• About Me
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)
    ၂၅ နှစ်မြောက် အဓိပ္ပါယ်မရှိသောနေ့
    February 21 , 2010 | 1,301 views
    တကယ်လို့များ အတိတ်ဘ၀ဆိုတာ တစ်ကယ်ရှိခဲ့ပြီး..။ အဲ့ဒီ့အတိတ်ဘ၀တစ်ခုမှာသာ ကျွန်တော်ဟာ လူသားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုပါက…။ ဒီနေ့မှာ ကျွန်တော့်ရဲ့ (သူတို့အတွက်) ၂၅ နှစ်မြောက် ငွေရတုဝမ်းနည်းကျေကွဲခြင်း အထိမ်းအမှတ်တစ်ခုကို ပြုလုပ်ကောင်း ပြုလုပ်နေကြပါလိ့မ် မယ်…။
    တစ်ကယ်တော့ လူတစ်ယောက်ရဲ့ မွေးနေ့ဆိုတာဟာ…။ သူကိုယ်တိုင်ပါဝင်ဆင်နွဲခွင့်မရလိုက်တဲ့…။ အတိတ်ဘ၀က မိသားစုတစ်စုရဲ့ ၀မ်းနည်းကျေ ကွဲခြင်း နှစ်ပတ်လည်နေ့တစ်ခုပါပဲ…။
    ကျွန်တော်တို့ မွေးဖွားလာကြတယ်…။ ထို့နောက်..။ ကြီးပြင်းလာကြတယ်..။ ထို့နောက် အိုမင်းလာတယ်..။ နောက်ဆုံး သေဆုံးကြတယ်..။ ဘ၀ရဲ့ Process တွေဟာတကယ်ပဲရိုးရှင်းလှပါတယ်..။ တစ်စုံတစ်ခုကို ကျွန်တော်တို့ သေသေချာချာ စုပ်ကိုင်နိုင်ဖို့ကြိုးစားရင်း ကျွန်တော်တို့တွေ ဘာမှ မသေချာတဲ့လောကထဲမှာ စမ်းတ၀ါးဝါးနဲ့လမ်းပျောက်နေခဲ့ကြတယ်..။ ပူလောင်နေခဲ့ကြတယ်..။ မောဟိုက်နေခဲ့ကြတယ်…။
    ပြောင်းလဲတတ်တဲ့ လူတို့ရဲ့စိတ်တွေဟာ စက္ကန့်မလှပ် ကျွန်တော်တို့ကို လှည့်စားနေတတ်ကြပါတယ်..။ အထိမ်းအမှတ်နေ့စွဲတွေနဲ့ မွေးနေ့တွေ ကို သိပ်တန်ဖိုးထားတတ်တဲ့ ကျွန်တော်ပင်လျှင် အခုဆို ကိုယ့်မွေးနေ့ကို အပြီးအတိုင်မဟုတ်တောင်..။ တစ်ချက်တစ်ချက်မှာမေ့နေတတ်ခဲ့ပါပြီ…။
    အထူးသဖြင့် ကျွန်တော့်ရဲ့စိတ်တွေဟာ ဒီနှစ်မွေးနေ့မှာ အရင်နှစ်များကထက် ပိုမိုအေးစက်နေတတ်ခဲ့ပါပြီ..။ ကြည်လင်ခြင်းလဲ မရှိပါဘူး..။ ကျွန်တော် အရင်နှစ်တွေလို အိမ်ကိုဖုန်းဆက်ပြီး အဖေနဲ့ အမေကို မကန်တော့ ဖြစ်ခဲ့ပါဘူး..။ ကျွန်တော့်ဖုန်းဟာ Service Error ကြောင့် Incoming မရတော့တာကို ကျွန်တော်သိပေမယ့် သွားမပြင်ခဲ့ပါဘူး..။ ရလဒ်အနေနဲ့ ကျွန်တော့်မွေးနေ့မှာ ဖုန်းဆက်ပြီးဆုတောင်းကြမယ့် သူတွေ…။ Message တွေပို့ကာဆုတောင်းကြမယ့်သူတွေရဲ့ ဆုတောင်းတွေကို ကျွန်တော်မရနိုင်တော့ပါဘူး..။ ဒါပေမယ့် ကျွန်တော် ထွေထွေ ထူးထူး ခံစားရခြင်းမရှိတော့ပါဘူး..။
    အထူးဆန်းဆုံးတစ်ခုက ကျွန်တော် ဒီနေ့မှာ ကျွန်တော့်မွေးနေ့အတွက် ရည်စူးကာ စိတ်နယ်လွန် Post Modern ၀တ္ထုလတ်တစ်ခုကို တင်နိုင်ဖို့ အတွက် ညနေကတည်းက ထိုင်ရေးနေခဲ့ပါတယ်…။ အချိန်အားဖြင့် ၆ နာရီလောက် ကြာသွားပါတယ်..။ ဇာတ်လမ်းအားလုံးမပြီးခင် ၃ ပုံနှစ်ပုံလောက်မှာ ကျွန်တော်သေသေချာချာ Save လုပ်ခဲ့ပါတယ်..။ ဇာတ်လမ်း အားလုံးရေးပြီး သွားတဲ့အချိန်မှာတော့ မထင်မှတ်ပဲ ကျွန်တော့်စက် Over Heat တက်ကာ Shutdown ကျသွားပါတယ်…။ ကျွန်တော်ပြန်ဖွင့်တော့ ကျွန်တော်ရေးထားတဲ့ ဖိုင်တစ်ခုလုံး ပြန်ရှာလို့မတွေ့တော့ပါဘူး..။ အမှန်ဆို အားလုံးမဟုတ်တောင် သိမ်းထားတဲ့ ၃ ပုံ ၂ ပုံစာလောက်တော့ ပြန်ရသင့်ပါတယ်..။ အခုတော့ ဖိုင်တစ်ခုလုံးပျောက်သွားပါတယ်..။
    သာမန်အားဖြင့်ဆိုရင် ဘာမှ ထူးထူးဆန်းဆန်းမရှိပေမယ့် အဲ့ဒီ့ ၀တ္ထုတိုထဲမှာ ဘယ်လိုစိတ်နယ်လွန်တွေနဲ့ သေခြင်းတရားကို ရေးထားတယ်ဆိုတာ ကျွန်တော်အသိဆုံးမို့ ကျွန်တော့်အတွက်တော့ ဒီဝတ္ထုတိုဆုံးရှုံးသွား ခြင်းဟာ တော်တော်လေးတော့ ထူးဆန်းနေခဲ့ပါတယ်..။ အစက ပြန်ရေးဖို့ ကျွန်တော့်အတွက် အချိန်လည်းမရှိတော့သလို..။ စိတ်လဲမပါတော့ပါဘူး..။ ဒါကြောင့် အဲ့ဒီ့ ပျောက်ဆုံးသွားတဲ့ ၀တ္ထုတိုအစား နောက်များမှပဲ ကျွန်တော် ၀တ္ထုရှည်တစ်ပုဒ် ပြန်လည် ဖန်တီးပြီးရေးပါတော့ မယ်..။
    နောက်တစ်ခုက အခု ဒီနှစ် ကျွန်တော့်မွေးနေ့မှာ ကျွန်တော့်ရဲ့ Blog ဟာ Visitor ၅ သောင်းကျော်ခဲ့ပါတယ်..။ အထူးအဆန်းတစ်ခုမဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ ကျွန်တော်ချစ်တဲ့ ကျွန်တော့်ဘလော့ကပေးတဲ့ မွေးနေ့လက်ဆောင်တစ်ခုအဖြစ်မှတ်ယူလိုက်ပါတယ်…။
    အရင်နှစ်တွေကလို သေသေချာချာ ပြင်ဆင်ပြီး အလေးအနက်ထားမလုပ်ပေးနိုင်တဲ့အတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး…။
    ကဲ…။ စိတ်ညစ်စရာတွေထားလိုက်ဗျာ…။
    ကျွန်တော် ဒီနေ့ ၂၅ ပြည့်ပါပြီ…။ လူ့ဘ၀ရဲ့ အရေးပါတယ်လို့ လူတွေသတ်မှတ်တဲ့ အသက်အရွယ် အချိုး အကွေ့တစ်ခုကို ရောက်ခဲ့ပါပြီ…။ အရှေ့မှာ ဘယ်လိုစိတ်ခေါ်မှုတွေ..။ ရင်ဆိုင်မှုတွေနဲ့ ဆက်တွေ့ရဦးမလဲ..။ ဘ၀ကတော့ ဇာတ်ရှိန်မြင့်ပြီးရင်း မြင့်လာပြီလို့ ပြောရင်း…။
    P.S- အဖေနဲ့ အမေ့ကိုတော့ စိတ်ထဲကနေပဲ မှန်းပြီး ဦးချကန်တော့လိုက်ပါတယ်…။
    Cateogry : Personal
    About
    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!
    Leave Your Comment Directly From Facebook!
    30 Responses to “၂၅ နှစ်မြောက် အဓိပ္ပါယ်မရှိသောနေ့”
    1. ပျော်ရွှင်တဲ့ မွေးနေ့ဖြစ်ပါစေ။ စိန်ခေါ်မှုတွေအားလုံးကို အမှန်တရားဘက်က ရပ်တည်နိုင်ပါစေ။။။။
      Like or Dislike: Thumb up 0 Thumb down 0
    2. ကဲ ၂ ခါမြောက် ဆုတောင်းပေးပါတယ် .. အစစအရာရာ အဆင်ပြေပါစေဗျာ .. ဟက်ပီးဘာ့သ်ဒေးပါ
      Like or Dislike: Thumb up 0 Thumb down 0
    3. Happy Birthday…
      Like or Dislike: Thumb up 0 Thumb down 0
    4. POA.,
      နင့်ကို ငါ စသိခဲ့တာ 21, Feb, 2008 ..,
      အခု 21, Feb, 2010 ….
      ၂နှစ်ဆိုတဲ့ အချိန်ကာလဟာ တိုင်းတာသတ်မှတ်ရင် တိုတောင်းတယ် ဆိုပေမယ့် ..,
      အပေါ်ယံ မဟုတ်ပဲ နက်နဲစွာ ခံစားတတ်မယ်ဆိုရင် ဒီ ၂နှစ်ဆိုတဲ့ အချိန်ဟာ လူတယောက်ကို စိတ်ထဲ စွဲနှစ်စွာ ပေါင်သင်း ဆက်စံခဲ့ရင် ဒီလူတယောက်ရဲ့ စိတ်ဓါတ် နဲ့ ဒီလူ ဘယ်လို လူစားမျိုးလဲဆိုတာ ကောင်းကောင်း သိနိုင်စေပါတယ်။
      တခါတရံ စကားပြော ဒေါင့်မကျိုးပေမယ့် နင် စိတ်ကောင်းရှိပြီး အခွင့်အရေးမယူတတ်သူ., ကူညီချင်စိတ် အပြည့်ရှိတဲ့သူမှန်း (ဆရာကြီး လုပ်ချင်တာကလွဲလို့) ငါ သိတယ်။
      နင့်လို လူတယောက်ကို မထင်မှတ်ပဲ Blog ပေါ်က ခင်မင်ခွင့်ရခဲ့ပြီး ငါ့ သူငယ်ချင်းကောင်းတယောက် ဖြစ်စေခဲ့လို့ အဲဒီအပေါ် ငါ ဝမ်းသာမိတယ်။
      အခုချိန်မှာ ငါတို့ တယောက်နဲ့တယောက် In touch မဖြစ်ကြပေမယ့် အချိန်တွေ အရာတွေ ဘယ်လိုပြောင်းပြောင်း သေချာတာတခုက ငါ နင့်ကို မေ့မသွားဘူး ဆိုတာပဲ။ ယုံချင်ယုံ မယုံချင်နေ ငါ အပိုတွေ မပြောဘူး။
      လူသက်တမ်းဟာ ပျမ်းမျှအားဖြင့် ၁၀၀ ရှိမယ်ဆိုရင် အသက် ၂၅ ရှိပြီဖြစ်တဲ့ နင် ..,
      ဘဝမှာ အဓ္ဓိပါယ်ရှိစွာ ရပ်တည်နိုင်သူ …
      တာဝန်တွေ အမိန့်တွေ အောက်မှာ ရှေ့လျှောက် ရှင်သန်ရအုံးမယ့် နင်..,
      အမှားနဲ့အမှန်ကို ဦးနှောက်နဲ့ သေသေချာချာ Wisely ဝေခွဲဆုံးဖြတ် နိုင်ပြီး ရှေ့သို့ ဆက်လျှောက်နိုင်သူ ဖြစ်ပါစေလို့ ..,
      နင့်ရဲ့ ၂၅နှစ်မြောက် မွေးနေ့သက်တမ်း အတွက် ငါ ဆန္ဒပြုတယ်။
      မပြောင်းလဲသော ခင်မင်မှု့ဖြင့်
      နန္ဒာ :)
      Like or Dislike: Thumb up 0 Thumb down 0
    5. Happy Birthday! လို့ပဲ သာမာန်ဆုတောင်း ပေးတော့မယ်။
      စိတ်မညစ်ပါနဲ့မောင်လေးရယ်။ အချိန်အတိုင်းအတာတစ်ခုရောက်ရင် အားလုံးအဆင်ပြေသွားမှာပါ။
      Like or Dislike: Thumb up 0 Thumb down 0
    6. Happy birthday bro!! B Happy!! :D Hope to see your novels soon…
      Like or Dislike: Thumb up 0 Thumb down 0
    7. ပျော်ရွှုင်ပါစေ။
      Like or Dislike: Thumb up 0 Thumb down 0
    8. happy birthday!
      Like or Dislike: Thumb up 0 Thumb down 0
    9. မွေးနေ့မှာ ပျော်ရွှင်ပါစေ…..
      Like or Dislike: Thumb up 0 Thumb down 0
    10. မွေးနေ့ဆိုတာ သေနေ့ရဲ့နိဒါန်းစာမျက်နှာ
      ဒါ့ထက်ပိုပြီး ရင်ခုန်ကြည်မွေ့စရာ မရှိ
      Like or Dislike: Thumb up 0 Thumb down 0
    11. ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေကွဲ့
      Like or Dislike: Thumb up 0 Thumb down 0
    12. Happy Birthday…
      May you be a happier, healthier, wealthier & wiser from this Birthday onwards.
      Like or Dislike: Thumb up 0 Thumb down 0
    13. Happy Birthday ပါညီ !!!!!!!!!!!!
      Like or Dislike: Thumb up 0 Thumb down 0
    14. စိန်ခေါ်မှုတွေ၊ ရင်ဆိုင်မှုတွေအတွက် အေးဆေးပါကွာ။ မှားခဲ့တဲ့ သင်္ခန်းစာတွေကို ပြန်ဖတ်ပြီး အမှန်ခြစ်လေးတွေအဖြစ် ဘ၀ရဲ့ option တွေမှာ လှပနေပါစေ။ မင်းတို့ငါတို့က တူတူပါပဲ။ မှားတဲ့အခါ မှား။ မှန်တဲ့အခါလည်း မှန်။ ဒါပေမယ့် လူသားဆန်တဲ့ စိတ်တွေလွတ်မသွားနိုင်တာ ရင်ဘတ်ထဲက တဒိတ်ဒိတ်ခုန်နေတဲ့ ကောင်ကြီးကြောင်ပေါ့။
      Happy Birthday Bro..
      (ရွာမှာဆို ပုလင်းလေးတော့ ထောင်ဖြစ်အုံးမှာကွာ.. ခုတော့….:) )
      Like or Dislike: Thumb up 0 Thumb down 0
    15. Happy Birthday!!
      Like or Dislike: Thumb up 0 Thumb down 0
    16. Happy Birthday ပါဗျာ
      Like or Dislike: Thumb up 0 Thumb down 0
    17. အပေါ်ဆုံးက တပိုဒ်ကနဲ့ အောက်ဆုံးနား စိတ်ညစ်စရာတွေ ထားလိုက်ပါဆိုတဲ့အထိ ကျော် ဖတ်တယ်.. ဘယ်ရမလဲ ငါကွ… =P
      အဲလို အဲလောက်ကြီးက Happy birthday ပြောချင်လွန်းလွန်းလို့…!
      သိတဲ့အတိုင်းပဲ.. ဘယ်နှစ်ယောက် မြောက်? =D
      Like or Dislike: Thumb up 0 Thumb down 0
    18. အပေါ်ဆုံးက တပိုဒ်ကနေ အောက်ဆုံးနား စိတ်ညစ်စရာတွေ ထားလိုက်ပါဆိုတဲ့အထိ ကျော် ဖတ်တယ်.. ဘယ်ရမလဲ ငါကွ… =P
      အဲလို အဲလောက်ကြီးက Happy birthday ပြောချင်လွန်းလွန်းလို့…!
      သိတဲ့အတိုင်းပဲ.. ဘယ်နှစ်ယောက် မြောက်? =D
      Like or Dislike: Thumb up 0 Thumb down 0
    19. Happy Birthday ပေါ့ကွာ
      ဆုံလည်းမဆုံ သောက်လဲ မသောက်ရပဲ ဆုတောင်းပေးရတာတော့ တမျိုးကြီးပဲဟေ့
      Like or Dislike: Thumb up 0 Thumb down 0
    20. ၂၅ နှစ်မြောက် အဓိပ္ပါယ်ရှိသောနေ့ လို့ ကိုယ့်ဘာသာကိုယ် ပြောင်းဖတ်တယ်။ ဘာဖြစ်လဲ………? :P Happy birthday ပါမောင်လေးရေ…….။
      Like or Dislike: Thumb up 0 Thumb down 0
    21. အစ်ကိုဘလက်.. မွေးနေ့မှာရော နောက်နေ့များမှာပါ ပျော်ရွှင်ပါစေ။ အစစအရာရာ ပိုအဆင်ပြေလာတဲ့ မွေးနေ့တွေ ရောက်လာပါစေ .. စသဖြင့် စိတ်ကူးပေါ်ရာ ဆုမွန်ကောင်းမှန်သမျှ တောင်းပေးသွားပါတယ်..
      ညီမရွှန်းမီ
      (အဓိပ္ပာယ်ရှိရှိ မရှိရှိ ရှင်သန်နေဆဲ လူတစ်ယောက်)
      Like or Dislike: Thumb up 0 Thumb down 0
    22. ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ဖြစ်ပါစေ၊ အသက်ရာကျော် ရှည်ပါစေ ညီလေးရေ၊ Happy Birthday လုပ်တာ နောက်ကျသွားရင် စိတ်မရှိပါနဲ့
      ညီလေးရေ အလုပ်နည်းနည်းများနေလို့။
      Like or Dislike: Thumb up 0 Thumb down 0
    23. အစ်ကိုရေ… Happy Birth DAY .. Bro..
      ကျန်ရှိတဲ့ သက်တမ်းတွေမှာ သူတပါးတွေ အတွက် ကူညီရင်း အစ်ကို့ရဲ့ ကိစ္စအလုံးစုံလည်း အောင်မြင်မှုတွေ၊ စိတ်ချမ်းမြေ့မှုတွေနဲ့ ပြည့်နှက် ကျပ်သိပ်နေပါစေ အစ်ကို ဘလက်ရေ….
      Like or Dislike: Thumb up 0 Thumb down 0
    24. စိတ်ကတော့ညစ်၇တာကိုးက
      သူ့အလုပ်…..ပျော်ရတာကိုးကသူ့အလုပ်..
      လွှတ်ထားလိုက်တော့……
      ခက်ခဲနက်နဲမှုတွေနဲ့ရင်ဆိုင်ရမှ
      ဘဝဆိုတာပိုပြည့်စုံတာ…ဒီတော့မွေးနေ့မှ
      သည်…နောင်နှစ်များစွာကို..ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်
      ဖို့သတ္တိတွေနောက်ထပ်..နောက်ထပ်ရရှိနိုင်ပါစေ…
      အမြဲခင်မြဲ…
      အမရာ
      Like or Dislike: Thumb up 0 Thumb down 0
    25. ပျော်ရွှင်ဖွယ် မွေးနေ့ မဖြစ်နိုင်တာ အပြင် ငေါင်စင်းစင်း မွေးနေ့ တစ်ရက် ဖြစ်တတ်တာကလည်း လူ့ဘ၀ ရဲ့ အမှတ်တရ တစ်ခု ဖြစ်လာတတ်ပါတယ် ညီ …
      Like or Dislike: Thumb up 0 Thumb down 0
    26. မွေးနေ့မှာ မျက်စေ့လည်ရောက်လာပေမယ့်
      စာတွေဖတ်သွားပါတယ်
      စာရေးကောင်းတယ်
      Like or Dislike: Thumb up 0 Thumb down 0
    27. မွေးနေ့မင်္ဂလာပါ အစ်ကိုရေ ဒီလိုပဲ လူတိုင်းလူတိုင်းဟာ အသက်ကြီးလာတာနဲ့ အမျှ ထုံလာကြတာပါပဲ ။ ဘာပဲဖြစ်ဖြစ် အစ်ကိုက ကျနော့်ထက်သာတယ် မွေးနေ့ကိုမှတ်မိတဲ့သူမရှိသလို ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို တောင်ပြန်မဆုတောင်းပေးမိဘူး ။
      Like or Dislike: Thumb up 0 Thumb down 0
    28. ညီရေ အဓိပ္ပာယ်မရှိသောနေ့တဲ့လား အဲလို အဓိပ္ပာယ်ဆန်ဆန်စကားလုံးတွေကြောင့် ကိုယ်တို့ ညီအကိုနှစ်ယောက် ဆုံတွေ့ဖြစ်ခဲ့ကြတာကို ကိုယ်ပြန်အောက်မေ့မိပါရဲ့ ဒီနှစ်မွေးနေ့မှာ ကိုယ့်ညီလေးကို ဘာမှ မလုပ်ပေးနိုင်တာကို ငါ့ညီတစ်ယောက် နားလည်ခွင့်လွှတ်နိုင်မယ်လို့ ကိုယ်မျှော်လင့်မိပါရဲ့ ကိုယ်ဟာ အမှောင်ချထားခြင်းခံနေရတဲ့ အခန်းတစ်ခုထဲ ရောက်နေတာ သိတာမို့လို့ ကိုယ့်ကိုခွင့်လွှတ်မယ်လို့ ယုံကြည်မိပါတယ် တစ်ကယ်ပါ အင်တာနက်တွေ မေးလ်တွေ ဖွင့်ရင်းမိနစ်တွေကုန်ဆုံးသွားပြီး ဘာမှ မပေါ်လာလို့ ဆိုင်က ပိုက်ဆံမယူပဲပြန်လွှတ်လိုက်လို့ ပြန်လာရတဲ့နေ့ပေါင်းက မနည်းမနောပါ နောက်ရက်အနည်းငယ်အတွင်း လိုင်းပေါ်ပြန်တွေ့ကြတာပေါ့..။
      Like or Dislike: Thumb up 0 Thumb down 0
    29. ၂၅ နှစ်မြောက် အဓိပ္ပါယ်ရှိသောနေ့ လို့ ကိုယ့်ဘာသာကိုယ် ပြောင်းဖတ်တယ်။ ဘာဖြစ်လဲ………? :P Happy birthday ပါမောင်လေးရေ…….။
      Like or Dislike: Thumb up 0 Thumb down 0
    30. အစ်ကိုရေ… Happy Birth DAY .. Bro..
      ကျန်ရှိတဲ့ သက်တမ်းတွေမှာ သူတပါးတွေ အတွက် ကူညီရင်း အစ်ကို့ရဲ့ ကိစ္စအလုံးစုံလည်း အောင်မြင်မှုတွေ၊ စိတ်ချမ်းမြေ့မှုတွေနဲ့ ပြည့်နှက် ကျပ်သိပ်နေပါစေ အစ်ကို ဘလက်ရေ….
      Like or Dislike: Thumb up 0 Thumb down 0
    Leave a Reply