Return Of MMGenius
အားလုံးပဲ မင်္ဂလာပါ..။
ကျွန်တော်လည်း ပေါ်မလာ ဇာတ်လမ်းရိုက်နေတာ တော်တော်ကြာ သွားပါတယ်..။ ပုံပြောသွားတယ်လို့တော့ မထင်စေချင်ဘူး..။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဘာတွေနဲ့ရှုပ် လို့ရှုပ်မှန်းကို မသိအောင် ရှုပ်ရှက်ခက်နေတာပါ။ ကြွားတယ်လို့တော့ မထင်စေချင်ဘူး..။ (ဟဲ ဟဲ..။ ကြွားတာကတော့ ကြွားတာပေါ့) ကျွန်တော် Laptop လေးတစ်လုံးအသစ် ၀ယ်လိုက်ပါတယ်..။ အဲ့ဒီ့ ၀ယ်လိုက်တဲ့ Laptop မှာပါတဲ့ VGA က 64 bit Window တင်မှ Driver ကအလုပ်လုပ်ပါတယ်။ 32 bit တင်ရင်အလုပ်မလုပ်ပါဘူး..။ ဒီတော့ ကျွန်တော်လည်း 64 ပဲသုံးရပါတယ်..။ အဲ့ဒီ့မှာ ပြသနာကစပါတယ်..။ မြန်မာစာ Font Run လိုက်တော့ ဖတ်လို့တော့ရပါရဲ့..။ လုံးဝရေးလို့မရတော့ပါဘူး…။ ဟိုကလိ ဒီကလိနဲ့ တတ်တဲ့ပညာတွေ အကုန်ထုတ်သုံးပေမယ့်လည်း ဘယ်လိုမှ အဆင်ပြေမလာ တော့ပါဘူး…။ ဒီလိုနဲ့ပဲ မနေ့ကမှ ကျွန်တော့်ညီ မိုးသောက်ယံ က 64 bit အတွက် ထုတ်ထားတဲ့ Software လေးပေးတော့မှပဲ အဆင်ပြေသွားပါတယ်..။ ဒါနဲ့ပဲ အခု စာပြန်စရေး ဖြစ်တယ်ပေါ့ဗျာ..။
ကျွန်တော်အရင်ဆုံး မင်္ဂလာရှိတဲ့သတင်းတစ်ခုကိုပြောချင်ပါတယ်..။ အဲ့ဒါကတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ စုပေါင်းပြီးတည်ထောင်ထားတဲ့ MMGenius Blog Service အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ISP ကလူတွေကတော့ ဘယ်လိုတွေ သဘောရပြီး အမြင်မကြည်လင်တာတွေ ရှိလို့ Ban လိုက်တယ်တော့မသိဘူး..။ လွန်ခဲ့တဲ့ ၄ လကျော်လောက်က ကျွန်တော့်ရဲ့ www.blackdream21.com အပါအ၀င် www.mmgenius.com ပါ အ Ban ခံလိုက်ရပါတယ်..။ ဒါနဲ့ပဲ ကျွန်တော်တို့ အရင်ကထားခဲ့တဲ့ ရည်ရွယ်ချက်တွေ အားလုံးသဲထဲရေသွန်သလိုဖြစ်ပြီး တော်တော်လေး စိတ်ဓာတ်ကျသွားခဲ့ကြပါတယ်…။
ဒီလိုတွေ မဖြစ်ခင် ကျွန်တော်တို့ Server အချိန်းအပြောင်းမှာ ကျွန်တော့်ရဲ့အားနည်းချက်၊ အသုံးပြု သူတွေရဲ့ ပေါ့ဆမှုတွေကြောင့် ကျွန်တ်ာတို့ MMGenius မှာလုပ်ထားကြတဲ့ Blog တွေ တော်တော်များများ ပျက်စီးသွားပါတယ်..။ ဒီလိုတွေမဖြစ်အောင်လို့ ကျွန်တော့်အနေနဲ့ အသုံးပြုသူတွေကို Server ပြောင်းမှာ ဖြစ်တဲ့အတွက် Backup များ လုပ်ထားကြဖို့ အကြိမ်ကြိမ် email များပို့ပြီး သတိပေးခဲ့ပါတယ်..။ ဒါပေမယ့်လည်း ကိုယ်စီကိုယ်စီအကြောင်းတွေကြောင့် Backup လုပ်မိတဲ့သူထက် မလုပ်မိတဲ့သူတွေက ပိုများကြပါတယ်..။ Backup မလုပ်ထားရင်တော့ Server ကြီးတစ်ခုလုံး အသစ်ပြောင်းလိုက်တာဖြစ်တဲ့အတွက် ကျွန်တော်လည်း ဘာမှ ပြန်ပြီးမကူညီနိုင်တော့ပါဘူး..။
