• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    အိပ်မက် လက်ဆောင်

    September 27 , 2009 | 1,487 views

    နိဒါန်း

    အဖေ…။ ညက…။ သား…။ အိပ်မက်တွေမက်တယ်…။ အိပ်မက်ထဲမှာ အရောင်တွေ မညီညာဘူး..။ ပညတ်တွေမညီညာဘူး..။ အသံတွေမညီညာဘူး။ ဘ၀တွေ မညီညာဘူး..။  အင်း…။ ရင်ခုန်သံတွေလည်း မညီညာဘူးပေါ့ အဖေရယ်…။

    အိပ်မက် (၁)

    အိပ်မက်ထဲမှာ…။ နံရံအချို့လည်း ပါတယ် အဖေ..။ ထူးခြားတာက အဲ့ဒီ့နံရံတွေမှာ “နား” မပါကြဖူးတဲ့လေ…။ ခပ်သဲ့သဲ့ ငိုရှိုက်သံအချို့ကြားမှာ အချို့ အချို့ရဲ့ ဘ၀တွေက ခါးလှပါတယ် အဖေရယ်..။ မေတ္တာမိုးခေါင်၊ သစ္စာရေရှား..။ ဒီသဘာဝတရား ကြီးက တစ်ခါတစ်လေ တစ်ကယ်ပဲ တရားရဲ့လား အဖေ…?

    အိပ်မက်ထဲမှာ…။ လူအချို့…။ အစားတစ်လုပ်စာ လုံလောက်တဲ့ ငွေအသပြာရဖို့ သူတို့အစာအိမ်ကိုသူတို့ ဖြုတ် လျှော့ဈေးနဲ့ ထုတ်နေကြတယ်…။ စပါးလုံးတစ်ထောက်စာ အရေပြားတစ်ခု အ၀တ်အစားဝတ်နိုင်ဖို့ ကိုယ့်သားရေကို ကိုယ်လှီးထုတ် ပိတ်စတစ်အုပ်နဲ့ လဲနေကြတယ်…။ လူအချို့ရှင် သန်ဖို့…။ လူအချို့ ယဇ်စဉ် တက်နေရတယ်…။

    မျှော်လင့်ခြင်းနဲ့ရက်တဲ့ ပန်းချီကားတစ်ချပ်…။ ရုတ်တရက်..။ စုတ်တစ်ချက်အမှားမှာ…။ စုတ်ပြတ်သတ်သွားတော့..။ စတေးလိုက်ရတာ ဘ၀တစ်ခု လုံးပေါ့ အဖေ..။ ရမ္မက်တွေကြား ရုန်းကန်လှုပ်ရှား…။ တစ်ခါတစ်လေများ..။ သားတို့မျှော်လင့်ချက်တွေကို အနားပေးဖို့တောင် မေ့ခဲ့ကြတာ ကြာပြီ ထင်ပါတယ် အဖေရယ်…။

    အိပ်မက် (၂)

    အိပ်မက်ထဲမှာ…။ မျက်မှန်တွေ အရမ်း ရောင်းကောင်းတယ် အဖေ…။ အဲ့ဒီ့မျက်မှန်က ဘယ်သူ့ကိုမဆိုကြည့် လိုက်တာနဲ့ အဲ့ဒီ့လူရဲ့ ကျောကုန်းမှာ လှေခါး ဘယ်နှစ်ထစ် ပါတယ်ဆိုတာ မြင်ရတယ်…။ အဲ့ဒီ့လူရဲ့ ဦးနှောက် ထဲမှာ ဓာတ်ဆီ ဘယ်နှစ်ဂါလံ ပါတယ်ဆိုမြင်ရတယ်…။ အင်း…။ အဲ့ဒီ့လူရဲ့ နှလုံးသားထဲမှာ အတ္တဘယ်နှစ်ပိသာ ပါတယ်ဆိုတာလည်း မြင်ရတယ် ဆိုပါတော့အဖေရယ်..။

    အိပ်မက်ထဲမှာ….။ သားမျှားမိတဲ့ငါးက…။ အရိုးထွားတယ်…။ ချေးခါးတယ်…။ ဘေးတိုက်သွားတယ်…။ ရေခဲ ရိုက်ထားတယ်…။ ခြေထောက်များ တယ်..။ နောက်ပြီးတော့…။ အင်း…။ နားရွက်လည်း နဲနဲကားတယ် အဖေ…။ သူကပြောတယ်…။ ငါဟာ ရှားပါး “ငါး”…။ မင်း မမျှားလည်း..။ ငါ့ကို စားချင်တဲ့သူတွေ အများကြီးတဲ့…။ စုပ်လည်းဆူး..။ စားလည်းရူး…။ မထူးပါဘူးအဖေရယ်…။ သား…။ စည်သွပ်ဘူးထဲ ထည့်လိုက်တယ်….။

