• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    အနက်ရောင် အိပ်မက်တစ်ခု၏ ၀ိဥာဉ်များ…

    June 12 , 2009 | 928 views

    နိဒါန်း

    ကျွန်တော် ၉ ရက် ၉ လ ၂၀၀၇ ခုနှစ်မှာ ဘလော့စတင်ရေးသားခဲ့ပါတယ်..။ ဘယ်လိုရည်ရွယ်ချက်တွေကြောင့် Blog စရေးဖြစ်ခဲ့တယ်..။ ဘယ်သူ တွေက ကျွန်တော့်ရဲ့ လက်ဦး မြင်ဆရာ၊ သင်ဆရာ၊ ကြားစရာတွေ ဖြစ်ခဲ့တယ်ဆိုတာကို အရင်က ရေးခဲ့ဖူးတဲ့ ပို့စ်တွေထဲမှာ အလျဉ်းသင့် သလို ထည့်သွင်းရေးသားခဲ့ဖူးပါတယ်..။ မဖတ်ရသေးရင် ကျွန်တော့်ရဲ့ လွန်လေပြီးသော ၃၆၅ ရက် ဆိုတဲ့ တစ်နှစ်ပြည့်ပို့စ် မှာ ထပ်မံဖတ်ရှုနိုင် ပါတယ်။ ဒီတစ်ခါ ကျွန်တော်ပြော ပြချင်တာကတော့ Black Dream သို့မဟုတ် blackdream21 သို့မဟုတ် အနက်ရောင် အိပ်မက် ဆိုတဲ့ နာမည် တစ်ကို ဘယ်လိုရရှိခဲ့တယ်..။ ဘယ်လို အဓိပ္ပါယ်တွေနဲ့ ကျွန်တော်ခံစားထားတယ်…။ စတာတွေကို ပြောပြချင်လို့ပါ…။

    သာမန် Tag Post တစ်ခုဖြစ်တဲ့အတွက် ပို့စ်ဖတ်လို့ ကုန်သွားမယ့် အချိန်အတွက် အချိန်ကုန်ရကျိုးနပ်မယ် ထင်မှဆက်ဖတ်ဖို့ ကျွန်တော် အရင်ဆုံး ပြောချင်ပါတယ်..။

    ကျွန်တော် ပထမဆုံး Blog စရေးမယ် စဉ်းစားတော့ ငယ်ငယ်က ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ စကားဝှက်အဖြစ်သုံးခဲ့ဖူးတဲ့ စကားလုံးလေး တစ်လုံးကို အရင်ဆုံး သတိရမိပါတယ်..။ ဒါပေမယ့် ကျွန်တော်အပါအ၀င် ကျွန်တော်တို့အားလုံးရဲ့ အဲ့ဒီ့စကားလုံးအပေါ် အလေးအနက်ထားမှုက အတော်အတန် ကြီးမားကျယ်ပြန့်တဲ့ အတွက် ကျွန်တော်တစ်ယောက်ထဲ သီးသန့်လုပ်တဲ့ ဒီနေရာမှာ အဲ့ဒီ့စကားလုံးကို အသုံးမပြုဖို့ ကျွန်တော် ဆုံး ဖြတ်လိုက်ပါတယ်။ အဲ့ဒီ့နောက်မှာ ပညတ်တွေထဲက မလွတ်နိုင်သေးတဲ့ ကျွန်တော်လည်း ပညတ်တစ်ခုကို အမြန်ဆုံးရှာဖွေနိုင်ဖို့ ကြိုးစားရပါတော့ တယ်။

    သိပ်တော့ ကြာကြာ မစဉ်းစားလိုက်ရဘူးလို့ ကျွန်တော်ထင်ပါတယ်..။ နာမည်တစ်ခု ရခဲ့တယ်..။ ကျွန်တော့်ဘ၀မှာ အရေးပါတဲ့…။ ကျွန်တော်နှစ် သက်တဲ့ အရာလေးတွေကို စုစည်းထားတဲ့ နာမည်တစ်ခုပါ..။

