ပိတ်ထားသော တံခါးများ…
နိဒါန်း
အနဲဆုံးတော့…
တံခါးတစ်ချပ်ရဲ့ တစ်ဘက်မှာ မျှော်လ့င်ချက် နှစ်ခုရှိတယ်
တစ်ခုက အကောင်းဆုံးတွေ…။ နောက်တစ်ခုကတော့ ဆန့်ကျင်ဘက် ရလဒ်။ ။
BLACK DREAM
တစ်ခါက သိပ်အေးချမ်းတဲ့ မြို့လေးတစ်မြို့ရှိခဲ့ဖူးတယ်…။ အဲ့ဒီ့မြို့လေးမှာ သာယာမျှတတဲ့ ရာသီဥတုရှိတယ်..။ နူးညံ့ကြင်နာတတ်တဲ့ မြို့သူမြို့ သားတွေရှိတယ်…။ ပေါများ ကြွယ်ဝတဲ့ စားကုန်၊ ထွက်ကုန်တွေရှိတယ်။ ဘာသာတရားရဲ့ လုံခြုံတဲ့ နွေးထွေးစောင့်ရှောက်မှု ရှိတယ်။ ခြုံပြောရရင် ဒီမြို့လေးဟာ သိပ်ကို ပျော်စရာကောင်းတဲ့ မြို့လေးတစ်မြို့ပေါ့..။ ဒီမြို့မှာ နေထိုင်ကြတဲ့ မြို့သူမြို့သားတွေ အားလုံးကလည်း ဒီမြို့ လေးကိုချစ်ကြ တယ်…။ ဒီမြို့လေးက နယ်ခံတွေမပြောနဲ့ အခြား မြို့ရွာတွေကနေ လာရောက်လာပတ်ကြတဲ့ ဧည့်သည်တွေ၊ ကုန်သည်တွေကအစ ဒီမြို့လေးကို နှစ်သက် သဘောကျကြတယ်…။
ဒီမြို့လေးရဲ့ သာယာလှပမှု၊ မြို့ခံ မြို့သူ၊ မြို့သားတွေရဲ့ နွေးထွေးကြင်နာတတ်မှု၊ ရိုင်းပင်းကူညီတတ်မှု၊ စိတ်သဘောထားမြင့်မြတ်ကောင်းမွန်မှု တို့ကြောင့်…။ ဒီမြို့လေးရဲ့ သတင်းဟာ ပတ်ဝန်းကျင်မြို့တွေရဲ့ အကြားမှု သင်းပျံ့လို့သာ နေပါတယ်…။ ကဗျာဆန်ဆန်ပြောရရင် ဒီမြို့လေးနဲ့ မြို့သူမြို့ သားတွေဟာ..။ လှပတဲ့ သံဇဉ်တစ်ခုနဲ့ စူးရှထိရောက်တဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ သီချင်းတစ်ပုဒ်လိုပဲ သိပ်ကို လိုက်ဖက်ညီလွန်းခဲ့ တယ်..။ ဘယ်မြို့ခံကမှ ဒီမြို့လေးကို စွန့်သွားကြဖို့ကို လက်တွေ့မပြောနဲ့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးခဲ့ကြဖူး..။ ဘယ်လိုလူမျိုးကများ ဒီလောက်သာယာ လှပတဲ့ မြို့လေးကို စွန့်ခွာသွားခြင်ပါ့မလဲ…။ ဒါဟာ သိပ်ကို သဘာဝကျတဲ့ သဘောတရားတစ်ခုပေါ့…။
ဒီလိုသာယာလှပမှုတွေ ကောင်းခြင်းတရားတွေနဲ့ ပြည့်ဝနေတဲ့ မြို့ကလေးအပေါ် တစ်နေ့မှာတော့ ဘယ်သူကမှ မထင်မှတ်ထားခဲ့တဲ့ ဘေးဆိုးတစ် ခုကျရောက်ခဲ့တယ်…။ လူတွေဟာ တစ်ကယ်ကို တုန်လှုပ်ချောက်ခြားခဲ့ရတယ်…။ သွေးပျက် အံ့သြခဲ့ရတယ်..။ နှလုံးကွဲကျေ ပျက်စီးခဲ့ရတယ်..