ဒီလို ဒီလို ရှိတယ်…
550 viewsအားလုံးပဲ မင်္ဂလာပါ..။
ပျောက်နေတာကြာလို့ မျက်စိနောက် တော်တော် သက်သာသွားကြမယ်ထင်ပါတယ်..။ အခု မျက်စိပြန်နောက်ရလေအောင် ပေါ်တော်မူလာပါပြီ..။ ပျောက်ရခြင်းအကြောင်းအရင်းတွေကတော့ သိကြတဲ့အတိုင်းပဲ ကျွန်တော့်ရဲ့ စာသင်နှစ်နောက်ဆုံးဖြစ်တဲ့ ဒီနှစ်ရဲ့ နွေရာသီမှာ ကျွန်တော် မရောက်ဖူးသေးတဲ့နေရာတွေ..။ အရင်ကတည်းကသွားချင်ခဲ့တဲ့ နေရာတွေကို စိတ်ရှိတိုင်း (ပိုက်ပိုက်တော့ နဲနဲရှိဖို့လိုပါတယ်
) သွားပြစ် လိုက်ပါတယ်..။
ပထမခရီးစဉ်က အသွားအပြန်အပါအ၀င် ၂ ပတ်ကြာပါတယ်..။ ဒုတိယခရီးစဉ်က ၁ ပတ်ကြာပါတယ်..။ ပထမခရီးနဲ့ ဒုတိယခရီးကြားကာလမှာ လည်းဟိုလုပ် ဒီလုပ်နဲ့ စာတွေမရေးဖြစ်ခဲ့ပါဘူး..။ အခုတော့ အားလုံးပုံမှန် နီးပါးအတိုင်း ပြန်ဖြစ်နေပါပြီ..။ ကျွန်တော် ပြစ်ထားတဲ့ Myanmar Genius Forum ရော..။ MMGenius Blog Service ရော အကုန်လုံး ပြန်လည် လည်ပတ်နေပါပြီ..။ နောက်ထပ် တိုးချဲ့မဲ့ အစီအစဉ်အသစ်တွေ အတွက်လည်း ကျွန်တော်လုပ်နေပါတယ်..။
ဟုတ်ကဲ့…။ Intro တော်တော် ရှည်သွားပါပြီ..။ လိုရင်းကိုပြောပါမယ်..။ အခု ဒီပို့စ်က မှူးဒါရီက ဒီရက်ပိုင်းထဲ ဘာဖြစ်ညာဖြစ်ဆိုပြီး လာ Tag လို့ ရေးတာပါ..။ ကျွန်တော် ဒီကြားထဲလဲ စာရေးဖို့ ကြိုးစားပါသေးတယ်..။ မပြီးသေးတဲ့ ယူရယ်ခရီးသွားမှတ်တမ်းတွေကိုလည်း နောက်မှ ဆက်ရေး ပါ့မယ်..။ လက်ကစာမရေးတာကြာတော့..။ ရေးချင်တာတွေ ခေါင်းထဲရှိနေပေမယ့်..။ လက်က ထွက်မလာဘူးဖြစ်ဖြစ်နေပါတယ်..။ အခုတော့ ဒီ Tag ပို့စ်နဲ့ ပဲ အပျင်းကြီးနေတဲ့ လက်တွေကို သွေးပူလေ့ကျင့်ခန်း ပြန်ပေးလိုက်ပါတယ်..။ ဒီရက်ပိုင်းထဲ ဘာတွေဖြစ်နေတယ်..။ ဘာတွေခံစားနေရတယ် ဆိုတာကတော့…။ ကဲ….။ ပေါ့ပေါ့…လေး… ထားပြီး ဖတ်ကြည့်ကြတာပေါ့..။
တွေးနေမိတာက
မျက်လှည့်ပြတမ်း ကစားနေတဲ့ ကလေးတွေအကြောင်း
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ငါတော်တော်တုံးသေးတယ်..။
ကျန်းမာရေး
မာချက်ဗျာ…။
ဖတ်ဖြစ်တဲ့စာအုပ်က
St.Petersburg မြေပုံလမ်းညွှန်စာအုပ်
ရောက်နေဖြစ်တာက
ယူရယ်တောင်တန်းတွေရယ်..။ သိပ်လှတဲ့ ရေကန်ကြီးနဲ့ တောအုပ်တွေရယ်..။ နှစ်ပေါင်းများစွာက ခန်းနားမှုတွေကို ယခုအချိန်အထိ ထိန်းသိမ်း ထားနိုင်တဲ့ St.Petersburg မြို့က အဆောက်အအုံတွေရယ်..။ ကောင်းကင်ပြာပြာအောက်က လှပစွာစီးဆင်းနေတဲ့ Neva မြစ်ကြီးနဲ့ ကမ္ဘာကျော်Volga မြစ်ဝှမ်းဒေသကြီးရယ်…။
ရေးဖြစ်နေတာက
စကားလုံးတွေမပါတဲ့ အက်ဆေးတစ်ပုဒ်….။
နားထောင်ဖြစ်နေတာက
Greenday ရဲ့ Macy’s Day Parade
ရွတ်နေမိတဲ့ကဗျာက
The Brook ( By Alfred Lord Tennyson ) တစ်ပုဒ်လုံးအလွတ်မရပါဘူး..။ ဒါပေမယ့် ကျွန်တော် တော်တော်ကြိုက်ပါတယ်။ အကြိုက်ဆုံးစာ သားကတော့ Men May Come And Men May Go, But I Go On Forever ဆိုတာလေးပါ..။ အားလုံးမှတ်မိကြမှာပါ..။ ဘ၀ရဲ့ အနှစ်သာရတွေ မမြဲခြင်းတရားတွေနဲ့ ဖြစ်ပျက်မှုတွေအားလုံးကို လှပစွာ ဖွဲ့ဆိုထားတဲ့ ကဗျာပါ..။ ငယ်ငယ်က သူ့ယောက်ျားဆွဲထားတဲ့ The Brook သရုပ်ဖော်ပုံ ပန်းချီကားလေးကို ပြင်ရင်း ဆရာမကရှင်းပြခဲ့တုန်းက ခဏခဏ Willow Tree တွေရဲ့အောက်မှာ စီးဆင်းနေတဲ့ စမ်းချောင်းလေးအဖြစ် ကိုယ့် ကိုယ်ကို ခံစားခဲ့ရဖူးပါတယ်..။ အခု ခရီးသွားတဲ့အခါမှာလည်း ဒီလိုမြင်ကွင်းမျိုး မြင်ခဲ့ရတဲ့အခါမှာ စိတ်ထဲမှာ တော်တော် တစ်မျိုးတစ်မည် ခံစားရပါတယ်..။ ကြည်နူးသလိုလို..။ ၀မ်းနည်းသလိုလိုပါပဲ…။ စာအရှင်းပြကောင်းခဲ့တဲ့..။ ကဗျာတစ်ပုဒ်ကို နုလုံးသားနဲ့ခံစားတတ် ခဲ့အောင် သင်ကြားပြသပေးခဲ့တဲ့ သွားလေသူ ဆရာမကို ဒီကဗျာလေးကို အမှတ်ရခြင်းဖြင့် ကျွန်တော် ကန်တော့အပ်ပါတယ်..။
ဖြစ်ချင်နေတာက
Greenday ပြောသလိုပဲပေါ့ဗျာ..။ I Wanna Be Minority ပေါ့
စားဖြစ်နေတတ်တာက
ဒီရက်ပိုင်းတော့ အစုံပဲဗျို့..။ အီတလီ..။ ဂျပန်..။ ဥရောပ..။ မြန်မာ…။ တရုတ်..။ အစားအစာ အဆုံကို စားဖြစ်နေတယ်…။ ပိန်သွားမှာတောင် စိုးရိမ်ရ တယ်
သနားနေမိတာက
မြေဇာပင်ဖြစ်နေရတဲ့ သန်းနဲ့ချီတဲ့ ဘ၀တွေ…။
လွမ်းနေမိတာက
လွမ်းတတ်တဲ့အရင်က စိတ်မျိုးကို…။
မေ့လျော့ပစ်နေမိတာက
ကိုယ့်ကိုယ်ကို…။
ခါးသက်နေမိတာက
အသားထဲကထွက်တဲ့ လောက်ကောင်တွေ…။
တမ်းတနေမိတာက
တမ်းတတတ်တဲ့ အရင်က စိတ်မျိုးကို…။
ကြိတ်ပြီးချီးကျူးနေမိတာက
