သို့… ယူရယ်တောင်တန်းများ (၂)
အပိုင်း (၁) ကိုရေးပြီး..။ ခရီးထွက်နေတဲ့နေရာကနေ နောက်တစ်ဆင့် ခရီးထပ်ထွက်သွားရလို့ ဆက်မရေးဖြစ်ဖူးဖြစ်သွားပါတယ်..။ သွားတာက တောထဲကိုပါ…။ ဆရာမသမီးရဲ့ သူငယ်ချင်းတွေနဲ့အတူ လူငယ်တွေချည်းသက်သက် Camp သဘောမျိုးသွားနေလို့ပါ…။ အခု ဒုတိယခရီးကနေ ပထမခရီးကို ပြန်ရောက်ပါပြီ..။ (ပထမခရီးတွေရော ဒုတိယခရီးတွေရော..။ တစ်ယောက်ထဲကို ရှုပ်နေတာပဲ
)
ဓာတ်ပုံမှတ်တမ်းတွေ တော်တော်များများရှိက်ထားပါတယ်..။ လက်ရှိ ၅ ရက်လောက်အတွင်းကို စုစုပေါင်း Camera သုံးလုံးပေါင်း ပုံ ၂၀၀၀ လောက် ရှိနေပါပြီ..။ (သိပ်မရိုက်ပါဘူးနော်
) ပုံတွေနဲ့ပတ်သတ်လို့ ဒီနေရာမှာတော့ ရှုခင်းပုံအချို့နဲ့ အထင်ကရနေရာတွေရဲ့ ပုံတွေလောက်ပဲ တော်ရုံ လောက် တင်မှာပါ။ ကျွန်တော် လက်စွမ်းပြထားတဲ့ပုံတွေနဲ့၊ အမှတ်တရဓာတ်ပုံတွေကတော့ ခါတိုင်းတင်နေကြနေရာမှာပဲ ပြန်လာရင် တင်ပါ့မယ်
၁၅.၇.၂၀၀၉
မနေ့က အချိန်မရှိတဲ့ကြားထဲမှာပဲ ရသလောက်ကဲထားတဲ့အရှိန်တွေရယ်..။ ခရီးပန်းထားတဲ့အရှိန်တွေ ရယ်ပေါင်းပြီး တော်တော်လေးအိပ်လို့ ကောင်းနေတုန်းပဲ..။ သူငယ်ချင်းက အပြင်သွားမယ်..။ ဆရာမဖုန်းဆက်နေပြီဆိုတာနဲ့ မျက်နှာသစ်၊ ရေပြေးချိုး၊ အ၀တ်အစားလဲ၊ မနက်စာစားပြီး ဆရာမ လာခေါ်မယ့် အချိန်ကို ထိုင်စောင့်နေလိုက်ပါတယ်…။
ခဏကြာတော့ ဆရာမရောက်လာပြီး ဒီနေ့သွားမယ့် အစီအစဉ်ကိုပြောပြပါတယ်..။ ဒီနေ့အဖို့ကတော့ မနက်၊ နေ့လည်၊ ည Non Stop Schedule ဆွဲထားပါတယ်…။
ဒီနေ့သွားမယ့် ခရီးစဉ်အကြောင်းမပြောခင် ကျွန်တော်တို့ အခုရောက်နေတဲ့ မြို့လေးအကြောင်းကို နဲနဲပြောပြခြင်ပါတယ်..။ ဒီမြို့လေးကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၃၆ နှစ်ဖြစ်တဲ့ ၁၇၇၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်..။ ယခင်က ဒီမြို့လေးဟာ သာမာန်မြို့တစ်ခုမဟုတ်ပဲ မော်တော်ကား အပါအ၀င် အာကသသိပံနဲ့သက်ဆိုင်တဲ့ နည်းပညာဆိုင်ရာ၊ စမ်းသပ်မှုတွေ၊ ထုတ်လုပ်မှုတွေ အစရှိတဲ့ စက်ကိရိယာများကို အဓိက ထုတ်လုပ်ရာ မြို့လေးဖြစ်တဲ့အတွက် အစိုးရက ခွင့်ပြုထားတဲ့သူများနဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှ မိသားစုများကလွဲလို့ ကျန်တဲ့ အခြားမြို့ကလူတွေ လာခွင့် မရှိပါဘူး။ အပြင်လူအထဲမ၀င်ရ အထဲကလူ အပြင်မထွက်ရဆိုတာ ဒီမြို့ကမှ အစစ်ပါ..။ သိပံပညာရှင်များစွာ ပေါ်ထွန်းခဲ့တဲ့ မြို့လေးတစ်ခုဆိုလည်း မမှားပါဘူး…။
