February 28 , 2012 | 387 views
417763_3440695458806_1313147694_3448703_295496295_n

ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်လောက်က စပြီး DSLR (Digital Single Len Reflex) Camera ကို စတင်အသုံးပြု ခဲ့ပါတယ်…။ ဒီနေရာမှာ ကျွန်တော် ဓာတ်ပုံစရိုက်တယ်လို့လဲ မသုံးပါဘူး…။ ဓာတ်ပုံဆရာဖြစ်ပြီလို့လဲ မသုံးနှုန်းပါဘူး…။ အကြောင်းက အခုအချိန်အထိလည်း အဆင့်အတန်း အတိုင်းအတာ တစ်ခုအထိရှိတဲ့ Camera သမားတစ်ယောက်ဖြစ်အောင် သင်ယူနေဆဲ…။ လေ့လာနေဆဲ ဖြစ်လို့ပါ…။ တကယ်တော့ ဓာတ်ပုံပညာဆိုတာ Aperture, Shutter (ISO ကို ထည့်တွက်လည်းရပါတယ်…။ အဓိက ကတော့ Aperture နဲ့ Shutter ပါပဲ…။) နှစ်မျိုးထဲကို သုံးပြီး ဖန်တီးရတာပါ…။ ဒီနှစ်မျိုးထဲကိုပဲ အခုချိန်ထိ လေ့လာစရာတွေ… သင်ယူစရာတွေက မကုန်နိုင်ပါ…။ တစ်ကယ်လို့များ သုံးလေးမျိုးပေါင်းမှ အနုပညာမြောက်တဲ့ ဓာတ်ပုံတစ်ပုံကို ဖန်တီးနိုင်မယ်ဆိုရင်တော့ တစ်ကယ်ကို မတွေးရဲစရာပါပဲ…။

အခု ကျွန်တော်ပြောချင်တာက ဓာတ်ပုံသမိုင်းကြောင်းလဲမဟုတ်ပါဘူး…။ ကင်မရာတွေရဲ့ ဆင့်ကဲဖြစ်ပေါ်မှုတွေလဲ မဟုတ်သလို…။ မှန်ဘီဘူး (Lens) တွေရဲ့ အလင်းယိုင်ခြင်းနဲ့…။ Rule Of Third တွေ Point Of View တွေ Composition တွေရဲ့အကြောင်းလဲမဟုတ်ပါဘူး…။ ဒါဆိုဘာအကြောင်းလဲ…။ ဟုတ်ကဲ့ ဓာတ်ပုံပညာနဲ့ ဘာမှမဆိုင်တဲ့ “လူ”  အကြောင်း ပါ…။ သို့မဟုတ်….။ Photographer Or Camera Owner ဆိုတဲ့အကြောင်းပါ…။

ခေတ်တွေကလဲ ပြောင်းလာပါတယ်…။ နည်းပညာတွေကလဲ ပြောင်းလာတယ်…။ စျေးကွက်တွေကလည်း အရင်လို End User တွေကို စိတ်မဝင်စား တော့ဘူး…။ အနည်းဆုံး Costumer တွေရဲ့ ပူးပေါင်းပါဝင်မှု Co-Operation, Initiative နဲ့ Creation တွေကို ပြန်ပြီးစိမ်ခေါ်လာပါတယ်….။ ဒီ ပို့စ်မှာတော့ အခြားကုန်ပစ္စည်းတွေကို မဆိုလိုပါဘူး…။ Camera တွေကိုပဲ ဆိုလိုပါတယ်…။ အရင်လို Power ဖွင့်…။ LCD Display ကနေကြည့်….။ ကိုယ်ရိုက်ချင်တဲ့ လူ ဒါမှမဟုတ် အရာဝတ္ဌုပါရင် ခလုပ်နှိပ်…။ ပုံထွက်….။ OK..! ဒါမျိုးမရတော့ပါဘူး…။ ရိုက်နေတဲ့ Costumer (or) End User တွေကလည်း ကြာတော့ ပျင်းလာပါတယ်…။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ High Technology ပစ္စည်းတွေဟာ အဆမတန် စျေးတွေထိုးကျလာပြီး…။ အရင်ကလို Professional တွေရဲ့လက်ထဲမှာတင် ထားနိုင်တဲ့ အဆင့်မျိုးမဟုတ်တော့ပဲ…။ လူတန်းစား တော်တော်များများ အသုံးပြုနိုင်တဲ့ အနေအထားကို ရောက်ရှိလာ ပါတယ်…။ ဒီနေရာမှာပဲ DSLR ဇာတ်လမ်း စပါတော့တယ်…။

ကျွန်တော် လူအမျိုးမျိုးတွေ့ခဲ့ဖူးပါတယ်…။ သိပ်ကြာရှည်တဲ့ ကာလတစ်ခုမဟုတ်ရင်တောင် ကျွန်တော် ကင်မရာ ကိုင်ပြီး ဟိုရိုက် ဒီရိုက် စရိုက်ခဲ့တဲ့ ကာလက နေ အခုအချိန်အထိအတွင်းပေါ့…။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကနဲ့တောင် မတူတော့ပဲ နောက်ပိုင်းမှာ DSLR Camera တွေဟာ ရိုးရိုး P&W (Point And Shoot) တွေထက်တောင် ပိုအရောင်းသွက်လာ သလောက်ရှိပါတယ်…။ အရင်က ပန်းခြံတွေ…။ ကလေးကစားကွင်းတွေမှာတွေ့ရတတ်တဲ့ မိသားစုတွေရဲ့ လက်ထဲမှာ ရိုးရိုး Point & Shoot လေးတွေဟာ အခုဆိုရင် …. မဲမဲ…။ ကြီးကြီး …။ (မဲကြီး မဟုတ်ပါ…။) ရုပ်ဆိုးဆိုး Camera ကြီးတွေနဲ့ အစားထိုး လာကြတာ ကိုတွေ့ရပါတယ်…။ အဲ့ဒီ့ မဲမဲ…။ ကြီးကြီး…။ ရုပ်ဆိုးဆိုး ကင်မရာကြီးတွေကတော့ ရိုက်လိုက်ရင် (သို့မဟုတ်) ရိုက်တတ်ရင် အင်မတန်မှ လှပတဲ့…။ အင်မတန် မှ အနုပညာဆန်တဲ့ ဓာတ်ပုံလှလှလေးတွေကို ဖန်တီးပေးနိုင်တဲ့ DSLR Camera တွေပဲ ဖြစ်ပါတယ်…။

ဒီတော့ … ဘာတွေ ဖြစ်လာလဲဆိုတော့…။ အရင်ကလို DSLR Camera ကြီး တစ်ကားကား..( ယုတ်စွအဆုံး ဘုရားပေါ်က ဓာတ်ပုံဆရာအလား ထင်ရလောက်တဲ့…) နဲ့ လုပ်နေတိုင်း ဓာတ်ပုံသမားလို့ သတ်မှတ်လို့မရတော့ပါဘူး…။ သင့်တင့်တဲ့ အဆင့်အတန်းရှိတဲ့…။ ဓာတ်ပုံပညာကို တန်ဖိုးထားတဲ့ သူလည်းဖြစ်နိုင်သလို..။ သူများကိုင်လို့ အပြိုင်အဆိုင် သဘောမျိုး လိုက်ကိုင်ချင်တဲ့သူတွေ…။ ဘာမှန်းမသိ ညာမှန်းမသိ…။ လူအထင်ကြီးခံချင်လို့ ကိုင်တဲ့သူ တွေ (ရိုက်တော့ Auto Mode နဲ့ …။ Program Mode လောက်နဲ့ ရိုက်ရင်တောင် မပြောလိုပါဘူး…။) ဒီမဲမဲကြီးကြီး ရုပ်ဆိုးဆိုးကြီးကို ကိုင်နိုင်မှ ခေတ်မှီမယ်လို့ ထင်တဲ့သူတွေ…။ ပိုက်ဆံထားစရာ နေရာမရှိလောက်အောင် ချမ်းသာသော သူတွေ (မေးလိုက်ရင် 1 Digit Series တွေ Full Frame ဆိုတာတွေ ကနေ ကိုမချဘူး…။ ကိုင်လိုက်တဲ့ Lens တွေကလည်း Canon ဆို L …။ Nikon ဆို  Nano ဆိုတာတွေချည်းပဲ…။ Aperture ဆိုတာဘာမှန်းမသိ…။ Shutter ဆိုတာဘာမှန်းမသိ…။ ISO ဆိုတာ နိုင်ငံတကာ ကုန်ထုတ် လိုင်စင်လို့ထင်တဲ့သူကထင်…။ ပညာရှင်တွေ များလို့လာပါတော့တယ်…။

ဒီလို DSLR ယဥ်ကျေးမှုစိုးရိမ်ရေအမှတ်ရောက်လာတဲ့အချိန်မှာ… ကျွန်တော်အပါအဝင် ကျွန်တော့် သူငယ်ချင်း မိတ်ဆွေ ဓာတ်ပုံသမားတော်တော်များများ ရင်ဆိုင်လာရတဲ့ အမှုအခင်းကြီးတစ်ခုဟာ နေ့စဥ်ရက်ဆက် မဟုတ်တောင် အပါတ်စဥ် လဆက်တော့ပေါ်လို့လာပါတော့တယ်…။ အမှုအခင်းရဲ့ အသွားအလာ လေးသာ အနဲငယ် ကွဲကောင်းကွဲနိုင်ပေမယ့်…။ ဆွဲဆိုခံရတဲ့ ပုဒ်မနဲ့ တရားလိုရဲ့ သက်သေခံချက်ကတော့ အောက်မှာ ကျွန်တော်ဖော်ပြမယ့် ဇာတ်လမ်းလေး အတိုင်းပါပဲဗျာ။

အနာဂတ်ဓာတ်ပုံပညာရှင်…။ ကင်မရာဝယ်ချင်လို့အစ်ကို ဘာဝယ်ရင်ကောင်းမလဲ….။

ကျွန်တော်….။ OK …။ Point And Shoot လေး ဝယ်လိုက်…။ စျေးလည်းသက်သာတယ်…။ Portable လည်းဖြစ်တယ်…။ ဟော အခုဆို…။ ရေအောက် 3 Meter ကနေ 5 Meter အထိတောင် ရိုက်လို့ရလာပြီ…။ အိုကေမှာ ဆိုပြေပဲ…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ ဟာ…..။ အစ်ကိုကလာနောက်နေပြန်ပြီ…။ ကျွန်တော်လိုချင်တာက အခုအစ်ကို ကိုင်တဲ့ ဟာမျိုးကို ပြောတာ…။

ကျွန်တော်…။ ဟင်…။ အစ်ကို ဘာကိုင်လို့လဲ …။ အစ်ကို ကိုင်သမျှ ငါ့ညီ လိုက်ကိုင်ရင် အစ်ကို့မိန်းမ ပါးချတာခံရမှာပေါ့…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ မဟုတ်ဖူးလေဗျာ…။ အစ်ကို ကိုင်တဲ့ ကင်မရာလိုဟာကြီးလေဗျာ…။

ကျွန်တော် (စိတ်ထဲမှ)။ သနားစရာ..။ DSLR လို့တောင် မခေါ်တတ်ရှာ…။ ထားပါတော့ အသစ်လေးမို့လို့…။

ကျွန်တော်…။ ညီလေးက ဘာရိုက်ချင်တာလဲ….။

အနာဂတ်ဓာတ်ပုံပညာရှင်…။ အကုန်ရိုက်ချင်တယ်…။

ကျွန်တော်…။ ဟိုက်…။ သောက်ကျိုးနဲ…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ ဟို… မပေါ့တပေါ် မော်ဒယ်တွေလည်းရိုက်ချင်တယ်…။ နိုင်ငံခြားက ဓာတ်ပုံဆရာတွေ ရိုက်သလို ချွတ်တော့ အကုန်ချွတ် ထားတယ်…။ ဒါပေမယ့်ဘာမှ မမြင်ရတဲ့ပုံ…။

ကျွန်တော် (စိတ်ထဲမှ)။ မြင်ရလဲ အဆင်ပြေမယ့် သဘောရှိတယ်…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ ဘာတဲ့ဗျာ အဲ့ဒီ့ ဓာတ်ပုံအမျိုးအစား Pornography …။

ကျွန်တော်….။ ဟ … ဟ ဟိုး ဟိုး…။ Stop Stop ….။ Pornography တော့ မလုပ်ပါနဲ့ဗျာ…။ အဲ့ဒီ့ပညာရှင်ကြီးတွေ ကြားရင် ကိုယ့်ကိုယ်ကို ဆွဲကြိုးချ သေကုန် ပါဦးမယ်…။ Nude လောက်တော့ လုပ်ပါငါ့ညီရာ…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ ဟုတ်တယ် ဟုတ်တယ် အစ်ကိုပြောတဲ့ဟာ…။

ကျွန်တော်…။ သြော် ငါ့ညီက Portrait ရိုက်ချင်တာကိုး…။ ဒါဆိုရင်….။

အနာဂတ်ဓာတ်ပုံပညာရှင်…။ မဟုတ်ဖူး ကျန်သေးတယ်…။ ဟို ပုရွက်ဆိတ်တွေလည်း ရိုက်ချင်တယ်…။ ကျားကြီးတွေ လည်းရိုက်ချင်တယ်…။ ဟို ပိန်ပိန် သွယ်သွယ်နဲ့ ဓာတ်ပုံဆရာကြီး “အပြည့်ဇိုး” ရိုက်သလို ကျောက်တုန်းကြီးတွေနဲ့ မြူမှုန်တွေလည်း ရိုက်ချင်တယ် (အမှန်က မြူမှုန်မဟုတ်ပါ…။ ရေတွေကို Long Exposure နဲ့ရိုက်တဲ့အတွက် အမှုန်လေး တွေ ဖြစ်ကုန်ခြင်းပါ…။) ဟို Photojournalist “ရေရောင်းသူ” ရိုက်သလို သတင်းဓာတ်ပုံတွေလည်း ရိုက်ချင်တယ်…။ ပြောချင်တာကတော့ အစ်ကိုရာ…ကင်မရာကြီးကြီး… မှန်ပြောင်းရှည်ရှည်နဲ့လိုချင်တယ်….။

ကျွန်တော်…။ ရွှေတိဂုံဘုရားက မီးထိုးပေးထားတဲ့ ဆလိုက်မီးသီးလောက်ကြီးတဲ့ မှန်ပြောင်းကိုပြောတာလားညီလေး…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ ဟာ ဟုတ်ပါဘူး…။ အစ်ကိုကလည်း လာနောက်နေပြန်ပြီ…။ သိရဲ့သားနဲ့…။

ကျွန်တော်…။ အင်းလေ…။ ညီလေးက အစုံရိုက်ချင်တယ်ဆိုပါတော့…။ Landscape အတွက်ဆိုရင် Ultra-Wide Lens…။ ညီလေးပြောသလို ကြောင်တို့..။ ပြောင်တို့ ရိုက်ချင်တယ်ဆိုရင်တော့ Tele Lens… ပုရွက်ဆိတ်တို့ အိမ်မြှောင်တို့ အတွက်က Macro Lens… Portrait အတွက်လိုမယ့် Flash, Soft-Box…Tripod…. Filter… Cable Release … Backpack အင်း…အဲ… ဒါနဲ့ ကိုယ့် ညီက ငွေဘယ်လောက်သုံးမယ် စဥ်းစားထားလို့လဲ…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ အာ အစ်ကိုကလည်း အထင်သေးလိုက်တာ ကျွန်တော် ဆယ်တန်းကို ဘာသာစုံ အောင်မှတ်အတိနဲ့ အောင်လို့ အဖေပေးလိုက်တဲ့ ဆုကြေးငွေ အပြည့်ပါပါတယ်…။ ပစ္စည်းကောင်းကောင်းတွေသာ ရအောင် ညွှန်ပေးစမ်းပါ..။

ကျွန်တော်…။ ဘယ်လောက်တောင်မို့လဲ ညီလေး…။

အနာဂတ်ဓာတ်ပုံပညာရှင်…။ ၃ သိန်း….။

ဂိန်….

P.S- စရေးတုန်းကတော့ တည်တည်တံ့တံ့ ရိုက်ချင်တဲ့ ဓာတ်ပုံအမျိုးအစား၊ အသုံးပြုမယ့် ငွေပမာနနဲ့ ဝယ်သင့်တဲ့ Lens တွေ Accessories တွေအကြောင်းရေးမလို့ပါ…။ ထုံးစံအတိုင်း ရေးရင်းလမ်းချော်သွားခဲ့ပြန်ပါတယ်…။ :)

About

I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

4 Responses to “လူနှင့် Camera”

  1. ကျွန်တော့်များ စောင်းရေးနေသလားမှတ်တယ်။ တိမှမတိတာကိုလို့ :D

  2. မရည်ရွယ်ပါဘူး ဟဲ ဟဲ :)

  3. ဖတ်လို့ကောင်းပါတယ်း)

  4. [...] Dream လူနှင့် Camera- ကျွန်တော် လွန်ခဲ့တဲ့ ၂ [...]

Leave a Reply