    ကျွန်တော်ငယ်စဉ် ကတည်းက အနက်ရောင်ကို တော်တော်လေးနှစ်သက်ပါတယ်..။ အ၀တ်အစားပဲ ၀ယ်ဝယ် အသုံးအဆောင်ပဲ ၀ယ်ဝယ် ကျွန်တော့် ရဲ့ ဦးစားပေး အရောင်ဟာ အနက်ရောင်ပါပဲ။ တစ်ချို့ဘာသာအယူအဆ၊ မိရိုးဖလာ အယူအဆတွေအရ အနက်ရောင် ဆိုတာဟာ အမင်္ဂလာအရောင် မသုံးသင့် မသုံးအပ်တဲ့အရောင်လို့ သတ်မှတ်ထားကြပါတယ်။ သူ့အယူအဆနဲ့သူမို့ ကျွန်တော် ဘာမျှမပြောလိုပါ..။  ပြန်ပေးဆွဲတာကို Blackmail မှောင်ခိုဈေးကွက်ကို Black Market စသည်ဖြင့် အသုံးပြုခြင်းများကို အစွဲပြုပြီးတော့ အချို့ကြတော့လည်း အနက်ရောင်ဆိုတာဟာ မကောင်းမှု ဒုစရိုက်ကို ကိုယ်စားပြုတယ်..။ ဘာ…ညာ..။ စသည်ဖြင့် သတ်မှတ်ကြပါတယ်..။ ရှိစေ…။ ဒါလည်း ကျွန်တော်နှင့် မဆိုင်ပါ….။ ကျွန်တော်နှင့် ဆိုင်တာ ကိုသာ ကျွန်တော် ဆက်ရေးမည် ဖြစ်ပါသည်။

    အနက်ရောင်

    ခင်ဗျားတို့ ဘယ်လိုထင်လဲ…?

    အနက်ရောင်နဲ့ အမဲရောင် တူမယ်ထင်သလား…?

    ကျွန်တော်ကတော့ မထင်ဘူး…။

    ကျွန်တော့်အတွက်တော့ အနက်ရောင်ဆိုတာ အဓိပ္ပါယ်များစွာရှိနေပါတယ်..။ ငယ်စဉ်ကတော့ သာမန် ကြိုက်တယ်ဆိုရုံ ကြိုက်ခဲ့တာပါ..။ အရွယ် နဲနဲ ရလာတဲ့ အခါ တဖြေးဖြေး စဉ်းစားမိရင်းက ကျွန်တော့်အတွက် အနက်ရောင်ဟာ ပိုပိုပြီး အဓိပ္ပါယ် ရှိလာခဲ့ပါတယ်..။ ကျွန်တော့်အယူအစအရ အနက် ရောင် ဆိုတာဟာ ထောင်ကျကျ ပြားကျကျ ဘ၀တစ်ခုကို ကိုယ်စားပြုပါတယ်။ လောကရဲ့ အမျိုးမျိုးသော အရောင်ဆိုးမှု များကို ခံယူနိုင်တဲ့ ဘ၀တစ် ခုကို ကိုယ်စားပြုပါတယ်…။ လူတိုင်းလူတိုင်းရဲ့ မှောက်မှားတတ်သော အာရုံတစ်ခုကို ကိုယ်စားပြုပါတယ်..။ လူတိုင်းလူတိုင်းအတွက် တစ်ချိန်က ရခဲ့ ဖူးသော ခါးသီးတဲ့ ဘ၀သင်ခန်းစာ တစ်ခုကို ကိုယ်စားပြုပါတယ်…။ အနိမ့်အမြင့် အလှည့်အပြောင်းတွေ များပြားလှတဲ့ လောကဓံရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ပြင်းထန်သော တွန်းအားတစ်ခုလို့ ယူဆပါတယ်..။

    အနက်ရောင်နဲ့ ပတ်သတ်ပြီး သီးခြားပြင်ပ ဖွင့်ဆိုချက်များကိုလည်း ကျွန်တော် ရှာဖွေဖတ်ရှုခဲ့ဖူးပါတယ်..။ Black is … Colour of the king,  King of the colour, Colour of Justice ဆိုပြီးတော့ ဖြစ်ပါတယ်..။ သူဆိုလိုချင်တာကတော့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ အကြီးအကဲတွေဟာ ဧည့်ခံပွဲတွေ၊ ညစာစားပွဲတို့ အခန်းအနားတို့ ပြုလုပ်ကြတဲ့အခါမှာ အမြဲလိုလို အနက်ရောင်ကို သုံးစွဲဝတ်ဆင်ကြပါတယ်။ သူတို့ တွေရဲ့ ကားတွေ ဟာလည်း အနက်ရောင် များသာ ဖြစ်ကြပါတယ်..။ King of the colour ဆိုတာကလည်း ဒီသဘောပဲ ဖြစ်ပါတယ်..။ ဘာကြောင့် နိုင်ငံအကြီးအကဲတွေရဲ့ ကားတွေ ၀တ်စုံတွေဟာ အခြားအရောင်တွေမဖြစ်ပဲ အနက်ရောင်တွေဖြစ်နေသလဲ..? ဒါကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ Colour of Justice ဆိုတာကတော့ တရားမျှတမှုရဲ့ အရောင်လို့ ဖွင့်ဆိုလို့ရမယ်ထင်ပါတယ်..။ ဥပမာအားဖြင့် ရှေ့နေတွေ၊ တရားသူကြီး တွေဟာ တရားစီရင်ရေးကို ပြုလုပ်တဲ့အခါမှာ အနက်ရောင် ၀တ်စုံမှ လွဲပြီးတော့ ဘယ်အရောင်ကိုမှ အသုံးပြုခြင်းမရှိပါဘူး…။

    အိပ်မက်

    တကယ်တော့ အိပ်မက်ဆိုတာ

    ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ

    စတင်မြစ်ဖျားခံရာ ခံစားချက် အရင်းအမြစ် နေရာတစ်ခုပေါ့…။

    လူတိုင်းလူတိုင်းမှာ ကိုယ်စီ အိပ်မက်တွေ ရှိတတ်ကြပါတယ်..။ ခင်ဗျားတို့မှာလည်း ခင်ဗျားတို့ အိပ်မက်တွေရှိပါလိ့မ်မယ်..။ ကျွန်တော့်မှာလည်း ကျွန်တော့် ကိုယ်ပိုင် အိပ်မက်တွေရှိပါတယ်..။ အသက်ဝင်မလာပဲ ပျက်စီးခဲ့ရတဲ့ အိပ်မက်တွေလည်း ရှိကောင်းရှိမယ်၊ လက်ရှိ ကျွန်တော်တို့ ဖြစ်ချင် တဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်ပြီး ဖြစ်နေတာတွေလည်းရှိမယ်..။ တစ်ချိန်ချိန်မှာ ဖြစ်လာဖို့ အလားအလာရှိတဲ့ အိပ်မက်တွေလည်း ရှိ ကောင်းရှိမယ်..။ တစ်ချို့အိပ်မက်တွေက စိတ်ကူးယဉ်ဆန်တယ်..။ တစ်ချို့အိပ်မက်တွေက လက်တွေ့ကျတယ်..။ တကယ်တော့ ဘ၀ဆိုတာဟာ လည်း အရှည်လျားဆုံး အိပ်မက် တစ်ခုပဲ မဟုတ်လားဗျာ…။

    တစ်ချို့တွေအတွက် အိပ်မက်ဆိုတာ အိပ်ယာက နိုးထရင် အားလုံးဟာ လွင့်ထွက် ပျက်စီးသွားတတ်ကြတယ်..။ တစ်ချို့တွေအတွက်ကြတော့ အိပ်မက်ဆိုတာက အိပ်ယာက ထတာနဲ့ ယုံကြည်ချက်အသစ်၊ မျှော်လင့်ချက်အသစ်နဲ့ ခွန်အားအသစ်တွေကိုပေးတယ်..။ တစ်ချို့တွေက အိပ်မက် ထဲမှာ ပျော်ကြတယ်..။ တစ်ချို့တွေက အိပ်မက်တွေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားကြတယ်..။ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ ဘ၀တွေထဲမှာ အိပ်မက်တွေထဲက နိုးထလာတဲ့သူနဲ့ အိပ်မက်တွေဆီကို ခရီးဆက်နေတဲ့သူတွေ မတော်တဆ ဆုံမိကြတဲ့အခါ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ အလှည့်အပြောင်းလေးတွေ မကြာခဏ ဖြစ်ပေါ်လာတတ်ကြတယ်…။