ဒါက အခု ကျွန်တော်သွားမယ့်နေရာနဲ့ အနည်းငယ်ဆက်စပ်နေတာရယ်..။ ဗဟုသုတအဖြစ် မှတ်သားလို့ရအောင်ရယ်ပါ..။ ကျွန်တော်တို့ ဒီနေ့အ တွက် ပထမဆုံး စတင်ရောက်ရှိလေ့လာခဲ့တဲ့နေရာကတော့ အကြီးစားမော်တော်ယဉ်များ ထုတ်လုပ်တဲ့ မော်တော်ကားစက်ရုံပဲဖြစ်ပါတယ်..။ ကုန်တင်တဲ့နေရာ၊ သစ်ထုတ်တဲ့နေရာ စသည်ဖြင့် အကြီးစားဝန်သယ်မှုတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ကားကြီးတွေ ထုတ်လုပ်တဲ့နေရာပါ..။ IVECO Company ဖြစ်ပါတယ်..။
အဲ့ဒီ့ Company က Director နဲ့ ကျွန်တော်တို့ ဆရာမက သူငယ်ချင်းတွေဆိုတော့ သူကလာရောက် လေ့လာဖို့ ဖိတ်ခေါ်တဲ့အတွက် ကျွန်တော် တို့ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်..။ ကားတစ်စီးလုံးကို အစကနေစပြီး..။ နောက်ဆုံးတပ်ဆင်ပြီးတဲ့အထိ အဆင့်ဆင့်ပြုလုပ်ပုံများ..။ အသုံးပြုသည့် နည်းပညာများ..။ စသဖြင့် စိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်..။
Company က Italy ပိုင်ဖြစ်ပါတယ်..။ အင်ဂျင်က France ကပါ…။ စက်ကရိယာတွေက Germany Made ပါ…။ တာရာတွေနဲ့ Body က ဒီမှာ လုပ်ပါတယ်…။ ကြည့်ရတာ…။ ဟဲ…ဟဲ…။ သူတို့လည်း ကျွန်တော်တို့ကို အားကျလို့ ထင်ပါတယ်နော်…။
ကားစက်ရုံပြီးတော့ ကျွန်တော်တို့ အိမ်ပြန်နေ့လည်စာစားပြီး ခဏနား…။ နောက်တော့ ဒီမြို့ရဲ့ အထင်ကရ နေရာဆိုလဲဟုတ် ပြယုဂ်ဆိုလည်း ဟုတ်တဲ့ ရေကန်ကြီးမှာ သွားရောက်အပန်းဖြေလည် ပတ်ကြပါတယ်..။ မနေ့ကသွားခဲ့တဲ့နေရာနဲ့ မတူပါဘူး..။ ဒီနေရာက အခုကျွန်တော်အောက်မှာ ဖော်ပြပေးထားတဲ့ပုံအချို့ကိုကြည့်ပါ..။ အမှတ်တမဲ့ကြည့်ရင် တကယ့် ပင်လယ်ကမ်းခြေတစ်ခုလိုဖြစ်အောင်ကို ဖန်တီးပေးထားခြင်းဖြစ်ပါတယ်..။ အမှန်က ရန်ကုန်က အင်းယားကန်လို၊ ကန်တော်ကြီးလို ကန်မျိုးပါပဲ (အဟဲ..။ သူကတော့ အဆ ၅၀ လောက် ပိုကြီးတာပေါ့
) အနားယူ အပန်းဖြေတဲ့သူတွေ ကလည်း တကယ့်ကို စိတ်လွတ်လက်လွတ်…။ အကုန်လွှတ်ပြီးတော့ကို အနားယူကြပါတယ်..။ ကျွန်တော်အပါ အ၀င်ပေါ့
သူတို့စီစဉ်ဖန်တီးပေးထားတဲ့ ကမ်းခြေ (ကမ်းခြေပဲဆိုပါတော့ဗျာ..။ ရေကန်ဘောင်ကို သဲလေးတွေခင်းပြီး တစ်ကယ့်ကမ်းခြေလိုဖြစ်အောင် လုပ်ပေးထားတော့…။
) တစ်လျှောက်မှာ တစ်မြို့လုံးက လူတွေဟာ တကယ့်ကို အချိန်ပြည့် ကမ်းလုံးကျွတ်အမျှပါပဲ..။ သူတို့လိုအေးနိုင်ငံတွေအ တွက် အခုလိုပွင့်လင်းရာသီမှာ ဒီလိုမျိုးနေပူဆာလှုံရတာသိပ်ကို တော်တော်လေး သဘောကျပုံရပါတယ်..။ တစ်ယောက်နဲ့ တစ်ယောက် အသား ဘယ်သူ ပိုမဲသွားသလဲ၊ နေပူဘယ်သူ ပိုလောင်သွားလဲဆိုပြီး အမဲပြိုင်ကြပါတယ်..။ ပိုမဲတဲ့သူက နိုင်ပါတယ် ( သူတို့မို့အမဲပြိုင်ရတယ်လို့နော်
) ကျွန်တော်တို့လား? မမေးပါနဲ့ ကမ်းခြေတစ်လုံးမှာတော့ ကျွန်တော်တို့ သူငယ်နှစ်ယောက်က ဘုရင်ပါပဲ..။ ဟိုလူကကြည့် ဒီလူကကြည့်နဲ့..။ အားကျနေတဲ့ မျက်လုံးရွဲကြီးတွေနဲ့ပေါ့ဗျာ..။
အကြောင်းကတော့ ကျွန်တော်တို့နှစ်ကောင်စလုံးက နေပူဆာမလှုံခင်ကတည်းက သူတို့ထက်မဲပြီး သားဖြစ်နေလို့ပါပဲ
ဒီနေရာမှာပြောစရာတစ်ခုရှိတာက စည်းကမ်းပိုင်းပါ..။ လူတွေဘယ်လောက်များများ..။ ဘယ်လောက် စားထားကြ သောက်ထားကြ..။ သူတို့လူမျိုး တွေဆို ဘီယာကိုရေလိုသောက်၊ ဗော်ကာကို ဘီယာလို သောက်နေတဲ့ လူမျိုးတွေဆိုတော့ ပြောမယ်ဆိုရင် အမူးသမားတွေ ဘယ်လောက်တောင် များနိုင်မလဲ ခန့်မှန်းကြည့်လို့ရပါတယ်..။ ဒါပေမယ့် တစ်ယောက်ရဲ့ Privacy ကို တစ်ယောက်က ထိခိုက်ခြင်းမရှိအောင် နေကြခြင်း၊ ပြောမယ်ဆို ကမ်းခြေကလည်းဖြစ်၊ ဒီနိုင်ငံကလူတွေကမ်းခြေမှာ ဘယ်လိုနေကြသလဲဆိုတာ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း လက်ကမြင်း၊ ခြေကမြင်းလို့ ရသော်လည်း အဲ့လိုသရုပ်ပျက်မှုမျိုးတွေမရှိပါဘူး (သူတို့အတွက် ရိုးနေလို့နေမှာပေါ့ဆိုတဲ့ စကားမျိုးကိုတော့ ကျွန်တော်လက် ခံနိုင်မယ် မထင်ပါ။ ဒီလိုသရမ်းတာမျိုးက ရိုးသွားတဲ့အရာဟာမျိုးမဟုတ်တဲ့အတွက်..။ အဓိက စိတ်ဓာတ်က စကားပြောတယ်လို့ပဲ ကျွန်တော် ယူဆပါတယ်) မိမိစားပြီးသောက်ပြီးတဲ့ အမှိုက်သရှိက်တွေကို စနစ်တကျလွှင့်ပြစ်ခြင်း (အမှိုက်ပုံးထားပေးထားလို့ အမှိုက်ပုံးထဲ ထည့်တာတောင်မဟုတ်ပါဘူး။ အမှိုက်ပုံးမရှိပေမယ့်…။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကို စားထား သောက်ထားတဲ့ အမှိုက်တွေကို ကျွတ်ကျွတ်အိပ်တွေ ကျောပိုးအိတ်တွေနဲ့ ပြန်ထည့် သွားကြတာပါ။) ဒါကြောင့် အမှိုက်ပုံးမရှိလို့ တွေ့တဲ့နေရာမှာ ပြစ်တာပါဆိုတဲ့ ရွှေနိုင်ငံကြီးသားများအတွက် ဒါတွေဟာ အတုယူသင့်ပါတယ်။
ဒီနေ့အဖို့နောက်ဆုံးအစီအစဉ်ကတော့ တကယ့်ကိုထူးထူးဆန်းဆန်းပါပဲ..။ သူတို့ လူမျိုးတွေလဲ တစ်မျိုးပြီးတစ်မျိုးမရိုးရအောင် တတ်လဲ တတ်နိုင် ကြလွန်းပါတယ်…။ ဒီလိုပါ…။
သိတဲ့သူတွေလည်း သိကြမှာပါ..။ မကြားဖူးသေးတဲ့သူတွေလည်း အခုသိရတာပေါ့ဗျာ..။ ညနေကျွန်တော်တို့သွားတဲ့နေရာက Sauna ပါ..။ ဒီကအသံထွက်ကလည်း အဲ့ဒီ့အတိုင်းပါပဲ..။ သိပ်မကွာပါဘူး။ ဘယ့်နှယ့်ဗျာ အပူချိန် ၁၀၀ ဒီဂရီအထိ (အတိအကျ ၁၀၀ ဒီဂရီပါ..။ တစ်ခါတစ်လေ ၁၀၁/၁၀၂ အထိ ဖြစ်ပါတယ်) ရောက်အောင်အပူပေးထားတဲ့ ပေ ၂၀ ပတ်လည်လောက်လေးရှိတဲ့ အခန်းထဲကို လူတွေ ဆံ့သလောက် ၀င်ကြပါတယ်..။ ပုံမှန်ကတော့ တစ်ခါဝင် ၅ ယောက် ၁၀ ယောက်..။ ဒီလောက်ပါ..။ အဲ့လိုဝင်ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ အထဲမှာ ချွေးကတစ်ကိုယ်လုံး မိုးမိထားသလို မျိုးရွှဲဆိုနေတဲ့အထိ ထိုင်ကြပါတယ်..။ ရေကူးဝတ်စုံတွေနဲ့ပါ..။ အဲ့လိုမျိုး ၁၀ မိနစ်လောက်ထိုင်ပြီးလို့ တစ်ကိုယ်လုံး ကင်ထားသလိုဖြစ်ပြီဆိုတာနဲ့ အခန်းထဲက ထွက်ကြ..။ ပြီးရင်ကမ်းခြေကိုပြေး…။ ရေကန်ထဲ ဒိုင်ဗင်ထိုးပြီး ၅ မိနစ်လောက် ရေပြန်ဆင်းကူးကြ…။ ပြီးရင် အခန်းထဲ ပြန်ဝင်ကြ..။ ရေကန်ထဲ ပြန်ပြေးကြနဲ့..။ သတ်မှတ်ချိန်မပြည့်မချင်းပါပဲ…။
ပြီးရင် အဲ့လို ချွေးပြိုက်ပြိုက်ကြနေတဲ့အချိန်မှာ ထင်းရှူးပင်က သစ်ခက်တွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ရိုက်ပေးကြပါတယ်…။ Sauna ဆိုင်က တစ်ခါထဲစီစဉ်ပေးထားတာပါ..။ (အိပ်ခန်းထဲက မွေ့ယာနေပူထဲ ထုတ်ပြီး တုတ်နဲ့ ရိုက်သလိုတော့ ဘယ်ဟုတ်မလဲဗျာ။ အသက်ပါ ပါသွားမှာပေါ့
) အကြောအချဉ်ပြေစေတယ်လို့ ပြောတာပါပဲ..။ တစ်ခန်းလုံးက ပူကျစ်..။ ထင်းရှူးနံ့လေးတွေကသင်း။ မသိရင် ငရဲပြည်က ထင်းရှူးပင်းအောက်မှာ မီးလှုံနေရသလိုပါပဲ…။
နောက်တစ်ခါ ပြန်လာ..။ ချွေးပြန်ထုတ်ကြ..။ ပြန်ပြေးဆင်းကြ…။ အာ…။ ရှုပ်ရှက်ကို ခတ်နေတော့ တာပါပဲ…။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ထဲမှာ ရှိနေတဲ့ ချေးတွေ၊ ချွေးတွေအားလုံးကို သန့်စင်ပြစ်လိုက် တဲ့သဘောပါ..။ ကျွန်တော်လည်း သူတို့လိုပဲ တတ်နိုင်သလောက်တော့လိုက်လုပ်ပါတယ်။ ဒါပေမယ့်လည်းဗျာ ဆင်လည်းဆင်အထွာနဲ့ ဆင်..။ ဆိတ်လဲ ဆိတ်အထွာနဲ့ ဆိတ်ဆိုသလိုပေါ့..။ ရှင်းရှင်း ပြောတာပါ..။ သူတို့လောက်တော့ ကျွန်တော်မမိုက်နိုင်ပါဘူး..။ ဘယ့်နှယ့်ဗျာ..။ အရှင်လတ်လတ် ကိုယ့်ကိုယ်ကို ငရဲခန်းထဲပို့ရတယ်လို့..။
နဂိုကတည်းကမှ အကုသိုလ်က သိပ်ကင်းတာမဟုတ်ဖူး..။ တော်ကြာ အထဲမှာ ကြပ်တင်ပြီးသားဖြစ်သွားမှဖြင့်…။ ဘယ့်နယ်….။ မနက်ဖြန် ဆက်မကဲ လိုက်ရပဲနေမှာပေါ့ဗျာ..။ ဟုတ်ဖူးလား..။
ဒီလိုနဲ့ပဲ တစ်ရက်ကုန်သွားခဲ့ပါတယ်…။
ဆက်လက်ဖော်ပြပါမည်…
P.S- ကျွန်တော် Post တစ်ခုကို နှစ်ရက်စာရေးမလို့ပါပဲ..။ ဒါပေမယ့် နောက်ပိုင်းရက်တွေက တစ်နေ့ထဲမှာ သွားတာလာတာတွေကလည်းများ၊ ရေးချင်စရာ သိသင့်တာလေးတွေဖြစ်နေတာကြောင့် နှစ်ရက်စာပေါင်းရေးရင် တအားရှည်ပြီး ဖတ်ရတာ အိုင်သွားမှာစိုးတဲ့အတွက် ဒီနေ့တော့ တစ်ရက်စာပဲ ရေးလိုက်ပါတယ်..။ နောက်နေ့တွေကျရင်တော့…..။ အဆင်ပြေသလိုပေါ့
Final Stage မရောက်ခင် တစ်ဆင့်အလိုပါ
တကယ်ဆွဲမယ့်ပုံကြီး
အဖိုးကြီးတွေရော၊ အဖွားကြီးတွေရော၊ ကလေးရော၊ ခွေးရော စုံနေတာပဲ
Yatch Club ပါ..။
အရှင်လတ်လတ်ငရဲခန်းပါ၊ အိုက်ခမန်းရဲ့ ငရဲခန်း ထက် ပိုဆိုးမယ်ထင်ပါတယ်…








၁ရော ၂ရော ပေါင်းဖတ်သွားတယ်နော်၊ မရောက်ဖူးတဲ့နေရာတွေ တကယ် ရောက်နေရသလိုပါပဲ၊ ဆက်ရန်စောင့်နေပါတယ်
Like or Dislike:
0
0
အားကျတယ်အစ်ကိုရာ။။။ ညီလည်း နွေရာသီပိတ်ရက်လေး သွားချင်တာ အခုတော့ အိမ်မှာဘဲ နှပ်နေရတယ်..။ ဆက်လုပ်အစ်ကိုရေ ဆက်လုပ်..။
Like or Dislike:
0
0
၂ ဖတ်လိုက်ပြီးမှ ၁ ကို ပြန်ဖတ်မိတယ်..
