November 24 , 2009 | 2,536 views
ဟိုတစ်နေ့က Living Together များအကြောင်းဆက်မပြောခင် အဲ့ဒီ့ပို့စ်မှာရခဲ့တဲ့ ကိုလောရှည်ရဲ့ ကော်မန့်လေးအပေါ် ကျွန်တော် အနဲငယ် ရှင်းပြချင်ပါတယ်…။ သူက ထောက်ပြသွားတဲ့အချက်ဟာ တစ်ကယ်ဆို ကျွန်တော် အခု ဒီအပိုင်း (၂) ထဲမှာရေးပြီးသားဆိုပေမယ့်…။ သူပြောတဲ့အချိန် တုန်းက အပိုင်း (၁) မှာ မပါတဲ့ အတွက် ဒါကို သူက စေတနာနဲ့ထောက်ပြသွားတယ်လို့ ကျွန်တော်မြင်ပါတယ်..။ ဆောင်းပါးမဆုံးခင် ဆန္ဒစောပြီး ထောက်ပြသွားတာ ဖြစ်တဲ့အတွက် စေတနာ အမှားတစ်ခုလို့ပဲ ကျွန်တော် ခံယူပါတယ်..။ အခုလို ထောက်ပြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကို လောရှည်ထောက်ပြသွားတဲ့ အကြောင်းအရာဟာ အခု အပိုင်း (၂) မှာပါဝင်မှာ ဖြစ်ပါတယ်..။ ဒါဟာလည်း သူထောက်မပြခင် ကျွန်တော် အကြမ်း ရေးထားတဲ့ အချိန်ကတည်းက ပါဝင်ပြီး ဖြစ်ကြောင်းကို ဒီပို့စ်မတင်ခင် ပို့စ် အကြမ်းဖတ်လိုက်ရတဲ့သူတွေ သိကြမယ်လို့ မျှော်လင့်ပါတယ်..။
အခု ကျွန်တော်တို့ မနေ့က အကြောင်းလေး ဆက်ပြောကြရအောင်..။
လက်ရှိ ကျွန်တော်တို့လူမျိုးများကျင့်သုံးနေတဲ့ Living Together ဆိုတာ တကယ့် Living Together မဖြစ်သေးပါဘူး..။ ဘောလုံးစကားနဲ့ ပြောရရင်တော့ Pro မရောက်သေးပဲ ..။ Semi Pro အဆင့် (ဒါတောင် နဲနဲမြင့်နေမလား မသိဘူး။ Beginner ပြောရမလား Rookie ပြောရမလားပဲ ) လောက်ပဲ ရှိနေပါသေးတယ်။ တစ်ကယ်တမ်းပြောရရင် Living Together အဆင့်မရောက်သေးပဲ Sleeping Together အဆင့်ပဲ ရှိသေးတယ်လို့ ဆိုရပါလိ့မ်မယ်..။
ဒီ အကျင့်စရိုက်ဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ခဲ့တာ ကြာပြီဆိုပေမယ့် ကျွန်တော်တို့ လူမျိုးတွေဆီကို (သိသိသာသာ) ကြီးကူးစက်လာတာဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပိုများလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီမှာ အခြေအနေ ၂ ရပ်ရှိပါတယ်..။ အဲ့ဒါကတော့ ပြည်တွင်းနေ လူငယ်ထုနဲ့ ပြည်ပနေ လူငယ်ထုပဲ ဖြစ်ပါတယ်..။ ပြည်တွင်းနေလူငယ်ထုထက် ပြည်ပနေ လူငယ်ထုက ပိုမိုပြီးတော့ လွတ်လပ်မှု၊ အမြင်ကျယ်မှုရှိတဲ့ အတွက် သူတို့မှာ ဒီအခြေအနေမျိုးရှိနေတဲ့သူတွေ ပိုများပါတယ်။ အမြင်ကျယ်မှုဆိုတဲ့နေရာမှာ ကောင်းတဲ့ အမြင်ကျယ်မှုနဲ့ ဆိုးတဲ့ အမြင်ကျယ်မှု နှစ်ခု ထပ်ဖြစ်လာပါတယ်..။
ကောင်းတဲ့အမြင်ကျယ်မှုကတော့ ဒီလို Sleeping Together ရာမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်မလာဖို့ တားဆီးတဲ့ နည်းလမ်းတွေ၊ ကာကွယ်တဲ့ နည်းလမ်းတွေကို ပိုမိုသိရှိခြင်း၊ ထိုကဲ့သို့ ကာကွယ်ပို့ ရုပ်ပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ အထောက် အပံ့နဲ့ ဖန်တီးပေးနိုင်မှု အခြေအနေတွေ ပိုမိုရရှိခြင်းကြောင့် များသောအားဖြင့် ပြည်တွင်းမှာထက် ပိုမို ကာကွယ်နိုင်ကြပါတယ်…။  ပြည်တွင်းမှာတော့ ထိုကဲ့သို့သော အခြေ အနေများ မပေးတာကြောင့် ပြည်ပနေ လူ့အဖွဲ့အစည်းလောက် လျှင်မြန်တွင်ကျယ်စွာ ပြန့်ပွားလာခြင်း မရှိတာကို ကျွန်တော် သတိထားမိပါတယ်..။
ဆိုးတဲ့အချက်ကတော့..။ ထိုကဲ့သို့ ပြည်တွင်းမှာက ပတ်ဝန်းကျင်ရဲ့ အရှိန်၊ လူတွေရဲ့ ပါးစပ်၊ ဘာသာတရားရဲ့ အထိမ်းအကွပ်တွေကြောင့် တားဆီးခြင်း သို့မဟုတ် ကာကွယ်ဟန့်တားခြင်းများ ပြုလုပ်ရာမှာ ပြည်ပမှာထက် အခြေအနေပေးမှု သိသာစွာ နဲပါးပါတယ်..။ ဒီအတွက် တကယ် တမ်း ပြဿနာ ဖြစ်လာတဲ့အခါမှာ ကာယကံရှင်များရော၊ မိဘအသိုင်းအ၀ိုင်းရော များစွာ စိတ်ထိခိုက် ကြရပြီး ပြဿနာဟာ ဖြစ်သင့်တာထက် ပိုမိုကြီးထွားလာ ပါတော့တယ်..။ ဘာမှမဖြစ်ရင် ဘာမှ  မဖြစ်ဘူးဆိုတဲ့အတိုင်း..။ မဖြစ်တာ အကောင်းဆုံးဆိုပေမယ့်..။ မလွှဲသာမရှောင်သာဖြစ် လာတဲ့အခါမှာ အချိန်မှီ တားဆီးနိုင်ခြင်းဟာ ပြသနာအဆုံးစွန်ဆုံး ရောက်သွားတာထက်တော့ သက်သာရာရမှာပဲ ဖြစ်ပါတယ်..။ ပြည်ပ အနေအထားရဲ့ ဆိုးကျိုးကတော့ အပေါ်မှာ ကျွန်တော်ရေးခဲ့သလိုပဲ လွတ်လပ်မှု၊ အခွင့်အရေးပေးမှုတွေကြောင့် ဒီလို Sleeping Together ခြင်း အနေအထားတွေဟာ ပိုမိုလျှင်မြန်စွာ ပြန့်ပွား လာတာကို တွေ့နိုင်ပါတယ်..။
ဟုတ်ပြီ..။ ဒါဆို မေးလာပြီ…။ ဒါဆို..။ “Living Together က လုံးဝတားဆီးသင့်တဲ့အရာလား..? မလိုလားအပ်တဲ့ အရာလား? မရှိသင့်တဲ့ အရာလား..?” ဒီလိုမေးလာရင် အဖြေရတော်တော်ကြပ်ပါတယ်..။ ဒါပေမယ့် ကျွန်တော် နားလည်သလောက် ကြိုးစား ဖြေကြည့်ပါ့မယ်..။