အဲ့လိုအကြောင်းတရားတွေကဖြစ်..။ အခြား နားလည်မှုမပေးနိုင်သော၊ လူမှုရေးနားမလည်သည့် သူတွေရဲ့ အပြောအဆိုတွေခံရနဲ့ ကျွန်တော်လည်း လုပ်ချင်ကိုင်ချင်စိတ် တော်တော်ပျောက်သွားတာ တော့အမှန်ပါပဲ…။ ဒီကြားထဲ ကျွန်တော့်ရဲ့ Personal ကိစ္စတွေကပါ တစ်ဘက်က ရှိလာပြန်တော့ အကြောင်းအရာ များအားလုံး ပေါင်းစည်းလိုက်တဲ့အချိန်မှာ ကျွန်တော်…။ ကျွန်တော့် ကိုယ်ပိုင် ဘလော့ အပါအ၀င် ကျွန်တော်တို့ တည်ထောင်ထားတဲ့ Site တွေအားလုံးကို လျစ်လျူရှုလိုက်မိသလို ဖြစ်သွားပါတယ်..။
ဒါပေမယ့် တစ်နေ့မှာ ကျွန်တော် ဘလော့တွေကို လိုက်ဖတ်ကြည့်ရင်း Backup လုပ်ထားလို့ကျန်ခဲ့ တဲ့ www.mmgenius.com နဲ့ရေးနေကြတဲ့ Zox ရဲ့ Post နှစ်ခုကို ဆက်တိုက်ဖတ်လိုက်မိပါတယ်..။ အဲ့ဒီ့မှာ ကျွန်တော်တို့ MMGenius ကပေးထားတဲ့ ၀န်ဆောင်မှုကို သစ္စာရှိရှိနဲ့ တစ်စိုက်မတ်မတ် ဆက်လက် အသုံးပြုကာရေးနေကြတဲ့ ညီအစ်ကိုမောင်နှစ်မတွေရဲ့ ဆန္ဒတွေနဲ့ ရင်ထဲက ခံစားချက်တွေကို ကျွန်တော် ဖတ်မိလိုက်ပါတယ်..။ ကျွန်တော် တကယ်ပဲ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်..။ စိတ်ပျက် လက်ပျက် ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ စိတ်တွေလည်း တစ်ခါ ခေါင်းပြန်ထောင်လာပါတယ်…။ နားလည်မှု မရှိတဲ့ လူအချို့ကြောင့် တကယ် တစ်စိုက်မတ်မတ် အသုံးပြုနေတဲ့သူတွေ..။ သုံးချင်တဲ့သူတွေရဲ့ အကျိုးတွေ ကျွန်တော့်ရဲ့ ပျော့ညံ့မှုကြောင့် ပျက်ဆီးကုန်တယ်လို့ ကျွန်တော်ခံစားလိုက်ရပါတယ်..။
Myanmar Genius Forum မှာဆိုရင်လည်း Blog လုပ်ပေးဖို့တောင်းဆိုထားတဲ့ Request ပေါင်းများ စွာကို ကျွန်တော်တွေ့ပေမယ့် …။ ဒီအတိုင်းပဲ ငူတူတူ ငေါင်တောင်တောင်နဲ့ ကြည့်နေရုံကလွဲပြီး ကျွန်တော် ဘာမှမလုပ်ပေးခဲ့မိပါဘူး..။ ဒါတွေအားလုံးဟာ တကယ်တော့ ကျွန်တော့်အပြစ်တွေပါပဲ။ ဒီအတွက်လည်း ကျွန်တော် အားလုံးကိုတောင်းပန်ပါတယ်..။ အခုရေးနေတဲ့သူတွေရော…။ အရင်ကရေးခဲ့တဲ့သူတွေရော..။ နောင်ရေးလာမယ့်သူတွေရော အားလုံးကို တောင်းပန်ခြင်း ဖြစ်ပါတယ်..။
အခုတော့ MMGenius က မြန်မာပြည်မှာ ဖွင့်လို့ရတဲ့နေရာကရ..။ မရတဲ့ နေရာကမရ ဖြစ်နေတော့..။ အခြေအနေအမှန်ကို ကျွန်တော်ကိုယ်တိုင် အတိအကျတော့ မသိပါဘူး..။ ဒါပေမယ့် ကျွန်တော်ဆုံး ဖြတ်ချက် တစ်ခုကိုတော့ ပြတ်ပြတ်သားသားချလိုက်ပါတယ်..။
ပိတ်ထားသည်ပဲ ဖြစ်ဖြစ်..။ ဖွင့်ထားသည်ပဲ ဖြစ်ဖြစ်..။ ကျွန်တော်တို့ စေတနာအရင်းခံထားပြီးလုပ်ခဲ့တဲ့ အလုပ်တစ်ခုကို ကျွန်တော် ဆက်လက်ဖို့ ဆုံးဖြတ်လိုက် ပါတယ်..။ အရင်လို အဆင်ပြေလွယ်ကူစွာ အသုံးပြုလို့မရနိုင်တော့ပေမယ့်…။ မြန်မာလူမျိုးတွေကြားထဲမှာ ကိုယ့်လူမျိုးအခြင်းခြင်းပေးနေတဲ့ ၀န်ဆောင်မှုတစ်ခုကို တော့ ကျွန်တော် အပျက်အစီးမခံနိုင်တာအမှန်ပါ…။
ဒါကြောင့် အခုအချိန်ကာလ အတော်ကြာရပ်ဆိုင်းသွားတဲ့ MMGenius ကို ပြန်လည် စတင်လည်ပတ်လိုက်ပြီ ဖြစ်ပါတယ်..။ ဒီနေရာမှာ ကျွန်တော်အားလုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့..။ MMGenius Blog Service အတွက် ကျွန်တော် Admin အသစ်နှစ်ယောက်နှင့် အားဖြည့်ဖွဲ့စည်းလိုက်ပါတယ်..။ ကျွန်တော်ကိုယ်တိုင် စာတမ်းကြောင့် မအားလပ်နိုင်တော့တာက တစ်ကြောင်း..။ တစ်ယောက်ထဲလုပ်နေရတာထက်စာရင် အားလုံးစုစုစည်းစည်းလေးနဲ့ ၀ိုင်းကြိုးစား လိုက်ရင် ပိုမိုအောင်မြင်ထိရောက်စွာ အကျိုးပြုနိုင်မယ်လို့ ယုံကြည်တာကတစ်ကြောင်းကြောင့်..။ သားဖြိုး (ကဗျာလွယ်အိတ်လေး) နဲ့ Zox (Netmaze) တို့ကို MMGenius BLog Service ရဲ့ Admin များအဖြစ် သတ်မှတ်ပေးလိုက်ပါတယ်..။ အခု သူတို့ နှစ်ယောက် ပူးပေါင်းတိုင်ပင်ပြီး Blog တွေ ပြန်ပေးနေပါပြီ..။ အရင်တောင်းထားတဲ့သူတွေကိုလည်း ပြန်ပေးနေပါပြီ..။ အသစ်ထပ်တောင်းမယ့်သူတွေကိုလည်း ပေးကြပါလိ့မ်မယ်..။
အရင်က ကျွန်တော်တစ်ယောက်ထဲလုပ်နေတာထက် အခု ကျွန်တော့်ညီနှစ်ယောက်က ထပ်ပြီး အားဖြည့်ကူညီလိုက်ကြတော့ ကျွန်တော်တို့ရဲ့ MMGenius Blog Service ဟာ အရင်ကထက် ပိုမို အရှိန်ပြင်းစွာ၊ ပိုမိုထိရောက်စွာ အကျိုးပြုလာနိုင်မယ်လို့ ကျွန်တော်အတိအကျယုံကြည်ပါတယ်…။ ကျွန်တော့်ကို အခုလို တစ်ဘက် တစ်လှမ်းက ကူညီတဲ့ အတွက်လည်း ကျွန်တော် တော်တော်လေး ၀မ်းသာမိပါတယ်..။ သားဖြိုးနဲ့၊ Zox မှ မဟုတ်ပါဘူး..။ ယခုအချိန်အထိ MMGenius မှာ တစ်စိုက် မတ်မတ်ရေးခဲ့တဲ့..။ မောင်ဥဂ္ဂ၊ နေ့အိပ်မက်၊ ဖိုးဂျယ် တို့ကိုလည်း ကျွန်တော် တကယ်ကျေးဇူးတင်ပါ တယ်..။
ဒါကြောင့် အခု ကျွန်တော်တို့ MMGenius Blog Service ကိုအရင်အတိုင်း အရှိန်အဟုန်ဖြင့် ပြန်လည်မောင်းနှင်နေပြီ ဖြစ်ကြောင်း ပထမအချက်အနေနဲ့ သတင်းကောင်းပါးလိုက်ပါတယ်..။
ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှစ်မတွေ စုစည်းပြီး ဦးစွာတည်ထောင်ခဲ့တဲ့ Myanmar Genius Forum အကြောင်းကို ကျွန်တော်နဲနဲလေး ဆက်ပြီး ပြောပြချင်ပါတယ်..။ ကျွန်တော်တို့လူမျိုးတွေ တည်ထောင်ထားတဲ့ များစွာသော ဖိုရမ်များအနက် ကျွန်တော်တို့ Myanmar Genius ဖိုရမ်ဟာ အရမ်းအောင်မြင်ခဲ့ခြင်းမရှိသည့်တိုင်အောင်..