။ ဒီလိုအဖြစ်ဆိုးမျိုးတွေ သူတို့ မြို့လေးအပေါ် ဘယ်တော့မှ ကျရောက်လာလိ့မ်မယ်လို့ ဘယ်သူကမှ မထင်မှတ်ထားခဲ့ကြဖူးလေ..။ ဒီအဖြစ်အပျက် ဆိုးကြီးကို မြို့ခံတွေတင်မကဘူး..။ အခြား အနီးနားပတ်ဝန်းကျင်က မြို့တွေကပါ အံ့သြ တုန်လှုပ်ခဲ့ကြတယ်..။ သူတို့လည်း ထင်မထားခဲ့ကြဖူးတဲ့ လေ..။ ဒါပေမယ့် ဒါတွေဟာ တစ်ကယ်တမ်း ဖြစ်လာခဲ့တယ်…။
သူတို့နေတဲ့ မြို့လေးရဲ့ မြို့အ၀င် လမ်းမှာ “တံခါး” ကြီးတစ်ချပ် ထူးဆန်းစွာ ပေါ်လာခဲ့တဲ့ နေ့ကစလို့ပေါ့….။
အခန်း (၁)
မြို့သူ မြို့သားတွေဟာ တကယ်ကို အံ့သြတုန်လှုပ်ခဲ့ကြရတယ်…။ ဒီတံခါးပေါ်လာတဲ့ နေရာဟာ သူတို့ မြို့လေးရဲ့ အဓိက ဆက်သွယ်မှု လမ်း ကြောင်း နေရာဖြစ်တယ်..။ ဒီနေရာကို ဖြတ်သန်းပြီး တစ်မြို့နဲ့ တစ်မြို့ကုန်သွယ် စီးဆင်းကြရတယ်..။ ကူးလူးဆက်ဆံကြရတယ်..။ ဒီလမ်းကြောင်း လေးကို မှီခိုပြီး သူတို့ရဲ့ မြို့လေး ဖွံ့ဖြိုး၊ သာယာစိုပြေအောင် ကြိုးစားကြရတယ်..။ ဒီလမ်းကြောင်းလေးဟာဆိုရင် သူတို့မြို့လေးအပါအ၀င် အခြား ပတ်ဝန်းကျင်မြို့လေးတွေနဲ့ ပူးပေါင်းပြီး တည်ထောင်ထားတဲ့ စာသင်ကျောင်းလေးရှိရာကို သွားတဲ့ လမ်းကြောင်းလေး တစ်ခုလဲ ဖြစ်တယ်။ အခုလို ဒီတံခါးကြီးသာ လမ်းကြောင်းပေါ်မှာ ဆက်လက်ပိတ်ဆို့နေပါက…။ သူတို့မြို့လေးမှာရှိတဲ့ လူငယ်တွေရဲ့ ပညာရေးဟာ အခြားမြို့က လူငယ်တွေ ရဲ့ ခပ်ဝေးဝေးမှာ ကျန်ခဲ့လေတော့မည်…။
သူတို့နားမလည်နိုင်တာ တစ်ခုလည်းရှိသေးသည်။ ဒီတံခါးက ဘာကြောင့်ပေါ်လာခဲ့ရသလဲ..။ ဘယ်သူကြောင့်လဲ…။ ဘာအတွက်လဲ..။ မေးခွန်း ပေါင်းများစွာက မြို့ခံတွေရဲ့ အတွေးတွေကို ရှုပ်ထွေးစေခဲ့ပါတယ်..။ အကြောင်းအရာ တစ်ခုတိုင်းမျာ အကျိုးတရား တစ်ခုတော့ ရှိရမည် ဖြစ်သည်။ ထို့အတူ အကျိုးဆက်တစ်ခုအတွက်အလည်း ခိုင်လုံသော အကြောင်းအရာ တစ်ခုတော့ ရှိနေဖို့ လိုပါလိ့မ်မယ်..။ ဒါဟာ ငြင်းဆန်မရတဲ့ လောကရဲ့ နိယာမတစ်ခုပါပဲ..။ သို့သော် တစ်ခါတစ်လေတွေ ထိုကဲ့သို့ အကြောင်းအကျိုး ဆက်စပ်လို့မရသော အခြေအနေများလည်း ရှိလာနိုင်ကြောင်းကိုမူ သူတို့ မြို့ခံတွေအနေနဲ့ ယခုမှသာ နောက်ကျစွာ သိမြင်ခဲ့ရပြီ ဖြစ်ပါတယ်…။