ကျွန်တော်တို့ လူမျိုးတွေအနေနဲ့ ဘာသာတရား နဲ့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး နှစ်လုံးကို လိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် မလိုတဲ့နေရာမှာပဲ ဖြစ်ဖြစ် ပါးစပ်ဖျားကမချပဲ ကိုင်ကိုင်ပေါက်တတ်ကြတဲ့ အကျင့်ဆိုးကြီးတစ်ခုကို မဖြစ်မနေ အရင်ဦးဆုံး ပြင်သင့်ပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဥပမာ နှစ်ခုပေးပါမယ်…။ ခေတ်ဟောင်းက ဥပမာတစ်ခုနဲ့ ခေတ်သစ် ဥပမာတစ်ခုပါ..။
ကနောင်မင်းသားကြီးတုန်းက ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲတဲ့အချိန်မှာ မင်းတုန်းမင်း ဆွမ်းကပ်နေတဲ့ ရဟန်းတ်ာများက သတ္တ၀ါများ သေကြေ စေတဲ့ လက်နက်များ ထုတ်လုပ်တာကို လက်မခံနိုင်တဲ့အတွက် ဆွမ်းစားတာကို ရပ်ပြစ်ပြီး ဆန္ဒပြလို့..။ မင်းတုန်းမင်း အမိန့်နဲ့ ကနောင်မင်းသားကြီးလဲ ဆက်မလုပ်ရတော့ပါဘူး..။ ဒီတော့ ဘာဖြစ်လဲ..? ခေတ်မှီတဲ့ လက်နက်ကို မထုတ်လုပ်နိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့လူမျိုး သူများကျွံဘ၀ ရောက်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ အမဲစက်တစ်ခုဖြစ် အတိအကျ ပါဝင်ခဲ့ရပါတယ်…။ ဒါဟာ ဘာသာရေးနဲ့ ခေတ်ကို ရောထွေး ယှက်တင် ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်..။ နောက်တစ်ခု…
ဒီဘက်ခေတ်မှာ အိပ်တွေ အထပ် လေး ငါး ဆယ် ဆောက်ကြတယ်..။ လူတွေ အဆင့်ဆင့်နေကြတယ်…။ အရင်က အယူအဆတွေအရ…။ ယောကျာ်းလေးဆို ထမိန်တန်းအောက်မ၀င်ရဘူး ဘာဖြစ်ညာဖြစ် ရှိပါတယ်။ အခုကြတော့ ဘယ်လိုလုပ်ကြမလဲ..။ အထပ်တိုင်းမှာ ယောကျာ်း၊ မိန်းမ ရှိကြပါတယ်..။ အောက်ထပ်မှာနေတဲ့ ယောကျာ်းဟာ အလိုလိုနေရင်း အပေါ်ထပ်မှာနေတဲ့ မိန်းမရဲ့ ထမိန်အောက်ရော၊ အတွင်းခံဘောင်းဘီ အောက် ရော အလိုလိုရောက်နေပါပြီ…။ ဒီလိုပါပဲ…။ ကဲ ဒီလိုသာဆို..။ ဘုရားစင်တွေရော ဘယ်လိုလုပ်မလဲ…? အထပ်တိုင်း၊ အခန်းတိုင်းမှာ ဘုရားစင် ရှိတယ်…။ ကဲ ဘယ်လိုလုပ်ကြမလဲ…? ဒါကြောင့် ကျွန်တော်ပြောတာပါ..။ ဘာသာတရားနဲ့ ခေတ်ကို တိုက်ရိုက်အချိုးချလို့မရပါဘူး..။ လိုက်လျော ညီထွေစွာ ပြောင်းလဲ ကျင့်သုံး လက်ခံနိုင်ဖို့လိုပါတယ်…။
“ဒါဆို ဘာသာတရားကို အဲ့လို တဖြေးဖြေးခြင်းသာ လိုက်ပြင်နေလို့ကတော့ ကြာရင် သာသနာ ပျက်ဆီးသွားမှာပေါ့…?” မပူပါနဲ့  မြတ်စွာဘုရား ဟောကြားခဲ့သလိုပါပဲ နောက်ဆုံးမှာ အရာအားလုံး ပျက်ဆီးကြရမှာပါ….။ ဓမ္မရော အဓ္မမရာ မတည်မြဲပါဘူး..။ အချိန်တန်တဲ့ တစ်နေ့ သာသာနာ ဟာလဲ သူ့အလိုအလျှောက် ပျက်ဆီးကွယ်ပသွားပါလိ့မ်မယ်..။ ဒါဟာ ဘယ်လိုမှ မငြင်းဆန်နိုင်တဲ့ အမှန်တရားတစ်ခုပါ…။ အခုလက်ရှိ ကျွန်တော် ပြောခဲ့သလို ဘာသာရေး အယူအဆတွေကို မဖြစ်မနေ ပြင်ဆင်ဖို့ ဖြစ်ပေါ်လာရခြင်းဟာလဲ ထိုကဲ့သို့ သာသနာ ကွယ်ပဖို့အတွက် တဖြေးဖြေးခြင်း ယိုယွင်းလာခြင်းအဖြစ် မှတ်ယူနိုင်ပါတယ်…။
ထားပါ…။ လောလောဆယ် ကျွန်တော်ပြောချင်တာ ဘာသာရေးအပိုင်းမဟုတ်သေးပါဘူး..။ အပေါ်က စကားကို ပြန်ဆက်ရရင်..။ လိုသလား မလိုသမလား မသိ…။ လူအထင်ကြီးအောင်ပဲ ဖြစ်ဖြစ်..။ ဒါမှမဟုတ် အခြားစကားလုံးရှာမရလို့ ပဲဖြစ်ဖြစ်…။ တစ်ခါလာလဲ နင်တို့ ယဉ်ကျေးမှု မရှိဘူးလား? ဟီရိသြတ္တပတရား မရှိဘူးလား..? ဘာသာတရား မရှိဘူးလားဆိုပြီး လူငယ်တွေကို အော်ဟောက် ခြိမ်းချောက်ရင်း…။ ဒီ ဓာတ်ပြား ဟောင်းကြီးပဲ ဖွင့်နေလို့ကတော့ ဒီခေတ်မှာ ဘယ်လူငယ်မှ နားထဲ ၀င်ကြတော့မှာမဟုတ်ပါဘူး..။ ဒါဆို ကျွန်တော်တို့ လူငယ်တွေကို နည်းမှန်၊ လမ်းမှန်ရောက်အောင်ပြောဆို ညွှန်ပြနိုင်မယ့် ခေတ်နဲ့လျှော်ညီတဲ့ ဆုံးမသွန်သင်မှု နည်းစနစ်တွေ အတိအကျလိုအပ်နေပြီ ဆိုတာကို အထင်းသား မြင်တွေ့နိုင်ပါတယ်..။
ဒီအချက်အလက်တွေကို အခြေခံပြီး အပေါ်မှာ ကျွန်တော်မေးခဲ့တဲ့ Living Together ဆိုတာ လုံးဝမရှိသင့်တဲ့ အရာလား..။ လုံးဝ ဆန့်ကျင်တိုက်ဖျက်သင့်တဲ့ ယဉ်ကျေးမှုလားလို့ မေးလာရင်တော့…။ ခေတ်ရဲ့ ရေစီး ကြောင်းကို မလွန်ဆံနိုင်တဲ့ လူသားတစ်ဦးပီပီ ရင်နာနာနဲ့ပဲ …။ NO……!!!! လို့ ဖြေရပါလိ့မ်မယ်…။
