ်ဘူးနော် အပိုင်ပေးတာ
) အဲ့လိုဗျာ..။ အဲ့ဒီ့တော့ ကျွန်တော်သူ့ကို တွေ့ချင်တာ ဆန်းသလားဗျာ…။
(ပြောထားတယ်နော်..။ အဲ့ဒီ့အတိုင်းမဟုတ်လို့ကတော့ ဖွမှာ
)
သူကတော့ အားလုံးသိတဲ့ အတိုင်းနာမည်ကြီး ကဗျာဆရာပေါ့ဗျာ..။ ရေးးချက်တွေက စက်သေနတ်နဲ့ ပြစ်နေသလား အောက်မေ့ရတယ်..။ စကား လုံးတွေများ စက်ထဲကနေ ထုတ်နေသလားထင်ရတယ်..။ သူလည်း ငယ်ငယ်က ဒီဖတ်စာအုပ်..။ ဒီအတန်းပဲ တက်ခဲ့တာပဲ..။ ကျွန်တော်တို့လဲ ဒီဖတ်စာအုပ် ဒီအတန်းတွေက ကျော်ဖြတ်ခဲ့တာပဲ..။ သူ့ကြမှဗျာ..။ စကားလုံးတွေက ဘာလို့ ဒီလောက် ကြွယ်ဝနေမှန်းကို မသိပါဘူး..။ တကယ်ကို မနာလိုဖြစ်ဖို့ကောင်းတဲ့လူပါ..။ ဘာလို့တွေ့ချင်ရတာလဲ…? လာမယ်..။ နောက်တစ်ပိုင်မှာ …
သူ့ကို နှိပ်စက်ချင်တဲ့အမှုကလည်း တော်တော်ကြီးပါတယ်..။ ဘာကြောင့်လဲဆိုတော့ သူနဲ့အတူ ကြံရာပါ နောက်တစ်ယောက်ရှိပါသေးတယ်။ သူတို့က နှစ်ယောက်ပေါင်းမိုက်တာပါ..။
(သေပြီ မျှားတစ်ဆင်း ငှက်နှစ်ကောင်
) တစ်နေ့တစ်နေ့သူတို့ နှစ်ယောက်ထဲက တစ်ယောက်မ ဟုတ် တစ်ယောက် တက်လာမှာကို ကျွန်တော့်မှာ စိုးရိမ်နေရပါတယ်..။ ဘာလို့လဲဆိုတော့ ခမျာတွေကတက်လာရင် နှစ်ယောက်ပူးကြီးဗျား.. ( ဓာတ်ပုံကိုပြောခြင်းဖြစ်ပါသည်
) သူများသားသမီး ဘာတွေကိုတွေးလို့ ဘာတွေကိုဆွေးနေမှန်း ဒင်းတို့မသိ..။ အဲ့လို နှစ်ယောက်ပူးကြီး ( ဓာတ်ပုံ) တက်တက်လာတော့ဗျာ..။ ရင်ထဲမှာ အပြားကြီးဆို့ဆို့သွားပြီး တော်တော် နေရထိုင်ရခက်ခက်သွားပါတယ်..။ ဒါကြောင့် ကျွန်တော့်အား ဒီလိုမျိုး စိတ်၏ ဆင်းရဲခြင်းကို အမြဲပေးသောကြောင့် အိုင်လွယ်ပန်အား (သူ့ရဲ့ ကြံရာပါနှင့်အတူ) တွေ့သည် နေရာတွေ တွေ့သည့်အချိန်မှာ တွေ့သည့်နည်းဖြင့် ဒုက္ခပေးပါမည် ဖြစ်ကြောင်း..။
HAPPY CLOUD (ကိုမိုးမောင်၊ ကိုးဖိုးမောင်)
သူတို့ကလည်း စုံတွဲပါပဲ..။ (အင်းလေ..။ ဟုတ်ပါ့နော်..။ ယောက်ျားအချင်းချင်းကြီး တွဲရတယ်လို့
ရိုးကြရဲ့လားမသိဘူး
) သူတို့နှစ်ယောက် ကို ဒုက္ခပေးမယ့်စာရင်းထဲ ထည့်ရခြင်းရဲ့ အဓိက တရားခံစာ ကိုမိုးမောင်ဖြစ်ပါတယ်..။ (ကိုဖိုးမောင်ကြီးက အေးပါတယ်..။ ရေခဲတုံးအမြဲ -င်ခုထိုင် ထားလို့ပါ..။ သောက်တော်ပုလင်းဖွင့်တဲ့အခါ ရေခဲရှာရမှာစိုးလို့တဲ့
)
သူတို့နှစ်ယောက်ကို ဒုက္ခပေးခြင်ရခြင်းမှာ ကိုးမိုးမောင်လက်ချက်လို့ အထက်မှာ ရေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လို ဘုရားနဲ့ တရားနဲ့နေ၊ အသောက် King အစား King ၊ ဆေးလိပ်မသောက် (ဆေးလိပ်ကသောက်လို့မရပါ
) စသည်ဖြင့် မရေမတွက်နိုင်လောက်သော ဂုဏ်ပုဒ်များနှင့် ပြည့်စုံသည့် သူအား သူ့ရဲ့ အမြည်းတို့ရဲ့ ပထ၀ီ ထဲမှာ အရက်သမားအဖြစ် စွပ်စွဲရေးသားခဲ့ပါတယ်..။ ဒါတင်မက ကျွန်တော် ဘုရားတရားအာရုံပြုနေတဲ့အချိန်မျိုးမှာလဲ ” မဲကြီး..။ မနက်ဖြန်…။ ငါတို့အဖွဲ့တွေ…။ !@#$ သိလား..။ အဲ့ဒါလိုက်ဦးမလား” ဆိုပြီး အာရုံတွေလွင့်ပါးအောင် ဒုက္ခပေးပါတယ်..။ ဒါကြောင့် အရက်ကြွေး (မှားလို့
) သွေးကြွေးပြန်ဆပ်တဲ့အနေနဲ့ ထို Happy Cloud (မတတ်နိုင်ဘူး ကိုဖိုးမောင်ကြီးလဲ ပါသွားပြီ
) အဖွဲ့အား ဒုက္ခပေးမည့် စာရင်းထဲတွင် ထည့်သွင်းထားရခြင်းဖြစ်ပါတယ်..။

ရှင်းတမ်း
ကျွန်တော့်ဘလော့ကို ဖတ်တဲ့ (မများလှစွာသော) စာဖတ်သူများအတွက် အဆင်ပြေအောင်လို့ ကျွန်တော်အစီအစဉ်တစ်ခုလုပ်လိုက်ပါတယ်။ ကျွန်တော်က ကျွန်တော့်ဘလော့ကို ကျွန်တော့်ရဲ့ နာမည်ဖြစ်တဲ့ မဟူရာမဲမှောင်မှောင်နက် ဆိုတဲ့ နာမည်နဲ့လိုက်အောင် အိုးမဲသုတ်ထားပါတယ်။ ဒါကို ကျွန်တော်ချစ်တဲ့ စာဖတ် ပရိတ်သတ်တွေနဲ့ ဘလော့ဂါ မောင်နှမတွေအားလုံး သိထားပြီးကြပြီးသားဖြစ်ပါတယ်..။
ကျွန်တော် ဘလော့စရေးတာက Blogspot (blackdream21.blogspot.com) နဲ့ပါ..။ နောက်တော့ ရောဂါပိုးတွေ အတိုင်းမသိ ရွစိတ်ခတ်လာလို့ www.blackdream21.com ဆိုတဲ့ မျက်နှာဖုံးလေးဝယ်တပ်ပြီးတော့ Blogspot ကို ဖုံးဖိခဲ့ပါတယ်…။ (တစ်လက်စထဲ ကျွန်တော့်ကို blogspot link နဲ့ ချိတ်ထားပေးသူများ ကျေးဇူးပြု၍ .com သို့ ပြန်လည် ပြောင်းရွှေ့ ချိတ်ပေးကြပါရန် ကျွန်တော်ကိုယ်တိုင် အဆိုပြု၊ ကျွန်တော်ကိုယ်တိုင် ထောက်ခံလိုက်ပါတယ်။ မကြာခင် ကျွန်တော့်ရဲ့ Blogspot လေးကို အပြီးတိုင် ပိတ်တော့မှာ ဖြစ်ပါတယ်) အဲ့ဒီ့နောက် သကာလ ခန္ဓာကိုယ်ထဲက ရောဂါ ပိုးတွေဟာ တစ်နေ့တစ်ခြား ပိုဆိုဆိုးရွားလာပါတော့တယ်…။ သူများဘလော့တွေလိုက်ကြည့်..။ အားကျ..။ ကိုယ်လုပ်ချင်တာတွေတွေ့ သို့သော် လုပ်မရ သို့မဟုတ် မလုပ်တတ်…။ ဒီလိုနဲ့ပဲ တိုင်ပတ်လာခဲ့တာ…။ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ချောင်းကို ပြစ်ပြီး မြစ်ကိုရှာပါတော့ တယ်..။
Blogspot ဆိုတဲ့ ချောင်းကို ပြစ်ပြီး WordPress ဆိုတဲ့ မြစ်ကိုရှာပါတယ်…။ ရောက်ရောက်ခြင်းတော့ အားလုံးသိကြတဲ့အတိုင်း အိုးနင်းခွက်နင်းနဲ့ ပေါ့..။ အခုတော့လည်း အိုးနင်းခွက်နင်းမဖြစ်တော့ပါဘူး..။ နင်းစရာအိုးတွေ ခွက်တွေ အကုန်ကွဲကုန်လို့
WordPress ရောက်ရင် ကိုယ်လိုချင် တာလေးတွေများ ဖြစ်လာမလားဆိုပြီး လာခဲ့ပါတယ်..။ ဒီရောက်တော့ ဆရာ WordPress က ပညာတွေ စပြတော့တာပါပဲ။ ဘယ်ကစပြီး ဘာလုပ် လို့ လုပ်ရမှန်းမသိ..။ အရပ်ကူပါ လူဝိုင်းပါ…။ သို့သော်ငြားလည်း နောက်ပိုင်းမှာ အဆူဆူသော ဆရာတို့ရဲ့ သင်ကြားပြသမှု မရေမတွက်နိုင် လောက်သော လက်တည့်စမ်းမှုများဖြင့် WordPress အား မပို့င်တစ်ပိုင် ကိုင်တွယ် အသုံးပြုလာနိုင်ခဲ့ပါတယ်..။
ဒါနဲ့ ပထမဆုံး ကျွန်တော် wordpress လုပ်ကတည်းက မချစ်သောလည်း အောင့်ကာနမ်းခဲ့ရတဲ့ Option Theme ကို ခြေစုန်ကန်ဖို့ကြိုးစားပါ တယ်။ (အမှန်က Option Theme က တော်တော်ကိုကောင်းတာပါ..။ ကျွန်တော့်ဖာသာ မကြိုက်တာပါ
) ကျွန်တော့်ရဲ့ Theme ရှာပုံတော်မှာ အဓိကထားတဲ့ ဦးတည်ချက်နှစ်ခုရှိပါတယ်..။ (၁) မဲမှောင်မိုက်နေသော Theme ဖြစ်ရမည် (၂) ရိုးရိုးလေးနဲ့ ဆန်းသော Theme ဖြစ်ရမည်။ ဒါက အဓိကနှစ်ချက်ပါ..။ Fluid Theme ဖြစ်ဖို့…။ Function တွေကောင်းဖို့ စတဲ့ ဘာညာ သာရကာက နောက်မှပါ..။ အဲ့ဒါနဲ့ပဲ ရှာလာလိုက်တာ နောက်ဆုံးအခု ကျွန်တော် သုံးထားတဲ့ Hemingway ဖန်တီးထားတဲ့ ဒီ Theme လေးနဲ့တော်တော်အဆင်ပြေသွားပါတယ်။
မဲမှောင်မိုက်မူး နောက်သွားစေသော…။ ရိုးရိုးလေးနဲ့ ဆန်းတဲ့ Theme ပါ..။ ကံကောင်းခြင်တော့ Fluid Theme လဲ ဖြစ်နေပါတယ်..။ သာမန်ကြည့် လိုက်ရင်တော့ ဒီ Theme လေးက ရိုးရိုးလေးပါပဲ..။ သေသေချာချာကြည့်လိုက်ရင်တော့ ခပ်တုန်းတုန်းပါ
..။ အတည်နောက်တာပါ..။ ကျွန်တော် ဒီ Theme လေးကိုတော်တော်ကြိုက်ပါတယ်..။ ဒီလို Theme မျိုးကို WordPress သမားတွေက Minimalism Theme လို့ခေါ်ပါတယ်..။ ဘာလို့ လဲဆိုတော့ သူက ရိုးရိုး Themes တွေထက်အများကြီးပေါ့ပါတယ်..။ အမြင်ရှင်းပါတယ် (ဥပမာ- ကျွန်တော့်ဘလော့ကို ကြည့် အမြင်ရှင်း လွန်းလို့ ဘာမှမပါဘူးလို့တောင် ထင်ရတယ်
) အသွင်ဆန်းပါတယ်…။ (လိုချင်ရင်ပြော အများကြီးရှိပါသေးတယ်
)

ကျွန်တော့်ရဲ့ “ဆုံး” ခဲ့ဖူးသော “ပထမ” များ….
ကျွန်တော်ဒီရက်ပိုင်းမှာ ရေးစရာ အကြွေးတွေတော်တော်များပါတယ်။ ကျွန်တော်စိတ်ကူးထားတဲ့ ပို့စ်တွေရှိနေ သလို ကျွန်တော့်ရဲ့ Black Dream ဆိုတဲ့နာမည်တစ်ခုဖြစ်လာဖို့ အဓိကပံ့ပိုးအားပေးခဲ့တဲ့ သူငယ်ချင်းတစ် ယောက်ရဲ့မွေးနေ့ (၂၆.၉.၀၈)၊ ကျွန်တော့်ဖခင်ရဲ့မွေးနေ့ (၂၇.၉.၀၈) စသည်ဖြင့် တောက်လျောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်အခြေအနေအမျိုးမျိုးကြောင့် ဘယ်သူ့အတွက် ဘာပို့စ်ကိုမှ မတင်နိုင်ခဲ့ပါဘူး။
အဲ့လိုပို့စ်ကြွေးတွေထဲကနေမှ အခု ကျွန်တော့်အစ်ကိုကြီး ကိုလင်းထက် Tag ထားတဲ့ “ပထမဆုံးများ” ဆိုတဲ့ ပို့စ်ကိုအရင် အကြွေးဆပ်လိုက်ပါတယ်..။ နောက်ပိုင်းမှာ မီးလေး ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ထပ် ပြီး Tag ပါတယ်…။ ကဲ…။ “ပထမ” …..ဆုံးလိုက်ကြစို့…။
ပထမဦးဆုံးနေခဲ့သည့်ကျောင်း~~~~~~~~အ.လ.က (၅) ရန်ကင်း (သူငယ်တန်းနဲ့ ပထမတန်း) အဲ့ဒီနောက်မှာတော့ ဒုတိယတန်းမှ နောက်ဆုံး ဆယ်တန်းအောင်တဲ့ အထိ St.Augustine မှာ ပညာသင်ကြားခဲ့ ပါတယ်။
ပထမဦးဆုံး ရခဲ့သည့်မုန့်ဖိုး~~~~~~~~~ ၁၀ကျပ်။ မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့ ကျောင်းမှာစားရင် ၅ ကျပ် သာပေးရတဲ့အချိန်ကပါ…။
ပထမဦးဆုံး စီးဘူးသည့် ဘက်စ်ကား~~~~~ မထသ (၅၁) ကျွန်တော်နေတဲ့နေရာကနေ ကျောင်းကိုသွားတဲ့ အခါစီးပါတယ်…။
ပထမဦးဆုံးကျောင်းပြေးဖူးသည့်အချိန်~~~~~~တကယ်ပြောတာပါ…။ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ကျောင်းမပြေးဖူးပါဘူး…။ ကျူရှင်တော့ ခဏခဏလစ်တယ်…။ ဟဲ..ဟဲ။
ပထမဦးဆုံး ဂစ်တာတီး သင်ရင်းဆိုခဲ့သည့် သီချင်း~~~~~~ Okra ရဲ့ “မ မရှိတဲ့နေ့ရက်များ” ပါ G, Em, C, D ဆိုတော့လည်း သိတဲ့အတိုင်းပဲ Round လိုက်ရုံပဲလေ။
ပထမဦးဆုံး ထိုင်ဖူးသည့် လဘ္ဘက်ရည်ဆိုင်~~~~~ ငယ်ငယ်တုန်းကတော့ ကျောက်မြောင်းမှာနေတုန်း ဦးလေးတွေနဲ့ ပါပါသွားဖူးတာတွေ ရှိပါတယ်..။ မှတ်မှတ်ရရတော့ သိပ်မရှိပါဘူး…။ ဒါပေမယ့် သိတတ်တဲ့အရွယ် ကျောင်းသားဘ၀မှာ စထိုင်ဖူးတဲ့ဆိုင်ကတော့ ကျွန်တော်တို့ကျောင်းဘေးမှာ ရှိတဲ့ “လပြည့်ဝန်း” ဆိုတဲ့ဆိုင်ပါ။ အခုတော့ ပိတ်သွားတာကြာပါပြီ…။
ပထမဦးဆုံးသောက်ဖူးသည့် စီးကရက်~~~~~~ 555 ပါ၊ ကျွန်တော် ၉ တန်းဖြေပြီးတဲ့နှစ် သင်္ကြန်လည်တုန်း 555 Promotion အဖွဲ့က Tiger Beer ဗူးပုံလေးထဲမှာ ဆေးလိပ်တွေထည့်ပြီး ကျွန်တော့် ကောင်မလေး (အဲ့ဒီတုန်းက
) လည်ပင်းမှာ လာဆွဲသွားပေးတာကို ယူသောက်ခဲ့တာပါ။ အဲ့ဒီ့နေ့က စပြီးဆေးလိပ်စသောက် ဖူးတာပါ…။ ဘ၀ပေးကကောင်းတော့ အဲ့ဒီ့ပထမဆုံးအကြိမ်မှာပဲ တစ်ခါထဲ ဆေးလိပ်သောက်တက်သွားပါတော့ တယ်။ ဒါပေမယ့် တစ်ကယ်တန်း လုံးဝဆွဲဆွဲလမ်းလမ်းသောက်ခဲ့တာကတော့ ကျွန်တော် ရှေ့တန်းစစ်မျက်နှာ ပြင်ရောက်တဲ့ အချိန်ကမှ စတာပါ။( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်)
ပထမဦးဆုံးသောက်ဖူးသည့် ဆေးပေါ့လိပ်~~~~~~~ငွေတောင်…..။ ကျွန်တော်အရမ်းချစ်တဲ့ ဦးလေးရဲ့ ဆေးလိပ်ကို ယူသောက်တာပါ။
ပထမဦးဆုံးရည်းစားထားဖူးသည့် အချိန်~~~~~~~~ ၁၉၉၉ ခုနှစ် ဇန်န၀ါရီ ၃၀။
ပထမဦးဆုံးဖတ်ဖူးသည့်ဝတ္တုစာအုပ်~~~~~~~~ “လရောင်ချို” ရေးသားတဲ့ “ကျောင်းခေါင်းလောင်းသံ” ဆိုတဲ့ ၀တ္ထုပါ။ ကျွန်တော် ၈ တန်းလောက်ကမှ ၀တ္ထုကိုစဖတ်ခဲ့ဖူးတာပါ။ ပထမဆုံး ပြင်ပစပေအနေနဲ့ ထိတွေ့ခဲ့ ရတဲ့စာအုပ်ကတော့ (ငယ်ငယ်တုန်းကဖတ်တဲ့ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး နှင့် ကာတွန်းစာအုပ်များမပါ) ကျွန်တော် ၅ တန်းနှစ်တုန်းက အတန်းထဲမှာ လာရောင်းလို့ ၀ယ်ခဲ့တဲ့ “ဆရာဖေမြင့်” ရဲ့ ” နှလုံးသားအဟာရ” စာအုပ်ပဲ ဖြစ်ပါတယ်။ ပထမဆုံး မော်ဒန်စာပေအနေနဲ့ကတော့ “မင်းခိုက်စိုးစန်” ရဲ့ ၀တ္ထုတိုများ စုပေါင်းထားတဲ့ “ကောင်းကင်နှင့် မလွတ်တဲ့အတောင်ပံ တစ်စုံ” ဖြစ်ပါတယ်။
ပထမဦးဆုံး ဖတ်ဖူးသည့် ဘာသာရေးကျမ်း ~~~~~~ ” ဒေါက်တာ မင်းတင်မွန်” ရေးသားတဲ့ “သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ” ဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်မှာ ဗုဒ္ဓဘာသာအကြောင်းကို အနောက်တိုင်းနဲ့ ဘာသာခြားတို့မှ ထောက်ပြခဲ့ဖူးသည့် အားနည်းချက်များကို သိပ္ပံနည်းကျကျ၊ ယုတ္တိရှိရှိ ပြန်လည် ရှင်းပြထားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြည်မနိုင်ငံမှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာများ လေ့လာသင့် ပါတယ်။ မိမိတို့ ဘာသာအား ပညာစမ်းလာပါက မှန်ကန်ပြီး ယုတ္တိကျသောနည်းများဖြင့် ပြန်လည် တုံ့ပြန်နိုင် အောင်ပါ။
ပထမဦးဆုံး အရက်မူးဖူး သည့်အချိန်~~~~~~~~~ ကျွန်တော် ၇နှစ်သားလောက်ရှိမယ်ထင်တယ်။ ကျွန်တော့် အဖွားက ခရစ်ယာန်ဘာသာဝင်ဆိုတော့ အိမ်မှာ လုပ်တဲ့ ခရစ်စမတ်ပွဲမှာ ကျွန်တော်နဲ့ ကျွန်တော့်ဦး လေး သောက်ဖို့ဆိုပြီးတော့(အမှန်က ဦးလေးအတွက် အဓိကဖြစ်ပါလိမ့်မယ်) အဖွားက Chivas တစ်လုံးထောင် ပေးပါတယ်။ အဲ့ဒါ ဘယ်လိုသောက်လိုက်လဲတော့ မသိဘူး ( ကျွန်တော့်ဦးလေးပဲ သောက်တာနေမှာပါ
) ပုလင်းလည်းလဲ လူလည်းလဲ။ အိမ်မှာရှိတဲ့လှေခါးကို လေးဘက်ထောက်ပြီး တက်ခဲ့ရဖူးပါတယ်။
ပထမဦးဆုံး ပစ်ဖူးသည့် သေနတ်~~~~~~~~ G-4 ပါ။ ဗိုလ်လောင်းဘ၀က စတင်ပစ်ခတ်ခဲ့ဖူးခြင်းဖြစ်ပါ တယ်။ အခုတော့ တော်တော်စုံနေပါပြီ။ လက်ကတော့ တော်တော်လေးကိုဖြောင့်ပါတယ်…။ လှလေးစိန်နဲ့ နင်လား ငါလားပါပဲ။
ပထမဦးဆုံး ရောက်ခဲ့ဖူးသော နိုင်ငံခြား~~~~~~ Singapore ပါ။ ကျွန်တော် ၉၄ နွေရာသီကျောင်းပိတ်ရက် မှာ ကျွန်တော့်အဖိုးနဲ့အတူ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ အလည်သက်သက်ပါပဲ။
ပထမဦးဆုံး ရေးခဲ့သော ဘလော့ဂ် ပိုစ့်~~~~~~~~ The Reason ဆိုတဲ့ ကဗျာ အတိုလေးတစ်ပုဒ်ပါ။
p.s- ကဲ ကိုလင်းထက်ရေ အစ်ကိုချဲပေးထားတဲ့ လိုင်းတွေနဲ့ အမှတ်တရဖြစ်အောင် အစ်ကို Tag ထားတဲ့ပို့စ်ကို အရင်ဆုံး စတင်လိုက်ပြီ။ ကျေးဇူးပဲ အစ်ကိုရေ Idea ခမ်းခြောက်နေတဲ့ကာလမှာ ကုန်ကြမ်းပေးတဲ့အတွက်ရော။ စာကြောင်းတွေ ချဲပေးတဲ့အတွက်ရော

ခေတ်သစ် မင်းနန္ဒာ…
AD 2500
အချိန်ကာလများသည် အလင်း၏ အရှိန်နှုန်းထက် လျှင်မြင်စွာ လှုပ်ရှားခဲ့ပြီ ဖြစ်သည်။ စက္ကန့်နှင့်အမျှ ပြောင်းလဲ နေသော ကျွန်တော်တို့၏ လူ့ပတ်ဝန်းကျင်သည်လည်း မည်မျှလောက်သေးငယ်သော အချိန်အပိုင်း အစလေးကိုမှ အလွတ်မပေးပဲ မျက်ချည်မပြတ်စောင့်ကြည့်လျှက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ၏ လည်ပတ်မှု သည်ပဲ နှေးကွေး သွားသလား၊ နာရီနှင့် အချိန်တို့၏ ပညတ်များကပဲ လျှင်မြန်သွားကြလေသလား မပြောတတ် ပြောင်းလဲမှုများသည် တမဟုတ်ခြင်း လျှင်မြန်လွန်းလှပေသည်။ လူသားတို့၏ လိုအပ်ချက်များနှင့် စိတ်ဆန္ဒအား ဖြည့်ဆည်းဖို့ ကြိုးစားနေရသည့် ပညာရှင်များအဖို့ ယားလို့ပင် မကုတ်အားပဲ…၊ ခေတ္တမျှ ထုံးတို့ထားရသည့် အနေအထား ဖြစ်နေလေသည်။ ဥပမာ လူသားတို့၏ ကျန်းမာရေး အတွက် ညစ်ငြမ်းလာသော ပတ်ဝန်းကျင် လေထု၏ အန္တာရယ်အား ကာကွယ်ရန်အတွက် “လေသန့်ဘူး” များအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာ တင်သွင်းရောင်းချလာခြင်း၊ စဉ်းစားတွေးတောမှုများ ပိုမိုပြုလုပ်နိုင်ရန် “ဦးနှောက်များ သို့မဟုတ် ဦးခေါင်း” အပိုများအား သာမန်လူသုံးကုန် ပစ္စည်းရောင်းသောဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိလာနိုင်ခြင်း စသည်တို့မှာ အသေးစားပြောင်းလဲမှုများလောက်ပင် ဖြစ်ပေသည်။
ဒီနှစ်ပိုင်းအတွင်း ကျွန်တော်တို့၏ ကမ္ဘာလောကကြီးအတွင်းတွင် ကြီးမားသော ပြောင်းလဲမှုကြီးများ အမြောက် အများ ပေါ်ပေါက်လာခဲ့သည်။ ကြောက်မက်ဖွယ် ပညာရပ်နှင့် သဘောတရားတော်လှန်ရေးကြီးများ ဖြစ်ပွားသွား ခဲ့သည်။ ၂၃ နှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းလျက်ရှိသော ကမ္ဘာမြေကြီးအား ရေပြင်ညီအတိုင်း ပြန်လည်တည့် မတ်လိုက်နိုင်ပါက လူသားတို့၏ တစ်ယောက်အပေါ်တစ်ယောက် တိမ်းစောင်းနေသော အမြင်များ ပြန်လည် တည့်မတ်လာကာ (လူသားအချင်းချင်း အထင်အမြင်လွဲမှားမှုများသည် ကျွန်ုပ်တို့၏ ကမ္ဘာကြီး ၂၃ နှစ်ပိုင်းတစ် ပိုင်း ဒီဂရီတိန်းစောင်းနေသောကြောင့် ဟူသောအယူအဆမှာ အင်မတန်မှပင် လေးစားလောက်ပါတယ်) လူလောကကြီး ပိုမိုသာယာဖွံ့ဖြိုးလာနိုင်သည်ဆိုကာ ကမ္ဘာမြေညီအား ရေပြင်ညီဖြစ်သည့် (၀) သို့မဟုတ် (၁၈၀) ဒီဂရီသို့ တည့်မတ်နိုင်ရင် အပြင်းအထန်ကြိုးစားနေသည့် သုတေသန လုပ်ငန်းကြီးများမှာလည်း မရေမတွက်နိုင်လောက်အောင်ပင် ဖြစ်ပါတယ်။
သတင်းစာများတွင်လည်း နေ့စဉ်နှင့်အမျှ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြိုင်အဆိုင် တီထွင်ဖန်တီးမှုများကို အများအပြားပင်တွေ့နိုင်ပါတယ်။ လွန်ခဲ့သည့် တစ်ပတ်ခန့်ကပင် လူသားတို့၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်လွှင့် နေသည့် မမြင်နိုင်သော ရောင်ချည်တစ်မျိုး ( ၎င်းတို့အခေါ်အဝေါ်အရ H-Ray) အား ဖမ်းယူနိုင်သော အထူးပြု လုပ်ထားသည့် “ကြည့်မှန်” တစ်မျိုးအား အောင်မြင်စွာ ထုတ်လုပ်လိုက်ပြီ ဖြစ်ရောင်း။ ထိုကဲ့သို့ လူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်သော H-Ray များအား ၎င်းမှန်ဖြင့် ဖမ်းယူနိုင်ခဲ့ခြင်းကြောင့်၊ ထိုမှန်အတွင်း အထူးတီထွင်တပ်ဆင်ထား သော နည်းပညာများ၏ အကူအညီဖြင့် ကျွန်တော်တို့၏ အရင်ဘ၀များကို မှန်အတွင်း ရှင်းလင်းစွာ ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ၎င်းတို့အသုံးပြုခဲ့သော နည်းပညာမှာ စိတ်၊ စေတသိတ်နှင့် နာမ်တို့၏ အဆက်မပြတ် ဖြစ်ပေါ်နေမှုအား စွမ်းအင်အဖြစ်သို့ အသွင်ပြောင်းလဲစေခဲ့ခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ အင်မတန်ထူးခြားဆန်းပြားသည့် သတင်းနှင့်နည်းပညာများ အဆက်မပြတ်ပေါ်ထွက်နေရာမှ ယခု (၂၆) ရာစုအတွက် အထူးချွန်ဆုံးသော သိပ္ပံပညာရှင်ဘွဲ့ကို ရရှိခဲ့သော တီထွင်မှုတစ်ခုသည် ကမ္ဘာတစ်ခုလုံး အား တုန်လှုပ်စေခဲ့ပါတယ်…။ ” Combination Atom ” လို့အမည်ရတဲ့ အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်နေသော အမျိုးတူ Atom များအား ပြန်လည်ပေါ
Cateogry : Essay , Humor | 37 Comments
ရှင်းပြပါရစေ…