အတိတ်ကို ပြန်ကောက်ရင်..။ သူတို့ရဲ့ လိုအပ်ချက်တွေ မသိနားမလည်မှုတွေကြောင့်ပဲ ဒီတံခါးဟာ ပေါ်ပေါက်ခဲ့ရပါသလော…? အခု ဒီတံခါးကြီး ပေါ်လာခြင်းဟာ သူတို့တွေအတွက် ကောင်းခြင်းကို ဖြစ်စေမည်လော..? သို့မဟုတ် ဆိုးရွားသော အခြေအနေတစ်ရပ်ကို သယ်ပိုးလာခြင်းလော..? မည်သူမျှ အတတ်မပြောနိုင်ကြပေ..။ သို့သော် သေချာတာတစ်ခုတော့ရှိသည်။ လတ်တလော ထိုတံခါးကြီး ရုတ်တရက်ပေါ်ပေါက်လာသောကြောင့် သူတို့ရဲ့ အလုပ်အကိုင်များ၊ ပတ်ဝန်းကျင်မြို့များနှင့် ဆက်ဆံသွားလာမှုများ၊ တိုးတက်အောင်မြင်သော လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လို အပ်သော ပညာရေးဆိုသည့် အလင်းတန်း တစ်ခုရရှိစေရေးအတွက် အခက်အခဲများကတော့ ကြုံတွေ့ရင်ဆိုင်လိုက်ကြရပြီ ဖြစ်ပါတယ်..။
အခန်း (၂)
အခုဆိုရင်…။ ဒီမြို့လေးဟာ အရင်လို သာယာစိုပြေခြင်းများကင်းဝေးကာ သုသန်တစပြင်ကဲ့လို့ ခြောက်ခြားဖွယ် တိတ်ဆိတ်လို့သာ နေခဲ့ပြီ ဖြစ်ပါ တယ်။ အခုဆို သူတို့ရဲ့ မြို့အ၀င်မှာ ဒီတံခါးကြီး ပေါ်လာခဲ့တာ အချိန်ကာလ အားဖြင့် မနဲတော့ပေ…။ ဒီတံခါးကြောင့် ကုန်စည် စီးဆင်းမှုများ နှောင့် နှေး ကြန့်ကြာခဲ့ရသည်။ ထိုကဲ့သို့ နှောင့်နှေးကြန့်ကြာခြင်းကြောင့် မြို့ကလေး၏ စီးပွားရေး အခြေအနေသည်လည်း ယခင်ကကဲ့သို့ သာယာစည် ပင်ခြင်းမရှိတော့ပေ…။ စီးပွားရေး အဆင်မပြေခြင်း၏ နောက်ဆက်တွဲများအဖြစ်..။ စားဝတ်နေမှု မဖူလုံခြင်း၊ ကျန်းမာရေးဆိုင်ရာ အခြေအနေများ အဘက်ဘက်မှ ကျဆင်းခြင်း၊ ပညာရေးဆိုင်ရာ နောက်ကောက်ကျမှုများ ဖြစ်ပေါ်လာခြင်း စသည်ဖြင့် အဘက်ဘက်မှ ယိုယွင်းလာခဲ့ပြီ ဖြစ်ပါတယ်။
တစ်ချိန်က ဒီမြို့လေးကို သိပ်ချစ်ပါတယ်ဆိုတဲ့ မြို့ခံများဟာလဲ တဖြေးဖြေးနဲ့ ဒီမြို့လေးကို စွန့်ခွာစပြုလာကြပြီ ဖြစ်ပါတယ်..။ သူတို့အသီးသီးရဲ့ မနက်ဖြန်အတွက် ဆက်လန်ရှင်သန်ရေး၊ ကိုယ့်မိသားစုလေးရဲ့ ဘ၀ဖူလုံ ပြည့်စုံမှုရှိရေး၊ မိမိတို့ရဲ့ ရင်နှင့်သားသမီးများရဲ့ ဘ၀တိုးတက်မှု ရှိရေး စသည်ဖြင့် အမျိုးမျိုးသော အခြေအနေများက ဒီမြို့လေးအား စွန့်ခွာကြဖို့အတွက် တွန်းအားများအဖြစ် ပေါ်ပေါက်လာစေခဲ့ပါတယ်..။ တစ်ချိန်က စည်းလုံး ညီညွတ်ခဲ့သော မြို့သူ၊ မြို့သားများအခြင်းခြင်းလဲ အခုဆို သဘောထားအယူအဆများ၊ အမြင်များ ကိုယ်စီကိုယ်စီ အသီးသီးစွဲကိုင်ကြကာ ဖရိုဖရဲ ဖြစ်ခဲ့ကြပါတယ်…။
