သို့… ယူရယ်တောင်တန်းများ (၁)
ကျွန်တော် ခရီးထွက်နေပါတယ်..။ နွေရာသီ အပန်းဖြေ ခရီးသဘောမျိုးပါ…။ အဲ့ဒီ့ ခရီးစဉ်လေးနဲ့ပတ်သတ်ပြီး ကျွန်တော် အပိုင်းလေးတွေခွဲကာ အားလုံး အတွက်မျှဝေပေးလိုပါတယ်..။ ကျွန်တော့်အတွက်လည်း ခရီးသွားမှတ်တမ်းသဘောမျိုးလေးဖြစ်သလို။ ဖတ်ရတဲ့ သူတွေအတွက်လည်း ဗဟုသုတ ရနိုင်စရာလေးတွေများပါရင် အကျိုးရှိမလားဆိုပြီးတော့ပါ။ ခရီးစဉ်မှတ်တမ်းကိုတော့ ကျွန်တော်အပိုင်းလိုက် ခွဲပြီးရေးသွားမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်တစ်ခုလုံးနဲ့ပါတ်သတ်ပြီး ရရှိလိုက်တဲ့ အသိတရားတွေ၊ အတွေ့အကြုံ ဗဟုသုတတွေ၊ အယူအဆ နဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေကိုတော့ ခရီးစဉ်မှတ်တမ်းအားလုံးရေးပြီးသွားတဲ့ အချိန်ကျမှ ကျွန်တော် သီးသန့်ထပ်ရေးပါမယ်..။ အခု ကျွန်တော်တင်ပြမယ့် ခရီးစဉ်အပိုင်းလိုက် လေးတွေ ကတော့..။ အပျော်သဘော၊ ခရီးသွားမှတ်တမ်း သဘောမျိုးသက်သက်ပဲ ဖြစ်ပါတယ်..။
အားလုံးပဲ ခံစားလိုက်ကြရအောင်လားဗျာ
၁၂.၇.၂၀၀၉
မော်စကိုမှ ညနေ ၃း၁၅ ရထားဖြင့် စတင်ထွက်ခွာခဲ့ပါတယ်…။ အိပ်စင်အတွဲနဲ့ဖြစ်ပါတယ်..။ ကျွန်တော့် သူငယ်ချင်းက အောက်ထပ်အိပ်စင်မှာ နေရာယူပါတယ်..။ ကျွန်တော်က အပေါ်ထပ် အိပ်စင်မှာပါ..။ ရထားတွဲထဲမှာ ကျွန်တော်တို့ နှစ်ယောက်နဲ့အတူ အခြားအမျိုးသမီးတစ်ယောက်နဲ့ သူ့ကလေးပါ ပါတယ်…။
အဲ့ဒီ့အမျိုးသမီးနဲ့ ကလေး ရထားလက်မှတ်ကိုင်ပြီး ကျွန်တော်တို့အခန်းထဲ ၀င်လာတဲ့အချိန်မှာတော့..။ ကျွန်တော်တို့ရဲ့ ခရီးသွားရင်း ဇာတ်လမ်း စဉ်မဟဲ့ ဆိုတဲ့ စိတ်ကူးလေးဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပါတော့တယ်..။ ရုပ်ရှင်တွေထဲမှာများ..။ မင်းသားကခရီးသွားရင် မင်းသမီးနဲ့ အတူထိုင်။ မင်းသမီးက ခရီးသွားရင် မင်းသားနဲ့တိုး…။ သူတို့မတော့…။ တယ်လည်း အဆင်ပြေလှပါတယ်..။ ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ တစ်ပွဲမှ မတိုးသေးပါဘူး…။
မြောက်များလှစွာသော ကျွန်တော့်ရဲ့ ဇာတ်လမ်းပေါင်းများစွာထဲမှာ ခရီးသွားဇာတ်လမ်းလေးတစ်ပုဒ်တော့ ကျွန်တော့အတွက် အမှန်အကန်ကို လိုအပ်နေပါပြီ..။ (ခရီးအတူသွားလိုသူ {{မိန်းကလေး<<လှလှလေး>>များ}} များရှိပါက ဆက်သွယ်ကြကုန်!!!)
ဒီလိုနဲ့ပဲ ရထားပေါ်မှာ အလုပ်မရှိ အကိုင်မရှိ..။ စာအုပ်ဖတ်လိုက်..။ မုန့်စားလိုက်..။ သီချင်းနားထောင် လိုက်..။ ယူလာတဲ့ Laptop ကို ထုတ်ပြီး ရှပ်ရှင်ကြည့်လိုက်..။ မှောင်တော့ အိပ်လိုက်နဲ့ပဲ..။ စာမေးပွဲကာလတစ်လျှောက်လုံး ဆရာတွေနဲ့ လုံးထွေးရစ်ပတ် သတ်ပုတ်ခဲ့ရသမျှတွေ၊ ခေါင်းက မီးခိုးထွက်မတက် တွက်ခဲ့စဉ်းစားခဲ့ရတာတွေကို အပန်းဖြေရင်း…။ ခရီးဆက်လာ ခဲ့လိုက်တာ….။
၁၄.၇.၀၉
မြို့ပေါင်း ၄၀ ကျော်နဲ့ နာရီပေါင်း ၄၀ အတိအကြာမှာ ကျွန်တော်တို့ရဲ့ ပန်းတိုင်….။ ကျွန်တော်တို့ငယ် စဉ်က ပထ၀ီဘာသာရပ်ထဲမှာ သင်ကြားခဲ့ရ တဲ့ အာရှတိုက်နဲ့ ဥရောပတိုက်ကို ပိုင်းခြားထားတဲ့ ယူရယ် (Urla Ranges) တောင်တန်းပေါ်မှာ တည်ရှိတဲ့ Myass (Миасс) ဆိုတဲ့ မြို့ကလေးကို နံနက် ၆း၃၀ မှာစတင်ရောက်ရှိခဲ့ပါတယ်။
ဘူတာမှာတော့ ကျွန်တော်တို့ရဲ့ ဆရာမနဲ့ ဆရာမရဲ့ သမီးက အသင့် လာရောက်စောင့်ဆိုင်းနေကြပါတယ်…။ ကျွန်တော့်ဆရာမက အဲ့ဒီ့မြို့မှာမွေး တာပါ..။ သူကနွေရာသီဆို ဒီမြို့လေးက သူ့အမေအိမ်မှာ မိသားစုလိုက်အမြဲ လာရောက် အပန်းဖြေလေ့ရှိပါတယ်..။ အခု ကျွန်တော်တို့လာမယ် ဆိုတဲ့အတွက် သူတို့ အိမ်ခန်းရဲ့ အောက်ထပ်မှာ အခန်းတစ်ခန်းငှားပေးပါတယ်..။ ပိုက်ဆံကတော့ ကျွန်တော်တို့ပေး ပေါ့
စားတာသောက်တာ အားလုံးကိုတော့ သူကကျွေးပါတယ်..။ မကျွေးလို့လည်း မဖြစ်ပါ..။ ရထားလက်မှတ် အသွားအပြန်ဖိုး၊ ၁၀ ရက်စာ အိမ်ငှားခနဲ့တင် လူကတော်တော် လေး ဖွတ်တက်နေပါပြီ။
နွေရာသီရဲ့ ပထမဆုံး ခြေလှမ်းတစ်ခုတော့ စတင်လိုက်ပြီဖြစ်ပါတယ်..။
ပထမဆုံး ကျွန်တော်တို့နေရမယ့်အိမ်ကို အရင်သွားကြပါတယ်..။ အိမ်ရောက်တော့ ထားစရာရှိတာတွေ နေရာချ..။ ရေချိုး..။ ပြီးတော့ နေ့လည်စာ စား…။ ကျန်ရှိနေတဲ့ နေ့တစ်ဝက်အတွက် သွားဖို့လာဖို့။ လန်းဖို့ အစီအစဉ်တွေကို စတင်စဉ်းစား တိုင်ပင်ကြပါတယ်..။
နေ့တစ်ဝက်လောက် ဖြစ်နေပြီမို့..။ ဒီနေ့အတွက်ဘာမှ သိပ်လုပ်စရာမရှိတော့ပါဘူး..။ မြို့ရောက်ရောက်ခြင်း လိုအပ်တဲ့ ၀ယ်စရာရှိတာအချို့ ၀ယ်ပါတယ်…။ ၀ယ်စရာရှိတာတွေ ၀ယ်ခြမ်းပြီးသွားတဲ့အချိန်မှာ နေ့လည် ၂ နာရီလောက်ရှိနေပါပြီ…။ အဲ့ဒီ့တော့ဘာလုပ်မလဲ..? အိမ်ပြန် နေ့လည် စာစားပေါ့…။ သိတယ်မလား..။ ညနေမှာ အစီအစဉ်တွေကျန်သေးတယ်လေ
စားသောက်ပြီး ခဏနား…။ အဲ့ဒီ့နောက်မှာတော့ ဒီမြို့လေးမှာရှိတဲ့ ရေအိုင်ကြီးဆီကို စတင် ခရီးဆက် ကြပါတယ်…။ ကျွန်တော်တို့ မြန်မာနိုင်ငံက အင်းလေးကန်ထက် ၃ ဆခန့် ပိုမိုကျယ်ပြန့်တဲ့ ရေကန်ကြီး တစ်ခုဖြစ်ပါတယ်..။ ကမာကျော် ဘိုင်ကယ် ရေအိုင်ကြီးပြီးလျှင် ဒီနိုင်ငံမှာ ဒုတိယ အကြီးဆုံး ရေအိုင်ကြီးပါ..။ (ဘိုင်ကယ်ရေအိုင်ကလည်း ဒီနိုင်ငံမှာပါပဲ) ဘိုင်ကယ်ထက်စာရင်တော့ အများကြီးသေးပါသေးတယ်..။ (ဒါတောင် အင်းလေးထက် ၃ ဆ လောက် ကျယ်တယ်)
ကျွန်တော်တို့ အဲ့ဒီ့ညနေသွားတာကတော့ ကမ်းခြေသဘောမျိုးနေရာမဟုတ်ပဲ..။ ဘန်ဂလိုလေးတွေနဲ့ သီးသန့်နားနေတဲ့နေရာမျိုးလေးပါ..။ ရေကူးဖို့နေရာတော့ရှိပါတယ်..။ ကျွန်တော်တို့ ကားနှစ်စီးနဲ့သွား ကြပါတယ်..။ ဆရာမရယ် ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ် ဆရာမသူ ငယ်ချင်းရယ်က ဆရာမ သမီးမောင်းတဲ့ကားနဲ့ပါ…။ နောက်တစ်စီးမှာက ဆရာမသမီးရဲ့ သူငယ်ချင်းတွေပါ…။
ဟိုမှာက ဆရာမရဲ့အပေါင်းအသင်းတွေက အသင့်စောင့်နေကြပြီးသားပါ..။ ရောက်တယ်ဆိုရင်ပဲ အ၀တ်အစားတွေလဲ ရေထဲ တန်းဆင်းပါတယ်..။ အဲ့ဒီ့နေ့က မိုးနဲနဲအုံ့နေတာရယ်..။ ညနေတော်တော် လေးစောင်း (၇ နာရီလောက်ဖြစ်နေပါပြီ) နေတာရယ်ကြောင့် တော်တော်လေး ရေက အေးနေ ပါတယ်။ ဒါနဲ့ပဲ အားလုံး ခဏပဲ အပန်းပြေရုံလောက်ကူးပြီး ပြန်တက်လာလိုက်ကြပါတယ်..။
အဲ့ဒီ့နောက် ရေစိုဝတ်တွေ ပြန်လဲကြ..။ မီးလှုံကြ…။ ညစာကို ကမ်းခြေမှာပဲ အတူတစ်ကွ ပျော်ရွှင်စွာ စားကြသောက်ကြ…။ ပါလာတဲ့ Guitar နှစ်လက် (သူတို့ ဂစ်တာတွေပါ..။ ကျွန်တော့် ဂစ်တာပထမက ယူသွားဖို့အစီအစဉ်ရှိပေမယ့် နောက်တော့ မသယ်ချင်တာနဲ့ ထားခဲ့လိုက်ပါတယ်) နဲ့ သူတို့က သူတို့သီချင်းတွေ တီးလိုက်..။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်က မြန်မာသီချင်းတွေ၊ ရသလောက် အင်္ဂလိပ်သီချင်းတွေ ဆိုလိုက်နဲ့ပဲ…။ ကျွန်တော်တို့ ခရီးစဉ်ရဲ့ ပထမဆုံး ညနေလေးကို ပျော်ရွှင်စွာ အဆုံး သတ်လိုက်ပါတယ်…။
ဆက်လက်ဖော်ပြပါမည်…
P.S- ညဘက်မှာတော့ ကျွန်တော့်သူငယ်ချင်းက ပင်ပန်းလို့ဆိုပြီး မလိုက်ပဲ အိပ်ပါတယ်..။ ကျွန်တော် ကတော့ ကျွန်တော့်ဆရာမသမီးရယ် သူ့သူ ငယ်ချင်းတွေရယ်နဲ့ ပေါင်းပြီး ဆက်လိမ့်ပါတယ်..။ ဘာတွေ သွားကြတယ်..။ ဘာလုပ်ကြတယ်ဆိုတာကတော့…။

စလုံးရေ “စ”

ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ဆောင်လာသော ရထားတွဲများ

သူတို့ဆီမှာလည်း လှေခါးထစ် စိုက်ပျိုးရေး စနစ်ရှိတယ်

ရောက်ပြီဗျို့

ညနေဘက် အနားယူခဲ့သော ဘန်ဂလိုနေရာလေးပါ
ငါဟာရွက်လွှင့်…ငါဟာရွက်လွှင့်..ကိုယ့်အိမ်သို့..တစ်ခေါက်ပြန်ဖို့..လှိုင်းတွေဖြတ်လို့..ရွက်လွှင့်ခြင်း ![]()








ငါပာာ ရွက်လွှင့် လုပ်မနေနဲ့ ကြုံတုံးလေး အားအကုန်သာ လှော်ပော့ ….
Like or Dislike:
0
0
ဒီလိုခရီးမျိုးက သွားရခဲတယ်… အားကျတယ် ကိုကြီး… တကယ် ပျော်စရာနဲ့ စိတ်ဝင်စားစရာ ကောင်းမယ့် စွန့်စားမှုမျိုးပဲ ဖြစ်မယ်… ချီးယားးး
Like or Dislike:
0
0
အခုအပိုင်း(၁) မှာ နောက်ဆုံး P.S ဆိုတာ စိတ်အဝင်စားဆုံးပဲ ညဘက် ဆရာမ သမီးနဲ့သူငယ်ချင်းတွေနဲ့ ဆက်လိမ့်တယ် ဆိုတာပေါ့ ..။
Like or Dislike:
0
0
ကေင်းပါတယ် သယ်ချင်း
Like or Dislike:
0
0
မိုက်တယ်။ ရထားက နာရီ လေးဆယ်လောက်စီးရတာပေါ့ ပျင်းစရာကြီး…..
Like or Dislike:
0
0
ဒေသန္တရ ဗဟုသုတမျိုးကြိုက်တဲ့ ကျနော့အတွက်တော့ ကွက်တိပဲ အကိုရေ .. လုပ်ပါဦးဗျာ ..
Like or Dislike:
0
0
“ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ တစ်ပွဲမှ မတိုးသေးပါဘူး…။”
မယုံတယုံပါပဲ
ရထားနဲ့ခရီးသွားရင်း မတိုးဖူးတာကို ပြောတာလား..း)
Like or Dislike:
0
0
I am interested in this post. keep it !
Like or Dislike:
0
0
ကြားတော့ ကြားမိသားဗျ ။ ကိုယ်တိုင် မသွားရပေမယ် အစ်ကိုသွားတာကို ဖတ်ရတော့လည်း သွားရသလိုပါပဲ ။ စားရေးကောင်းတာကိုး ။
ဆက်ရန်ကို စောင့်နေမယ်ဗျ ။ ဓာတ်ပုံတွေ များများတင်ပေးပါလား ။ ဒါမှ ဒီလိုတွေလားဆိုပြီး တွေ့ ရမြင်ရမှာ ။
Like or Dislike:
0
0
ခရီးစဉ် ၂ ကိုမျှော်နေပါတယ်
တောင်တန်းတွေ ရေကန်နဲ့ သဘာဝကို ရင်ခုန်မိတယ်
Like or Dislike:
0
0
နတ်သမီးလှလှလေးတပါးနဲ့တွေ့ဆုံစေသော်ဝ်
Like or Dislike:
0
0
လာဖတ်တယ်။ ဓာတ်ပုံလေးတွေကော မြိုင်မြိုင်ထည့်ပါဦး။
ကြည့်ရတာ အေးမယ့် ပုံပဲ။ ပထဝီမှာ သင်ရတဲ့ ယူရယ်တောင်တန်းဆိုတာ ခုမှ ပြန်အမှတ်ရတယ်။
Like or Dislike:
0
0
နောက် အပိုင်းတွေ စောင့်မျှော်နေမယ် ကိုဘလက်ရေ။
Like or Dislike:
0
0
မြန်မြန်ပြန်လာတော့
Like or Dislike:
0
0
[...] Comments GreenGirl on သို့… ယူရယ်တောင်တန်းများ (၁)ဧရာဝတီသား on သို့… [...]
Like or Dislike:
0
0
“မြောက်များလှစွာသော ကျွန်တော့်ရဲ့ ဇာတ်လမ်းပေါင်းများစွာထဲမှာ ခရီးသွားဇာတ်လမ်းလေးတစ်ပုဒ်တော့ ကျွန်တော့အတွက် အမှန်အကန်ကို လိုအပ်နေပါပြီ..။ (ခရီးအတူသွားလိုသူ {{မိန်းကလေး<>များ}} များရှိပါက ဆက်သွယ်ကြကုန်!!!)
” မဟူရာမဲမှောင်မှောင်နက်တို့ကတော့ လွန်ကိုလွန်တယ်။ အစ်မဖြစ်သူက မဆုံးမတဲ့အတိုင်းပဲ။ ညနေဘက် အနားယူခဲ့တဲ့ ဘန်ဂလိုနေရာလေးကို သဘောကျလိုက်တာ…
Like or Dislike:
0
0
အကိုရေးပြတာနဲ့ တင် သွားချင်လာပြီဗျာ. နောက်နှစ်တော့ သွားနိုင်အောင် ကြိုးစားဦးမယ် အကိုရေ။ အကို စာအရေးအသား ကောင်းတာကို ကြည့်ပြီး သွားလည်ချင်တာဗျ။ ပိုက်ပိုက်တော့ ရှိသေးဝူး။ အမကို့ မှာ ရှိရင် ချေးဦးနော်…..:P
Like or Dislike:
0
0
အော်… ကိုမဟူရာရယ်.. ကောင်းခန်းကျတော့ဆက်မရေးဘူး.. တောက်! ဟီးဟီး ညဘက်ဘယ်သွားပြီးဘာလုပ်လဲဟင်..ကိုရီးယားဇာတ်လမ်းတွဲလိုဘဲ ကောင်းခန်းရောက်မှ မီးပြတ်သွားတယ်
Like or Dislike:
0
0
ငါခုမှ လာဖတ်ဖြစ်တယ်… ဖတ်စရာအကြွေးတွေ များနေပြီ… ဓာတ်ပုံတွေ မမြင်ရတော့ဘူး… လုပ်အုံး… ရှင်းလင်းချက်လေးတွေနဲ့ဆိုတော့ ကြည့်ချင်တယ်လေ…
Like or Dislike:
0
0
[...] ရေးဖို့ကျန်နေတဲ့ သို့ ယူရယ်တောင်တန်းများ ကိုလည်း အဲ့ဒီ့တုန်းက ရေးသလို [...]
Like or Dislike:
0
0
[...] ရေးဖို့ကျန်နေတဲ့ သို့ ယူရယ်တောင်တန်းများ ကိုလည်း အဲ့ဒီ့တုန်းက ရေးသလို [...]
Like or Dislike:
0
0