• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    ဆင်ခြေ…

    May 20 , 2009 | 840 views

    ကျွန်တော် ဒီရက်ပိုင်း စာမရေးဖြစ်ပါ..။ ဘယ်မှလည်း မရောက်ဖြစ်ပါ..။ အတိအကျ ပြောရရင် Blog လောကနှင့် အဆက်အသွယ် ပြတ်နေပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အောက်ပါ အကြောင်းအရင်းများကြောင့်ဟု ကိုယ့်ဘာသာ ခေါင်းစဉ်တပ်လိုက်ပါသည်..။

    ၁။ ဦးနှောက်စက်ရုံ အတွက် ကုန်ကြမ်းရှားပါးလာခြင်း။

    ၂။ ရေးပြီးသောစာများအား အားရကျေနပ်မှုမရှိသောကြောင့် မတင်ဖြစ်ခြင်း။

    ၃။ ရေးလိုက်သော စာများအား, အားရ ကျေနပ်လွန်းအားကြီးသောကြောင့် မတင်ဖြစ်ခြင်း။

    ၄။ စာရေးလိုက်တိုင်း လက်များ ဘရိတ်ပေါက်ပေါက်သွားသောကြောင့် အရှိန်သတ်ထားခြင်း။

    ၅။ စာရေးခြင်းထက် နည်းပညာပိုင်းနှင့်ဆိုင်သောဘက်တွင် အနဲငယ် ပိုမို အာရုံရနေခြင်း။

    ၆။ လုပ်ခြင်တာများ များနေသောကြောင့် ဘာမှ လုပ်မရခြင်း။

    ၇။ မု့န်ဖိုးရလိုရငြား ကိုယ်တတ်သည့်ပညာလေး (မဖြစ်စလောက်) နှင့် တစ်ဘက်တစ်လမ်းမှ ၀င်ငွေရှာနေခြင်း။

    ၈။ စာမေးပွဲများ မဟားတရား နီးကပ်လာခြင်း။

    ၉။ စာကျက်ရန် စာအုပ်နှင့် Lecture များ ရှာမရခြင်း။

    ၁၀။ စာရေးခြင်စိတ် အလျဉ်းမရှိခြင်း။

    မည်သို့ပင် ဖြစ်စေ..။ ကျွန်တော် ဘလော့မပိတ်ပါ..။ ရပ်ပါဦးမည်…။ ပြန်ရေးနေပြီ ဆိုပြီး ပိတ်လိုက်ဖွင့်လိုက် လုပ်မည်လည်းမဟုတ်ပါ..။ အရေးကြဲ ခြင်းသာလျှင် ရှိမည်ဖြစ်ပါသည်…။ မရေးခြင်တဲ့ အဆုံး ပြစ်ထားရုံမှလွဲ…။ ကျွန်တော်ဘာမှလုပ်မည်မဟုတ်ပါ…။

    ကျွန်တော့်အတွက် မနက်ဖြန်များစွာ ရှိနေပါသေးသည်..။ ထို့ကြောင့် ကျွန်တော့်တွင် ဖက်တွယ်ထားသော အိပ်မက်များစွာလည်း အတိအကျရှိနေပါ သေးကြောင်း…။

    P.S- မကြာမှီ လာမည်….။ မျှော်….။

    Cateogry : Personal

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    16 Responses to “ဆင်ခြေ…”

    1. ကြိုက်တယ်ကွာ အဲဒါမျိုး ကိုယ်လဲ မရေးနိုင်ပစ်ထား လိုက်တယ် လာလည်တဲ့သူတွေကိုတော့ အားနာတာပေါ့ ဒါပေမယ့် ကိုယ်မအားလို့ မရေးနိုင်တိုင်း ဘလော့ပိတ်လိုက် ဖွင့်လိုက်လုပ်တာတော့ စာဖတ်ဖို့လာတဲ့ သူတွေကို စော်ကားသလိုမျိုး ဖြစ်နေမလားလို့ တွေးမိတယ် ဒါကြောင့် ဘယ်တော့မှ ပိတ်ပါရစေ ပြန်ဖွင့်ပါပြီ လို့မပြောဘူး မရေးနိုင် မရေးဘူး ရေးနိုင်တဲ့ နေ့ရေးမယ် အဲလိုပဲ သဘောထားလိုက်တယ် :P

      Like or Dislike: Thumb up 0 Thumb down 0

    2. အမလဲ ဘာတွေ ဖြစ်ဘာတွေ လုပ်နေလဲလို့ ၀ိုင်းစဉ်းစားပေးနေတာ၊ ဒီလို ဆင်တကိုယ်လုံး ကို အသုံးချထားတဲ့ ပို့စ်လေး ရေးပြတော့ နားလည်ပေးပါတယ် ကိုဦးရေ၊ စာမေးပွဲတွေ ပီး ၊ ကုန်ကြမ်းတွေ စိတ်တိုင်းကျတယ် ဆိုမှ ရေးပါ၊ဘလော့ ဆိုတာ ဖွင့်လို့ ပိတ်လို့ ရမှန်းတောင် အမ မသိဘူး၊

      Like or Dislike: Thumb up 0 Thumb down 0

    3. :)
      ဟုတ်။ မျှော်နေပါတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    4. Yes sir, မကြာမှီလာမည် …မျှော်……ပေါ့နော်… :-P

      Like or Dislike: Thumb up 0 Thumb down 0

    5. အစ်ကိုကလည်း ဆင်ခြေတွေများလိုက်တာ :) ဘရိတ်ပေါက်တာတွေဖတ်ချင်တယ် အဲ့တာမှအရသာရှိတာဗျ ။ စာမေးပွဲတွေအဆင်ပြေပါစေ အစ်ကိုရေ့ အသစ်တွေ မျှော်နေတယ် ။

      မနက်ဖြန်များစွာ ရှိနေပါသေးသည်..။ ထို့ကြောင့် ဖက်တွယ်ထားသော အိပ်မက်များစွာလည်း အတိအကျရှိနေပါ သေးကြောင်း… ဒီလိုလေးဆို ညီတို့နဲ့လည်းသက်ဆိုင်သွားမှာ အရမ်းကောင်းတဲ့ မှတ်ချက်လေးတစ်ခုပဲ ကျေးဇူးပါ ။

      Like or Dislike: Thumb up 0 Thumb down 0

    6. အမှိုက်တွေကြောင့်လည်း စိတ်ရှုပ်ရတယ်ဟုတ်… :D

      Like or Dislike: Thumb up 0 Thumb down 0

    7. ၆ နဲ့ ၈ နဲ့ တူတယ်။ ကျွန်တော်ပိုတာကတော့ “အပျင်း” ဖျားတာတစ်ခုပဲ။ :D

      Like or Dislike: Thumb up 0 Thumb down 0

    8. ဟုတ်ကဲ့ခုလိုသိရတာကျေးဇူးပါဗျာ
      မျှော်ဆိုတော့လည်း မျှော်ရတာပေါ့
      စာမေးပွဲအောင်ပါစေလို့ဆုတောင်းပါတယ်
      ဒီဆင်ခြေလေးမြင်မှ ကိုလည်းစာရေးဘို့ သတိရတော့တယ်
      ကျေဇူးပါညီ

      Like or Dislike: Thumb up 0 Thumb down 0

    9. ကောင်းပါတယ။် ကြိုက်သလိုလုပ်.ရေးတော့လဲလာဖတ်တာပေါ့
      မရေးတော့တဲ့အခါလည်းသတိရမိမှာပေါ့။တစ်ခါတစ်လေ။ လောကကြီးဒီလိုပါဘဲ။

      Like or Dislike: Thumb up 0 Thumb down 0

    10. ဟုတ်ကဲ့ :)

      Like or Dislike: Thumb up 0 Thumb down 0

    11. နား…နား… နား… :D

      Like or Dislike: Thumb up 0 Thumb down 0

    12. ဆင်ခြေ….
      ကောင်းပါတယ်။ ခဏအနားယူပါ။ ပင်ပန်းပြီ :)

      Like or Dislike: Thumb up 0 Thumb down 0

    13. တင်နိုင်သမျှကို တတ်နိုင်သမျှလာဖတ်ပါတယ်
      စာရေးချင်စိတ်ရှိတော့လဲ တစ်ပုဒ်မကထွက်လာတာပဲမဟုတ်လား စာမေးပွဲအတွက်ကြိုးစားပါ အောင်မြင်ပါစေ

      ခင်တဲ့

      နှင်းဆီနက်

      Like or Dislike: Thumb up 0 Thumb down 0

    14. စာအုပ်တွေရှာတော့ညီလေးရေ…
      တွေ့အောင်ရှာပြီးဖတ်ဖြစ်အောင်သာဖတ်ပေတော့

      Like or Dislike: Thumb up 0 Thumb down 0

    15. ငါနဲ့တူနေတယ် ဟ ..
      ငါလည်း အရေးကျဲနေတယ် .. အကြောင်းကြောင်းကြောင့်ပေါ့ကွာ ..

      Like or Dislike: Thumb up 0 Thumb down 0

    16. “ကျွန်တော့်အတွက် မနက်ဖြန်များစွာ ရှိနေပါသေးသည်..။ ထို့ကြောင့် ကျွန်တော့်တွင် ဖက်တွယ်ထားသော အိပ်မက်များစွာလည်း အတိအကျရှိနေပါ သေးကြောင်း…။” အဲဒါမျိုးပဲ ကြားချင်ပါတယ် ကိုမဟူရာမဲမှောင်မှောင်နက်ရယ်။ စိတ်ပြန်ပါတဲ့အခါ ရေးတဲ့ ပို့စ်တွေကို စောင့်ဖတ်နေပါ့မယ်။ အခုလောလောဆယ်တော့ အဟောင်းထဲက စာကြွေးတွေ ရှင်းနှင့်ဦးမယ်…

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply