
ဒီ Tutorial ကို မဖတ်ခင် မနေ့က ကျွန်တော် ရေးခဲ့တဲ့ Introduction ကို အရင် ဖတ်စေလိုပါတယ်။ အစကနေ စမဖတ်ပဲ ကြားထဲကနေ ဖြတ်ပြီး ဖောက်ဖတ်မယ်ဆိုရင် နားမလည်တာတွေ ဖြစ်မှာစိုးလို့ပါ။
ကဲ..။ ဖတ်ပြီးပြီဆိုရင်တော့ ဒီနေ့အတွက် Tutorial လေး စလိုက်ရအောင်။
မနေ့က ကျွန်တော်ပြောခဲ့သလို Local မှာ Server Run တာတို့။ Local Server မှာ WordPress Run တာတို့ကို လုပ်ပြီးပြီလို့ထင်ပါတယ်။ ဒီနေ့အထိ မနေ့က တင်ခဲ့ တဲ့ Post မှာ Comment တွေ တက်မလာတဲ့အတွက် အခက်အခဲမရှိဘူးလို့ ကျွန်တော်ယူစပါတယ်။ (ဒါမှမဟုတ် လုံးဝ စမလုပ်ရသေးတာလဲ ဖြစ်နိုင်ပါတယ်။ ဒီ့ထက်ပိုပြီး ဒီ Tutorial ကို နဲနဲလေးမှ စိတ်မ၀င်စာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
)ဒီဟာတွေ အားလုံး Ready ဖြစ်ရင်တော့ ဒီနေ့ coding တွေ ရေးတဲ့ အပိုင်းကို စပြီး မိတ်ဆက်ပေးသွားပါ့မယ်။
Coding အပိုင်းကို မစခင်..။ ကိုယ် Run ထားတဲ့ WordPress ဆီကို အရင်သွားလိုက်ပါ။
C:// Wamp (or) Xampp> www>your wordpress folder>Wp Content>Themes အထိ သွားလိုက်ပါ။ ပြီးရင် New Folder တစ်ခုလုပ်ပြီး ကိုယ်ပေးချင်တဲ့ နာမည်တစ်ခုပေးလိုက်ပါ။ ကျွန်တော်ကတော့ ဒီနေရာမှာ အားလုံးအတူတူဖြစ်သွားအောင် Tutorial Theme ဆိုပြီး နာမည်ပေးလိုက်ပါမယ်။
index.php
ပထမဆုံး Notedpad (or) Notepad++ (or) Dream Weaver တစ်ခုခုကို ဖွင့်လိုက်ပါ။ Notepad++ (သို့မဟုတ်) Dream Weaver ကို သုံးဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်ကတော့ ဒီ Tutorial မှာ Notepad++ ကို အသုံးပြုပြီး ရေးသားသွားမှာ ဖြစ်ပါတယ်။
အခုရေးသွားမယ့် coding တွေကို copy paste မလုပ်ပဲ ကိုယ်တိုင် လိုက်ရေးဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှ နောက်ပိုင်းမှာ မှတ်မိသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး ကျွန်တော်တို့ HTML Tag ကို အရင်ရေးပါမယ်။
<html>
<head>
<link rel=”stylesheet” type=”text/css” media=”all” href=”<?php bloginfo( ‘stylesheet_url’ ); ?>” />
</head>
<body>
</body>
</html>
ဒါတွေရေးပြီးသွားပြီဆိုရင် ကျွန်တော်တို့ရဲ့ index.php file ဟာ အလုပ်စလုပ်ဖို့အတွက် အသင့်ဖြစ်သွားပါပြီ။ ဒီ coding လေးကို ကျွန်တော် အသေးစိတ် ပြန်ရှင်း ပြပါ့မယ်။
<html>နဲ့ </html> ကတော့ Open နဲ့ Close tag ပါ။ အတူတူပါပဲ <head></head> နဲ့ <body></body> ဟာလည်း close နဲ့ open tag တွေပါပဲ။
ဒီနေရာမှ မမေ့ဖို့တစ်ခုက Open tag တစ်ခုရေးပြီးသွားတိုင်း Close tag ကို ရေးဖို့ရန် မမေ့ဖို့ပါ။ တကယ်လို့ close tag တစ်ခုရေးဖို့မေ့သွားတယ်။ ကျန်ခဲ့တယ်ဆိုရင် template တစ်ခုလုံး error တွေ တက်ကုန်ပါလိ့မ်မယ်။ အခုလို ရှင်းတုန်းမှာ ရှာရတာ လွယ်ပေမယ့် နောက်ပိုင်း tag တွေ တအားများလာတဲ့ အခါ မူးနောက်နေအောင် ရှာရပါလိ့မ်မယ်။ အဆင်မပြေလောက်တော့ပါဘူး။ ဒါကြောင့် အကောင်းဆုံးအကျင့်တစ်ခုအနေနဲ့ open နဲ့ close tag တွေကို တစ်ပြိုင်ထဲအရင်ရေးပါ။ နောက်မှ ကြားထဲက လိုအပ်တဲ့ coding တွေကို ထပ်ထည့်ဖို့ အကြံပေးလိုပါတယ်။
ဥပမာ <html> open tag ရေးပြီးတာနဲ့…။ ချက်ခြင်းပဲ နောက်တစ်ကြောင်းကနေ </html> ဆိုပြီး close tag လေး ရေးပေးဖို့ပါ။
ဒီလောက်ဆို tag တွေ အကြောင်း နဲနဲ တီးခေါက်မိလောက်ပါပြီ..။ အခု ကျွန်တော် <head> နဲ့ </head> tag နှစ်ခုကြားမှာ ရေးထားတဲ့ Line အကြောင်းကို ရှင်းပြ ပါ့မယ်။
<link rel=”stylesheet” type=”text/css” media=”all” href=”<?php bloginfo( ‘stylesheet_url’ ); ?>” />
ဒီ line ဟာဆိုရင် index.php နဲ့ မကြာခင်မှာ ကျွန်တော်တို့ရေးမယ့် style.css ကို ချိတ်ဆက်ပေးတဲ့ code ပဲ ဖြစ်ပါတယ်။ ဒီလိုင်းဟာ အသက်ပါပဲ။ ကျွန်တော်တို့ရေး မယ့် Coding များဟာ ၂၀% လောက်သာ php တွေနဲ့ အလုပ်လုပ်ရမှာဖြစ်ပြီး ကျန်တဲ့ ၈၀% လောက်ဟာ css ထဲမှာ ပြင်ရဆင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Line ဟာ တကယ့် အသက်သွေးကြောဖြစ်ပါတယ်။ ဒီ line ကို ထည့်မရေးဘူးဆိုရင် ကျွန်တော်တို့ css ထဲမှာ ဘယ်လောက်ပဲ ဘယ်လိုပြင်ပြင် ကျွန်တော်တို့ရဲ့ Theme မှာ ဘာ Design မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
ဒီ Line ထဲမှာ <?php bloginfo(‘stylesheet_url’);?> ဆိုတာက wordpress ရဲ့ stylesheet ကို ခေါ်တဲ့ core ဖြစ်ပြီး…။ type=”text/css” ဆိုတာကတော့ ကျွန်တော်တို့ ခေါ်မယ့် file ရဲ့အမျိုးအစားဖြစ်ပါတယ်။ နောက်ပိုင်းမှာ type=”text/javascript” ဆိုတာမျိုးတွေ လာပါလိ့မ်မယ်။
အပေါ်မှာ ကျွန်တော်ပြခဲ့တဲ့ coding တွေအားလုံးရေးပြီးပြီဆိုရင်။ စောစောက ကျွန်တော်တို့လုပ်ထားတဲ့ Folder (Tutorial Theme) ဆိုတဲ့အထဲမှာ index.php ဆိုပြီး php extension နဲ့ save လုပ်လိုက်ပါ။
အခု ကျွန်တော်တို့ index.php အပိုင်းကို ဒီနေရာမှာ ခဏထားပြီး style.css အပိုင်းကို အရင်သွားလိုက်ရအောင်။
style.css
ထုံးစံအတိုင်းပဲ Notepad++ မှာ file အသစ်လုပ်လိုက်ပါ။ အခု ကျွန်တော် အောက်မှာ ဖော်ပြပေးမယ့် coding လေးတွေကို ကိုယ်တိုင် လိုက်ရေးကြည့်လိုက်ပါ။
/*
Theme Name: Tutorial Theme
Theme URI: http://www.your-theme-url.com
Author: Your Name
Autor URI: http://www.your-domain.com
*/
ပြီးရင် style.css ဆိုတဲ့ နာမည်နဲ့ စောစောက Theme Folder (Tutorial Theme) ထဲမှာ css extension နဲ့ Save လုပ်လိုက်ပါ။
ပြီးရင် Dashboard>Appearance>Themes ကို သွားကြည့်လိုက်ပါ Tutorial Theme ဆိုပြီးတော့ Theme အသစ်တစ်ခုရောက်နေပြီ ကိုတွေ့ရမှာ ဖြစ်ပါတယ်။
Activate လုပ်လိုက်ပါ။ ပြီးရင် ဘာပေါ်လာမလဲလို့ ကိုယ့် Blog ကို ကြည့်ကြည့်လိုက်ပါ။ ဘာမှ ပေါ်မှာ မဟုတ်ပါဘူး။ အဖြူရောင် သက်သက်ပဲ မြင်ရမှာ ဖြစ်ပါတယ်။ ဒီအဖြူရောင်ဟာ အကောင်းဆုံးပါပဲ။ ဘာ Error မှ မရှိဘူး coding တွေ အားလုံး Link ဖြစ်ပြီး အလုပ်လုပ်တဲ့ ဆိုတဲ့သဘောပါ။ ဘာမှမပေါ်ပဲ အဖြူရောင် သက်သက်ပဲ မြင်ရခြင်းကတော့ ကျွန်တော်တို့ ဘာ coding တွေ၊ style တွေ မှ မထည့်ရသေးလို့ဖြစ်ပါတယ်။
ဒီနေ့ Tutorial ပထမပိုင်းအဖြစ် Blog (Site) ရဲ့ နာမည်ခေါ်တာတွေ Description ခေါ်တာတွေကို ရေးပြပေးပါ့မယ်…။ ဒီလောက်ပါပဲ..။ အများကြီးရေးလိုက်ရင် ပူ သွားမှာစိုးလို့ပါ..။ ကျွန်တော် ဖြေးဖြေးခြင်းရေးပြပေးသွားပါ့မယ်..။ အရေးကြီးဆုံးကတော့ ကိုယ်လုပ်ထားသမျှ Tutorial တွေကို ကျေကျေလည်လည် မှတ်မိနေဖို့ပါပဲ။ မကျေလည်ဘူး..။ နားမလည်ဘူးဆိုရင် နောက်ပိုင်းမှာ အကုန်ရှုပ်ကုန်ပါလိ့မ်မယ်..။ ဒါကြောင့် ကျွန်တော်တို့ ဖြေးဖြေးနဲ့ မှန်မှန်လေးပဲ သွားကြတာပေါ့…။
ကျွန်တော်တို့စောစောကရေးခဲ့တဲ့ index.php ကို ပြန်ဖွင့်လိုက်ပါ။ အဲ့ဒီ့ index file ရဲ့ <body></body> tag နှစ်ခုကြားမှာ အောက်ပါအတိုင်း ကျွန်တော်တို့ ရေးပါ့မယ်။
<body>
<?php bloginfo(‘name’);?>
</body>
ရေးပြီးသွားရင် save လုပ်ပြီး ကိုယ့် Blog ကို Refresh လုပ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ wordpress run တုန်းကပေးထားခဲ့တဲ့ ကိုယ့် Blog ရဲ့ နာမည်ပေါ်လာပါလိမ့်မယ်။ ဒါဟာဆိုရင် ကျွန်တော်တို့ဟာ <?php bloginfo(‘name’);?> ဆိုတဲ့ wordpress ရဲ့ core ကို ခေါ်သုံးလိုက်လို့ပဲဖြစ်ပါတယ်။
ပေါ်တယ်မလား..။ အိုကေ..။ ဒါဆို ကျွန်တော် နောက်တစ်ဆင့်အနေနဲ့ နဲနဲလေး ထပ်ဖြည့်ကြည့်မယ်..။ ဘာလို့ ဖြည့်လဲဆိုတော့ နောက်ပိုင်းမှာ ကျွန်တော်တို့ css တွေ ကစားတဲ့ နေရာမှာ ကိုယ်ပြင်ချင်တဲ့ဟာကို အတိအကျ တိုက်ရိုက် ပြင်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီလိုလေး ပြင်ကြည့်မယ်ဗျာ…။
<body>
<div id=”header”>
<?php bloginfo(‘name’);?>
</div>
</body>
Blog ကို refresh လုပ်ကြည့်ပါ..။ ဘာမှ မပြောင်းလဲသေးပါဘူး..။ ဒီနေရာမှာ <div> </div> tag တွေကို ကျွန်တော် စသုံးလာပြီဖြစ်ပါတယ်။ <div id=”header”> ဆိုတာကတော့ ကျွန်တော်တို့က အခု ကျွန်တော်တို့ လုပ်မယ့် ခေါင်းစဉ်အပိုင်းကို နာမည်လေး တစ်ခုပေးလိုက်တဲ့ သဘောပါပဲ..။ ဒါမှ ကျွန်တော်တို့ နောက်ပိုင်းမှာ css တွေကိုပြင်မယ်ဆိုရင် ဘယ်အပိုင်းကို ပြင်မယ်။ ဘယ်နေရာကို ပြင်မယ်ဆိုတာကို အတိအကျခေါ်ပြီး လုပ်နိုင်မှာ ဖြစ်ပါတယ်။
OK!
ကျွန်တော်ဒီနေ့အတွက် နောက်ဆုံးအနေနဲ့ နောက်ထပ် နဲနဲလေး ထပ်ဖြည့်လိုက်မယ်…။
<body>
<div id=”wrapper”>
<div id=”header”>
<h1><a href=”<?php bloginfo(‘url’);?>”><?php bloginfo(‘name’);?></a></h1>
</div>
</div>
</body>
ဒီနေရာမှာ <div id=”wrapper”> ဆိုတာက ကျွန်တော်တို့ လုပ်မယ့် theme အတွက် wrap လုပ်ဖို့ကို စောစောစီးစီး ထည့်ထားလိုက်ခြင်းဖြစ်ပါတယ်။ theme မှာ ဘာမှ ထူးခြားမှု ရှိဦးမှာမဟုတ်ပါဘူး။ အခုဆိုရင် <div> tag တွေ တဖြေးဖြေးများလာပါပြီ..။ အောက်ဆုံးက </div> tag ဟာ အပေါ်က <div id=”wrapper”> အတွက် ဖြစ်ပြီး အပေါ်က </div> tag ဟာဆိုရင် <div id=”header”> အတွက်ဖြစ်ပါတယ်..။ သေသေချာချာ မြင်အောင်ကြည့်ဖို့ လိုပါလိမ့်မယ်..။ နောက်ပိုင်းမှာ ဒီ့ထက်ပိုပြီး ရှုပ်ထွေးလာပါလိ့မ်မယ်..။
ဒီနေရာမှာ စပြီးထူးခြားလာတာတစ်ခုကတော့ ကျွန်တော်တို့ စောစောက ဒီအတိုင်းပေါ်နေတဲ့ Blog(site) name ဟာ အခုဆိုရင် active link ဖြစ်သွားပါပြီ..။ စာလုံး Font လဲကြီးသွားပါပြီ..။ စာလုံး Font ကြီးသွားရခြင်းကတော့ <h1></h1> ဆိုတဲ့ tag ကိုအသုံးပြုလိုက်လို့ပါ..။ html မှာ <h1> ကနေ <h6> အထိရှိပါတယ် <h1> က စာလုံး Font အကြီးဆုံးပါ။ <h6> က အသေးဆုံးပါ။
Active Link ဖြစ်သွားရတဲ့အကြောင်းကတော့ <a href=”<?php bloginfo(‘url’);?>”>Your Site Name</a> ဆိုပြီး wordpress ရဲ့ core နောက်ထပ် တစ်ခုကို ခေါ်သုံးလိုက်လို့ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် ဒီနေ့ ကျွန်တော်တို့ရေးခဲ့တဲ့ index.php ဖိုင်မှာ အောက်ပါအတိုင်း အချောသတ်ရှိနေပါလိ့မ်မယ်…။ ဒီနေ့အဖို့ကတော့ ဒီလောက်လေးကို အရင် ပိုင်အောင် စမ်းကြည့်လိုက်ပါဦး…။
<html>
<head>
<link rel=”stylesheet” type=”text/css” media=”all” href=”<?php bloginfo( ‘stylesheet_url’ ); ?>” />
</head>
<body>
<div id=”wrapper”>
<div id=”header”>
<h1><a href=”<?php bloginfo(‘url’);?>”><?php bloginfo(‘name’);?></a></h1>
</div>
</div>
</body>
</html>
P-S : ကျွန်တော် Tag တွေကို တစ်ခုခြင်း အထဲဝင်ဝင်ပြီးရေးသွားတာ အလှရေးတာမဟုတ်ပါဘူး။ Open Tag နဲ့ Cloe Tag ကို တန်းနေအောင် အပေါ်အောက်ရေးခြင်း ဖြင့် error ရှာတဲ့နေရာမှာ လွယ်ကူအောင်လို့ပဲ ဖြစ်ပါတယ်။





[...] (1) index.php [...]