မရှိရင် ကောင်းတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရနိုင်ပေမယ့်..။ သူ့ရဲ့ အားသာချက်တွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းများအဖြစ် ပါဝင်နေပါတယ်..။ ဥပမာအားဖြင့် မိမိနဲ့ သေတစ်ပန် သက်တစ်ဆုံး လက်တွဲသွားရမယ့် လူတစ်ယောက်ရဲ့ အကြောင်းကို ချစ်သူနှစ်ဦးတွေ့တဲ့ အချိန်လောက်လေးမှာ လေ့လာနိုင်၊ အကဲဖြတ်နိုင်တာထက်…။ အတူနေ အတူသွား အတူလာပြီး လေ့လာစောင့်ကြည့်တာက များစွာ ပိုမိုထိရောက် ပါတယ်..။ ညှိုနှိုင်းခွင့်တွေ၊ ပြင်ဆင်ခွင့်တွေ ပိုမိုရရှိနိုင်ပါတယ်..။ လူနှစ်ဦးရဲ့ သံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။  ဒီ့အတွက် မိန်းကလေးဘက်မှတင် မဟုတ်ပါဘူး..။ ယောကျာ်လေးဘက်မှလည်း နစ်နာမှု၊ ပေးဆပ်မှု၊ ဆုံးရှုံးမှုတွေ ရှိနိုင်ပါတယ်..။ နှစ်ဦး နှစ်ဘက် စလုံးမှာရှိမှာပါ…။ ဥပမာအားဖြင့် – ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုများကို ခံရနိုင်ခြင်း၊  အကြောင်းအမျိုးမျိုးကြောင့် ထိုသူနှစ်ဦး Relation ပျက်ဆီးသွားပါက (များသောအားဖြင့် ) နာမည် ပျက် ကျန်ခဲ့ခြင်း တို့တွေ ဖြစ်နိုင်ပါတယ်…။ ဒါကြောင့် Living Together မှမဟုတ်ပါဘူး..။ ဘာကိုပဲလုပ်လုပ် အသိတရားလေးနဲ့ ဆင်ခြင်နိုင်ဖို့ ကတော့ အရေးအကြီးဆုံး ဖြစ်ပါတယ်..။
တစ်လင်တစ်မယားစနစ်ဟာ အကောင်းဆုံး ဖြစ်ကြောင်း တစ်ကမ္ဘာလုံးက အလေးအနက်ထား အသိအမှတ် ပြုထားပါတယ်..။ ဒီစနစ်ကို ပိုမိုတွင် ကျယ်အောင် ကျင့်သုံးနိုင်ဖို့..။ အခြေခံကျတဲ့ ဘ၀လက်တွဲဖော် (ချစ်သူပဲ ခေါ်ခေါ်၊ ရည်းစားပဲခေါ်ခေါ်ပါ) ရွေးချယ်တဲ့နေရာမှာလည်း တတ်နိုင်ပါက (သို့မဟုတ်) ဖြစ်နိုင်ပါက တစ်ဦးကောင်း တစ်ယောက်ကောင်းကို တစ်ခါထဲ သေသေချာချာ စဉ်းစား၊ ဆုံးဖြတ်၊ ခံစားပြီး ရွေးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါလိ့မ်မယ်…။ ကံတရားရဲ့ မျက်နှာသာပေးမှုကလည်း ရှိနေတော့..။ တစ်ယောက်ထဲနဲ့ အဆင်ပြေမှု ရရှိသွားတတ်ခြင်းများဟာ…။ ရာခိုင်နှုန်းအားဖြင့် နည်းလွန်းလှပါတယ်…။
ဒီလိုအကြောင်းအရင်းတွေကြောင့် ကျွန်တော်တို့မှာ လုပ်နိုင်တာတစ်ခုပဲ ရှိပါတယ်..။ မတားဆီးနိုင်တော့တဲ့ အခြေအနေမှာ..။ အဆိုးဆုံးတွေ ဖြစ်မသွားအောင်..။ မှန်ကန်တဲ့ လမ်းကြောင်းတွေပေါ်ပေါက်လာအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်…။ NO လို့ ဖြေလိုက်ခြင်းဟာ ဒီ လူနေမှုစနစ်ကို ၀မ်းပန်းတသာ ကြိုဆိုလိုက်ခြင်း မဟုတ်တာကိုလဲ အားလုံးအနေနဲ့ နားလည်ဖို့လိုပါတယ်…။ “ဒီလိုဆို မင်းညီမကို နေခိုင်းလိုက်လေ” ဆိုရင်တော့ လည်း…။ ကျွန်တော့်ညီမကို ကျွန်တော်ပြောပြီးသားပါ…။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပါ..။ ကောင်းရင်စံ…။ ဆိုးရင်ခံလို့..။ အရှင်းအပြတ် ပြောပြီး ကြောင်းပါ…။ ဒီ့ထက်လည်း ကျွန်တော် ဘာမှ ၀င်ရောက် စွက်ဖက်လို့ မရ (စွက်ဖက်ခွင့်မရှိ) တာ့ပါဘူး…။
ဒီတော့ ဟုတ်ပြီ…။ Living Together စနစ်ကို လက်ခံလိုက်ပြီ…။ ဒါဆို ဘယ်လိုလုပ်ကြမလဲ..။ ကျွန်တော်တို့ ပထမဆုံးလုပ်ရမယ့် အဆင့်က လက်ရှိ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ Sleeping Together အဆင့်တွေကို တကယ့် Living Together အဆင့်ရောက်အောင် စနစ်တကျ စတင်ပြောင်းလဲဖို့လိုအပ်လာပါပြီ..။ ဆရာ တာရာမင်းဝေ ရေးသားခဲ့တဲ့ စာတစ်ခုအမှတ်ရမိပါတယ်..။ Living Together ဆိုတာ ဘ၀တစ်ခုမှာ အတူတကွ လက်တွဲ ရှင်သန်ခြင်းလို့ အနက်ဖွင့်သွားပါတယ်..။ ကျွန်တော်ပြောသလို Sleeping Together ကနေ Living Together အဆင့်ကို တကယ်သာပြောင်းနိုင်ပါက..။ ဆရာတာရာမင်းဝေ ပြောခဲ့သလို သိပ်ကိုလှတဲ့ လေးနက်မှု တစ်ခုနဲ့ တန်ဖိုးရှိတဲ့ ယဉ်ကျေးမှု (၀ါ) လူနေမှု စနစ်တစ်ခု ဖြစ်သွားပါလိ့မ်မယ်…။
ဒီလိုနေကြတဲ့အခါမှာ အရေးအကြီးဆုံး ကာကွယ် (သို့မဟုတ်) ရှောင်ကျဉ် သတိထားရမယ့် ပြသနာကတော့ ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ပဲ ဖြစ်ပါ တယ်…။ ကာကွယ်နည်းတွေ မျိုးစုံအောင် ရှိပါတယ်…။ အပြင်က ကာမလား..? အတွင်းက ကလာမလား..? အပေါ်က ကာမလား…? အောက်က ကာမ လား…? နည်းပေါင်းစုံ ရှိပါတယ်..။ ဒီလောက် နည်းပေါင်းစုံရှိတဲ့ကြားကမှ စိတ်အလိုကို မလိုက်ကြဖို့ လိုပါလိ့မ်မယ်…။ စိတ်အလိုကို လိုက်မိလို့ ပြဿနာ ဖြစ်လာတဲ့ အခါကြရင် ခင်ဗျားတို့ ကျွန်တော်တို့ ပြသနာတက်တာကနောက်ပါ..။ ရှားရှားပါးပါး လူဖြစ်ခွင့်ရမယ် ကြံကာရှိသေးတဲ့ လူသားလေးတစ်ယောက်ရဲ့ ဘ၀ဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အသုံးမကျမှု၊ မိုက်မဲမှုကြောင့် အချိန်မတိုင်မှီ ပျယ်လွင့်ပျောက်ကွယ်သွားရမှာဟာ သိပ်ကို ရင်နာစရာ ကောင်း ပါတယ်..။
ဒီလိုခံစားမှုမျိုးကို ကိုယ်တိုင်ခံစားဖူးတဲ့ သူများ အတိအကျ သိကြပါတယ်…။