    တစ်နည်းအားဖြင့် အိပ်မက်ဆိုတာ စိတ်ကို အသိဥာဏ်နဲ့ ထုဆစ်ထားတဲ့ ပန်းပု ရုပ်ထုလေး တစ်ခုပေါ့…။

    ၂၁

    ကျွန်တော် ဖဲမကစားတတ်ပါ..။

    ဆရာသစ္စာနီရဲ့ စကားအရပြောရရင်တော့ လူ့ဘ၀ဆိုတာ အကုသိုလ်အကြွေးယူတဲ့ နေရာတစ်ခုပေါ့..။ ဟုတ်ပါတယ်..။ ကျွန်တော် ဒီလူ့ဘ၀ကနေ အကုသိုလ်အကြွေးယူဖို့ စတင်ရောက်ရှိတဲ့နေ့ကို အစွဲပြုထားတဲ့ ဂဏန်းတစ်ခုကို မှတ်မှတ်သားသား ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုခြင်းပါ။

    နိဂုံး

    “အနက်ရောင် အိပ်မက်တစ်ခု၏ ၀ိဥာဉ်များ…” ဒါက ကျွန်တော့် Blog ရဲ့ နာမည်ပါ..။ ဒီအနက်ရောင် အိပ်မက်တစ်ခုရဲ့ ၀ိဥာဉ်တွေထဲမှာ…။ ခင်ဗျားတို့ ရဲ့ အိပ်မက်တွေအကြောင်း ပါကောင်းပါမယ်..။ ကျွန်တော့်ရဲ့ အိပ်မက်တွေအကြောင်းလဲ ပါကောင်းပါမယ်..။ ကျွန်တော်တို့ ခင်ဗျားတို့ ဘ၀မှာ တစ်ခါမှ မမြင်ဖူး မတွေ့ဖူး မကြားဖူးတဲ့ လူတစ်ယောက်ရဲ့ အိပ်မက်တွေအကြောင်းလဲ ပါချင်ပါမယ်..။ လောကမှ ပျံ့လွင့်နေတဲ့ အိပ်မက်တွေအားလုံး ရဲ့ ၀ိဥာဉ်တွေကို ဖမ်းဆုပ် စုစည်းထားတဲ့ သဘောပါ…။

    နောက်တစ်ခု..။ Black Dream ဟာ Nightmare မဟုတ်ပါ…။ အနက်ရောင် အိပ်မက်ဟာ အိပ်မက်ဆိုးတစ်ခုမဟုတ်ပါ….။ ခင်ဗျားတို့ ကျွန်တော် တို့တွေ နှစ်ခြိုက်စွာ အိပ်မောကျသွားတဲ့ အခါ ကျွန်တော်တို့ ဘာတွေ မြင်ရပါသလဲ…? အနက်ရောင် လောကတစ်ခု…။ တစ်နည်းအားဖြင့် အနက် ရောင် အိပ်မက်တစ်ခုက လွဲလို့ ဘာမှမရှိနိုင်ပါဘူး..။

    ဒါဆို ခင်ဗျားသိလိုက်ပါ…။ ခင်ဗျားရဲ့ ဘ၀ထဲမှာလည်း Black Dream ဆိုတာ အသေအချာ ရှိနေပြီ ဆိုတာကိုပေါ့ဗျာ….။

    P.S- ကိုဟန်သစ်ငြိမ် Tag ထားခြင်းဖြစ်ပါတယ်..။ အခုလိုပြောပြခွင့်ရအောင် Tag ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်ကို..။

    Cateogry : Article , Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    16 Responses to “အနက်ရောင် အိပ်မက်တစ်ခု၏ ၀ိဥာဉ်များ…”

    1. I REALLY LIKED IT :)

      Like or Dislike: Thumb up 0 Thumb down 0

    2. Colour of the king
      king of the colour
      မောင်လေး အမ လာဖတ်သွားတယ်၊ ဂွတ်

      Like or Dislike: Thumb up 0 Thumb down 0

    3. အခုလို ရှင်းပြလိုက်တော့လဲ နာမည်ပေး အတော်ကောင်းတယ် လို့ သတ်မှတ်ရတော့မှာပေါ့ သူ့ဟာနဲ့သူတော့ ကွက်တိ ဘာမှ ပြန်ခံငြင်းလို့ မရလောက်အောင်ပါပဲ Good….