“ဘာကြောင့်မို့ ဒီအခြေအနေကို တွန်းကန်၊ ဒီတံခါးကို ဖောက်ထွက်ဖို့ ကြိုးစားရင်း ကိုယ်ချစ်ပါတယ်ဆိုတဲ့ မြို့ကလေးမှာ မနေနိုင်ရမှာလဲ?” ဆိုတဲ့ အယူဝါဒကို ဆွဲကိုကြသူများကတစ်ဘက်…။ ဒီတံခါးကို ဖောက်ထွက်နိုင်တာ မဖောက်ထွက်နိုင်တာက တစ်ခု၊ ကိုယ့်ရဲ့ ကိုယ်စီ ကိုယ်စီ ဘ၀ လေးတွေ လုံးပါးမပါးသွားဖို့ အရင်လုပ်ရမယ်ဆိုတဲ့ မြို့ခံတွေက တစ်ဘက်…။ မြို့ကလေးတစ်ခုလုံးသည် အစည်းပြေသော ၀ါးများကဲ့သို့ အကျည်း တန်ခြင်တိုင်းသာ တန်နေပါတော့တယ်…။ ဆွဲကိုင်ထားကြတဲ့ ၀ါဒနှစ်ခုရဲ့ကြား ဘယ်ဘက်လိုက်လို့ လိုက်ရမှန်းမသိ မျက်စိသူငယ်၊ နားသူငယ် ဖြစ် နေကြရသူများ ရှိသကဲ့သို့…။ ကိုယ်ပိုင် ခံယူချက် ယုံကြည်ချက် ခိုင်ခိုင်မာမာမရှိပဲ နီးရာဓား ကြောက်ရကာ အားသာရာ ဘက်သို့ လိုက်သွားကြသူ များလည်း အပြားရှိလာခဲ့ပြီ ဖြစ်ပါတယ်..။
အခန်း (၃)
တစ်ချို့က ဒီတံခါးကြီး အလိုလိုပွင့်လာမယ့်နေ့ကို မျှော်လင့်တကြီး စောင့်စားလို့….။ တစ်ချို့ကြတော့လည်း ဒီတံခါးရှိနေတဲ့အတွက် မြို့လုံခြုံရေး စိတ်ချရတယ်လို့ ယူဆကြတယ်…။ တစ်ချို့ကလည်း ဒီတံခါးကို သော့တူတွေနဲ့ ဖွင့်ဖို့ကြားစားကြတယ်..။ တစ်ချို့တွေကြတော့ ရိုက်ဖျက်မယ်တဲ့။ သို့သော် သူတို့ရဲ့ နည်းစနည်တွေ၊ အယူအဆတွေဟာ သီအိုရီ ဘ၀မှာတင်ဆုံးခန်းတိုင်သွားကာ လက်တွေ့ဖြစ်လာခဲ့ခြင်းမရှိတာကို တဖြေးဖြေး ချွတ်ချုံကြလာတဲ့ မြို့လေးနဲ့ အခြားမြို့များသို့ ထွက်ခွာသွားကြလို့ တဖြေးဖြေးနည်းပါးလာတဲ့ မြို့နေလူဦးရေက ထင်ရှားတဲ့အဖြေတစ်ခုကို ပြသ လို့သာနေပါတယ်…။
ဘယ်လောက် တိကျကောင်းမွန်တဲ့ သီအိုရီတစ်ခုပဲ ဖြစ်ပါစေ လက်တွေ့ အသုံးချမှု မရှိပါကအချည်းအနှီးပင် ဖြစ်ကြောင်းကို မြို့ခံလူတွေ ကောင်းစွာ နားလည်ခြင်း မရှိခဲ့ကြသေးပေ…။ နည်းလမ်းတွေရှာကြ..။ ငြင်းခုန်ကြ..။ ပုတ်ခတ်ကြ..။ စောင်းမြောင်းကြ..။ လက်ညှိုးတွေထိုးကြ…။ သူ့ဘက် ကိုယ့်ဘက်ယက်ကြ..။ သူ့လူကိုယ့်လူ အစုတွေဖွဲ့ကြ..။ ၀ါးလုံရှည်တွေနဲ့ ပတ်ရမ်းကြ…။ သံသယတွေနဲ့ကြည့်ကြ…။ အမုန်းတရားတွေနဲ့ မဟာ မိတ်ဖွဲ့ကြ…။ မည်သို့ပင်ဖြစ်စေ…။ တံခါးကတော့ ပိတ်နေမြဲ…။ ပိတ်နေစဲပင်….။
အချိန်ကြာလာတာနဲ့အမျှ ဒီမြို့သူမြို့သားတွေရဲ့ စိတ်ထဲမှာ မြို့အတွက်အတားအဆီးတစ်ခုလိုဖြစ်နေတဲ့ တံခါးကြီးကို ဖယ်ရှားကြဖို့ထက် သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူကိုယ့်လူ..။ သူ့ယုံကြည်ချက် ကိုယ့်ယုံကြည်ချက်..။ တစ်ဖက်သတ် စွဲချက်တွေကိုယ်စီနဲ့ အဓိကရည်ရွယ်ချက်ကနေ ၀မ်းနည်း ဖွယ်ရာ သွေဖယ်သွားခဲ့ကြလေပြီ….။ အမျိုးမျိုးသော ယုံကြည်ချက်တွေရဲ့ကြား မြို့ကလေးမှာ ခါးနာခဲ့ရလေပြီ..။ အတ္တတွေရဲ့ စီးခြင်းကြား မြို့လေး မှာ မြေစာပင်အဖြစ် မျက်နှာငယ်ခဲ့ရလေပြီ…။
ဇာတ်သိမ်း
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သင့်အနေနဲ့ လောကမှာ အမည်ခံလူသားတစ်ယောက်အဖြစ်
ခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက်
တစ်စုံတစ်ခုကိုတော့ ယုံကြည်စွာ ဖက်တွယ်ထားဖို့တော့ လိုပါလိမ့်။
BLACK DREAM
ဒီလိုနဲ့….။
မထင်မှတ်တဲ့တစ်နေ့မှာ မြို့ထိပ်က တံခါးကြီးဟာ အလိုအလျှောက်ပင် အလွန်လေးလံ နှေးကွေးလှသော အရှိန်ဖြင့် ဖြေးညှင်းစွာ ပွင့်လာခဲ့ပါ တယ်….။ လူတွေအားလုံး အထူးပင် အံ့အားသင့် မှင်တက်သွားခဲ့ကြပါတယ်…။ ချက်ခြင်းဆိုသလိုပင် တံခါးကြီးရဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံး မြို့ခံ တွေအပါအ၀င် အခြားမြို့မှ သူများပါ အများအပြားစုရုံးရောက်ရှိလာခဲ့ကြတယ်….။
ကိုယ်စီသောအားလုံးရဲ့ စိတ်ထဲမှာလည်း….။ ဒီတံခါးရဲ့ တစ်ဘက်မှ ဘာတွေများထွက်လာမလဲ….? တံခါးရဲ့ တစ်ဘက်မှာ ဘာတွေများရှိမလဲ…? ကောင်းခြင်းတရားတွေလား…? အားလုံးရဲ့ ဆန့်ကျင်ဘက်တွေလား….? မေးခွန်းပေါင်းများစွာ….။ မျှော်လင့်ချက်ပေါင်းများစွာ…။ ယုံကြည်ချက် ပေါင်းများစွာ….။ နောက်…..။ မျက်လုံးပေါင်းများစွာနဲ့ ပါးစပ်ပေါင်းများစွာ….။ စောင့်ကြည့်လို့နေကြလေရဲ့….။
တံခါးကြီးသည်လည်း သူ့အရှိန်နှင့်သူပင် အသာအယာ ….
ဖြေး…..ညှင်း…..စွာ……
ပွင့်လို့သာ လေနေပါတော့တယ်….။
P.S- အကောင်းဆုံးကို မျှော်လင့်ရင်း….။








မြို့လေးမှာပိတ်နေတဲ့ တံခါးကြီး ဘယ်တော့များပွင့်သွားမလဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ စာတစ်ပုဒ်လုံး အစအဆုံး ဖြည်းဖြည်းချင်းဖတ်သွားတယ်။
အကောင်းဆုံးကိုတော့ မျှော်လင့်ထားတာပါပဲ။ ဒါပေမယ့်လည်း….
ပြောချင်တာတွေက အများကြီးဆိုတော့ မရေးတော့ဘူး
Like or Dislike:
0
0
nice post modernism.
Like or Dislike:
0
0
so hope I ….
Like or Dislike:
0
0
အဆုံးအထိပဲပွင့်လိုက်ပါတော့ .. အချိန်လည်းတန်နေပါပြီ။
Like or Dislike:
0
0
ဿားမပာဘူးဏေါ် . .
Like or Dislike:
0
0
အင်း .. အတွေးတခုတော့ ပေးလိုက်တယ် .. သိတဲ့အတွေးကတော့ အားလုံးဟာ အရင်အတိုင်းပါပဲ ..
Like or Dislike:
0
0
အင်း .. အတွေးတခုတော့ ရလိုက်တယ် .. ရလိုက်တဲ့အတွေးကတော့ အားလုံးဟာ အရင်အတိုင်းပါပဲ ..
Like or Dislike:
0
0
အင်း
meaningful story,
but I believe that you will know what we hope from inside door
စာ ကောင်းတယ်။
Like or Dislike:
0
0
မြန်မြန်ပွင့်စေချင်တယ် ….
Like or Dislike:
0
0
You did it again
No so much to say…. But Door are just a door unless you make it different.
Like or Dislike:
0
0
Hoo.. A door is just a door unless you make it different…
Like or Dislike:
0
0
ပိတ်နေတဲ့ တံခါးတွေကိုပဲ တန်ဖိုးတကြီး စိတ်ဝင်တစားနဲ့
ဖွင့်ဖို့ ကြိုးစားကြတာကိုက လူ့သဘာဝလား …..