အဲ့ဒါကြောင့်…” အလွှာပါးပေမယ့် ကမ္ဘာခြားတယ်” တွေ ဘာတွေ မလုပ်ကြပါနဲ့…။ အလွှာလေး ခံပြီး နေကြပါ။ အလွှာပါးလို့ ကမ္ဘာခြားတယ်..။ နဲနဲလေးမှ အဝေးမခံနိုင်ဘူးဆိုရင်လည်း နောက်ဆုံး စက္ကန့်ပိုင်းလေးမှာ စိတ်အလိုကို မလိုက်ကြပါနဲ့…။ အဲ့ဒီ့ စက္ကန့်ပိုင်းလေးမှာမှ စိတ်အလိုကို လိုက်လိုက်မိရင်လည်း..။ နီးစပ်ရာ ကျွမ်းကျင်သူ၊ တတ်သိနားလည်သူ ဆရာဝန်များနဲ့ (၄၂ နာရီအတွင်း) တိုင်ပင်ကြဖို့၊ တားဆီးကာကွယ်ကြဖို့ မရှက်ပါနဲ့..။ နောက်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ရမှာ ရှက်တယ်ဆိုရင်လည်း အချင်းချင်း သမ္ဘာကျသော ဆရာကြီးများအား မေးမြန်းကြပါ…။ (ကျွန်တော့် ကိုတော့ ဒီဆောင်းပါး မင်းရေးတာပဲ ဒါမှမဟုတ် ရှင်ရေးတာပဲ ရှင်ပြောပြ၊ မင်းပြောပြ ဆိုပြီး တရားခံလာမရှာကြပါနဲ့လို့တော့ ကြိုတင် မေတ္တာရပ်ခံ ပါရစေ ) အချိန်မှီကာကွယ်ကြပါ…။ အဲ့လိုတွေ မကာကွယ် နိုင်ခဲ့ရင်တော့ ကျွန်တော်ပြောခဲ့တဲ့ ဘ၀မှာ ဘယ်လိုမှ မပြင်နိုင်တော့တဲ့ တစ်သက်လုံး နာကြင် နောင်တရနေရမယ့် သင်ခန်းစာနဲ့ ခံစားမှုဝေဒနာမျိုးကို ခင်ဗျားတို့ အတိအကျကို ခံစားရပါလိ့မ်မယ်….။
ဒီနေရာမှာ ဒီအကြောင်းရာနဲ့ ဆက်စပ်ပြီးတော့..။ ကျွန်တော့်အမြင်တစ်ခုကို တင်ပြချင်ပါသေးတယ်..။ Living Together အကြောင်းကတော့ ပြီးသလောက်ဖြစ်နေပါပြီ..။ အခု ကျွန်တော်ပြောချင်တာက ဆက်စပ်ပြီး သက်ဆိုင်နေတဲ့ အကြောင်းလေးတစ်ခုပါ..။ ဘာလဲဆိုတော့ ဒါက ယောကျာ်းလေး တော်တော်များများရဲ့ တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့ အတွေးအခေါ်ပါ..။
အပျိုစစ်ရမယ်ဆိုတဲ့ စကားလုံးနဲ့ ခံယူချက်ပါ…။
ရှင်းရှင်းပြောရရင် ဒီလိုခံယူချက်မျိုး၊ သဘောထားမျိုးဟာ ဆင်ခြင်ဥာဏ်ခေါင်းပါးပြီး၊ အသိဥာဏ်နုံနဲ့တဲ့ သူမျိုး တွေပြောတယ်လို့သာ ကျွန်တော် ယူဆပါတယ်…။ မခံနိုင်လို့ မကြိုက်ရင်လည်း ကျွန်တော် အဆဲခံရုံပဲ ရှိပါတယ်..။ “ဒီလိုလား..? ဒါဆို…။ မင်းပဲ နွားမရွံ့ပိတ်ယူ” ဆိုရင်လည်း…။ ဖူးစာပါလာရင်၊ ကျွန်တော် တစ်ကယ်တန်ဖိုးထားမိသွားရင်တာ့ ယူသင့်ယူရမှာပဲလို့ ကျွန်တော်ပြောချင်ပါတယ်….။ ကျွန်တော် ဘာလို့ အဲ့လို ထင်ရသလဲ ဆိုတာကို ဆက်ရှင်းပြပါမယ်…။
တစ်ချိန်မှာ မိမိရဲ့ အိမ်ထောင်ရှင် ဇနီးကောင်းတစ်ယောက် ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ဟာ အပျိုစစ်ဖို့နဲ့ မိမိအပေါ်သစ္စာရှိဖို့၊ နားလည် ပေးနိုင်မှု၊ ဂရုတစိုက်ရှိမှု၊ အိမ်ထောင်တစ်ခုကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်တို့နဲ့ ဘယ်ဟာက ပိုပြီးအရေးကြီးပါသလဲ..? အနှစ်သာရ ပိုကြပါသလဲ..?ပိုဖြစ်သင့်ပါသလဲ…? လူဆိုတာ ဘယ်သူမှ အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝတစ်ခုပါ…။ ခင်ဗျားတို့လည်း မှားဖူးပါလိ့မ်မယ်…။ ကျွန်တော်လည်း မှားဖူးပါတယ်..။
ဒါပေမယ့် အမှားဟာ အပြစ်မဟုတ်ဖူးဆိုတာကိုတော့ ကျွန်တော်တို့ ခင်ဗျားတို့ ကွဲကွဲပြားပြား နားလည် လက်ခံထားနိုင်ဖို့လိုပါလိ့မ်မယ်…။ မသိလို့ မှားသွားတာဟာ အပြစ်တစ်ခုကို ကျူးလွန်လိုက်တာမဟုတ်ပါဘူး..။ အမှားဟာ အမှားအတိုင်းပဲရှိပါလိ့မ်မယ်..။ ဒုတိယအခါ သိလျှက်နဲ့ ထပ်ကျူးလွန် တာမျိုးကသာ အမှားမဟုတ်တော့ပဲ အပြစ် အဆင့်ကို ရောက်သွားတာပါ…။
နောက်တစ်ခုက လူတိုင်း တစ်ခါမှားဖူးယုံနဲ့ တစ်သက်လုံးမှားရမယ်လို့ ဘယ်သူကမှ ပြောမထားပါဘူး..။ သူတို့မှာ ပြင်ဆင်ပိုင်ခွင့်ရှိပါတယ်။ ပြုပြင် ပိုင်ခွင့်ရှိပါတယ်..။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးလှပါတယ်၊ ဘာသာတရား လွှမ်းမိုးမှု မြင့်မားလှပါတယ်ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှုအောက်က ပတ်ဝန်းကျင်များကတော့ ပါးစပ်ကသာ ပိတိကတ် သုံးပုံကို အာဂုံဆောင်ရင် ဆောင်နေမယ် တစ်ကယ်တမ်းလက်တွေ့ကျကျ နားလည်ပေးနိုင်မှု၊ ခွင့်လွှတ်ပေးနိုင်မှု၊ တစ်ဘက်သားကို ဖြည့်တွေးပေးနိုင်မှုတွေ အပေါ်မှာတော့ ၀မ်းနည်းဖွယ်ရာ တော်တော်အားနည်း နေတာကို တွေ့ရပါတယ်..။ လူတစ်ယောက်ဟာ အပြစ်တစ်ခု..။ ဆိုပါတော့ မိန်းကလေးတစ်ယောက်ဟာ အမဲစက်တစ်ခု ဖြစ်ခဲ့ရင်..။ ပတ်ဝန်းကျင်က အဲ့ဒီ့ အမဲစက်ကို ၀ိုင်းဝန်းချေဖျက်ပေးဖို့ မကြိုးစားကြပဲ..။ အမဲစက်ကနေ သူ့ဘ၀တစ်ခုလုံး အမဲရောင် အခြယ်ခံရအောင် ၀ိုင်းဝန်းမေးငေါ့ တွန်းပို့ကြပါတော့တယ် ( ကျွန်တော်တောင် Black Dream ကနေ နာမည်ပြောင်းရမယ့် အခြေအနေပါပဲ )
ဒီလိုတွေကြောင့် ယောကျာ်လေးအများစုရဲ့ စိတ်ထဲမှာ ငါ့ချစ်သူ အပျိုစစ်ရမယ်ဆိုတဲ့ အူကြောင်ကြောင်အတွေး အခေါ်ဟာ စတင်ဝင်ရောက် လာပါတယ်…။ ဒါဆို အဲ့လို အပျိုအစစ်လိုချင်ပါတယ်ဆိုတဲ့ အတောင်သုံးဆယ်ဝတ် ယောကျာ်းသားများကို ကျွန်တော်မေးချင်ပါတယ်…။
ခင်ဗျားတို့ရော လူပျိုစစ်ကြရဲ့လား…? ကိုယ့်ချစ်သူ မိန်းကလေးဟာ ဘယ်ယောက်ျားလေးနဲ့မှ အတူမနေဖူးခဲ့ရဘူး..။ ဘာ..။ ညာနဲ့…။ ခင်ဗျားတို့ ရော အဲ့ဒီ့ မိန်းကလေးနဲ့ ချစ်သူမဖြစ်ခင် ဘယ်လို မိန်မမျိုးနဲ့မှ အတူတူ မနေခဲ့ဖူးဘူးလား..?
