ဂီတထွက်ပေါက် ၃
ညစ်နေတယ်ဗျာ..။ ဘာတွေမှန်းမသိဘူး..။ လူမှုရေး..။ ပညာရေး..။ ဘ၀ရှေ့ရေး..။ အားလုံးပဲ…။ အမြန်ဆုံးထူထူထောင်ထောင်ဖြစ်အောင်..။ စာတွေ ပုံမှန်ဆက်ရေးဖြစ်အောင်တော့ ကြိုးစားနေပါတယ်…။ အခုတော့ ညစ်ညစ်နဲ့ သီချင်းတွေချည်းလှိမ့်နားထောင်နေပါတယ်..။ ကျွန်တော့်လိုပဲ Down နေ တဲ့သူတွေအားလုံး ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်..။ အပြင်းမကြိုက်တဲ့သူတွေအတွက်ကတော့ စိတ်မကောင်းပါဘူး…။
ကျွန်တော်ကိုယ်တိုင်က ဘာပဲလုပ်လုပ် တစ်ဘက်စွန်းကို ရောက်တတ်လေတော့..။ ကျွန်တော့်ခံစားချက်..။ ကျွန်တော့်အယူအဆ…။ ကျွန်တော့် အတွေးအခေါ်တွေဟာလဲ..။ သူများနဲ့တော့ နဲနဲကွာခြင် ကွာဟနေပါလိ့မ်မယ်…။ ကြိုက်တဲ့သူက ခံစားလိုက်ပါ..။ မကြိုက်တဲ့လူကတော့ ပိတ်လိုက်ရုံ ပေါ့ဗျာ..။
Blackout – Scorpions
Numb – Linkin Park
Enter Sadman – Metallica
P.S- ထွက်ပေါက်ပျောက်နေတဲ့သူတွေအားလုံး အမြန်ဆုံး ပြန်လန်းနိုင်ကြပါစေဗျာ..။








ညစ်နေတဲ့စိတ်တွေ အမြန်ဆုံး ကြည်လင်နိုင်ပါစေ ……..
Like or Dislike:
0
0
ဖွေးနဲ့လျှော်လိုက် နာ့အကို
Like or Dislike:
0
0
သီချင်းပြင်းပြင်းလေးလည်းကောင်းပါတယ်…
Like or Dislike:
0
0
May U meet Happiness very near future !
Like or Dislike:
0
0
ဟူးး ကျနော်လည်း ညစ်နေတယ် စိတ်ဓာတ်က အောက်ဆုံးမှာပဲ မိသားစု အရေးပေါ့ဗျာ .. ပြန်လာမှ ရင်ဖွင့်မယ် ငါ့အကိုရယ်
Like or Dislike:
0
0
ငါလည်း မင်းလိုပဲဖြစ်နေတယ်ဟေ့ .. ဒါကြောင့် ပိုပြီး ကိုယ်ချင်းစာ မိပါတယ် …
Like or Dislike:
0
0
ညီရေ…
ဒီနေ့ ရှင်းရမယ့်ကိစ္စ ဒီနေ့ရှင်း၊ မနက်ဖြန်ရှင်းရမယ့်ကိစ္စမနက်ဖြန်မှရှင်း ရင် ညစ်တာတွေနည်းနည်းလျော့သွားမယ်ထင်တယ်။ ပြီးခဲ့တဲ့ဟာတွေလဲ အတိတ်မှာ တိတ်ဆိတ်စွာ အိပ်စက်ခွင့်ပေးထားလိုက်ပါ။ အကြောင်းအရာတွေကို ရောထွေးပြီး စဉ်းစားရင် အဖြေနဲ့ ဝေးနေလိမ့်မယ်။ Take time, be considerate. Relax….
Like or Dislike:
0
0
ဟား အကြိုက်ချင်းတော့ တူနေပြီဗျား။ ကျနော်လဲ စကော့ပီယံ၊နဲ့ မယ်ဒယ်လီကာ ကြိုက်တယ်ဗျ လစ်ကင်းပါတ်တော့ သိပ်မကြိုက်ဘူးဗျ။ သူလဲ ဆိုးတော့ မဆိုးပါဘူး။
Like or Dislike:
0
0
If it’s not okay yet, keep working. Everything will be alright at the end. So don’t forget to have a little fun that you deserve
Like or Dislike:
0
0
ညစ်နေတာတွေ ဖွေးအောင်….လျှော်ပစ်လိုက်
ဘဝတူတွေပါပဲလား…
Like or Dislike:
0
0
အပြင်းစားတွေပါလားညီ..
ပေါက်ကွဲနေပြိပေါ့
Like or Dislike:
0
0
Black ရေ
ဘာတွေများညစ်နေလဲ…
ညစ်တယ်ဆိုတာကုန်ကြမ်းပဲ…
ပြောင်မြောက်တဲ့ အနုပညာအတွက်ကုန်ကြမ်းပေါ့…..
Like or Dislike:
0
0
ဘာတွေဖြစ်နေလဲ မောင်လေးရေ။ ထူထူထောင်ထောင် တက်တက်ကြွကြွ ရှိစမ်းပါး) ဒါမှ မဟူရာမဲမှောင်မှောင်နက်နဲ့ တူမှာ။ အစစ အဆင်ပြေပါစေ…
Like or Dislike:
0
0