ဒါဆိုရင်
ကျွန်တော့်ကိုလည်း လူလို့ တစ်ခါလောက်ခေါ်ပါ
Like or Dislike:
0
0
တံခါး အလုံးစုံ ပွင့်သွားမယ့်ရက်ကို စောင့်ရင်း ရလာတဲ့ ရလဒ်တွေကို ဆိုးတူ ကောင်းတူ မြို့သူမြို့သားတွေ အတူတကွ မျှဝေကြပါစို့လားဗျာ…။
Like or Dislike:
0
0
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သင့်အနေနဲ့ လောကမှာ အမည်ခံလူသားတစ်ယောက်အဖြစ်
ခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက်
တစ်စုံတစ်ခုကိုတော့ ယုံကြည်စွာ ဖက်တွယ်ထားဖို့တော့ လိုပါလိမ့်။
အကြိုက်ဆုံးစာလေးပါ၊ တခါး အဆုံးထိ ပွင်မယ့်ရက်ကို စောင့်ရမှာလား စဉ်းစားနေတယ်
Like or Dislike:
0
0
အချိန်တန်ခဲ့တာ ကြာပါပြီ တံခါးနောက်မှာ ဘာရှိမလဲ စဉ်းစားစရာ တောင် မလိုပါဘူး ဒီတစ်ခါးကြီး မရှိခဲ့စဉ်က မြို့လေး ရဲ့သာယာမှုတွေ အောင်မြင်မှုတွေ ကို ဘေးက မြို့ရွာတွေ အားကျငေးမောခဲ့ကြရတာပဲလေ မြို့ခံတွေ မညံ့ကြပါဘူး တံခါးကြီးကြောင့်သာ မြို့ပျက်မတတ်ဖြစ်ခဲ့ရတာပါ တံခါးကြီးပွင့်သွားတဲ့ တစ်နေ့တော့………….. မျှော်ရင်း မျှော်ရင်း နဲ့ပါပဲ….
Like or Dislike:
0
0
အနဲဆုံးတော့…
တံခါးတစ်ချပ်ရဲ့ တစ်ဘက်မှာ မျှော်လ့င်ချက် နှစ်ခုရှိတယ်
တစ်ခုက အကောင်းဆုံးတွေ…။ နောက်တစ်ခုကတော့ ဆန့်ကျင်ဘက် ရလဒ်။ <— အကြွေးတင်နေတဲ့စာတွေ အတွက် တာဝန်ကျေပါတယ်… သေသေချာချာလာဖတ်သွားတယ်
Like or Dislike:
0
0
ချောဆီလိုအပ်နေတယ် ကိုဘလက် ။ ဟုတ်တယ်ဟုတ် ။
Like or Dislike:
0
0
အဲဒီ တံခါးကြောင့် အဲဒီမြို့ကို စွန့်ခွာခဲ့ရပေမယ့်
အဲဒီ မြို့ကိုတော့ လွမ်းသား………
တနေ့နေ့တော့ ပြန်ချင်တယ်ကွာ……
အဲဒီ တံခါးပွင့်လာမယ့် တနေ့နေ့ပေါ့…..
တော်ရာမှာ နေရပေမယ့်
ပျော်ရာကိုသာ တမ်းတနေမိတယ်။
Like or Dislike:
0
0
ဘာပြောရမှန်းတောင်မသိတော့ဘူး
ရေးထားကြပြီပြောချင်တာလေးတွေက
ပါနေပြီ တခုတော့ပြောလိုက်တော့မယ်ညီရာ
အမေ့သားမိုက်ကြီး အမေစားချင်တဲ့ သင်္ဘောသီဝယ်လာပါပြီလို့
နော်ညီ တခါးကြီပွင့် သွားရင်လည်း ပြန်လို့ မရသေးလို့
ညီလမ်းကြုံရင်ပြောပေးပါ
Like or Dislike:
0
0
ကောင်းပါတယ်။
Like or Dislike:
0
0
Ko Black တံခါးကြီးမြန်၂ပွင့်ပါစေရှင်
Like or Dislike:
0
0
အငိး… တစ်ခုခုပဲ
ပြောစရာတွေ အများကြီးမို့ မပြောတော့ပါဘူး။
ဒါပေမယ့် စဉ်းစားစရာတွေကတော့ အတော်များသား
Like or Dislike:
0
0
ပွင်.သင်.တာ ကြာပြီ … ဒါမှမပာုတ် … မရှိသင်.တာ လဲကြာပြီ …
Like or Dislike:
0
0
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး!
Like or Dislike:
0
0
ကောင်းတယ်ညီရေ…
Like or Dislike:
0
0
Huuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuu
Like or Dislike:
0
0
အစအဆုံး အသက်မရှုဘဲ ဖတ်သွားတယ် မောင်လေး… အဆုံးသတ်သွားပေမယ့် ကိုယ့်ဘာသာ ဆက်ဖတ်နေမိသေးတယ်…
Like or Dislike:
0
0