      Like or Dislike: Thumb up 0 Thumb down 0

    4. အန်း ကျမ မက်မက်နေတဲ့ အိမ်မက်တွေက အနက်ရောင် အိမ်မက် မဟုတ်ဘူးရှင့်..။ ရောင်စုံ ပန်းခင်းတွေနဲ့ အလွန်သာယာဖွယ်ကောင်းတဲ့ စာသင်ခန်းလေးတစ်ခုက ပန်းလေးတွေ အကြောင်းပေါ့ :P

      ကိုယ့်အိမ်မက်နဲ့ ကိုယ်ပေါ့နော်… အနက်ရောင်အိမ်မက်တွေ လှပနိုင်ပါစေ… :P

      Like or Dislike: Thumb up 0 Thumb down 0

    5. စကားတတ်တယ်ပြောရမလား။ အရေးကောင်းတယ်ပြောရမလားပဲ… နာမည်ကို အဓိပ္ပာယ်ရှိရှိသတ်မှတ်ထားနိုင်တာကို လေးစားတယ်။ :)

      Like or Dislike: Thumb up 0 Thumb down 0

    6. အနက်ရောင်ကို ကိုယ်လည်းကြိုက်တယ် အမဲက အနက်ထက် ဖျော့တော့တယ်..
      အနက်ကတော့ အဆုံးအစမဲ့တယ် ညီ

      Like or Dislike: Thumb up 0 Thumb down 0

    7. Bro,
      Although I don’t like BLACK , I accept your concept. ( I mean, ကျွန်တော့်အယူအစအရ အနက် ရောင် ဆိုတာဟာ ထောင်ကျကျ ပြားကျကျ ဘ၀တစ်ခုကို ကိုယ်စားပြုပါတယ်။ )
      Keep going on!

      ( comment write chin loon lo. MM font ma shi mhann thi yat nae. Cyber ka nay win write thwar tar :P )

      Like or Dislike: Thumb up 0 Thumb down 0

    8. မှတ်သားလောက်ပါတယ်.. :) .. မစဉ်းစားမိတာကို ခုမှ စဉ်းစားမိတာ

      Like or Dislike: Thumb up 0 Thumb down 0

    9. မှတ်သားလောက်ပါတယ်.. :) .. မစဉ်းစားမိတာကို ခုမှ စဉ်းစားမိတာ.. ပျော်ရွှင်ပါစေ…

      Like or Dislike: Thumb up 0 Thumb down 0

    10. အနက်ရောင်ဟာ တနည်းအားဖြင့် သစ္စာတရားရဲ့အရောင်ပေါ့
      အိပ်မက်တွေကိုတော့ မအိပ်တဲ့အချိန်တွေမှာ ပိုမက်ဖြစ်တယ်
      ဒီအိပ်မက်နက်နက်တွေကို အဆူဆူမက်နေကြတဲ့လူတွေ အခုဆိုရင် အများကြီးပါ

      Like or Dislike: Thumb up 0 Thumb down 0

    11. မျက်လုံးနှစ်လုံးကိုစဖွင့် လိုက်တာနဲ့
      ပထမဆုံးတွေ့လိုက်ရတာ
      အိပ်မက်တစ်ခုပါပဲ …………

      Like or Dislike: Thumb up 0 Thumb down 0

    12. အင်းပေါ့.. အင်းပေါ့ .. အခုလို ရှင်းပြတော့လည်း ရှင်းရှင်းလင်းလင်း သိရတာပေါ့ကွာ

      Like or Dislike: Thumb up 0 Thumb down 0

    13. အနက်
      Colour of Justice ဆိုတာကိုတော့ သဘောကျတယ်၊ အမှားနဲ့မကင်းကြတဲ့ လူ့သဘာဝအတွက် ပြေရာပြေကြောင်းအဖြစ် အဖြူခံကြလေသလားလို့လည်း တွေးမိတယ်။

