About

1 views

1_714347104l

မိတ်ဆက်

၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့တွင် လူ့လောကထဲသို့ အမည်ခံလူတစ်ယောက်အဖြစ် စတင်ရောက်ရှိ ပါတယ်..။ ချက်မြှပ်ဒေသမှာ ဂျမခန်နာ ဖြစ်ပါတယ်…။ ၁၉၉၀ တွင် အ.လ.က (၅) ရန်ကင်းမှာ သူငယ်တန်းစတက်ပြီး။ ၁၉၉၂ ခုနှစ်တွင် အ.ထ.က (၂) ကမာရွတ် (ယခင် St. Augustine) ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်ပါတယ်..။ ဂုဏ်ထူး တစ်ဘာသာ (ကပ်ပြီး) ပါပါတယ်။ အမှတ် စုစုပေါင်း ၃၃၀ ရပါတယ်။ ၂၀၀၂ ခုနှစ်တွင် ရန်ကုန်ကွန်ပျုတာတက္ကသိုလ် (UCSY) တွင် တစ်လခန့် ပညာဆည်းပူးခဲ့ပါတယ်။ ထို့နောက် အမှတ်စာရင်းအရ တပ်မတော် ဆေးတက္ကသိုလ်အဆင့်မှီသောလည်း ၀ါသနာအလျှောက် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တက္ကသိုလ် အပါတ်စဉ်  (၄၇) သို့ တက်ရောက် ပညာဆည်းပူးခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိ အဖြစ်ခန့်အပ်ခြင်းခံရပြီး ယခုအခါ  Master Of Engineering အတွက် ပညာတော်သင်ကျောင်းသား အဖြစ်ပညာဆက်လက် သင်ကြားလျှက် ရှိပါတယ်။

နောက်ခံအခြေအနေ

တပ်မတော်သို့ ၀င်ရောက်ခြင်းမပြုမှီ မိဘ၏အရှိန်အ၀ါ အနေအထား အားကိုးဖြင့် ဆိုးပါသည်။ မိုက်ပါသည်။ ကားတစ်စီး ဖုန်းတစ်လုံးဖြင့် သောင်းကျန်းပါသည်။ ရည်းစားမှိုလိုပေါက်အောင် ထားပါသည် (မှတ်ချက်။ ။ Online ဇာတ်လမ်း လုံးဝ (လုံးဝ) မရှိ (သို့မဟုတ်) စိတ်မ၀င်စား)..။ အကျဉ်းချုံရသော် ကျွန်တော်သည် ရေပေါ်ဆီ ဖြစ်ခဲ့ပါသည်။ သို့သော် ကျွန်တော့် ဖခင်၏ အမှစကားတစ်ခုဖြစ်တဲ့….။ “လူ” လိုဆိုး…။ ဆိုတဲ့စကားအတိုင်း ကျွန်တော် လူ့စည်း လူ့ဘောင် လူတွေ လက်ခံနိုင်သော အနေအထားထဲမှ ဆိုးခဲ့ပါသည်။ (တစ်ခါတစ်ရံကျော်ပါသည်..။ သို့သော် မပြောပလောက်ဟု ကျွန်တော့်ဘာသာ ယူဆပါသည်။)

ဆိုးတာတွေ အမြောက်အများရှိခဲ့သလို..။ ကောင်းတာအချို့လည်း ရှိပါသည်။ ကျွန်တော် ငယ်စဉ်ကတည်းက အတန်းတိုင်း (နီးပါး) တွင် အတန်း ခေါင်းဆောင် (သို့) အသင်းခေါင်းဆောင်ဖြစ်ပါသည်။ နှစ်စဉ် ဂုဏ်ထူးတစ်ဘာသာ ပုံမှန်ပါ ပါသည်။ အထက်တန်းကျောင်းသားဘ၀တွင် နှစ်နှစ် ဆက်တိုက် ကျောင်းကောင်စီအဖွဲ့ဝင် ကျောင်း သားအဖြစ် ပါဝင်ခဲ့ပါသည်။ (ကြုံတုန်းကြွားတာ.. :P ) ကျောင်းကိစ္စ၊ ရပ်ရေးရွာရေးကိစ္စ ထိပ်ဆုံးက ပါပါတယ်..။  အိမ်မပြန်ပဲ ကျောင်းမှာအိပ် ကျောင်းမှာ စားတဲ့အထိ လုပ်ပါတယ်..။ နိုင်ငံတော် အခန်းအနား တော်တော်များများကို မြန်မာနိုင်ငံ ကျောင်းသားများ ကိုယ်စားပြု (ဘယ်သူက သတ်မှတ်ပေးလို့လဲ တော့မမေးနဲ့ ကျွန်တော်လည်းမသိဘူး..။ သူတို့ပြောသလို ပြောပြတာ) တက်ရောက်ခဲ့ဖူးပါတယ်။ (ဘာရယ် ညာရယ်တော့ မဟုတ်ဘူး လူရှိန်မလားလို့ :D ) ဆရာဆရာမတွေချစ်ကြပါတယ်..။ အတန်းဖော်ကျောင်းသား အချင်းချင်းကလည်း ချစ်ပါတယ်၊ အားလည်းကိုး (အမှန်မှာ အချွန်နဲ့မခြင်းဖြစ်) ပါတယ်။

