NLD Charity Concert At MCC

December 31, 2011
IMG_4342

မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရံပုံငွေပွဲကို ရောက်သွားပါတယ်..။ အဖိုးဆုံးသွားလို့ လောင်မြိုက်နေတဲ့ သောကတွေကို ဖြေဖျောက်ဖို့ကတစ်ကြောင်း..။ အသစ်ဝယ်ဖြစ်လိုက်တဲ့ Canon EF 70-200 f/2.8L IS II USM ကိုစမ်းဖို့အတွက်ကတစ်ကြောင်း…။ နောင်နှစ်ပေါင်းများစွာ ကြာခဲ့လို့ကျွန်တော်တို့ မြန်မာပြည်ကြီး ဒီမိုကရေစီစနစ်နှင့်အတူ ကြီးပွားချမ်းသာ တိုးတက်လာတဲ့အခါမှာ သမိုင်းမှတ်တိုင် တစ်ခုအဖြစ်ကျန်ခဲ့မယ့်  ဖြစ်စဥ်လေး တစ်ခုကို မှတ်တမ်းတင်လိုတာကတစ်ကြောင်းကြောင့် သွားရောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်..။

အနုပညာရှင်အမြောက်အများ ပါဝင်ကူညီခဲ့ကြတာကိုလည်း တွေ့ရပါတယ်..။ တစ်ကယ်ကို ပီတိဖြစ် ဝမ်းသာဖို့ကောင်းတဲ့ ရံပုံငွေပွဲတစ်ခုပါ…။ လာရောက် အားပေးကြတဲ့ ပရိတ်သတ်တွေလည်း တော်တော်လေးများတာကိုတွေ့ရပါတယ်…။

မနေ့က ပွဲပြီးပြီးချင်း ညတွင်းချင်းတင်ပေးချင်ပေမယ့် အိမ်မှာလည်း အင်တာနက်မရှိတာက တစ်ကြောင်း…။ ပုံတွေများတာက တစ်ကြောင်း…။ ဆိုးရွားလှတဲ့ ကွန်နက်ရှင်များကတစ်ကြောင်း …။ အကြောင်းကြောင်းတွေ ဆုံသွားခဲ့တဲ့အတွက် အခုမှတင်ဖြစ်ပါတယ်…။ နောက်တစ်ခုက ကျွန်တော်ဟာ သတင်းသမား တစ်ယောက်မဟုတ်တဲ့အတွက် သူများတွေထက် အရင်ဦးအောင် တင်ဖို့လည်း မလိုဘူးလို့ ယူဆလို့ပါ…။

အခု ကျွန်တော်ရိုက်လာတဲ့ပုံတွေဟာ ကျွန်တော် တန်ဖိုးထားတဲ့ ဓာတ်ပုံပညာအတွက်သော်လည်းကောင်း…။ နှစ်ပေါင်းများစွာ အသွေးအသားထဲစီးဝင်နေတဲ့ စာရေးချင်တဲ့စိတ် (Blogging လုပ်တယ်ပဲ ထားပါတော့ဗျာ) အတွက် သော်လည်းကောင်း…။ ကိုယ်ရော စိတ်ရော နှစ်ကာ ပါဝင်ဖျော်ဖြေပေးခဲ့ကြတဲ့ အနုပညာရှင်များအား ဂုဏ်ပြုရန် တွက်သော်လည်းကောင်း…။ နောက်ဆုံး…။ နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြည်သူပြည်သားတွေ စောင့်စားခဲ့ရတဲ့ အချိန်တစ်ခုနဲ့ အောင်မြင်မှုရလဒ်တစ်ခုအတွက် သော်လည်းကောင်း ဂုဏ်ယူစွာနဲ့ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်…။

ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခုရှိပါတယ်…။ ကျွန်တော် ဒီပွဲမှာ CF Memory Card 8GB တစ်ခုကုန်အောင်ရိုက်ခဲ့ပါတယ်..။ အနုပညာရှင်များစွာရဲ့ ပုံတွေပါဝင်ပါတယ်..။ ဒါပေမယ့် သူတို့ပုံတွေ အားလုံးကို ကျွန်တော်ဖော်ပြမှာမဟုတ်ပါဘူး..။ ဒီရံပုံငွေပွဲအတွက် တကယ်အသက်ပါမယ်..။ ရံပုံငွေပွဲရဲ့ ရုပ်လုံးကို ပိုပြီးကြွစေမယ့်လို့ (ကျွန်တော့်ဘာသာ) ထင်တဲ့ပုံတွေနဲ့ Media တော်တော်များများမှာ မပါနိုင်လောက်ဖူး ထင်တဲ့ပုံတွေကိုပဲ ရွေးချယ် ဖော်ပြထားပါတယ်….။

ကျွန်တော် Video တွေလည်းရိုက်ထားတာ ရှိပါတယ်…။ ကော်နက်ရှင်ကောင်းတဲ့အခါ ကျရင် Youtube မှာ တင်ပေးပါ့မယ်…။

လွတ်လပ်စွာ ဝေမျှ ဖြန့်ဝေခွင့်ရှိပါတယ်…။ သို့သော် အသိပေး အကြောင်းကြား ခွင့်ပြုချက်တောင်းခံခြင်းမရှိပဲ မည်သည့် အကြောင်းကြောင်းနှင့်မျှ စီးပွားရေးဆိုင်ရာ အသုံးချမှုများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံးချမှုများ မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်…။

 

P.S – May God Bless Our Country, More & More….!

Cateogry : Event , News , Photo | Tags :

Leave Your Comment Directly From Facebook!

6 Responses to “NLD Charity Concert At MCC”

  1. Great Posts & awesome Photos too !! Cheer! dude

    Like or Dislike: Thumb up 0 Thumb down 0

  2. thank you sir ;)

    Like or Dislike: Thumb up 0 Thumb down 0

  3. အကြောင်းတွေကို ဖတ်ရင်း ဖတ်ရင်းနဲ့ ပုံတွေကြည့်ဖို့မေ့သွားတယ် ခစ်ခစ်


  4. :)


  5. အောက်ဆုံးကနေစရေတွက်ရင်
    ဒုတိယမြောက်လိုင်းရဲ့ အလယ်ကပုံလေးကို
    အရမ်းသဘောကျတယ်..


  6. thank you :)


Leave a Reply