      အိပ်မက်
      စိတ်ရဲ့စေလိုရာကို ဦးနှောက်အသိညာဏ်က အလဲလဲအကွဲကွဲအရှုံးပေးရတဲ့ “နှလုံးသားထဲက ဘ၀”
      (ဦးနှောက်က မဖြစ်နိုင်ဘူးလို့ တားမြစ်ခဲ့တဲ့ လက်တွေ့ဘ၀ထဲက အဖြစ်အပျက်တော်တော်များများကို အိပ်မက်တွေထဲမှာ လှလှပပ[စိတ်တိုင်းကျ] မက်ခဲ့လို့…)

      အကုသိုလ်အကြွေးတဲ့…
      တချို့တွေအတွက် ယူတဲ့သူဖြစ်ကောင်းဖြစ်မယ်၊ တချို့ကျတော့လည်း ရှိခဲ့ဖူးတဲ့ အကုသိုလ်ဝဋ်ကြွေးတွေကို ကျေအောင်ဆပ်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ။ လူ့ဘ၀ ဆိုတာ ရခဲတယ်မဟုတ်လား။

      တစ်ခါတစ်ခါ ကိုယ့်စိတ်တောင် ကိုယ်မပိုင်တတ်တာ၊ လောကမှာ ပျံ့လွင့်နေတဲ့ အိပ်မက်တွေရဲ့ ၀ိညာဉ်အားလုံးကို ဖမ်းဆုပ်စုစည်းမယ်ဆိုတော့…

      (လူတစ်ကိုယ် စိတ်တစ်မျိုးမို့ လွတ်လပ်စွာကွဲလွဲခွင့်ရှိတာပဲ)

      သူငယ်ချင်းရေ… ဘု ပြောတယ်မထင်နဲ့၊ စိတ်ပြေလက်ပျောက်ပေါ့ဟာ။

      Like or Dislike: Thumb up 0 Thumb down 0

    14. ခေါင်းစဉ်ကို စဖတ်မိတာနဲ့  essay တစ်ခုလုံး ဖတ်ချင်လောက်အောင် စာအရေးအသားက ဆွဲဆောင်ပါတယ်။ ကျွန်မလည်း အမည်းနဲ့  အနက် မတူဘူးလို့  ထင်ပါတယ်။
      ဒါပေမယ့် မြန်မာစကားကတော့ မည်းနက်နေတာပဲလို့  ရောသုံးကြတော့ မသိတော့ဘူး။
      အခု ကျွန်မအနားမှာ မြန်မာ-မြန်မာ အဘိဓာန်ကို ရှိစေချင်မိတာ။

      Like or Dislike: Thumb up 0 Thumb down 0

    15. အနက်နဲ့ အမည်းနဲ့ တူတူပါပဲ… နေ့အိပ်မက်သိသလောက်တော့ မြိတ်ကလူတွေပြောတဲ့စကားမှာ အနက်ရောင်ဆိုတာမရှိဘူး.. သူတို့အနက်ရောင်လို့ မပြောတတ်ဘူး.. အမည်းရောင်ပဲ သုံးတတ်တယ်…. အဲတော့ တူတူပဲလို့ထင်တာပဲ…. ဘာပဲဖြစ်ဖြစ်… ရေးထားတာ တော်တော်ဖတ်လို့ကောင်းတယ်….

      Like or Dislike: Thumb up 0 Thumb down 0

    16. သိပ်စိတ်ဝင်စားစရာကောင်းတယ် မောင်လေးရေ။ နာမည်အကြောင်း ပြန်ရေးတာတောင် အတွေးတွေ ကျန်ခဲ့တယ်။ ဒီနာမည်နဲ့ တွဲပြီး အမြဲမှတ်မိနေတဲ့ စကားက “မနက်ဖြန်ဆိုတာ ရှိနေသ၍ ငါကတော့… ငါ့အိပ်မက်ကို ဖတ်တွယ်ထားမှာပဲ ဆိုတဲ့စကား…။ ဘလော့တခုလုံးကို ခြုံကြည့်လိုက်တဲ့အခါ နာမည်နဲ့ သိပ်လိုက်ဖက်တယ်လို့ ခံစားရတယ်။ အိပ်မက်တွေ ပြန်ရှင်သန်လာပါစေ… အားလုံးကို အကျိုးပြုမယ့် စာတွေ အများကြီး ဆက်ရေးနိုင်ပါစေ…

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply