• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    Kaluga 2010 (Part-1)

    February 18 , 2010 | 900 views

    မနေ့က Essay တစ်ပုဒ်တင်ထားတယ်ဆိုတော့…။ ဒီနေ့အဖို့တော့ ပထမဆုံးအပြောင်းအလဲ တစ်ခုအနေနဲ့..။ စိတ်ရှုပ်စရာတွေ..။ ခေါင်းမူးစရာတွေ မရေးတော့ဘူးဗျာ..။ အခု ကျွန်တော်စဉ်းစားထားတာက အရင်လို Essay တွေ Article တွေချည်းပဲ ဆက်တိုက်တင်မနေတော့ပဲ တစ်လှည့်စီ အပြောင်းအလဲလေးနဲ့ တင်သွားမလား လို့ပါ..။ သိတဲ့အတိုင်း အဲ့လိုတွေချည်းတင်မယ်ဆိုလည်း ပို့စ်တစ်ခုနဲ့တစ်ခုက တစ်ကမ္ဘာလောက်စောင့် ရတာ..။ ကျွန်တော်ကလည်း ပွားချင်တဲ့နေရာမှာ No 2 ဆိုတော့ သိပ် Key မကိုက်ဖူး..။ Essay တွေ Artilce တွေလို အပြင်းစားကြီးတွေ ဖတ်မှ ကျွန်တော်တို့ ဦးနှောက်တွေက ရွှင်လန်းမှာမှ မဟုတ်တာ..။ တစ်ခါတစ်လေ တွတ်ပီစာအုပ်ပဲဖြစ်ဖြစ်..။ ၀ိဇာကာတွန်းကပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ နေ့ရက်တွေကို ရွှင်လန်းစေတယ်ဟုတ်? Right..? ဒါဆို လာကြဗျာ..! ကျွန်တော်နဲ့ အတူ ပေါ့ပေါ့ပါးပါး ခရီးလေး တစ်ခုလောက် ထွက်လိုက်ရအောင်…။ ;)

    ဒေသန္တရ ဗဟုသုတလေးဘာလေးလဲ ယူရင်း…။ ကျွန်တေf်ရိုက်လာတဲ့ ပုံလေးတွေလည်း ခံစားကြည့်ကြတာပေါ့။ အရင်က တိုးလို့တွဲလောင်းနဲ့ ရေးဖို့ကျန်နေတဲ့ သို့ ယူရယ်တောင်တန်းများ ကိုလည်း အဲ့ဒီ့တုန်းက ရေးသလို ခရီးသွားမှတ်တမ်းသဘောမျိုးနဲ့မဟုတ်ပဲ အခုလို ပုံလေးတွေနဲ့ ကျွန်တော်နဲ့အတူ ပျော်ပျော်ပါးပါး ခရီးသွားလို့ရအောင် ပြန်စီစဉ်ပြီး တင်ပေးပါ့မယ်..။ ဒီကြားထဲမှာ ဓာတ်ပုံရိုက်နည်း နည်းနည်းပါးပါးလည်း (ကျွန်တော် တတ်သလောက်လေး) ထည့်ပြီးပွားသွားလို့ရတာပေါ့..။ တစ်ချက်ခုတ်…။ အပိုင်းပိုင်းပြတ်ပေါ့…။ ;)

    ကဲ…။ ဒါဆိုလည်း လစ်လိုက်ကြစို့…။

    ဒီနှစ်ဆောင်းရာသီကတော့ Media တွေရဲ့အပြောအရ နှစ်ပေါင်းသုံးဆယ်အတွင်း အအေးဆုံးနဲ့ နေပွင့်တဲ့ရက် အများဆုံးအဖြစ် မှတ်တမ်းဝင်သွား ပါသတဲ့..။ နွေရာသီ ပြီးကတည်းက ကျောင်းနဲ့ အဆောင်၊ အဆောင်နဲ့ကျောင်းကို တစ်နေ့ ၂ မိနစ်လောက် ခြေတိုအောင် လျှောက်လိုက်ရပြီးတဲ့ သကာလ..။ စာမေးပွဲပေါင်းများစွာကို ဆရာနဲ့ တပည့်..။ တပည့်နဲ့ဆရာ..။ ဆရာကဆရာလား..။ တပည့်က တပည့်လား..။ ဘတစ်ပြန်၊ ကျားတစ် ပြန် အပွဲပွဲနွှဲကာ အောင်ပွဲဆင်ပြီးတဲ့သကာလ…။ ပထမနှစ်ဝက်ရဲ့ ကျောင်းပိတ်ရက် ရွှေရောင်ကာလကြီးသို့ ဆိုက်ရောက်လာခဲ့ပါတယ်…။