။ အုတ်ရောရောကျောက်ရောရော အဆင့်ကို မရောက်ပဲ အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြု လူစိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်..။ ကျွန်တော်တို့ရဲ့ Myanmar Genius ၀န်ဆောင်မှုများအပေါ်မှာ လူအများ ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိတယ်မရှိဘူးဆိုတာကို ကျွန်တော်တို့ Facebook မှာလုပ်ထားတဲ့ Fan Page နဲ့ Group မှာ လူပေါင်းထောင်ကျော်အောင် Member များရှိနေခြင်းက သက်သေတည်နေပါတယ်..။
အခု ကျွန်တော်တို့ရဲ့ Myanmar Genius Forum ကို ကျွန်တော်ရယ် ကျွန်တော့်အစ်ကို ဖြစ်တဲ့ ကိုရဲအောင်သူရယ် ပူးပေါင်းပြီး ပြန်လည် လည်ပတ်အောင် လုပ်နေပြီဖြစ်ပါတယ်..။ ကိုရဲအောင်သူရဲ့ ဦးဆောင် စီစဉ်မှုနဲ့ပဲ လွန်ခဲ့တဲ့ နှစ်လက Myanmar Genius Forum မိသားစုများရဲ့ ပထမဆုံး အကြိမ်အလှူတစ်ခု ကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်..။ ဒါဟာ ကျွန်တော်တို့ Myanmar Genius Forum ရဲ့ ပထမဦးဆုံးသော ခြေလှမ်းတစ်ခုဖြစ်ပါတယ်..။ အဲ့ဒီအချိန်ကာ လတုန်းက ကျွန်တော် အကြောင်းအမျိုးမျိုးကြောင့် မဖော်ပြဖြစ်ခဲ့တာကြောင့် အခုဖော်ပြခြင်းဖြင့် ဂုဏ်ပြုခြင်း ဖြစ်ပါတယ်..။ အဲ့ဒီ့အလှူဖြစ်အောင် ၀င်ရောက်ကူညီ ကြတဲ့ ဖိုရမ် မန်ဘာများ အက်ဒမင်းများကိုလည်း ကျွန်တော် ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ..။
အလှူရက် သတ်မှတ်မှုကပ်သွားခြင်း…။ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ အသုံးမကျခြင်းကြောင့်..။ မန်ဘာများကို သေသေချာချာ လှုံဆော်စည်းရုံးနိုင်ခဲ့ခြင်း မရှိတာကတော့ ကျွန်တော့်ရဲ့ အဓိက အားနည်းချက်ကြောင့်ပဲ ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ Myanmar Genius Forum ရဲ့ ခြေလှမ်း တွေဟာ ဒီတစ်ခု ထဲမှာ ပြီးဆုံးသွားမှာမဟုတ်ပဲ နောက်ထပ် အကြိမ်တွေထပ်ရှိလာဦးမှာဖြစ်တဲ့ အတွက် နောင်အခါများမှာတော့ ယခုထက်ပိုပြီး မန်ဘာများ၊ စေတနာရှင်၊ အလှူရှင်များ ပိုမိုထိရောက် စွာပါဝင်လာနိုင်အောင် ကျွန်တော် ကြိုးစားသွားပေးပါ့မယ်လို့ ပြောကြားရင်း..။ ကျွန်တော့်ရဲ့ တစ်ကြော့ပြန် ပို့စ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါတယ်..။
P.S- အားလုံးပဲ Myanmar Genius Forum နဲ့ MMGenius Blog Service သို့လာရောက်လည်ပတ် ကာ Member ၀င်ခြင်း၊ Blog များပြုလုပ်ခြင်းများ ပြုလုပ်ကြဖို့ ကျွန်တော်လေးစားစွာ ဖိတ်ခေါ်အပ်ပါ တယ်..။








ဝမ်းသာပါတယ်.. ၀မ်းသာပါတယ်…
ကျေးဇူးအတင်ခံရတာ တစ်မျိုးကြီးပဲ နေ့အိပ်မက်တို့က ကျေးဇူးပြန်တင်ရမှာမဟုတ်ဘူးလား…..
နေ့အိပ်မက်လည်း လုံးဝကိုမအားလို့ ဘလော့ဂ်မရေးဖြစ်တာတောင် နည်းနည်းကြာနေပြီ…
ဒါနဲ့ .netလေး လုပ်ပါဦး အားရင်..
Like or Dislike:
0
0
အားပေးလျှက်ပါ မြန်မာဂျီးနီးရပ်စ်..
Like or Dislike:
0
0
လာကြည့်တာပါ။
Like or Dislike:
0
0
ဒါမှ တို့ အစ်ကိုကြီးဗျ ကျွန်တော်တို့ က လည်း အကိုကို ကျေးဇူးတင်ရမှာပါ ဗျာ အသက်ရှိသရွှေ့တော့ ဆက်ရေးအုံးမယ်ဗျာ အကို ရေ ကိုအောင်ဦးပြန်လာရင် အကိုပါ ပါမှာလားဗျ
Like or Dislike:
0
0
ဝမ်းသာပါတယ်ရှင်… အားအင်အပြည့်နဲ့  ဆက်လက် ခရီး နှင်နိုင်ပါစေ….
Like or Dislike:
0
0
ကောင်းပါတယ် ဘလက်ရေ
အခုတော့ ကျွန်တော်လဲ ကိုရဲအောင်သူနဲ့ ပညာဒါနလေး အဖြစ်
ဘုန်းကြီးကျောင်းမှာ ကွန်ပြူတာ သင်ဖို့ ဆွေးနွေးပြီးပါပြီ။
mmgenius အနေနဲ့ပေါ့။
ဆက်လက်အောင်မြင်ပါစေ
ဖိုးဂျယ်
Like or Dislike:
0
0
ဝမ်းသာပါတယ်အစ်ကိုရာ။ ကျွန်တော်တို့ အားလုံးကလည်း အစ်ကို့ကို အများကြီး မျှော်လင့်ထားကြတာပါ။ ကျွန်တော်တို့ ရှေ့ကို အများကြီး ဆက်ကြဦးမှာပါ။ ဘယ်သူတွေ ဘယ်လောက်ပဲ ဘန်းဘန်း၊ ကျွန်တော်တို့ Genius တွေအားလုံး လန်းနေကြဦးမှာပါ။ အစ်ကို့ကို ၀ိုင်းမနမ်းကြဖို့ပဲ သတိထားပါ။ အဟဲ။
Like or Dislike:
0
0
ကျေးဇူး ကျေးဇူး ကျေးဇူး
ကျေးဇူးထပ်တင်လို့လာပြောတာ.. .netရနေတာ ဒီနေ့မှသိလို့..
အဟမ်း ဟမ်း.. ပြန်ဘလော့ဂ်ပါတော့မယ်..
Like or Dislike:
0
0
MM Genius အနေနဲ့ ဘလော့ဂ်လုပ်ပေးဖို့ တောင်းဆိုနေတဲ့သူတွေကို သူတို့ကိုယ်တိုင် နည်းပညာတွေကို သိရှိနားလည်ပြီး ဘလော့ဂ် အိမ်တွေ တည်ဆောက်နိုင်ဖို့အတွက် online study section လေး တစ်ခုလောက် လုပ်ပေးနိုင်ရင် လူငယ်တွေအတွက် ပိုသင့်တော်မယ်လို့ ထင်ပါတယ် ခင်ဗျာ။
Like or Dislike:
0
0
သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါ ကိုဘလက်ရေ …။
Like or Dislike:
0
0
လာကြည့်တာပါ။
Like or Dislike:
0
0