ချီးကျူးခြင်ရင် ပေါ်တင်ပဲဗျာ…။ အဲ့ဒီလူမျက်နှာတည့်တည့်ကြည့်..။ လက်ကို သေသေချာချာ ဆုပ်ကိုင်လှုပ်ရမ်းပြီးပဲ ချီးကျူးခြင်တယ်…။
ကြိတ်ပြီးအထင်သေးနေမိတာက
ဒါလဲဒီအတိုင်းပဲ..။ ကြိုက်ရင် ကြိုက်တယ်..။ မကြိုက်ရင်..။ လှည့်ကိုမကြည့်ဘူး…။ စိတ်လည်းမ၀င်စားဘူး..။ အတင်းလည်းမပြောဘူး..။ လုံးဝ Neglect ပဲ..။
ဆန္ဒမရှိတဲ့နေရာ
လူညွှန့်ခူးစားနေကြတဲ့…။ မြေနှိမ့်ရာ လှံစိုက်နေကြတဲ့….။ လက်ခမောင်းခပ်တတ်တဲ့ တောကြောင်တွေရှိတဲ့…။ ပါးစပ်ကဘုရားဘုရား လက်က ကား ယားကားယား လုပ်တတ်ကြတဲ့…။ မီးမလောင်ပေမယ့် မီးလောင်ဟန်ဆောင်ပြီး သားကိုချနင်းနေတဲ့.။ သူတွေရှိတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း ၊ နေရာ။
ဆန္ဒရှိနေတဲ့ကိစ္စ
ချီကွေဗားရားနဲ့ ခဏလောက်တွေ့ပြီး သူ့ဆီကအတွေ့အကြုံတွေယူ..။ စကားတွေပြောချင်တယ်…။
မုန်းတီးနေမိတာက
“Where Is Myanmar?” လို့ ပြန်မေးလာတဲ့သူတွေကို…။ ဒါမှမဟုတ် အဲ့လိုပြန်အမေးခံရအောင် တွန်းအားပေး ဖြစ်ပေါ်နေတဲ့ အကြောင်းအရင်းကို။
ချစ်နေတာက
အချစ်ကို အယုံအကြည်မရှိပါ..။ ကျွန်တော် ယုံကြည်တာ မေတ္တာ တရားသာ…။
စိတ်ပျက်နေမိတာက
မျက်လှည့်ပွဲတွေ…။
စွဲလန်းနေမိတာက
စီးကရက်…။
လိုအပ်နေတာက
လိုအပ်ချက်မဲ့မှု (သို့) လိုအပ်ချက်များမှ ကင်းလွတ်မှု (သို့) မလိုချင်မှု….။
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
သန်းခေါင်ထက် ညဥ့်မနက်ပါဘူး…။ နောက်တစ်ခုက Brave Heart ထဲမှာ Mel Gibson နောက်ဆုံးအော်သွားတဲ့ စကားလုံး…။
ဝန်ခံချင်တာက
ဘ၀မှာ ပြင်မရတဲ့ အမှားမျိုးတွေ မှားခဲ့ဖူးတယ်…။
P.S- အားလုံးအမှန်အကန်တွေချည်းပါပဲ..။ လုပ်ရေးထားတာ တစ်ခုမှ မပါ ပါဘူး..။ စာတွေ အမြန်ဆုံး ပြန်ရေးနိုင်အောင် ကြိုးစားပါ့မယ်..။ ဒီပို့စ် ကို ရေးဖြစ်အောင် Tag တဲ့ မှူးဒါရီ ကိုလည်း ကျေးဇူး…။
You’re currently reading “ဒီလို ဒီလို ရှိတယ်…”, an entry on BLACK DREAM
- Published:
- 08.15.09 / 11pm
- Category:
- Personal
- Tags:
- diary, neva river, the brook, volga river
- Post Navigation:
- « သို့… ယူရယ်တောင်တန်းများ (၃)
မြစ် »