ဝါသနာ

ကျွန်တော့်ရဲ့ အကြီးမားဆုံး ၀ါသနာမှာ ၀ါသနာပါရခြင်းပင်ဖြစ်ပါသည်။ ရှင်းပါအံ့။ ကျွန်တော်တစ်ခုပြီး တစ်ခု ၀ါသနာလိုက်ပါရတဲ့ အလုပ်ကို ၀ါသနာ ပါခြင်းဖြစ်ပါသည်။ ထိုကြီးမားသော ၀ါသနာ၏နောက်တွင် အခြားသော ၀ါသနာပါသည့် အရာများမှာ စာရေးခြင်း၊ စာဖတ်ခြင်း၊ သီချင်းရေးခြင်း၊ ဂစ်တာတီးခြင်း စသည့် အနှပညာရပ်ဆိုင်ရာများကို နှစ်သက်ပါသည်။ ပန်းချီဆွဲတတ်ချင်သော်လည်း ၀လုံးပင် ၀ိုင်းအောင်မဆွဲတတ်သောကြောင့် လက်လျော့ထားပါသည်။ ဖြစ်နိုင်လျှင် ကယ်ရေကေချာကိုတော့ တတ်အောင်သင်ခြင်ပါသည်။ ထို့နောက် ဘောလုံး၊ ဘက်စကက်ဘော၊ ရွက်လှေ အစရှိသော အားကစားများကို ၀ါသနာပါပါည်။ YSC- Yangon Sailing Club Member တစ်ယောက်ဖြစ်ပါသည် ( အမျိုးများရှိက ဆက်သွယ်ပါ)။ အခြားဝါသနာပါသောအရာများ အမြောက်အများရှိပါသည်။ သို့သော် ၎င်းအရာများသည် လတ်တလော အခြေအနေအရ စာဖတ်ခြင်း အမျိုးအစား ထဲတွင်ပဲ အကြုံးဝင်ကာ လက်တွေ့ဖြစ်မလာသေးသောကြောင့် ထုတ်ဖော်မပြောကြားလိုတော့ပါ။

Bloggin သမိုင်း

၂၀၀၇ စက်တင်ဘာတွင် Black Dream ဆိုသောအမည်ဖြင့် blackdream21.blogspot.com အား အနက်ရောင်အိပ်မက်တစ်ခု၏ ၀ိဥာဉ်များ ဟူ သောအမည်ဖြင့် စတင်အသက်သွင်းပါသည်။ Blog လုပ်ရင်ခြင်း ရည်ရွယ်ချက်နှစ်ခုရှိပါတယ်..။

၁။ စာရေးရတာ ၀ါသနာပါခြင်း…။

၂။ Web Developing အပိုင်းနှင့် Computer နည်းပညာပိုင်းတွင် ၀ါသနာပါခြင်း…တို့ကြောင့်ဖြစ်ပါသည်။

စရေးရေးခြင်း အကြောင်းအရာ မျိုးစုံရေးပါသည်..။ နောက်ပိုင်း မစွံမှန်သိလို့ Essay တစ်မျိုးထဲ ပြောင်းရေးပါသည်။ အခုလဲ Essay ရေးတာ သိပ် မစွံတော့ကြောင်း သတိထားမိသောကြောင့် လိုင်းပြောင်းရေးရန် ကြံကြိတ်နေပါသည်။ ဘာမှမရေးခြင်းက အကောင်းဆုံဖြစ်မည်ဟု ကျွန်တော့် ဦးနှောက်က သိသော်လည်း ကျွန်တော့်လက်က ကိုယ့်လက်နဲ့ ကိုယ်ရေးတာ ဘာဖြစ်လဲဟု တင်းခံနေသောကြောင့် ဆက်လက်ရေးသား ဒုက္ခပေး လျှက်ရှိပါသည်။

ကြိုက်နှစ်သက်သောအရာများ

ထိပ်ဆုံးကပြောရလျှင် ကောင်မလေး လှလှလေးများအား အလွန်ကြိုက်နှစ်သက်တတ်ပါသည်။ အရောင်ထဲတွင် အနက်ရောင်ကို တော်တော်ကြိုက် ပါတယ်။ King of the colour, Power of the colour, Judge of the colour လို့ အဆိုရှိ သောကြောင့်မဟုတ်ပါ..။ ကြိုက်ချင်လို့ ကြိုက်ခြင်း ဖြစ်ပါသည်။ အနက်ရောင် ပြီးလျှင် အဖြူရောင်၊ မီးခိုးရောင်နှင့် အပြာရောင်ကြိုက်ပါသည်။ အကြိုက်ဆုံး ၀တ်စားဆင်ယင်ပုံမှာ Jean ဘောင်းဘီ၊ အနက်ရောင် T Shirt တစ်ထည်နဲ့ All Star ဖိနပ်တစ်ရံဖြစ်ပါသည်။ မြန်မာဖြစ်ပြီး ပုဆိုးနဲ့ တိုက်ပုံကို မကြိုက်လို့ သြဘာပေးလိုက ပေးခဲ့နိုင်ပါ သည်။ အစားအစာ စားလို့ရတာ အကုန်စားပါသည်။ သောက်လို့ရတာ အကုန်သောက်ပါသည်။ ဆေးလိပ် နှင့် ကော်ဖီ အား အထူးနှစ်သက် ရင်ခုန် သူဖြစ်သည်။

Favourite Music : Alternative, Hard Rock, Metal

Favourite Bands (International) : Green Day, The Offsprings, Sugar Ray, Vertical Horinzon, Aerosmith, Bonjovi, Scorpion, Metallica, Linkin Park, GNR, Mr. Big (မှတ်ချက် အားလုံးအဖိုးကြီးတွေ ဖြစ်နေပါပြီ..။ အသစ်များထဲမှ ကျွန်တော်ကြိုက်တာ မတွေ့သေးပါ)

Favourite Bands (Local) : Zaw Win Htut (Emperor), The Ants, Doe Lone, Big Bag, Htoo Eain Thin, Synergy

ကျန်တဲ့ အကြိုက်ဆုံးတွေအများကြီးရှိပါသေးတယ်..။ စာအုပ်တို့..။ ပစ္စည်းတို့..။

ထူးခြားချက်

လူတွေထဲက သာမန်လူတစ်ယောက်ပါပဲ..။ ဘာမှကို မထူးခြားပါဘူး..။ အရပ် ၅ ပေ ၁၀ လက်မရှိတယ်…။ အလေးချိန် ပေါင် ၁၅၀ ကျော်ရှိတယ်။ မဖြစ်မနေ သာမန်လူတွေထက် ထူးခြားတာတစ်ခု မပြောမနေရ ပြောရမယ်ဆိုရင် ကျွန်တော် ဘယ်သန်ပါ။ ဘယ်သန်ကိုမှ သူများလို စာကို အတည့် မရေး ပါဘူး..။ လက်ကို အပေါ်မှာထားပြီး ဇောက်ထိုးရေးပါတယ်…။

လက်သုံးစကား

Blog – မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာပဲ။

Life – ဘ၀ကိုလေးနက်စွာခံယူပြီး ပေါ့ပါးစွာ ဖြတ်သန်းသွားမယ်….။

Love – Life Of Various Emotions

ဒီစာသား သုံးခုစလုံးဟာ ကျွန်တော့်ရဲ့ Copyright များဖြစ်ပါတယ်..။ ဘယ်သူမှ အာရုံအစားခံပြီး လာမကူးဘူးဆိုတာ ကျွန်တော်သိပါတယ်..။ သို့ သော်သုံးချင်ရင်တော့ ကျွန်တော့်အား အသိပေးခြင်း သို့မဟုတ် အသုံးပြုသည့်အခါတွင် ဖော်ပြပေးခြင်းများ ပြုလုပ်စေလိုပါတယ်..။

လေးစားစွာဖြင့်

BLACK DREAM

P.S- ကွန်တော့် Personla Profile ဖြစ်သောကြောင့် ကျွန်တော်ရေးချင်တာ ရေးပါမည်။ သိချင်တာများရှိရင် ထပ်မေးနိုင်ပါတယ်…။ ဖြေသင့်တာ ရှိက ဖြေပါမယ်…။ မမေးသင့်တာများ မေးထားလို့ ပြန်မဖြေပါက ခွင့်လွှတ်နားလည်စေ လိုပါတယ်။ သူ့ Personal ကိုယ့် Personal တန်ဖိုးထား တတ်ကြပါစေ…။ ကျွန်တော် ဒီနေရာမှာတော့ ကော်မန့်များကို အပျော်သဘော အမြဲ Reply ပြန်လုပ်မှာဖြစ်ပါတယ် ;)

Black Dream | Create Your Badge

Creative Commons License
Copyright © 2007 2008 2009 & All Rights Reserved By BLACK DREAM under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 License.

Share and Enjoy:
  • Print
  • email
  • Facebook
  • Twitter
  • RSS
1 Star2 Stars3 Stars4 Stars5 Stars (1 votes, average: 5.00 out of 5)
Loading ... Loading ...

  1. မီးငယ် 03.10.09 / 7pm
    1

    အကိုရေ…၁၀၀% မတူပေမဲ့ ၉၉%လောက်တူနေတယ်…
    မဆိုးပူး မောင်နှမလုပ်လို့ရတယ်….
    အဲဒါပြောတာ တူရာတူရာ စုတယ်ဆိုတာ… :D

    Like or Dislike: Thumb up 0 Thumb down 0

  2. မအိ.....! 03.10.09 / 7pm
    2

    သိချင်တာရှိက မေးနိုင်သည်။ ကွန်မန့် များကို reply လုပ်မည်ဆိုသောကြောင့် လုံးဝမမေးတော့ပါကွယ်…. :P

    Like or Dislike: Thumb up 0 Thumb down 0

  3. GreenGirl 03.10.09 / 7pm
    3

    အစအဆုံး ၂ ခါပြန်ဖတ်ပြီး သကာလ….
    ဆက်မပြောတော့ဘူး… ဟဲဟဲ

    Like or Dislike: Thumb up 0 Thumb down 0

  4. မွန် 03.11.09 / 1am
    4

    မိန်းကလေးလှလှလေးများကို အထူးနှစ်သက်တယ်ဆိုလို့ လစ်ပီ
    နာတို့အတွက် အန္တရာယ်မကင်းဘူး ဟိ
    အလကားငကြွား ကားတစီးဖုန်းတလုံး မိဘအရှိန်အဝါ ဘလာဘလာဘလာ
    မင်းပြောတတ်တဲ့စကားက အလုပ်သိပ်များ ဘလာဘလာဘလာ
    ဟိ ချစ်လို့စတာ ချိတ်ချိုးနဲ့ မောင်စိတ်ချမ်းသာမယ်ဆို ဆက်ကြွား