    သန်းခေါင်ထက် ညဉ့်မနက်ဖူး ဆိုတဲ့စကား…။ မျက်မမြင်တစ်ယောက်ကြားရင်…။ ဟားပါလိ့မ်မယ် အဖေ…။ အလင်းနဲ့ အမှောင်ကြား…။ သူသိတဲ့ အမှန်တရားက…။ အရောင်တွေ သိပ်မများလှပါဘူး…။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့…။ အလင်းဆိုတာ အမှောင်ထက်မြတ်ကြောင်း…။ ဘယ် “တောင်” ကိုတက်ပြီး…။ သားသူ့ကို သက်သေထားရမလဲ အဖေ…?

    အိပ်မက် (၃)

    အိပ်မက်ထဲမှာ..။ သစ်ပင်တွေ တွေ့တယ်အဖေ..။ ဒါပေမယ့် အဲ့ဒီ့သစ်ပင်တွေက မြေပြင်မှာ အမြစ်မတွယ်ပဲ တိမ်တွေထဲမှာ အမြစ်တွယ်တယ်လေ..။ သူတို့က တိမ်ညွှန့်စားပြီး ဖွားကြတာတဲ့…။ ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်တန်တော့လည်း ကမ္ဘာ့ဆွဲငင်အားက ဘယ်သူ့ကိုမှ လက်လီ၊လက္ကား  ဈေးစ ကား မများခဲ့ဘူး မဟုတ်လားအဖေ…? သူတို့သစ်ရွက်တွေ ကြွေတော့လည်း ဒီမြေပြင်ပေါ်ပဲ သက်ဆင်းခဲ့ရတာပဲ မဟုတ်လား အဖေ?

    အိပ်မက်ထဲမှာ…။ ဧရာဝတီဘက်က ပြန်လာတဲ့…။ လေပြေအချို့နဲ့လည်းတွေ့တယ် အဖေ…။ “ဒီကောင် လေပဲ ရှိတာပါကွာ..” လို့ ပြောတတ်တဲ့ လူတွေကို မကျေနပ်လို့..။ ထိတွေ့ကိုင်တွယ်ခြင်း၊ မျက်စိဖြင့် မြင်နိုင်ခြင်း မရှိနိုင်အောင်လောက်အောင် နူးညံ့ပေမယ့်..။ လေမှာလည်း သူ့အားနဲ့ သူရှိ ကြောင်းသက်သေပြပြီး ပြန်လာတယ်လို့တော့ ပြောသံကြားမိတယ်..။

    တစ်ကယ်တော့ အိပ်မက်ဆိုတာ သားအတွက်တော့ တစ်ခါက ပြောဖူးသလို….။ ဘ၀တစ်လျှောက်လုံး နေ့စဉ်ရက်ဆက်မှန်မှန် စားသုံးခဲ့တဲ့ နံနက်စာ သက်သက်ပါပဲ အဖေရယ်…။

    နိဂုံး

    ဘာရယ်တော့ မဟုတ်ဖူးပေါ့အဖေရယ်..။ လောကမှာ အဖေလို့ ခေါ်နိုင်တဲ့ အခွင့်အရေးလေးရှိတုန်း…။ အဖေ့ မွေးနေ့မှာ..။ အမှတ်တရအနေနဲ့..။ မက်ဖူးတဲ့ အိပ်မက်လေးတွေအကြောင်း တိုင်တည် ရုံလောက်ပါ…။ သားလို တိုင်တည်ခွင့်မရတော့တဲ့ သူတွေရဲ့ ကိုယ်စားလည်း ပါတာပေါ့ အဖေ ရယ်…။

    P.S- HAPPY BIRTHDAY DAD!!!

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    17 Responses to “အိပ်မက် လက်ဆောင်”

    1. Very Subjective Post!!!

      Your dad would be proud of to having son like you. Infuse with your good spirit up.

      Welldone..,

      Nandar :) )

      Like or Dislike: Thumb up 0 Thumb down 0

    2. စကားလုံးတွေ လှတယ်..
      ထိတယ်…..
      ကောင်းတယ် ညီ

      Like or Dislike: Thumb up 0 Thumb down 0

    3. ဘာရေးရမှန်းမသိဘူးဆိုတဲ့ အစ်ကို့စကားကို မယုံတော့ဘူး.. :)
      တချို့တွေရဲ့အိပ်မက်တွေမှာ အရောင်တွေစုံနေပေမယ့် တချို့တွေကျတော့လည်း မှောင်မဲမွဲခြောက်လို့လေ…

      မင်္ဂလာရှိသော မွေးနေ့လေးဖြစ်ပါစေ ဦးရေ။

      Like or Dislike: Thumb up 0 Thumb down 0

    4. ဘဝ အမြင်လေး ဖွဲ့ ထားတာ သိပ်ကောင်းပါတယ်
      အဖေ လို့ ခေါ်လိုက်ရလို့ ခန္ဓာကိုယ်ထဲ မှာ နှလုံးသားထဲမှာ ဖြစ်တည် လာတဲ့ အားဟာ အခက်အခဲဟူသမျှ လက်စတုံးစေနိုင်တယ် …..
      black dream ရဲ့ ဖေဖေ အတွက် ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ လို့ ဆိုတောင်းလိုက်ပါတယ်
      ခင်မင်လျှက်
      ရန်ကုန်သား :) )

      Like or Dislike: Thumb up 0 Thumb down 0

    5. သိပ်လှတဲ့ အိပ်မက်…

      အဖေ….ကို…သားက..တိုင်တည်လိုက်တာ…တိုင်တမ်းလိုက်တာ…

      အိပ်မက်ပါ..
      ဒါပေမယ့်..အနက်…

      Like or Dislike: Thumb up 0 Thumb down 0

    6. :)

      Like or Dislike: Thumb up 0 Thumb down 0

    7. ကြိုက်တယ်။ အင်း ပြီးတော့…..

      Like or Dislike: Thumb up 0 Thumb down 0

    8. မောင်လေးရေ….အိပ်မက်လက်ဆောင်တဲ့လား…
      ရရကျိုးနပ်ပါတယ်….စကားမစပ်…မောင်လေးရဲ့..ဖေဖေ
      မွေးနေ့မှာပျော်ရွှင်ကျန်းမာပါစေလို့..ဆုတောင်းလိုက်ပါတယ်…

      Like or Dislike: Thumb up 0 Thumb down 0

    9. မောင်လေးရဲ့ဖေဖေအတွက် လက်ဆောင်လေးပေါ့နော်…

      အဲ့ဒီလို လှလှပပ အရေးအသားလေးတွေ အားကျတယ် :)

      Like or Dislike: Thumb up 0 Thumb down 0

    10. black ကြီးရဲ့ ဖေဖေအတွက် Happy Birthday ပါ မောင်လေးး

      Like or Dislike: Thumb up 0 Thumb down 0

    11. ကောင်းတယ်ဟေ့ …
      အဖေ့မွေးနေ့ကို ဂုဏ်ပြုပေးထားတာ …

      Like or Dislike: Thumb up 0 Thumb down 0

    12. အိပ်မက်ထဲမှာ မွန်းကျပ်မှုတွေလည်း ရှိတယ်…. အောက်ဆီဂျင်ဆိုင်တွေလည်းရှိတယ်… တစ်ချိန်တည်းမှာပဲ အိပ်မက်ထဲမှာ တချို့တွေက ရင်တုန်ကြလို့ ကော်ဖီဖြတ်နေကြပြီး.. တချို့တွေက မိုးပျံရထားစီးဖို့ တစ်ပြားကနှစ်ပြားခွာနေကြပါရောလား……

      Like or Dislike: Thumb up 0 Thumb down 0

    13. မိုက်တယ်ဗျာ… တွေးထားတာလေး။

      Like or Dislike: Thumb up 0 Thumb down 0

    14. သာမာန်အားဖြင့် လူအတော်များများဟာ အဖေကို အဖေလို့ ခေါ်ခွင့်ရကြတယ်။ ဒီအထဲမှာ မင်းလည်း ပါနေတယ်။ ဒါပေမယ့် အဖေလို့ ခေါ်ခွင့်ရတဲ့ တန်ဖိုးကိုတော့ လူတိုင်း သိသလိုနဲ့ ခင်မှုန်မှုန်ပဲ ရှိနေတယ်။ တစ်သက်တာ ငါမရခဲ့သေးတဲ့ အခွင့်အရေးအတွက် ဒီပိုစ့်လေးဖတ်ပြီး ငါ့ရဲ့ မျှော်လင့်ချက်တွေ တဖန်ထမြောက်ပြန်တယ် မဲကြီးရေ။

      “အဖေကျန်းမာပါစေ”

      Like or Dislike: Thumb up 0 Thumb down 0

    15. what a nice post.. :) wish i could hv such skills and thoughts

      Like or Dislike: Thumb up 0 Thumb down 0

    16. idea နဲ့ခံစားချက်လေးတွေ အရမ်းကောင်းတယ်…
      အခွင့်အရေးဆိုတာလေး ရှိနေတုန်း ကျန်တာတွေဘေးချိတ်နိုင်တာလေးတွေ လုပ်ပေးကြရအောင်…

      Like or Dislike: Thumb up 0 Thumb down 0

    17. ရသ မြောက်ပါပေတယ်

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply