Crossing Over

ဇာတ်လမ်း
ကျွန်တော်မနေ့က မထင်မှတ်ပဲ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်ပါတယ်..။ ကားနာမည်က Crossing Over ပါ..။ နာမည်ကြီး ၀ါရင့်မင်းသားကြီး Harrison Ford ပါဝင်သရုပ်ဆောင်ထားပါတယ်..။ ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားက သာမန်အားဖြင့် Drama အမျိုးအစားလို့ သတ်မှတ်လို့ရ ပေမယ့်…။ Crime အမျိုးအစားထဲမှာလည်း အကျုံးဝင်နေပါတယ်..။ ဘယ်လို Crime မျိုးလဲဆိုရင်တော့ Emotional Crime လို့ပဲ သတ်မှတ်ရ မလား..။ Human Rights Crime လို့ပဲ သတ်မှတ်ရမလား..။ ကြည့်ရှုခံစားသူရဲ့ View Of Point ပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်..။
ဇာတ်လမ်းရဲ့ အဓိက ကျောရိုးက United State မှာ Illegally နေထိုင်သူများ..။ US ရဲ့ ကမ္ဘာကျော် Green Card ကို ရရှိဖို့ကြိုးစားနေသူများ၊ US Citizen ဖြစ်ဖို့ ကြိုးစားနေသူများအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်…။
သုတ
ဒီဇတ်လမ်းက ပေးသွားတဲ့ အချက်အလက်တွေ..။ စဉ်းစားစရာတွေကတော့ တကယ်ကို ဒုနဲ့ဒေးပါ…။ အထူးသဖြင့် ဒီဇာတ်လမ်းကို US မှာနေထိုင် နေကြသူများ..။ US ကို သွားဖို့ ဘ၀နဲ့ရင်းကာ ကြိုးစားနေကြသူများ…။ US နိုင်ငံအပါအ၀င် (အခြားမည်သည့်နိုင်ငံတွင်မဆို) Citizenship ခံယူ ဖို့ ကြိုးစားနေသူများ မကြည့်မဖြစ် ကြည့်သင့်ပါတယ်…။ သူများ တိုင်းတစ်ပါးနိုင်ငံတစ်ခုဟာ သူတို့ တိုင်းပြည်အကျိုးနဲ့ ပတ်သတ်လာရင် ဘယ်လို လူမျိုးရေးခွဲခြားတယ်…။ ဘယ်လို လူအခွင့်အရေးတွေကို လက်တစ်လုံးခြား လုပ်သွားတယ်ဆိုတာတွေကို ပညာသားပါပါနဲ့ တင်ဆက်ရိုက်ကူးထား ပါတယ်…။
ရသ
ဒီဇာတ်ကားထဲမှာ ကိုယ့်ရဲ့သားငယ်အပေါ်ထားရှိတဲ့ Mexico အမျိုးသမီး မိခင်တစ်ဦး ရဲ့ မေတ္တာတရားတစ်ခု။ မိဘမေတ္တာကို ခေါင်းပါးစွာ ငတ်မွတ် နေတဲ့က Nigeria လူမျိုး ကလေးငယ်လေးတစ်ယောက်ရဲ့ မျှော်လင့်ချက်..။ အောင်မြင်မှုတစ်ခု (US တွင် Green Card ရကာ အခြေချ နိုင်ဖို့အပါအ၀င်) အတွက် ဘ၀နဲ့ လဲကာ အားထုတ်ခဲ့တဲ့ Australia မိန်းကလေးတစ်ဦးရဲ့ အိပ်မက်တစ်ခု…။ မတရားမှုတစ်ခုအား စာသင်ခန်း၏ သင်ခန်းစာတစ်ခုအတွင်း ယုံကြည်မှု အပြည့်၊ မျိုးချစ်စိတ်ဓာတ်ရှိရှိဖြင့် ရှင်းပြသွားလို့ ဒုက္ခရောက်သွားတဲ့ Iraq ကျောင်းသူလေးနဲ့ သူ့မိသားစုရဲ့ အနာဂတ်တစ်ပိုင်းတစ်…။
အနုပညာ ဖန်တီးမှု
သရုပ်ဆောင်များရဲ့ ၎င်းတို့ရဲ့ ရင်ထဲက ခံစားချက်များကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုများ…။ အခြေခိုင်ပြီး လေးနက်တဲ့ ဇာတ်အိမ်တစ်ခုအား Director ရဲ့ အတွေးအခေါ်များ Cameraman တို့ရဲ့ လက်စွမ်းများက အတွေးတွေကို ပိုမို လေး နက်အောင် တွန်းပို့ခဲ့ပါတယ်…။
ကျွန်တော် ဘာလို့ ဒီလောက်ပြောနေလဲ…။ ဘာကြောင့် ဒီလောက်ညွှန်းနေလဲ…။ ဒီဇာတ်လမ်းကို ကြည့်ပြီးသွားရင် နားလည်သွားပါလိ့မ်မယ်…။
P.S- ကျွန်တော်တို့ အနုပညာဖန်တီးမှု တစ်ခုအား ရင်ဘတ်နဲ့မြင်အောင်ကြည့်ပြီး ဦးနှောက်နဲ့ သုံးသပ်ကြည့်ကြတာပေါ့…။








သေသေချာချာညွှန်းပြီဆိုမှတော့ လေးလေးနက်နက်ခံစားဖို့ပဲ ကျန်တော့တာပေါ့ .. ကြည့်ဖြစ်အောင်ကို ကြည့်ဦးမယ် …
Like or Dislike:
0
0
thz for ur sharing ! i will do watch this movie.
Like or Dislike:
0
0
ငါ့မောင်လေး ညွှန်းတဲ့ ကားဆိုတော့ တော်တော် ကောင်းမှာ ကွ ၊ ခုကြည့်လိုက်မယ်
Like or Dislike:
0
0
US စီးပွားရေး စနစ်က New Immigrant တွေကို အခြေခံပြီး တည်းဆောက်ထားတာပါ။ First Immigrant Generation တွေက အမြဲကြိုးစားအားထုတ်ရပါတယ်။ ဒါပေမယ့် US ရဲ့ ကောင်းတဲ့ အချက်က ဒီမြေမှာ မွေးဖွားလာသူတိုင်း ဒီနိုင်ငံရဲ့သား ဖြစ်တယ်။ အဲဒီတော့ မိဘတွေ အနစ်နာခံထားတာ သားသမီး အလည့်တော့ စံစားရတာပေါ့။ အခုလက်ရှိ သမ္မတရဲ့ ဖခင်ကလဲ First Immigrant ပါ။ ဒါပေမဲ့ အသားအရောင်မတူလို့ ဘာသာမတူလို့ အစိုးရထိပ်တန်းတွေမှာ တာဝန် မယူရဘူးဆိုတာ မရှိဘူး။ မည်သူမဆို အရည် အချင်းရှိတဲ့လူ တက်နိုင်သလောက် တက်လို့ရတဲ့ နိုင်ငံပါ။ ဒီနိုင်ငံက ဘာသာစကားလဲ ကောင်းကောင်းမတတ်။ ပညာလဲ ပါမလာရင်တော့ ခံတော့ ကိုယ့်လူပဲ။ မျော်လင့်ချက်က အဲဒီလို လူတွေကို အခုလို လူသိရှင်ကြား သိအောင်ဖော်ထုတ်ခွင့်ရတာရယ် လွတ်လပ်စွာ သင်ပြခွင့်ရတာတွေကြောင့် သူတို့ကို ကူတဲ့ လူမှုအဖွဲ့အစည်းတွေလဲ အများကြီးရှိပါတယ်။ အသက်ရူပေါက်လေးနဲ့ မျော်လင့်ချက်တွေတော့ ရှိတာပေါ့….။ အော် စနစ်တစ်ခုရဲ့ သားကောင်းဘ၀တွေ တကယ်ကို မလွယ်တာပါ…။
Like or Dislike:
0
0
အမ လာဖတ်သွားပါတယ်…။
အနှစ်နှစ်ဆယ်နီးပါး အနောက်နိုင်ငံမှာ နေလာတော့လည်း သူတို့ရဲ့ ဥာဏ်ကြီးမှုတွေ၊ လှည့်ကွက်တွေကို (relatively) မြင်လာတယ်။ ဒါပေမယ့် မောင်လေးရယ်.. အမတို့ တိုင်းပြည်မှာ မီးတောင် မှန်မှန်မလာသေးတော့လည်း လူထုက စိတ်ပျက်မယ်ဆိုလည်း စိတ်ပျက်စရာပါပဲ။ ဒီရုပ်ရှင်ထဲကဟာတွေကတော့ သူတို့အကြောင်းစေ့စေ့တွေးရင် အမှန်တွေပဲ။ အိမ်လေးတစ်ဆောင်၊ ကားလေးတစ်စင်းပေးပြီး တစ်သက်လုံးညှစ်စားနေတာ။
Like or Dislike:
0
0
Corssing Over, ကို ရှာကြံပြီးကြည့်ပါမယ့်…
Like or Dislike:
0
0
ညီရေ… ဘာတွေလုပ်နေတာလဲ
မတွေ့တာတောင် ကြာပီ
Like or Dislike:
0
0
1001 ကညွန်းထားလို့ဘာများလဲလို့လာကြည့်ပါတယ။်
Like or Dislike:
0
0