    Like or Dislike: Thumb up 0 Thumb down 0

  5. BLACK DREAM 03.11.09 / 1am
    5

    လူတွေအထင်လွဲလုပ်အောင် လုပ်ပြန်ပြီ..။ အွန်လိုင်း ဇာတ်လမ်း လုံးဝ (လုံးဝ) မရှိလို့ ရေးထားတာနော်..။ ဗြန်းဗြန်းကွဲအောင် မလုပ်နဲ့ :P

    Like or Dislike: Thumb up 0 Thumb down 0

  6. မွန် 03.11.09 / 1am
    6

    အဲတာ ညာတာပါ အွန်လိုင်းဇာတ်လမ်း လုံးဝလုံးဝမရှိတဲ့ ဟိုနေ့ကတော့ လန်ဒန်လာမလို့ လေယာဉ်လက်မှတ်ဖို့စုနေတယ်ဆို ရွာကဖုန်းနဲ့ကားကိုရောင်းပြီးလာမှာဆို

    Like or Dislike: Thumb up 0 Thumb down 0

  7. BLACK DREAM 03.11.09 / 1am
    7

    စကားကိုသေချာနားမထောင်ဘူး အဲ့ဒါ Manu နဲ့ Inter ပွဲ လာကြည့်ဖို့ ပြေတာာ :P

    Like or Dislike: Thumb up 0 Thumb down 0

  8. မောင်မျိုး 03.11.09 / 1pm
    8

    ဒီပို့စ်နဲ့တင် ကိုနက် ကပိုရုပ်လုံပေါ်သွားတယ်ဗျ ကားတွေ ဖုန်းတွေနဲ့ လန်ထွက်နေတာပဲ ဟီး အနော်လည်းတစ်ခါလောက် အဲ့လိုဆိုးကြည့်ချင်တယ် သူဌေးဆိုးပေါ့ ။ :P ကောင်မလေးလှလှများကြိုက်တတ်သည် မိုက်တာပဲ ဒါလည်း ။ ရီပလိုင်းမပြန်ပါနဲ့ လာပြန်ဖတ်ရမှာ ပျင်းလို့ မရေးသင့်မှန်းသိပေမယ့် လက်ကယားလွန်းလို့ပါ သူ့လိုပြန်ကလော်သွားတယ် ဟဲဟဲ အရသာရှိပါ့။

    Like or Dislike: Thumb up 0 Thumb down 0

  9. BLACK DREAM 03.11.09 / 2pm
    9

    ဟဲ..ဟဲ..။ အဲ့ဒါ ဟိုးရှေးရှေးတုန်းကပါ…။ :P

    Like or Dislike: Thumb up 0 Thumb down 0

  10. Nandar 03.12.09 / 3am
    10

    ဟိုးအရင်က ရေပေါ်ဆီ ဆိုတော့ အခုက ဘာလဲ???

    အဲလိုပဲ St.Augustine က ကျောင်းသားဟောင်းတွေ ဟိုးအရင်က ပေတေတေ အခုတော့ ဝေလေလေပေါ့။

    အရင်က “လူ” လို ဆိုးခဲ့လို့ တော်သေးတာပေါ့။ အခုကော လိမ္မာတာ ကျနေတာပဲ။ မပြောလိုက်ချင်ဘူး။

    မိဘချမ်းသာကြောင်းက မသိမသာ ကပ်ကြွားသွားသေးတယ်.., ဟွန့်။

    ကားတစ်စီး ဖုန်းတစ်လုံးဖြင့် သောင်းကျန်းခဲ့တိုင်း မိန်းကလေးတိုင်း ကြိုက်မယ် ထင်မနေနဲ့။

    St.Augustine ကသူတွေ TTC က Star တွေကို ဘယ်လိုမှ ဘာနဲ့မှ ယှဉ်မရ Beat မရဘူး ဆိုတာ မှတ်ထား!!! Never Ever.., ဟား ဟ ဟား :)

    Like or Dislike: Thumb up 0 Thumb down 0

  11. BLACK DREAM 03.12.09 / 9am
    11

    တစ်ခြားကြိုက်တဲ့သူပြောခံသာတယ်…။ Augustine ကို TTC က လူက လူဆိုးလို့ပြောတာတော့ ရင်ထဲကျလိကျလိနဲ့..။ ထားလိုက်ပါ..။ လူကြီး လူကောင်း ပီသချင်ယောင်ဆောင်တဲ့အနေနဲ့ မသိချင်ယောင်ဆောင်ပေး လိုက်ပါမယ် :P

    Like or Dislike: Thumb up 0 Thumb down 0

  12. starfish 03.13.09 / 5pm
    12

    2002 ခုနှစ်က ကွန်ပျူတာတက္ကသိုလ်မှာ တလတက်သွားတာလား။ သတိမထားမိလိုက်ဘူး။ ကားတစ်စီးဖုန်းတစ်လုံးနဲ့ တော်တော်ဆိုးသွားတဲ့လူဆိုတော့ အင်းးးးးးးးးး ဘူလေးလဲမသိဘူး။
    ခုလည်းဆိုးနေဆဲပဲမဟုတ်လား။ သိတယ်နော် :P

    Like or Dislike: Thumb up 0 Thumb down 0

  13. သုချစ်သူ 03.17.09 / 11am
    13

    ဆိုဒ်ဒီဇိုင်းလေးကို ရေရေလည်လည် ခိုက်သွားပါသည်။

    Like or Dislike: Thumb up 0 Thumb down 0

  14. demonstriker 03.21.09 / 11am
    14

    nicotine and caffeine are couples.

    Like or Dislike: Thumb up 0 Thumb down 0

  15. BLACK DREAM 03.21.09 / 12pm
    15

    Absolutely right ;)

    Like or Dislike: Thumb up 0 Thumb down 0

  16. mmthinker 03.22.09 / 2pm
    16

    ကျုပ်လည်း အနက်ကြိုက်တယ်။ ဒါပေမယ့် ရန်ကုန်မှာ ပူတယ်ကိုယ့်လူ၊ မဝတ်နိုင်ဘူး။

    ပုဆိုးနဲ့ တိုက်ပုံ မဝတ်တတ်တာ တူ၏။

    ကွာတာက ကျုပ်က အောလ်စတား သိပ်မကြိုက်ဘူး။

    အန်ဒါဂရောင်း၊ ကတ်တာပလာနဲ့ ဒေါက်တာမာတင် (တစ်ရံမှ မပိုင်ဆိုင်သေး) ကို ကြိုက်တယ်။
    လောလောဆယ်တော့ အဲဒါတွေနဲ့ ဆင်တဲ့ ဘုတွေတော့ ပိုင်၏။

    သင်ကာ

    Like or Dislike: Thumb up 0 Thumb down 0

  17. BLACK DREAM 03.22.09 / 3pm
    17

    မကြိုက်ပဲနေမလား အစ်ကိုရယ် Dr.Martens က ကျွန်တော့်ရဲ့ Favourite ထဲပါတာပေါ့..။ ကြိုက်လွန်းလို့ ခြစ်ချုပ်ပြီး တစ်ရံတော့ ၀ယ်ထားလေရဲ့ :P

    Like or Dislike: Thumb up 0 Thumb down 0

  18. thetpaingthu 04.22.09 / 4pm
    18

    ဟား… ဟား အခုမှပဲ….. ဘလက်အကြောင်း ကောင်းကောင်းသိ၏။
    တွေ့တာနဲ့ ညှင်းဆဲလိုက်ဦးမယ်…. စကားမစပ်… Web Layout လေးတော်တော်လှတယ်ဗျ

    Like or Dislike: Thumb up 0 Thumb down 0

  19. BLACK DREAM 04.22.09 / 5pm
    19

    ရတယ် ဝေးဝေးရှောင်ရမယ့်စာရင်းထဲ ထိပ်ဆုံးကမှတ်ထားလိုက်မယ် :P

    Like or Dislike: Thumb up 0 Thumb down 0

  20. နန်းဝါ၀ါမောင် 04.26.09 / 5am
    20

    ဆီဘုံးရှာရင်း ကြုံကြွားလေးတွေ ဖတ်သွားရပါတယ်..
    အတယ်ပဲပြောပြော..ဆီဘုံးတော့မတွေ့.. ခေါင်းနောက်လို့ ပြန်ပြီ..
    မဆိုးပါဘူးးး ဂုဏ်ထူးတွေများသားပဲ… :D
    အပေါင်းအသင်းလုပ်ဖို့ ကောင်းမယ့်သူတစ်ယောက်ဟုမြင်မိပါသည်။
    အစ်မကြီးတစ်ယောက်လို ခင်မင်နိုင်ပါသည်.. ညီမလေးတွေ အများကြီး
    ရှိပါသော်လည်း အောင်သွယ်လုပ်ခြင်း ၀ါသနာမပါပါကြောင်းးး :D

    ပျော်ပါစေ

    အစ်မ၀ါ

    Like or Dislike: Thumb up 0 Thumb down 0

  21. BLACK DREAM 04.26.09 / 3pm
    21

    ဆီဗုံးက အပေါ်နားက Open Navigation အား ရဲတင်းယုံကြည်စွာ Click လုပ်ခြင်းဖြင့် ဖုံးထားသမျှအရာအားလုံးအား ကုံးကွလိုက်သလို ပေါ်လာစေမည်ဖြစ်…။

    ဂုဏ်ထူးများမှာ အလွန့်အလွန်များပြားသောကြောင့် အလွန့်အလွန် အနည်းငယ်သာ ဖော်ပြထားခြင်းဖြစ်။ အပေါင်းအသင်း အသစ်များအား ရှာဖွေခြင်း (သို့မဟုတ်) ရရှိခြင်းအား ရက်ရက်စက်စက် ၀ါသနာပါ။

    အစ်မကြီးကိုလည်း ခင်ပါတယ်..။ ညီမလေးတွေကိုလည်း ခင်ပါတယ်။ :D အောင်သွယ်လုပ်လိုလျှင်တော့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေး နိုင်မှသာလျှင် အောင်သွယ်လုပ်ပေးခြင်းအား သဘောတူ လက်ခံမည် ဖြစ်သည်…။ လေလှိုင်းကြားမှသာဆိုပါက အောင်သွယ်လုပ်ပေးခြင်း အား လုံးဝ (လုံးဝ) လက်ခံမည်မဟုတ် ကြောင်း ပြန်လည် တင်ပြအပ် ။ :P

    ပုံ…
    (ဘယ်နားသွားပုံရမလဲ :D )

    Like or Dislike: Thumb up 0 Thumb down 0

  22. sweety 05.01.09 / 7am
    22

    hello…..

    i am ur new friend. i would like to make as a friend with u….
    Can???

    Like or Dislike: Thumb up 0 Thumb down 0

  23. BLACK DREAM 05.01.09 / 7am
    23

    sure :)

    Like or Dislike: Thumb up 0 Thumb down 0

  24. sweety 05.01.09 / 2pm
    24

    yap…..thz a lot !!

    Like or Dislike: Thumb up 0 Thumb down 0

  25. Apprenticship 05.07.09 / 12am
    25

    All Star လုံးဝမကြိုက်… နာမည်ကိုက မကြိုက်တာ။ :D တစ်ခု သတိထားလေ့လာမိတာ ဘလက်က အပေါ်ကြွားကော အောက်ကြွားပါ ရတယ် ဆိုတာပဲ :D :P ကျန်တာတွေတော့ ပြောတော့ပါဘူး :P :D :)

    Like or Dislike: Thumb up 0 Thumb down 0

  26. Black Dream 05.07.09 / 2am
    26

    အပေါ်ကြွားတာကတော့ ဟုတ်ပါပြီ…။ အောက်ကြွားတာက ဘယ်တုန်းက မြင်လိုက်…။ မှားလို့ …။ သိလိုက်တာလဲ :P

    Like or Dislike: Thumb up 0 Thumb down 0

  27. avocado 05.07.09 / 12pm
    27

    Hello fri, I want to be friend with you. :)

    Like or Dislike: Thumb up 0 Thumb down 0

  28. BLACK DREAM 05.07.09 / 1pm
    28

    sure! I’ll be glad for that ;)

    Like or Dislike: Thumb up 0 Thumb down 0

  29. avocad 05.07.09 / 6pm
    29

    :) So can you give me ur email address?

    Like or Dislike: Thumb up 0 Thumb down 0

  30. Apprenticship 05.08.09 / 2am
    30

    အင်းလေ.. လူဆိုးလို့ ပြောပီ.. လူ့ဘောင်က လက်ခံနိုင်တဲ့အထိပဲ ဆိုးတယ် ဆိုလို့လေ… ပညတ်တွေအားလုံးက လူသတ်မှတ်တာပါ… စာတော်ကြောင်းလဲ ထည့်ကြွားထားသေးတယ်.. နိမ့်ချသလိုလိုနဲ့ ကိုယ့်ဟာကို ပြန်ကော်နေလို့ အောက်ကြွားလို့ ပြောတာပါ..

    Like or Dislike: Thumb up 0 Thumb down 0

  31. Black Dream 05.08.09 / 8am
    31

    ဟဲ ဟဲ..။ ဒါကတော့ မတတ်နိုင်ဘူးလေ ကိုယ့်ဒေါသနဲ့ကိုယ်ပဲ..။ ကျွန်တော်က ပို့စ်တင်ထားတာမှမဟုတ်တာ…။ လာဖတ်ကြပါလို့လဲ..။ ဘယ်သူ့ကို မှ အတင်းမတိုက်တွန်းထားဘူးလေ….။ ကျွန်တော့်ဘာသာ Profile အနေနဲ့ About ထဲမှာရေးထားတာပါ…။ ဟုတ်တယ်ဟုတ်…? :)

    Like or Dislike: Thumb up 0 Thumb down 0

  32. အောင်မျိုးဟန် 05.11.09 / 2pm
    32

    ဒီရောက်နေတာကိုး။ ပြန်တွေ့ရတာ ၀မ်းသာသဗျာ။

    Like or Dislike: Thumb up 0 Thumb down 0

  33. sweety 05.15.09 / 5am
    33

    hello
    ko black

    nay kg lar? ma kg yin medicine take loh pyaw ma loh…(medicine = mouse that sayy)

    Like or Dislike: Thumb up 0 Thumb down 0

  34. sweety 05.15.09 / 5am
    34

    hello

    Like or Dislike: Thumb up 0 Thumb down 0

  35. sweety 05.17.09 / 11am
    35

    Hello,,,
    ko black

    nay kaung larr shint??

    Like or Dislike: Thumb up 0 Thumb down 0

  36. vista 06.15.09 / 11am
    36

    ဟဲဟဲ Augustine ကလူတွေကဆိုးတာလူတိုင်းသိ ကျနော်သူငယ်ချင်းတောင်ဆိုးလို.TTC မှာမနေရတော.လို. Augustine ပြောင်းသွားတာ keke

    Like or Dislike: Thumb up 0 Thumb down 0

  37. BLACK DREAM 06.15.09 / 12pm
    37

    ဟိုက်ရှားပါး..။ အဲ့လောက်တောင်ပဲလား…။ ဆိုးတာ လူတွေသိကုန်ပြီ..။ :P

    Like or Dislike: Thumb up 0 Thumb down 0

  38. BLACK DREAM 06.15.09 / 12pm
    38

    @ Sweety >>> ကောင်းပါတယ်..။ ဘာလို့အဲ့လောက်တောင် စေတနာ တွေရှိနေရတာလဲဗျာ..။ ကြွက်သတ်ဆေးတော့မလုပ်ပါနဲ့..။ မသကာ မတ် သနော လောက်တော့ လုပ်ပါ..။ သေခါနီးလေး နဲနဲ ပိုအရသာရှိမလားလို့ :P

    Like or Dislike: Thumb up 0 Thumb down 0

  39. Capricorn 06.23.09 / 9am
    39

    ဟုတ်ပါ့ ..Augustine က ကျောင်းသားတွေများ…
    ကိုယ်တွေ ဘောလုံးကွင်းမှာ..ရန်တွေ လာဖြစ်နဲ့ .. :) ဒါနဲ့
    TTC ကျောင်းသားတွေက Augustine ကျောင်းသူတွေနဲ့
    ချစ်ကြည်ရေးယူထားကြတာပေါ့ ..

    Like or Dislike: Thumb up 0 Thumb down 0

  40. Black Dream 06.23.09 / 9am
    40

    ပြောင်းပြန်ကြီး…။ ဟီး ဟီး…။ ကြားတာရော ကိုယ်တွေ့ရောနဲ့ ပြောရမယ် ဆိုရင် Augustine ကျောင်းသားတွေကပဲ TTC ကျောင်းသူတွေနဲ့ Peace ဖြစ်နေတာလားလို့…။ :P

    Like or Dislike: Thumb up 0 Thumb down 0

  41. Capricorn 06.23.09 / 10am
    41

    အံမယ်…ပေါက်ကရတွေ ပြောရော့မယ်..ညီမတို့က ကိုယ့်သူငယ်ချင်းတွေ
    ကို မနိုင်တော့လို့ လွှတ်ထားရတဲ့ဟာ.. :P

    Like or Dislike: Thumb up 0 Thumb down 0

  42. Black Dream 06.23.09 / 10am
    42

    ဟဲ ဟဲ ..။ ၀န်ခံတယ်ပေါ့လေ..။ :P အစ်ကိုတို့ကလည်း တကယ် အတည်ပါ…။ :D :P

    Like or Dislike: Thumb up 0 Thumb down 0

  43. Capricorn 06.23.09 / 11am
    43

    No ပါ..သူငယ်ချင်းဆိုတာ ကောင်လေးတွေကိုပြောတာ..ဟာဟ

    Like or Dislike: Thumb up 0 Thumb down 0

  44. Black Dream 06.23.09 / 1pm
    44

    အင်း ဟုတ်မယ်..။ အစ်ကိုတို့က ပြည်တွင်းဖြစ်သိပ်အားမပေးဘူး..။ စွန့်ပြစ်ထားတာ..။ ကိုယ်စွန့်ပြစ်ထားမယ့်အတူတူ သူများတွေယူပါစေဆို ပြီး..။ :P အလန်းတွေကိုတွေ့ချင်ရင် အစ်ကိုတို့က St.Flo သွားတယ်..။ :P

    Like or Dislike: Thumb up 0 Thumb down 0

  45. Capricorn 06.23.09 / 1pm
    45

    သြော်….သွားလည်း အချစ်တော်တွေပဲတွေ့ မှာပေါ့
    lesbian လည်းစိတ်ဝင်စားတာပဲလားဟင် :D

    Like or Dislike: Thumb up 0 Thumb down 0

  46. Black Dream 06.23.09 / 1pm
    46

    အဲ့ဒီ့ အချော်တစ်တွေအကြောင်းတော့ မပြောပါနဲ့ညီမရယ်..။ ရယ်ရခက် ငိုရခက် အဖြစ်အပျက်တွေ များမှများပဲ..။ :( :P

    Like or Dislike: Thumb up 0 Thumb down 0

  47. Capricorn 06.23.09 / 1pm
    47

    အင်း…၀န်ခံမှပေါ့… :)

    Like or Dislike: Thumb up 0 Thumb down 0

  48. Black Dream 06.23.09 / 2pm
    48

    ခေါင်းငုံထားတယ်ဆိုတော့မှ ဒူးထောက်ခိုင်းတယ်အဖြစ်မျိုးလား..။ လေးဖြူ သီချင်းလေး သတိရလို့..။ lol

    Like or Dislike: Thumb up 0 Thumb down 0

  49. Capricorn 06.23.09 / 4pm
    49

    အဲဒီသီချင်းမသိဘူး..;P

    Like or Dislike: Thumb up 0 Thumb down 0

  50. miley 08.20.09 / 6am
    50

ွG talk က comment မှာ (မနက်ဖြန်ဆိုတာရှိသရွေ့ ငါကတော့ငါ့အိပ်မက်ကို ဖက်တွယ်မှာပဲ) ဆိုတာ တင်ထားတယ်နော်။
    အသိပေးဆိုလို့ပေးတာ ………..

    Like or Dislike: Thumb up 0 Thumb down 0

  51. BLACK DREAM 08.20.09 / 3pm
    51

    ကောင်းပါပြီဗျာ..။ အခုလို တရေးတယူအသိပေးတာ ကျေးဇူးတင်ပါတယ် :)

    Like or Dislike: Thumb up 0 Thumb down 0

  52. ပီတိ(စိတ်ပညာ) 09.15.09 / 4pm
    52

    နာ့အစ်ကို ကိုမဲကြီး တော်တော် အဖဲ့ခံနေရပါလား။
    အကြိုက်ဆုံး ၀တ်စားဆင်ယင်ပုံမှာ Jean ဘောင်းဘီ၊ အနက်ရောင် T Shirt တစ်ထည်နဲ့ All Star ဖိနပ်တစ်ရံ
    အဲဒါတော့ ရေလည်တူသွားဘီ

    Like or Dislike: Thumb up 0 Thumb down 0

  53. BLACK DREAM 09.15.09 / 7pm
    53

    အကြိုက်ခြင်းတူရင် တသ်စုံလောက် မ၀ယ်ပေးချင်ဘူးလား :P

    Like or Dislike: Thumb up 0 Thumb down 0

  54. မေဇင် 09.19.09 / 10am
    54

    အခုမှ ဒီဘလော့ထဲကိုရောက်လာတာ…..
    ကျွန်တော်နဲ့သူမက တကယ်ဖြစ်၇ပ်မှန်လား
    မြန်မာဂျီးနီးရပ် ဘလော့နဲ့ ဘယ်လိုပတ်သတ်လဲ
    ဖြေလို့ရမယ်ထင်တယ်နော်…..:

    Like or Dislike: Thumb up 0 Thumb down 0

  55. BLACK DREAM 09.19.09 / 2pm
    55

    ကျွန်တော်နှင့်သူမတွေက အပြင်မှာ ဖြစ်ခဲ့ (သို့မဟုတ်) ရှိခဲ့ဖူးတဲ့ ဖြစ်ရပ် လေးတွေကို အခြေခံပြီးဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတွေ ဖြစ်ပါတယ်..။ Myanmar Genius Forum နဲ့ MMGenius Blog Service က ညီအစ်ကို မောင်နှမတွေနဲ့ စုပေါင်းပြီး ကျွန်တော် တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ :)

    Like or Dislike: Thumb up 0 Thumb down 0

  56. ကောင်းမွန်ဝင်း 09.22.09 / 7am
    56

    ဘာကိုပဲရေးရေး။ စိတ်ဝင်စားစရာကောင်းတယ်။ ဆိုလိုတာက အရေးအသားတင် မဟုတ်ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ. ဘ၀တစ်ခုကိုလည်းပျော်ရွှင်စွာနေထိုင်နေတဲ.ပုံပါပဲ။
    အားပေးပါတယ်။ ရေးချင်တာကို ရေးပါ၊ အားလုံးကို အချိန်တစ်ခုပေးပြီး ရေးထားတာတွေဖြစ်လို. အလကားဖြစ်တယ်ဆိုတာမရှိပါဘူး။

    Like or Dislike: Thumb up 0 Thumb down 0

  57. ညီမင်းခ 09.29.09 / 9pm
    57

    ဟ တော်တော်ခိုက်တယ်ဗျာ ….
    အရေးအသားကို သိပ်လေးစားသွားပြီ၊ တကယ် ဂွတ်တယ်၊
    တကယ်ပြောတာပါ အက်ဒမင် ခင်ဗျာ။ ခံစားလို့လဲ ကောင်းတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  58. မိုးမောင် 10.23.09 / 9am
    58

    (((တောက်)))….
    အကြောင်းသိချင်းကို သိသိကြီးနဲ့ ဒီ ABOUT ဆိုတဲ့ဟာကြီးကို Click လိုက်မိတယ်။ ဖတ်မိပြန်တော့လည်း အလူးအလဲ၊ အလဲအကွဲ၊ ပက်ပက်စက်စက်၊ ပိုးလိုးပက်လက်လန်အောင် ကြွားထားတာပဲ။ ဖတ်ပြီးတော့ မနည်းနှာနှပ်ယူလိုက်ရတယ်။

    ငါ့ရဲ့စရိုက်နဲ့ ၀တ်စားဆင်ယဉ်ပုံလေးမှာ သွားတူလို့ နည်းနည်းတော့ ကျေနပ်သွားမိသေးတယ်။ ဒီလောက်တော့တူအုံးမှကိုး။ သြော် ထွေးမြ ထွေးမြ… မင်းကတော့ တောရွာမှာကောက်စိုက်ပြီး ပျော်နေပေမယ့် မင့်သားကြီးကတော့ ငါငယ်ငယ်တုန်းကလို အောစတားကြီးနဲ့ ဘောင်ဘီဖင်ကျပ်ဝတ်လို့ မဲသဲနေအောင် မိုက်နေတယ်ကွာ။(မိုက်နေတယ်ဆိုတာ ကြည့်ကောင်းသည်ကို ဆိုလိုသည်။) :D

    Like or Dislike: Thumb up 0 Thumb down 0

  59. မိုးထက်အိမ် 10.26.09 / 10am
    59

    about ရော .. လာမန့်တာတွေရော ဖတ်သွားတယ်.. ဖတ်ပြီး တော်တော် ပြုံးတုံးတုံး ဖြစ်သွားတယ် … :P … ကြွားတယ်ပြောမလား … ပွင့်လင်းတယ် ပြောမလား …

    Like or Dislike: Thumb up 0 Thumb down 1

  60. BLACK DREAM 10.26.09 / 2pm
    60

    ကြိုက်သလိုသာ ထင်ပေတော့….။ နှစ်ခုစလုံးမှန်တယ်…။ :P

    Like or Dislike: Thumb up 0 Thumb down 0

  61. aquarius 12.11.09 / 7am
    61

    so entertaining… this is 1st time visit here. thx for ur post :)

    Like or Dislike: Thumb up 0 Thumb down 0

  62. မြတ်မွန် 12.18.09 / 1pm
    62

    ဟုတ်ကဲ့..:)

    Like or Dislike: Thumb up 0 Thumb down 0

  63. လေတံခွန် 02.01.10 / 10am
    63

    ခုမှပဲ ဒီထဲဝင်ကြည့်ဖြစ်တယ်……. ဖတ်လို့တော့ကောင်းသား……. ဒါနဲ့ အသစ်တွေလဲမတွေ့ပါလားဗျ

    Like or Dislike: Thumb up 0 Thumb down 0

  64. admin 02.19.10 / 3am
    64

    အသစ်တွေ အားရပါးရ တစ်နေ့တစ်ပုဒ် တင်နေပါပြီ ခင်ဗျာ..။ :D :P

    Like or Dislike: Thumb up 0 Thumb down 0

Have your say

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>




Safari hates me