ကိုယ်တိုင် ရောယောင်ပြီး စိတ်နဲ့ ခရီးတွေ လိုက်ထွက်လိုက်တယ်..
အယ့်…ဒါနဲ့ အပေါ်က ပုံတစ်ပုံမှာ ခွေးတွေ့ဖူးပဲ..:P
ထပ်ရှာရိုက်ပြပါ..။
အမြဲခင်တဲ့….
Like or Dislike:
0
0
ဟိုက်ရှားလပတ် .. ကောင်းတာလေးတွေပဲ .. ဟီးး ဆက်တင်ဦးနော်
Like or Dislike:
0
0
စိတ်ဝင်စားစရာခရီးသွားမှတ်တမ်းလေးကို လာဖတ်နေပါတယ်နော်…
Like or Dislike:
0
0
တကယ် beach လိုပါပဲလား
ပုံကိုကြည့်နေရင်းနဲ့ ကမ်းခြေမှာ ဒီအပင်ကြီးတွေ ဘယ်လိုပေါက်နေပါလိမ့်ဆိုပြီး တွေးလိုက်သေးတယ်
သြော် အပေါ်မှာ ကမ်းခြေအတုလို့ဖတ်လာရဲ့သားနဲ့ မေ့တတ်ပါ့
Like or Dislike:
0
0
မိုက်ပါ့။ အဲကရှုခင်းတွေကတော့ တော်တော်လှမှာနော်။ ရောက်ဖူးချင်တယ်။
Like or Dislike:
0
0
ငါတော့အဲဒီ အပူခန်းတွေကြိုက်တယ်ဗျ… ဆောင်တွင်းမှာ သွားလို့လားတော့ မသိဘူး။ မပြေးရပဲ ချွေးပေါက်ပေါက်ကျတာ သဘောကျလို့။ ပုံတွေအများကြီးရိုက်ခဲ့ကွာ…
Like or Dislike:
0
0
ငရဲခန်းမှာ ဗော်ကာထိုင် မသောက်ခဲ့ဘူးလား…
Like or Dislike:
0
0
အတွေ့အကြုံအသစ်မျိုးစုံရတဲ့ ခရီးတစ်ခုကို သွားနေရတာ တော်တော်ကို refreshing ဖြစ်မှာပဲ မောင်လေးရေ။ ခုလိုလေးရေးထားတာ ကိုယ့်အတွက် မှတ်တမ်းလည်း ဖြစ်တာပေါ့… Have a great trip!
Like or Dislike:
0
0
[...] Comments ရွှေပြည်သူ on သို့… ယူရယ်တောင်တန်းများ (၂)ရွှေပြည်သူ on သို့… [...]
Like or Dislike:
0
0
[...] (၁) • Blog Archive • BLACK DREAM on သို့… ယူရယ်တောင်တန်းများ (၂)ရွှေပြည်သူ on သို့… [...]
Like or Dislike:
0
0
ရုံးက ထမင်းစားချိန်မှာ ဖွင့်ကြည့်တာ။ ယူရယ်တောင်တန်းများအကြောင်းကိုသိပ် ကြိုက်တယ်။ ဓါတ်ပုံတွေထပ်ကြည့်ချင်တာဘယ်လိုလုပ်ရမလဲ။
Like or Dislike:
0
0
အားပါးပါး.. အားလည်းကျတယ်ဗျာ..ကျေးဇူးလည်းတင်တယ်..ဗဟုသုတ အသစ်တွေရလို့ပါ။ နောက်နောင် လည်း ခရီးသွားဖြစ်ရင် ဆက်တင်ပေးပါဦးလို့
Like or Dislike:
0
0