• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ကျွန်တော်လေးစားသော မြန်မာ Blogger နှင့် Developer များ

    June 9 , 2011 | 738 views
    b

    ဒီရက်ပိုင်းအတွင်း အဆက်ပြတ်နေတဲ့ နည်းပညာတွေ၊ စာပေတွေနဲ့ ပြန်လည် ထိစပ်မိဖို့အတွက် Blog တော်တော်များများ လိုက်ကြည့် ဖြစ်ပါတယ်..။

    ကျွန်တော် Blog စရေးတာ ၂၀၀၇ က ပါ..။ အခုဆို ၄ နှစ်နီးပါး ဆိုတော့…။ ဒီရက်ပိုင်းလိုက် ဖတ်ဖြစ်တဲ့ Blog တွေကလည်း ကျွန်တော်နဲ့ အတူ မရှေးမနှောင်းမှာ ရေးခဲ့ ကြတဲ့သူတွေရဲ့ Blog တွေပဲ များပါတယ်..။ ၂၀၀၆ နှစ်ကုန်ပိုင်းလောက်က စပြီး Blogspot ရဲ့ အရှိန်နဲ့ ကျယ်ပြန့် ပွားများလာတဲ့ Myanmar Blogger အရေအတွက် ဟာ အခုဆို ခန့်မှန်းဖို့တောင် တော်တော် ခက်ခဲမယ် ထင်ပါတယ်…။ (more…)

    Cateogry : Article | 1 Comment

    တရားပွဲမှအပြန်…

    June 1 , 2011 | 1,141 views
    စာရေးဆရာ မေတ္တာရှင်(ရွှေပြည်သာ)

    ဒီရက်ပိုင်း ပြင်ဦးလွင်တွင် အထင်ကရ အလှူပွဲတွေ ဆက်နေပါတယ်…။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပေတဒါန (အကျွတ်အလွတ်ပွဲ) လုပ်သွားပါတယ်..။ အဲ့ဒီ့နောက် တရားပွဲတွေ ဆက်လုပ်ကြပါတယ်…။

    ဒီနေရာမှာ တရားပွဲဖြစ်ပေါ်လာရခြင်းရဲ့ နောက်ခံအကြောင်းအရင်းလေးကို ကျွန်တော် နဲနဲပြောပြချင်ပါတယ်…။ ကျွန်တော်  အိမ်ထောင်ကျပြီးသွားတော့ မိသားစု ၀င်ငွေလေး နဲနဲပါးပါး တိုးပွားအောင် Website တွေကို အခကြေးငွေယူပြီး စလုပ်ပါတယ်..။ Site လုပ်ပေးတယ်ဆိုပေမယ့်လည်း ထူးတေဇာတို့လို ကိုယ်တိုင် Themes ရေးပြီး လုပ်ပေးရလောက်အောင် ပညာရည် မပြည့်ဝတဲ့အတွက် သူများရေးထားတဲ့ Site တွေကိုပဲ free ဆိုလည်း free..။ Paid ဆိုလဲ Free  :D ယူပြီး လုပ်ပေး ပါတယ်..။ ဒါကြောင့် တန်ရာတန်ကြေး (Hosting ဖိုးနဲ့၊ Domain ) ဖိုးလောက်ပဲ ယူပြီး ကျွန်တော် လုပ်ပေးဖြစ်ခဲ့ပါတယ်…။ (more…)

    Cateogry : Article , Download , Event , Religious | 3 Comments

    ကျွန်တော်နှင့် ပေတဒါန

    May 30 , 2011 | 2,666 views
    IMG_5901

    မိုးက မနက်ကတည်းက တောက်လျှောက်ရွာနေပါတယ်…။

    မိုးဖြူမစဲ…။ မိုးမဲမရွာဆိုသလို…။ ကောင်းကင်တစ်ခုလုံး ဖြူဖွေးပြီးတော့ ရပ်သွားမယ့် အနေအထား မရှိပါဘူး…။ ဒါနဲ့ နာရီကြည့်တော့ ညနေ ၃ နာရီလောက် ဖြစ်နေပါပြီ။ Lady Black ကလည်း ရန်ကုန်ပြန်သွားတော့ ထမင်းကို အပြင်မှာပဲ စားဖြစ်ပါတယ်…။ ဒီအတိုင်း မိုးရွာလို့ ငုတ်တုတ်ထိုင်နေရင် ဒုက္ခများသွားနိုင်တာမို့..။ မိုးရေထဲမှာပဲ အပြင်ထွက်ပြီး စားလိုက်ပါတယ်…။ တဆက်တည်း အပြင်ရောက်တုန်း သန္တိသုခကို ၀င်ပြီး အသင်းကနေ ထွက်မယ့်အချိန် အတိအကျမေးရင် ကောင်းမယ်လို့ စဉ်းစား မိလိုက်ပါတယ်…။

    ပထမတုန်းကတော့ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေက သူတို့လည်း လိုက်မယ်လို့ပြောပါတယ်..။ ဒါပေမယ့် ဒီမိုးရွာနေပုံနဲ့ကတော့ တော်ရုံစိတ်ဝင်စားရုံနဲ့ မလိုက်နိုင် ကြတော့လောက်ဖူးလို့ ကျွန်တော် စဉ်းစားမိပါတယ်…။ ကိုယ့်ဘာသာပဲ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဒါနဲ့ ကျွန်တော် သန္တိသုခ (နာရေးကူညီမှုအသင်း) ကိုရောက်သွား ပါတယ်…။ ကျွန်တော်ရောက်သွားတော့ အသင်းတစ်ခုလုံး အလုပ်တွေရှုပ်နေပါတယ်…။ လူတွေလည်း အုံးအုံးထနေပါတယ်..။ ကျွန်တော် တော်တော် တောင် အံ့သြသွားတယ်..။ လူတွေ ဒီလောက်များမယ်လို့ ကျွန်တော် ထင်မထားပါဘူး (ညဘက် သချိုင်းရောက်သွားတော့ ပိုအံ့သြရပါတယ်..။ ကားကြီး၊ ကားငယ်၊ သုံးဘီး၊ ဆိုင်ကယ် အသွယ်သွယ်နဲ့ လူ ၃၀၀၀ နီးပါး ရှိပါတယ်..။) (more…)

    Cateogry : Article , Event , Religious | 11 Comments

    ပေတ ဒါန

    May 25 , 2011 | 866 views
    b

    ကြားဖူးသူများ ကြားဖူး ပါလိ့မ်မည်…။ သိပြီးသူများလည်း သိပြီး ဖြစ်ပါလိ့မ်မည်…။ သို့သော် မကြားဖူးသောသူများနှင့် မသိသေးသော သူများအတွက် ရည်ရွယ်ပါသည်။ ပေတ ဆိုသော ဝေါဟာရကို မသိနိုင်သောလည်း ဗုဒ္ဓဘာသာ လူမျိုးတိုင်း ဒါနကိုတော့ သိကြမှာပါ…။ အခု ကျွန်တော်ပြောမယ့် ပေတ ဒါန ဆိုတာ အမျိုးမျိုးသော အလှူတွေထဲကမှ တစ်ခုပါ…။ ဒါပေမယ့် ထူးခြားတယ်…။ စိတ်ဝင်စားဖို့ကောင်းတယ်…။ အကျိုးသက်ရောက်မှု ပြန်းထန်တယ်…။ ကုသိုလ်ရတယ် (အခြား အလှူမှာ ရတဲ့ ကုသိုလ်တွေနဲ့ မတူပါဘူး..။ ဘာလို့လဲဆိုတာ ဒီဆောင်းပါးပြီးသွားရင် သိပါလိမ့်မယ်…)

    ပေတ ဒါနအကြောင်းကို ကျွန်တော် ပထမဆုံး ကြားဖူးတာကတော့ သွားလေသူ စာရေးဆရာ နီကိုရဲ ရဲ့ “နတ်ငယ်” ဆိုတဲ့ ၀တ္ထုထဲမှာပဲ ဖြစ်ပါတယ်..။ ၀တ္ထုရဲ့ ရည်ရွယ်ချက် က ပေတဒါန အကြောင်းကို လူတွေသိလာအောင်…။ လှူဒါန်းကြအောင် ရည်ရွယ်ထားပြီး…။ အရေးအသားကတော့ ဆရာ နီကိုရဲရဲ့ ပင်ကိုအတိုင်း ရယ်စရာ ဟာသ ၀တ္ထု လေးတစ်ခုဖြင့် ဖွဲ့စည်းထားပါသည်…။ ရေးသားပုံနှင့် ဇာတ်လမ်းဖွဲ့စည်းပုံမှာ တကယ်အနှစ်သာရရှိသော (အပေါစားမဆန်နသော) ဟာသမျိုး ဖြစ်နေပေမယ့်…။ အဓိက သူတင်ပြလိုတဲ့ အကြောင်းအရာကတော့ တကယ်ကို လေးနက် လှပါတယ်…။ (more…)

    Cateogry : Article , Religious | 2 Comments

    ၉/ခ စံပယ်

    May 23 , 2011 | 696 views
    a

    ဇူလိုင်..။ သြဂုတ်..။ စက်တင်ဘာ..။ အောက်တိုဘာ..။ နိုဝင်ဘာ..။ ဒီဇင်ဘာ..။ ဇန်န၀ါရီ…။ ဖေဖော်ဝါရီ..။ မတ်…။ ဧပြီ…။ မေ…။

    အချိန်တို့သည် ထင်တာထက်ပိုပြီး လျှင်လျှင် မြန်မြန်ကုန်ဆုံးသွားပါတယ်..။ ဘာလိုလိုနဲ့ ကျွန်တော် မြန်မာပြည် ပြန်ရောက်တာ ၁ နှစ် နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ အချို့အတွက် မသိသာပါဘူး..။ မထူးခြားပါဘူး..။ အချို့အတွက်တော့ တစ်နှစ်ဆိုတဲ့ အချိန်မပြောနဲ့ တစ်စက္ကန့်ဆိုတဲ့ အချိန်ပိုင်းလောက်နဲ့ တင် အရာအားလုံးကို ပြောင်းလဲပြစ်ဖို့ လုံလောက်ပါတယ်..။

    ကျွန်တော်အတွက်တော့ ဒုတိယအမျိုးအစားက အကြုံးဝင်ပါတယ်..။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိလောက်အောင်ကို လုပ်စရာတွေက စနစ်တကျ ပြည့်နေခဲ့ပါတယ်..။ ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ဘ၀အမျိုးအစားအရ ဒါဟာ သိပ်မထူးဆန်းပါဘူး…။ စာဖတ်သူတွေအတွက်လည်း ထူးဆန်းမယ် မထင်ပါဘူး..။ ဒီကာလတစ်ခုအတွင်းမှာ ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ…။ ခံစားချက်တွေဟာ အမျိုးစုံသလောက် ရသလည်း စုံလှပါတယ်…။ ဒီအတွေ့အကြုံတွေထဲက ကျွန်တော့်ရင်ထဲ ရောက်လာတဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်း ကျွန်တော် ပြန်ပြောပြချင်ပါတယ်…။ ဒီစာကိုဖတ်လိုက်ရလို့ ကုန်ဆုံးသွားမယ့် တစ်စုံတစ်ခုသော မိနစ်ပိုင်း စက္ကန့်ပိုင်းအတွက် မပြောပလောက်သော ပမာဏလေးဖြစ်ဖြစ်တော့ အကျိုးရှိကောင်း ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်…။ (more…)

    Cateogry : Article , Personal | 2 Comments