အတ္တသိပ်မကြီးကြပါနဲ့…။ ငါက ယောကျာ်း ငါလုပ်ချင်တာလုပ်လို့ရတယ်..။ နင်က မိန်းမ လုပ်လို့မရဘူးဆိုတဲ့ ဖာရိုဘုရင် လက်ထပ်က အတွေး အခေါ်တွေကို ကျေးဇူးပြုပြီးတော့ ခေါစာပြစ်လိုက်ကြပါတော့..။ အခုက  ၂၁ ရာစုထဲကိုရောက်နေပါပြီ။  ဒါတွေဟာ မလိုအပ်ပါဘူး..။ မိန်းကလေးတစ် ယောက် အပျိုစစ်တယ် မစစ်တယ်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ သာမန်ယောကျာ်းလေးတွေ မပြောနဲ့..။ ကျွမ်းကျင်တဲ့ ပါရဂူ ဆရာဝန်ကြီးတွေ တောင် အတိအကျ မခွဲခြားနိုင်ပါဘူး..။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်တဲ့ ဘာမှအဓိပ္ပါယ်မရှိတဲ့၊ တန်ဖိုးမရှိတဲ့ အမှေးပါးလေး တစ်ခုမရှိ တော့ယုံနဲ့ ဒီ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လုံးဝ တန်ဖိုးမရှိရတော့ဘူးတဲ့လားဗျာ…?
အရေးကြီးတာက တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ သံယောဇဉ်၊ သစ္စာတရားတွေနဲ့ ခိုင်မာလှပတဲ့ မိသားစု ဘ၀လေးတစ်ခု ကို တည်ထောင်နိုင်ဖို့ပဲ မဟုတ်လား…?
ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ယောကျာ်းလို့ သတ်မှတ်ခြင်ရင် ယောကျာ်းဆန်တဲ့ အတွေးအခေါ်မျိုးတွေ တွေးကြပါ…။ ယောကျာ်းဆန်တဲ့ လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေချကြပါလို့ပြောချင်ပါတယ်…။ အရေးမပါတာကို အရာမပေးကြပါနဲ့လားဗျာ…။ No One Is Perfect ပါ….။
အခု ကျွန်တော် လူငယ်နဲ့ Life Stlye အကြောင်းအရာနဲ့ ပတ်သတ်လို့ ကျွန်တော့်အမြင်များကို တော်တော်လေး တင်ပြခဲ့ပြီးပါပြီ..။ စာဖတ်သူများ အနေဖြင့် သဘောတူတာတွေလည်း ပါနိုင်ပါတယ်..။ သဘော မတူတာတွေလည်း ပါနိုင်ပါတယ်…။ ကျွန်တော့်ဘက်က တစ်ဦးတစ်ယောက်ရဲ့ အမြင် ဖြစ်တာကြောင့် အားနည်းချက်များ၊ ချွင်းချက်များရှိရင်လည်း အပြုသဘော ထောက်ပြ ပြောဆိုနိုင်ပါတယ်။
ဒီနေရာမှာ ကျွန်တော် အနဲငယ် ဖြည့်စွက်ပြီးပြောချင်ပါသေးတယ်..။ “မင်းက ဒီလိုတွေ ဆရာကြီးလုပ်နေရအောင် မင်းက သူတော်ကောင်းလား..?ဒါမျိုးတွေ မင်းက မလုပ်ဖူးဘူးလား?” ဆိုရင်..။ ကျွန်တော် သူတော် ကောင်းမဟုတ်သလို…။ ကြောင်သူတော်..။ ကြွက်သူခိုး…။ သူတော်ကောင်း ယောင်လည်း တစ်ခါမှ မဆောင်ခဲ့ဖူးပါဘူး..။ ဒါတွေကို ကျွန်တော် ကိုယ်တိုင် လုပ်ခဲ့ဖူး၊ ကြုံခဲ့ဖူး၊ ခံစားခဲ့ဖူး၊ ရင်ဆိုင်ခဲ့ရဖူး၊ နာကြင်ခဲ့ရဖူးပါတယ်..။ ဒါကြောင့်လဲ ကျွန်တော်ခံစား ကြုံတွေ့ခဲ့ရသလိုတွေ မခံစား၊ မကြုံကြိုက်ရအောင် အခုအချိန်မှာ ကျွန်တော့်အနေနဲ့ အနုစိတ် မဟုတ်ပေမယ့် အသေးစိတ်နည်းပါး ရေးသား ရှင်းပြခြင်း လုပ်နေတာ ဖြစ်ပါတယ်..။ ကိုယ်တတ်နိုင်သလောက် အနေအထားနဲ့ အကြံဥာဏ်နှင့် နည်းလမ်းများကို ပေးနေခြင်းသာ ဖြစ်ပါတယ်..။ ကျွန်တော် ဆရာကြီးလုပ်နေခြင်း မဟုတ်ပါဘူး..။
ကျွန်တော်ပြောချင်တာတစ်ခုက အဝေဖန်တော့ မစောကြစေချင်ဘူး..။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ဆောင်းပါး မပြီးသေးလို့ပါ..။ ဒီတစ်ခန်းပဲ ပြီးသေးတာပါ..။  နောက်ထပ်ရေးမယ့် အကြောင်းအရာတွေဟာ အခြားအကြောင်းအရာတွေ ဆိုပေမယ့် ဒီအခန်းနဲ့ သက်ဆိုင်တာများ ပါရှိကောင်း ပါရှိလာဦးမှာ ဖြစ်တဲ့အတွက်…။ အခြေအနေ အချိန်အခါ လိုက်ပြီး ပြောင်းလဲတတ်တဲ့ Variable သဘောတရားတွေကြောင့် အရာရာမှာ နေရာနဲ့ အခြေအနေကို လိုက်ပြီး ချွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်..။ ဒါကြောင့် ဘာကိုမှ တရားသေ ဆုံးဖြတ်ချက်..။ သုံးသပ်ချက် မစောဖို့ကို ကျွန်တော် ကြိုတင်မေတ္တာရပ်ခံရင်းနဲ့ လူငယ်နဲ့ Life Stlye ခေါင်းစဉ်ကို ဒီမှာ ကျွန်တော် အဆုံးသတ်လိုက်ပါတယ်..။
“လူငယ်နှင့် Hang Out လုပ်ခြင်း၊ Date လုပ်ခြင်း နှင့် သမီးရည်းစားထားခြင်း” ဆိုတဲ့ အဲ့ဒီ့စကားလုံးတွေနဲ့၊ အခြေအနေ၊ အနေအထားတွေ မတူညီမှုများ အကြောင်းကို ကျွန်တော် နောက်တစ်ပိုင်းမှာ ဆက်လက် ဖော်ပြ ပါမယ်…။
P.S- ဖော်ပြပါအကြောင်းအရာများသည် လူငယ်များအားလုံးကို ဆိုလိုခြင်းမဟုတ်ပဲ..။ ထိုကဲ့သို့ လွှဲမှားစွာ စီးဆင်းနေသော လူငယ်များ ပြင်ဆင်ကြ စေနိုင်ရေးအတွက်သာ ရည်ရွယ်ပါကြောင်းနှင့် ဆွေးနွေးလိုပါက ကျွန်တော် ဒီပို့စ်ကို ကျွန်တော်တို့ရဲ့ Myanmar Genius Forumမှာ တင်ထားပေးမှာ ဖြစ်တဲ့အတွက် အဲ့ဒီ့မှာ ဆွေးနွေးနိုင်ပါတယ်..။ ကျွန်တော့် Blog Post မှာ ကျွန်တော် Comment ပြန်ရေးခြင်း မရှိတဲ့ အတွက် ဒီနေရာမှာတော့ ကျွန်တော် ဘာမှ ပြန်လည် ဖြေကြားမည် မဟုတ်ပါ..။
Ref : ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၁)
About
I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!
26 Responses to “ရေစီးကြောင်းများ တိမ်းစောင်းခြင်း (၂)”
  1. ဆက်ရန် မျှော်နေပါမည်။ ဒီတစ်ပိုင်းတော့ ဘာမှပြောစရာမရှိတော့ဘူး ပြောချင်တာတွေ အရင်အပိုင်းမှာ ပြောပြီးသား ဖြစ်သွားပြီ။ သုံးသပ်ချက်များ စောသွားသလားပဲ… :)
  2. ဖတ်ခဲ့ပါတယ်..။း)
  3. ဖတ်ပြီးသားပေမယ့်ထပ်ဖတ်သွားပါတယ်…ဆက်ရန်မျှော်နေပါတယ်..
    လိုချင်တဲ့အကြောင်းအရာရောက်အောင် အကိုးအကားနဲ့ဖေါ်ပြရေးတတ်တာကို ချီးကျူးမိတယ်.. အက်ဆေးတင်မက ဆောင်းပါးလဲ အရေးကောင်းတာပဲနော်.
  4. အင်း အကြမ်းဖတ်ပြီးပေမဲ့ ခုတခါ ပြန်ဖတ်တော့လည်း ပညာယူစရာ ထပ်ရသလိုဘဲ၊ အမ ပြောတဲ့ အကြံကိုလည်း စဉ်းစားအုံးနော်၊ ဖြစ်အောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။
  5. nice bro ..
  6. အင်း.. ဒီဆောင်းပါးရှည်ကို ဆုံးအောင်ဖတ်ပြီးမှ အနှစ်ချုပ်ကို သုံးသပ်ကြတာပေါ့။ တချို့ အမှန်တရားတွေက အချိုတော့ ပေါ့လိမ့်မပေါ့လေ။ :)
  7. အချို့အချက်တွေကို..မထောက်ခံပေမယ့်..မငြင်းနိုင်တာလည်း..အမှန်ပါ
    စိတ်ထဲမှာ..အထိဆုံးနဲ့..ကျေနပ်မိတာကတော့..
    ***ငါက ယောကျာ်း ငါလုပ်ချင်တာလုပ်လို့ရတယ်..။ နင်က မိန်းမ လုပ်လို့မရဘူးဆိုတဲ့ ဖာရိုဘုရင် လက်ထပ်က အတွေး အခေါ်တွေကိုေ
    ကျေးဇူးပြုပြီးတော့ ခေါစာပြစ်လိုက်ကြပါတော့..။***
    အရာရာတိုင်းမှာ..တရားမျှတမှု ၊ ကိုယ်ချင်းစာမှု နဲ့ နားလည်မှုသာရှိနေရင်..အားလုံးအဆင်ပြေသွားမှာပါ..
    ခေတ်နဲ့လိုက်လျောညီထွေစွာ အသိအမြင်တိုးတက်ဖို့နဲ့ ပြုပြင်သင့်တာတွေကို..ပွင့်လင်းစွာအကြံပြုရေးသားနိုင်တာကို..လေးစားပါတယ်..
    စောင့်မျှော်အားပေးလျက်
  8. အစ်ကို ရေးပြသွားတာလေးတွေ ကောင်းပါတယ်..တကယ် ဖြူစင်တဲ့မိန်းကလေးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားနိုင်တဲ့ အမှေးပါးလေး တစ်ခုမရှိခဲ့ရင် အလကားနေစွပ်စွဲ ခံမနေကြရဘူးပေါ့(သူတို့ ရဲ့ယောက်ျားတွေကလေ) ဆေးစာအုပ်တွေမှာလည်းအဲဒီအကြောင်းဖတ်ဖူးပါတယ်.
    .ခေတ်တခေတ်ရဲ့ရေစီးကြောင်းကို မတားဆီးနိုင်တာ နားလည်ပေမဲ့ ပေါ့တန်တာနဲ့ ခေတ်မှီတာ တခြားစီပါ..ညီမငယ်လေးတွေ ဆင်ခြင်နိုင်ကြပါစေ..ကိုယ်ချမရေးနိုင်တဲ့ topic ကို တင်ပေးတဲ့ ကို black ကိုလည်းကျေှးဇူးပါ
  9. နောက်တစ်ပိုင်း ထပ်ဖတ်ပြီးပါကြောင်း…။
    မြန်မာလူကြီးတွေရဲ့ အမြင်မှာတော့ အဲ့ဒီ Living Together ဆိုတာကို ကဲ့ရဲ့စရာ ကိစ္စရပ်တစ်ခုအနေနဲ့ မြင်နေသေးတယ်။
    ဘာမှအစွန်းအထင်းမရှိပဲ တစ်အိမ်တည်းမှာ တစ်ယောက်တစ်ခန်းစီ နေကြတာမျိုးကိုတောင် လက်မခံနိုင်ကြသေးပါဘူး။
    သမီးရည်းစားဆိုတာကို သမီးရည်းစားဆန်ဆန်ချိန်းတွေ့မှ သမီးရည်းစားလို့ မြင်ကြသေးတယ်။
    မြန်မာပြည်မှာဆိုရင်တော့ ဟုတ်တာပေါ့နော်။ မိသားစုနဲ့ ဝေးတဲ့နေရာမှာ နေနေကြတဲ့ သူတွေဆိုရင်တော့ ပြေးကြည့်မှ ဒီနှစ်ယောက်ပဲရှိသလိုဖြစ်နေတာ။ ချိန်းတွေ့တယ်ဆိုတာထက် လေးနက်တာတွေ ရှိလာပြီ။ သူ့ကိစ္စလည်း ကိုယ့်ကိစ္စ၊ ကိုယ့်ကိစ္စလည်း သူ့ကိစ္စဆိုတာမျိုးတွေ ရှိလာပြီ။ အဲ့ဒီအခါကျရင် နာရီပိုင်းချိန်းတွေ့တာထက် အချိန်တွေ ပိုလိုလာပြီပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မှီရတာတွေ ရှိလာတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဘ၀တစ်ခုအတွက် ကြိုးစားနေရတဲ့သူတွေအတွက် အသုံးစရိတ်အရ Save ဖြစ်အောင်တွက်လာရတာတွေရှိမယ်။ အကြောင်းအမျိုးမျိုးတွေကြောင့် တစ်အိမ်တည်း နေဖြစ်သွားပေမယ့် စည်းစောင့်ကြတဲ့သူတွေလည်း ရှိပါတယ် ။
    ဒါပေမယ့် လူကြီးတွေ အမြင်ကတော မသင့်တော်ဘူးပဲ..့
  10. ရေးထားတာတော့ အရမ်းကောင်းပါတယ် ဘလက်ကြီးရေ ….
    အမှန်ပြောရရင် ငါက တကယ်ကို အတွေ့အကြုံမရှိသေးတော့ မဝေဖန်တက်ဘူး …
    စာတွေ့တွေအနေနဲ့ ပြောရမယ်ဆိုရင်တော့ ရေးထားတာလေးတွေ တော်တော်များများ မှန်ကန်ကောင်းမွန်ပါတယ်ဗျာ …
    နောက်အပိုင်းတွေလည်း ဆက်ဖတ်နေဦးမှာပါ …
  11. အပိုင်း ၁ ကိုရော၊ အပိုင်း ၂ ကိုပါ ထပ်ဆင့် ဖော်ပြခွင့် တောင်းပါတယ်။ စာလုံးပေါင်းကလွဲလို့ ဘာမှ ပြင်ဆင် တည်းဖြတ်ခြင်း ပြုမည်မဟုတ်ပါ။ ကျွန်တော့်အမည်ကို အရောင်ကွဲနဲ့ လောရှည်မှတ်ချက်လို့ တပ်ပြီး ဆောင်းပါးအဆုံးမှာတော့ ထည့်ကောင်းထည့်ပါမယ်။ ခွင့်ပြုတယ်ဆိုရင် lawshay@lawshay.com ကို ခွင့်ပြုကြောင်းလေး ရေးပေးပါနော်။
  12. ကျွန်တော့် အမြင်လို့ ရေးတာ ။ အမည်ဖြစ်သွားတယ်။
  13. @_@
  14. DEAR MR. BLACK…
    တစ်ချိန်မှာ မိမိရဲ့ အိမ်ထောင်ရှင် ဇနီးကောင်းတစ်ယောက် ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ဟာ အပျိုစစ်ဖို့နဲ့ မိမိအပေါ်သစ္စာရှိဖို့၊ နားလည် ပေးနိုင်မှု၊ ဂရုတစိုက်ရှိမှု၊ အိမ်ထောင်တစ်ခုကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်တို့နဲ့ ဘယ်ဟာက ပိုပြီးအရေးကြီးပါသလဲ..?အနှစ်သာရပိုကြပါသလဲ..?ပိုဖြစ်သင့်ပါသလဲ…? လူဆိုတာ ဘယ်သူမှ အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝတစ်ခုပါ…။ ခင်ဗျားတို့လည်း မှားဖူးပါလိ့မ်မယ်…။ ကျွန်တော်လည်း မှားဖူးပါတယ်..။
    အတွေးအခေါ် ၊ အယူအဆ တူတယ် ဗျို့ … ။ ကျွန်တော် မှားဖူးတဲ့ အကြောင်းလေးလည်း သိချင်ပါသေးတယ် ဗျာ .. :D :D :D
  15. ဟုတ်တယ်.. ကိုဘလက်ပြောတာ…
    မိန်းကလေးတွေဘက်ကရေးပေးတာကို လေးစားတယ်။ အမှန်တော့ ကိုယ်သာ သူနေရာမှာဆို ဘယ်လိုနေမလဲဆိုပြီး တွေးပေးလိုက်ရင် အကုန်အေးပြီနော်။
  16. ဆက်ရေးပါဖတ်လို့ကောင်းတယ်
  17. သဘောတူတဲ့ အချက်တွေ ရှိသလို မတူတဲ့ အချက်လေးတွေလဲ ပါတယ်ကွ.. မတူတဲ့ အချက်ဆိုတာ ကပ်သက်ပြီးလျောက်မေးရင်ပေါ့ကွာ. generally ကတော့ သဘောတူတယ်။ မင်းလဲ ငါ့ကို သဘောတူကွာ. (မင်းညီမလေးနဲ့.. သူ့ကြမ္မာ သူဖန်တီးပါစေ :P )။ ဖြိုးငယ်က လာပြီး ကြော်ငြာ ၀င်သွားသေးတယ်။ ငါတော့ ယုံပေါင်။ :)
  18. အရမ်းကောင်းတဲ့ ဆောင်းပါးပါ..။ နောက်များများရေးဖို့မျှော်လင့်မိတယ်
  19. ဖတ်သွားပါတယ်
  20. DEAR MR. BLACK…
    တစ်ချိန်မှာ မိမိရဲ့ အိမ်ထောင်ရှင် ဇနီးကောင်းတစ်ယောက် ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ဟာ အပျိုစစ်ဖို့နဲ့ မိမိအပေါ်သစ္စာရှိဖို့၊ နားလည် ပေးနိုင်မှု၊ ဂရုတစိုက်ရှိမှု၊ အိမ်ထောင်တစ်ခုကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်တို့နဲ့ ဘယ်ဟာက ပိုပြီးအရေးကြီးပါသလဲ..?အနှစ်သာရပိုကြပါသလဲ..?ပိုဖြစ်သင့်ပါသလဲ…? လူဆိုတာ ဘယ်သူမှ အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝတစ်ခုပါ…။ ခင်ဗျားတို့လည်း မှားဖူးပါလိ့မ်မယ်…။ ကျွန်တော်လည်း မှားဖူးပါတယ်..။
    အတွေးအခေါ် ၊ အယူအဆ တူတယ် ဗျို့ … ။ ကျွန်တော် မှားဖူးတဲ့ အကြောင်းလေးလည်း သိချင်ပါသေးတယ် ဗျာ .. :D :D :D
  21. DEAR MR. BLACK…
    တစ်ချိန်မှာ မိမိရဲ့ အိမ်ထောင်ရှင် ဇနီးကောင်းတစ်ယောက် ဖြစ်လာမယ့် မိန်းကလေးတစ်ယောက်ဟာ အပျိုစစ်ဖို့နဲ့ မိမိအပေါ်သစ္စာရှိဖို့၊ နားလည် ပေးနိုင်မှု၊ ဂရုတစိုက်ရှိမှု၊ အိမ်ထောင်တစ်ခုကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်တို့နဲ့ ဘယ်ဟာက ပိုပြီးအရေးကြီးပါသလဲ..?အနှစ်သာရပိုကြပါသလဲ..?ပိုဖြစ်သင့်ပါသလဲ…? လူဆိုတာ ဘယ်သူမှ အမှားနဲ့ မကင်းနိုင်ကြတာ သဘာဝတစ်ခုပါ…။ ခင်ဗျားတို့လည်း မှားဖူးပါလိ့မ်မယ်…။ ကျွန်တော်လည်း မှားဖူးပါတယ်..။
    အတွေးအခေါ် ၊ အယူအဆ တူတယ် ဗျို့ … ။ ကျွန်တော် မှားဖူးတဲ့ အကြောင်းလေးလည်း သိချင်ပါသေးတယ် ဗျာ .. :D :D :D
  22. အပိုင်း ၁ ကိုရော၊ အပိုင်း ၂ ကိုပါ ထပ်ဆင့် ဖော်ပြခွင့် တောင်းပါတယ်။ စာလုံးပေါင်းကလွဲလို့ ဘာမှ ပြင်ဆင် တည်းဖြတ်ခြင်း ပြုမည်မဟုတ်ပါ။ ကျွန်တော့်အမည်ကို အရောင်ကွဲနဲ့ လောရှည်မှတ်ချက်လို့ တပ်ပြီး ဆောင်းပါးအဆုံးမှာတော့ ထည့်ကောင်းထည့်ပါမယ်။ ခွင့်ပြုတယ်ဆိုရင် lawshay@lawshay.com ကို ခွင့်ပြုကြောင်းလေး ရေးပေးပါနော်။
  23. တစ်ခုလောက်အကြံပေးချင်ပါတယ်..
  24. ဒီပို့စ်..ရဲ့ ခေါင်းစဉ်က..ရေစီးကြောင်းတိမ်းစောင်းခြင်းပေါ့နော်…ရေးထားတာကိုလည်း..လက်ခံပါတယ်..စာအုပ်တစ်အုပ်လိုတော့.အကြောင်းအရာအားလုံးတော့မပြည့်စုံတာကိုလည်းနားလည်ပါတယ်…ဒီပို့စ်.မှာ..အဓိကပါဝင်သွားတာက.လူငယ်..ပြီးတော့..သမီးရည်းစား…..တွေနဲ့ living together စသည်တွေပေါ့…သူ့ဟာနဲ့သူတော့မှန်ပါတယ်.
  25. ဒီပို့စ်..ရဲ့ ခေါင်းစဉ်က..ရေစီးကြောင်းတိမ်းစောင်းခြင်းပေါ့နော်..
    .ရေးထားတာကိုလည်း..လက်ခံပါတယ်..စာအုပ်တစ်အုပ်လိုတော့.
    အကြောင်းအရာအားလုံးတော့မပြည့်စုံတာကိုလည်းနားလည်ပါတယ်..
    .ဒီပို့စ်.မှာ..အဓိကပါဝင်သွားတာက.လူငယ်..ပြီးတော့..သမီးရည်းစား..
    …တွေနဲ့ living together စသည်တွေပေါ့…သူ့ဟာနဲ့သူတော့မှန်ပါတယ်.
    တစ်ခုလောက်ထပ်ရေးစေချင်တာက..ခေတ်မှီတယ်ဆိုတာကို.
    .ဒီအပိုင်းလေးတွေတင်မကပဲ..တစ်ခြားလူမူ့ရေးနယ်ပယ်မှာ..ပါ.
    .ခေတ်မှီတယ်ဆိုတာ…ဘယ်လိုထင်တယ်.ဆိုတာကို.
    သိသာစေချင်တယ်..ဥပမာကိုပြောရင်..ခေတ်ရေးစီးကြောင်း
    .နဲ့လိုက်တယ်ဆိုတဲ့နေရာမှာ…အ၀တ်အစားလား.
    အသုံးအဆောင်ပစ္စည်းလား…ပညာလား……
    ငွေကြေးချမ်းသာမူ့တွေလား……ဂုဏ်တွေလား..စသည်ပေါ့..အခု.
    .ဖြစ်နေတဲ့လူအများစုက…ခေတ်ဆန် ခေတ်မှီတဲ့လူတွေသာဖြစ်နေကြပြီး..အမြင်ကျယ်တဲ့လူတွေ.
    .တွေးခေါ်ဆင်ခြင်နိုင်တဲ့လူတွေ…အမှားအမှန်..သူ့ဘက်ကို့ဘက်.
    .ဘက်မျှမတွေးပေးနိုင်တဲ့လူတွေ.(.ရူ့ ထောင့်တစ်မျိုးတည်းကလူတွေကိုဆိုလိုသည်) နည်းနေသေးတာကိုကျွန်တော်တွေ့မိတယ်။..ဒါမလို့..(ခေတ်မှီချင်ပါတယ်)ဆိုတဲ့စကားထက်…..(အမြင်ကျယ်ချင်တယ် ) ဆိုတဲ့စကား…ကိုအစားထိုး .ပြောင်းလဲပေးရမလိုလိုကိုဖြစ်နေတယ်……. ဘယ်လောက်ပဲခေတ်မှီနေပါစေ….အတွေးအခေါ်တွေ.
    .အမြင်ကျဉ်း မှူ့ တွေကို..မဖျောက်နိုင်သရွေ့ တော့….ကျွန်တော်တို့တွေဟာ..ခေတ်ရဲ့ နောက်ကိုလိုက်နေတာမှန်ပေမယ့်လည်း..မသိမသာ..ချောက်.
    .ထဲရောက်မှန်းမသိရောက်သွားနိုင်တယ်..ကို Black ပြောသွားတဲ့အထဲက. Sex ပိုင်းဆိုင်ရာလေးတွေကတော့.
    အဲဒီခေတ်မှီပါတယ်ဆိုတဲ့အထဲမှာပါတဲ့..အပိုင်းတစ်ခု
    ..ဆိုရင်မမှားပါဘူး.ဒါကလည်းအခြေခံပြောရရင်ခေတ်မှီတယ်ဆိုတဲ့.
    .အ၀တ်အစားတွေကနေ..စတင်ပြီး.
    .ဒီလိုအကြောင်းအရာတွေအခုနောက်ပိုင်းများပြားလာတာလည်းပါဝင်ပါတယ်..
    .၀တ်တာအပြစ်မဟုတ်ပေမယ့်…
    .သူ့ရဲ့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ခံစားချက်တွေက.
    .သာအပြစ်လို့ပဲပြောချင်ပါတယ်……ရှည်တောင်သွားပါပြီ..
    ဆက်ေ၇းနိုင်ဖို့မျှော်လင့်ပါတယ်..နောက်တစ်ခုက.. ဘာသာတရား.. ယဉ်ကျေးမူ့…
    .နဲ့ ရောထွေးပြီး….လူမူ့ဆက်ဆံရေးတွေမှာအားနည်းလာတာတွေ
    ..ပွင့်လင်းသင့်တာမပွင့်လင်း
    ပဲမပွင့်လင်းသင်တာတွေကိုပွင့်လင်းနေကြတဲ့..သူများအတွက်..ဆောင်းပါးတစ်ပုတ်ရေးသားစေချင်ပါတယ်
    …ဥပမာအနောက်နိုင်ငံတွေမှာ..ပွင့်လင်းတယ်ဆိုတာက.
    .တစ်ဖက်သူရဲ့ အချိန်ကိုငှဲ့ကွက်သောအားဖြင့်.မိမိအချိန်ကိုငှဲ့ကွက်သောအားဖြင့်….
    ပြောဆိုကြပါတယ်..ကျွန်တော်တို့လူမျိုးအနည်းစုက.
    .အရှက်ကြီးတာလိုလို..မိန်းကလေးသိက္ခာ..လိုလိုနဲ့..နောက်ဆုံးရလတ်က. ဘ၀င်မြင့်တယ်.မာနကြီးတယ်..
    ဆိုတဲ့စကားလုံးတွေနဲ့အဆုံးသတ်နေရပါတယ်.ဒါလေးကိုလည်း အနည်းအကျဉ်းဖော်ပြရေးသားပေးစေချင်ပါတယ်
  26. [...] : ရေစီးကြောင်းများ တိမ်းစောင်းခြင်း (… Share this:FacebookEmailDiggPrint Post အသစ်တင်တိုင်း Email [...]
Leave a Reply