    သို့ကလိုဆိုရင်ပဲ…။ ကျောင်းမဖွင့်ခင်ကတည်းက စီစဉ်ထားသော (သိပ်တော့ သွားချင်ပုံမရပါဘူး :D ) Kaluga ခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ လုပ်ပါတော့တယ်..။ ဟိုမှာရှိတဲ့ သူငယ်ချင်းတွေကို ဒုက္ခမပေးချင်တာက တစ်ကြောင်း။ (နောက်ပိုင်းတွေ ဖတ်ပြီးတဲ့အခါကျမှ ဒုက္ခမပေးချင်လို့ပဲ တော်တော့တယ်လို့ မေတ္တာမပို့ ကြပါနဲ့ :D ) လွတ်လွတ်လပ်လပ် ဇယားလေးတွေခင်း..။ ဟုတ်ပါဘူး..။ ဓာတ်ပုံတွေ ရိုက်ချင်တာက တစ်ကြောင်း ကြောင့် အိမ်ခန်းတစ်ခုကို အဲ့ဒီ့မြို့မှာရှိတဲ့ ဆရာမ (ဆရာမဆိုပေမယ့် သက်တူရွယ်တူ သူငယ်ချင်း တွေလိုပါပဲ ) ရဲ့ အကူအညီနဲ့ ဈေးသက်သက်သာ သာ ငှားလိုက်ကြပါတယ်..။ ဒီလိုနဲ့အစစအရာရာ အားလုံး စီစဉ်ပြီးတဲ့နောက်မှာတော့…။

    မနက် ၆ နာရီ က ထွက်မယ်ဆိုပြီး စီစဉ်ထားသော်လည်း….။ မိတ်ကပ်လိမ်းနေသော Facebook တွင်နာမည် ကြီးနေသည့် ဓာတ်ပုံနှင့် Paper Art ပညာရှင် Dragonz (နာမည်အရင်းမှာ – အစိုး) …။ ထို မိတ်ကပ်လိမ်းသော Dragonz (ကြားမကြားဖူးပေါင်..။ နဂါးမိတ်ကပ်လိမ်းတယ်လို့) အား မိတ်ကပ်ပိုင်းဆိုင်ရာ အနီးကပ် တာဝန်ယူ ကြီးကြပ်ပြင်ဆင်ပေးနေသော မာမီကြိုင် (ခေါ်)အကြိုင်…။ သွားခါနီးလာခါနီးအထိ ဆိုင်ရာပိုင်ရာ မနှဲကြီး..။ အဲ..။ မမကြီးထံမှ ခရီးသွားခွင့် အမိန့်မရသေးသော မာမီလိပ်(မ) ခေါ် အထွန်း …။ စသည်ဖြင့် ၎င်းတို့၏ ကိုယ်စီ ကိုယ်စီ အရေးကြီးတာဝန်နဲ့ ၀တ္ထရားများ ပြီးပြတ်သည်ကို စောင့်ရင်း မနက် ၉ နာရီ (ကို ၅၅ မိနစ်လေးပဲ စွန်းပါတယ်) ကျော်တွင် စတင်ထွက်ခွာခဲ့ကြပါတယ်..။

    နှစ်နာရီခန့် ကားစီးပြီးတဲ့အခါမှာတော့ နှင်းတွေတမြို့လုံးဖုံးလွှမ်းကာလှပနေတဲ့ ကာလုဂါမြို့လေးသို့ စတင် ရောက်ရှိခဲ့ပါတော့တယ်..။ (အမှန်က တော့ တစ်နိုင်ငံလုံး နှင်းကဖုံးနေတာပါ..။ ကဗျာများ ဆန်မလားလို့ နဲနဲနုကြည့်တာ..။ :D )

    အောက် (ကဓာတ်ပုံ) ကိုကြည့်ပါ..။ ဒါကတော့ ကျွန်တော်တို့ ကားဆိုက်တဲ့ ဘူတာရုံပါ..။ ဟုတ်ဖူး…။ ဘူတာဆိုက်တဲ့ ကားရုံပါ..။ ဟင်..။ ကားဆိုက် တဲ့ ရထားရုံ..။ ရထားစီးတဲ့ ကားရုံ..။  ဟာ…။ ထားတော့..။ ကျွန်တော်လည်း မရေးတတ်တော့ဘူး..။ နှစ်ခုစလုံး အဲ့ဒီ့မှာ အတူတူဆိုက်တယ်..။ ဒီလိုပဲ သဘောပေါက် ပေးကြပါတော့..။ :D

    အဲ့ဒီ့မှာ ကားပေါ်ကဆင်းပြီး အူလည် အူလည် ဖြစ်နေတဲ့ ကျွန်တော်တို့ လူလယ် (လူလည်မဟုတ်ပါ) ၄ ယောက်ကို ညီငယ်တစ်ယောက်မှ လာကြိုသဖြင့် သူတို့အဆောင်သို့လိုက်သွားကာ..။ ကျွန်တော်တို့ လာမယ် ဆိုလို့ ၎င်းတို့၏ မျက်ရည်လေးများဖြင့် ချက်ပြုတ်ထားသော ကြက်အသဲ..။ ပဲဟင်း..။ ကြက်သွန်ချဉ် စသည့် စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံပါတော့တယ်..။ ကျွန်တော်တို့ ၄ ယောက် ထမင်းစားပုံအား ကြည့်ကာ သူတို့ရွာမှခွေးကြီး အောင်နက်အား သတိရသွားပုံရပါတယ်..။ ကျွန်တော်တို့ကို ချက်ကျွေးတဲ့သူရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေတောင် စို့လို့(ငါတော့ ဒီလ ခေါက်ဆွဲခြောက်တောင် နပ်မှန်ပါတော့မလားကွယ်)..။ ဂျယ်ကြီး..။ မှားလို့..။ ငယ်ကြီးခေါ် နေနေလေး ခမျာမှာလည်း သူ့ရေခဲသေတ္တာထဲက ထုတ်ပေးလိုက်ရတဲ့ ငွေရောင်နဲ့ အစိမ်းရောင် စပ်ထားတဲ့ ဗူးလေးတွေကိုကြည့်ကာ ပုဆိုးနဲ့ မျက်ရည် တွင်တွင်သာ သုတ် လို့နေပါတယ်..။ :P

    ပွဲတော်ဆက်နေတဲ့ ပုံတွေကတော့ ၇ ရက်သားသမီး အစားအသောက်တွေပျက်ကုန်မှာစိုးလို့ မတင်တော့ပါဘူး..။ ထိုကဲ့သို့ မသဓ္ဓါရေစာများကို အလိုက်ကန်းဆိုးမသိ စားသောက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ငှားထားတဲ့ အိမ်ကိုသွားရောက်ကာ ပစ္စည်းများကို စတည်းချ…။ ညနေဘာ လုပ်ကြမယ်ဆိုတာ အစီအစဉ်လေး ဘာလေးဆွဲ..။ (အမှန်က ဆွဲစရာမလိုပါဘူး။ ဟိုအဆောင်ကိုပဲသွားပြီး ညစာသွားစားရုံပါပဲ :D ) ဒီညတော့ လူတွေလဲကလည်းပြိုင်း..။ စားထား (သောက်ထား) တာတွေကလည်းများ…။ ခရီးကလည်းပန်းနှင့်..။ ပထမ လာတုန်းက အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဓာတ်ပုံရိုက်မယ့် အစီအစဉ်တောင် ဘယ်နားရောက်သွားမှန်းမသိတော့အောင်ပင် ပက်ပက်စက်စက် အနားယူ အိပ်စက်ကြပါတော့တယ်..။

    နောက်နေ့ကိုတော့ အားလုံးပဲ (ညက သူမမူးပါဘူးဟု တစ်ညလုံးအော်နေသော မိတ်ကပ်လိမ်းသည့် နဂါးကြီးမှ အပ) တက်ကြွစွာ စောစောစီးစီးနိုး ကြပါတယ်..။ အားလုံး ရယ်ဒီဖြစ်တော့ ဒီနေ့ရဲ့ ပထမဆုံးအစီအစဉ်ဖြစ်တဲ့ (ထုံးစံအတိုင်း :D ) အဆောင်ကိုသွားကာ ထမင်းစားကြပါတယ်..။ ကျွန်တော့် တစ်သက်နဲ့တစ်ကိုယ်မှာ မျက်ရည်ကျနေသော “ပေါက်စီ” (သူ့ကိုယ်သူတော့ “မိုးတိမ်” ပါတဲ့ခင်ဗျာ :P ) ကိုပထမဆုံးအကြိမ်မြင်တွေ့ ဖူးခဲ့ခြင်းဟာ ကာလုဂါမြို့ခရီးသွားမှတ်တမ်းရဲ့ အရေးပါတဲ့ မှတ်တမ်းတစ်ခုအဖြစ် ထင်ကျန်ခဲ့ပါတယ်…။ စား (သောက်) ပြီးတဲ့နောက် မှာတော့ ခင်မင်ရင်းနှီးတဲ့ ဆရာမများနဲ့သွားတွေ့..။ လက်ဆောင်တွေ ဘာတွေပေး..။ အဲ့ဒီ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ အဓိက Plan ဖြစ်တဲ့ ဒါ့ပုံရိုက်တဲ့ လုပ်ငန်းကိုစကြပါတော့တယ်..။

    ဒီခရီးစဉ်လေးကတော့ အပျော်သွားတာကတစ်ကြောင်း၊ ဓာတ်ပုံရိုက်ဖို့သီးသန့်သွားတာကတစ်ကြောင်း၊ နှင်းဖွေးဖွေးကျနေတဲ့ ဆောင်းတွင်းကြီး ဖြစ်နေတာကတစ်ကြောင်းကြောင့်..။ ထင်ရှားတဲ့ ပြတိုက်တွေ၊ အထင်ကရ နေရာတွေကို ထဲထဲဝင်ဝင်မလေ့လာဖြစ်ခဲ့ပါဘူး..။ အပြင်ကနေ မှတ်တမ်းတင်ရုံလောက်ပဲ ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်..။ အဲ့ဒီ့နေ့ကရိုက်ခဲ့တဲ့ ပုံတွေကို ဝေမျှရင်းနဲ့ပဲ ကျွန်တော်တို့ရဲ့ Kaluga ခရီးစဉ် ပထမပိုင်း လေးကို ခဏနား လိုက်ရအောင်ဗျာ…။ ;)

    The Absent

    The Absent

    Waiting

    Independent...

    Kaluga Railway Station

    The Support

    The Evening!

    The Rays...

    The Rays...

    P.S- ရိုက်လာတဲ့ပုံအားလုံးတော့မဟုတ်ပါဘူး..။ ကောင်းနိုးရာရာလေးတွေပါ..။ နောက် ကျွန်တော်ပုံတွေကို Size လျော့ချထားတဲ့အတွက် quality ကျနိုင်ပါတယ်..။ နှစ်သက်တဲ့ပုံရှိလို့ လိုချင်တယ်ဆိုရင် တောင်းနိုင်ပါတယ်..။ ကျွန်တော် Original Size နဲ့ပုံတွေ ပို့ပေးပါ့မယ်။ ကျွန်တော်တို့ ပါတဲ့ပုံတွေကတော့ အားလုံးအစား အသောက်တွေပျက်ကာ အိပ်မက်ဆိုးတွေမက်မှာဆိုးလို့ မတင်တော့ပါဘူး..။ Facebook က ညီအစ်ကို မောင်နှစ်မတွေကတော့ ဒီဒဏ်ကို သိသိကြီးနဲ့ ခါးစီးခံလိုက်ကြရပါတယ်..။ :D Kaluga 2010 (The End)

    Cateogry : Article

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    8 Responses to “Kaluga 2010 (Part-1)”

    1. အင်း….ပြောပြန်ရင်လဲ မောင်မင်းလွန်းတယ်ဖြစ်ဦးမယ်..ဘာမှမပြောတာပဲကောင်းပါတယ်…အားလုံးကောင်းကြပါသည်ခင်ဗျား :P

      Like or Dislike: Thumb up 0 Thumb down 0

    2. နောက်လာမယ့်အပိုင်းလေးတွေ မြန်မြန်လေး လုပ်ပါဗျို့,,,ဆက်တငံ့ငံ့ကြီး မလုပ်ပါနဲ့….အားပေးနေပါတယ်.. :D

      Like or Dislike: Thumb up 0 Thumb down 0

    3. ကိုစိုးကြီးက မိတ်ကပ်ပြင်မှန်းခုမှသိတော့တယ် Facebook ထဲမှာပြန်ဖွမှတူတယ် :P

      Like or Dislike: Thumb up 0 Thumb down 0

    4. it is nice to read , Bro !
      Go ahead .. :)

      Like or Dislike: Thumb up 0 Thumb down 0

    5. ဓာတ်ပုံရိုက်တာ သင်ပေးမယ်ဆိုပဲ၊ လုပ်စမ်းပါဦးဗျ၊ ကျွန်တော်လည်း အဲဒီအုန်းသီးရူးပဲ :D

      Like or Dislike: Thumb up 0 Thumb down 0

    6. ဒီတခါတော့ ပေါ့ပေါ့လေးပဲ ;)

      Like or Dislike: Thumb up 0 Thumb down 0

    7. ကြက်အသည်း မလောက်ဘူး … နောက်တစ်ပွဲလောက် ..။

      Like or Dislike: Thumb up 0 Thumb down 0

    8. it is nice to read , Bro !
      Go ahead .. :)

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply