• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ၁၀ နှစ်ကြာသော ခရီးတစ်ခု…

    October 12 , 2011 | 422 views
    IMG_8742

    မနေ့က ကျွန်တော့် မိသားစုနဲ့ အတူ ခရီးလေး တစ်ခုထွက်ဖြစ်ပါတယ်…။ သာမန်ခရီးလေး တစ်ခုပါပဲ…။ ကျွန်တော့် အဖေရဲ့ အလုပ်ကိစ္စအတွက် နေပြည်တော် ကိုလာခဲ့ ကြခြင်းဖြစ်ပါတယ်…။ သာမန်အားဖြင့် ကြည့်ရင်တော့ ဘာမှ ထူးထူး ခြားခြားမရှိလှပါဘူး…။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် တော့ ဒီခရီးလေးဟာ ကျွန်တော့်အတွက် အလွန်ထူးခြားပါတယ်…။

    တစ်ခြားကြောင့်တော့မဟုတ်ပါဘူး..။ ကျွန်တော်တို့ မိသားစု အတူတူ ခရီးမသွားခဲ့ကြတာဆိုရင် အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် ပါတဲ့ ခရီးတွေမှာ ကျွန်တော့် ညီမလေးမပါ..။ ကျွန်တော့် ညီမပါတဲ့ ခရီးတွေမှာ ကျွန်တော် အဝေးရောက်နေတဲ့ အတွက် မပါနိုင်…။ ကျွန်တော့် ညီမနဲ့ အမေ ကျွန်တော့် ဆီကို လာကြတဲ့အခါ ကျွန်တော့် အဖေမအားလို့ မပါနိုင် စသဖြင့် တစ်ယောက်မဟုတ် တစ်ယောက် ဘက်ပဲ့နေခဲ့တာ အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ ပါပြီ…။ (more…)

    Cateogry : Article , Event , Personal , Travel | 7 Comments

    Starting With Myanmar Unicode

    September 21 , 2011 | 237 views
    unicode_logo

    Myanmar 3 Unicode

    Unicode ကိုစပြီးသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်…။ အမျိုးအစားတွေကများတော့ ဘယ်ဟာကို သုံးရမလဲတော့ မစဥ်းစားမိသေးပါဘူး။ စသုံးမယ်ဆိုပြီး စာရိုက် ကြည့်လိုက်တဲ့အချိန်မှာတင် ကွဲပြားမှု တော်တော်များများကို သတိထားမိလိုက်ပါတယ်။ ဇောဂျီနဲ့ မတူပဲ စာရိုက်ရတာ ပိုပြီးစနစ်ကျလာပါတယ်။ အခုမှ စရိုက်ကြည့်ရတဲ့အတွက် လက်က သိပ်တော့ အရှိန်မရသေးတာ အမှန်ပါပဲ..။ နောက်ပိုင်းတော့ အစဥ်ပြေသွားမယ်ထင်ပါတယ်…။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှန် တစ်ကယ် စပြီးသုံးသင့်တဲ့ အချိန်ကို ရောက်လာပြီလို့ ယူဆတဲ့အတွက် စသုံးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်..။ အခု ဒီပထမဆုံး အပိုဒ်ကို Myanmar 3 နဲ့ ရေး ထားပါတယ်…။ နောက်တစ်ပိုဒ်ကို နောက်တစ်မျိုးနဲ့ ရေးြပါမယ်…။ ဒါမှ ဘယ်အမျိုးအစားက ပိုလှလဲ…။ ရိုက်ရတာ ပိုအဆင်ပြေလဲ ဆိုတာ ကျွန်တော် တစ်ယောက်ထဲသာမက စာဖတ်သူတွေလည်း ယှဥ်ထိုးသုံးသပ်ကြည့်နိုင်မှာ ဖြစ်ပါတယ်..။ (more…)

    Cateogry : Article , Unicode | 7 Comments

    ကျွန်တော်နှင့် အစာအိမ်

    September 13 , 2011 | 289 views
    scan

    Post မရေးမိတာ ၂ လ ကျော်သွားပါပြီ…။ ဓာတ်ပုံတွေ မရိုက်ဖြစ်တာလဲ အဲ့ဒီ့ ပါတ်ဝန်းကျင်ပဲ ဖြစ်ပါလိမ့်မယ်…။ စာလည်းမရေး..။ ဓာတ်ပုံလည်း မရိုက်..။ ဘာတွေများ လုပ်နေမိပါလိမ့်လို့ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို ပြန်မေးမိတော့…။ အဖြေကလည်း သိပ်ပြီး တိတိကျကျ မရှိ…။

    အိမ်ထောင်ကျသွားလို့ အိမ်မှုကိစ္စတွေ များနေသလားဆိုတော့လည်း…။ သူ့ခေတ် သူ့အခါ ထိုက်သင့်သလောက် ပြည့်စုံနေတဲ့ အတွက် ပူစရာပင်စရာက အတိုင်းအတာ တစ်ခုအထိသာ…။ အလုပ်ခွင်အတွင်းမှာလည်း အရာအားလုံး နေသားတစ်ကျနဲ့ ချောချောချူချူပါပဲ…။

    အဲ…။ ဆိုးတာလေး အနဲနဲ့ အများတော့ ရှိလေရဲ့…။

    ကျွန်တော့် Viao လေး ကော်ဖီအသောက်လွန်သွား (တစ်ကျိုက်ထဲနဲ့ ကော်ဖီတစ်ခွက်လုံးကုန်အောင် သောက်လိုက်) တဲ့အတွက် ဘယ်လိုမှ ဖွင့်မရတော့ပဲ ရာသက် ပန် အိပ်စက်သွားပါတယ်။ Hard Disk ကတော့ ကောင်းတုန်းလို့ရ ယူဆရပါတယ်..။ စက်ပျက်သွားတာထက် Hard Disk ဂန့်မသွားဖို့က ကျွန်တော့်အတွက် အဓိက ပိုကြ ပါတယ်..။ နှစ်ပေါင်းများစွာ ကျွန်တော့်ဘ၀ရဲ့ မှတ်တမ်းဓာတ်ပုံတွေ..။ ကျွန်တော်လက်ကမြင်းထားတဲ့ ဓာတ်ပုံတွေ..။ ကျွန်တော်ဆွဲထားတဲ့ Themes တွေ အားလုံး ပါသွားပါတယ်..။ (more…)

    Cateogry : Article , Personal | 10 Comments

    ယူပါ…

    June 28 , 2011 | 798 views
    c

    Saving Private Ryan ဆိုတဲ့ကားကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါတယ်…။

    ဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်ကွက်တိုင်းဟာ အနှစ်သာရ ပြည့်ဝစွာ ရိုက်ကူးတင်ဆက်ထားတဲ့ အနုပညာမြောက်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်…။ မြောက်များစွာရရှိသွားတဲ့ Oscar ဆုတွေနဲ့လည်း တကယ်ကိုထိုက်တန်တဲ့ ဇာတ်ကားတစ်ခုပါ…။

    အဲ့ဒီ့ဇာတ်ကားထဲမှာ သင်ယူစရာတွေ၊ သံဝေဂရစရာတွေ၊ မှတ်သားစရာတွေ၊ သတိထားစရာတွေ အမြောက်အများပါခဲ့ပါတယ်..။ အဲ့ဒီမြောက်များစွာထဲက ကျွန်တော့်ရင်ထဲ အခုအချိန်မှာ နက်နက်ရှိုင်းရှိုင်းထိုးဖောက် နေရာယူနေတဲ့ စကားတစ်လုံးရှိပါတယ်…။ (more…)

    Cateogry : Article , Personal | 6 Comments

    ပန်းတို့ဆိုသော “တေး”…

    June 14 , 2011 | 572 views
    IMG_6323

    ကျွန်တော် မနေ့က ပညာ့ရောင်ခြည် (အရင်က ပညာ့အလင်း ဆိုပြီး ကျွန်တော် မှားယွင်း သုံးနှုန်းထားပါတယ်) အသင်းနဲ့ ကျောင်းတွေကို စားရေး ကိရိယာတွေ ဝေဖို့ လိုက်သွားဖြစ်ပါတယ်..။

    ဒီရက်ပိုင်းအတွင်း ပညာ့ရောင်ခြည်၊ သန္တိသုခ အပါအ၀င် အခြားသော လူမှုရေးအသင်းအဖွဲ့တွေနဲ့ ကျွန်တော် နီးကပ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်..။ ကိုယ် တတ်နိုင်တဲ့ အပိုင်းလေးတွေ ကူညီရင်း..။ သူတို့ဆီက လုပ်ပုံ လုပ်နည်းလေးတွေလည်း အတုယူရင်းနဲ့ပါ…။

    ကျွန်တော် သတိထားမိသလောက် ဒီဘက်နောက်ပိုင်းမှာ လူငယ်တော်တော်များများဟာ ပရဟိတ လုပ်ငန်း (NGO လို့ခေါ်လည်း အဆင်ပြေမယ်ထင်ပါတယ်) တွေကို တော်တော်များများ စိတ်ဝင်စားလာကြတာတွေ့ပါတယ်…။ ကိုယ်တတ်နိုင်သလောက် သူငယ်ချင်း၊ မိတ်ဆွေတွေစု…။ အလှူငွေ၊ မတည်ငွေလေးတွေစုပြီး..။ လက်လှမ်းမှီသလောက် တတက်တအား ပါဝင် ဆောင်ရွက်နေကြတာ တွေ့နေရပါတယ်…။ ဒီနေရာမှာ ကျွန်တော် နဲနဲ အကြံပေးချင်တာလေး တစ်ခုရှိပါတယ်…။ (more…)

    Cateogry : Article , Event | 2 Comments