ဂီတထွက်ပေါက် ၂
1 viewsဒီရက်ပိုင်းတော့ အပျင်းတစ်နေတယ်ပဲ ပြောရမလား..။ လေနေတယ်ပဲပြောရမလားတော့ မသိဘူး..။ ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိ..။ စာမေးပွဲတွေက နီးလာပြီ..။ စာအုပ်တွေက ဘယ်နားထားမိမှန်းမသိ…။ စိတ်ကူးပေါက်တာနဲ့ သီချင်းတွေချည်း စွတ်နားထောင်ဖြစ်နေတယ်..။ သီချင်းအဟောင်းတွေပဲ ပြောရမှာပဲ..။ ကျွန်တော် နောက်ပိုင်းသီချင်းတွေ ရင်ထဲသိပ်မရောက်လို့..။ အရင်က အဟောင်းတွေပဲ ပြန်ခံစားနေတယ်..။ ဘယ်အချိန်ပြန်ခံစားလိုက် ခံစားလိုက် အဲ့ဒီ့သီချင်းတွေက ကျွန်တော့်ရင်ကို အခုချိန်ထိ ရိုက်ခတ်ဆဲပဲရှိနေသေးတာကတော့ ထူးဆန်းတယ်..။
နားထောင်နေတာတွေက…။ ကျွန်တော်က အပြင်းကြိုက်တော့ အပြင်းတွေများပါတယ်..။ အပြင်းတကာ့ အပြင်းစားတွေဆိုတဲ့ Rocker ကြီးတွေရဲ့ တစ်ခါတစ်လေ နူးညံ့တဲ့ သံစဉ်တွေနဲ့ စကားလုံးတွေက နုပြီ၊ ရွပြီဆိုရင်လည်း ကျန်တဲ့သူတွေ လက်မှိုင်ချရအောင်ပါပဲ…။ ကျွန်တော် လောလောဆယ် ခံစားမိတဲ့ သီချင်းအချို့ တင်ပေးလိုက်ပါတယ်..။
ဘာရယ်တော့မဟုတ်ဘူး..။ တစ်ခုခုပေါ့..။ ထွက်ပေါက်လေးများ ရလိုရညားပါ…။
IF YOUR GONE – MATCHBOX 20
OUTSIDE – STAIND
ONE LAST BREATH – CREED
p.s- သီချင်းတွေထဲက ကြိုက်တာရှိရင် ဆက်သွယ်လိုက်ပါ ကျွန်တော့်ဆီမှာ ရှိပါတယ်..။
You’re currently reading “ဂီတထွက်ပေါက် ၂”, an entry on BLACK DREAM
- Published:
- 05.04.09 / 12pm
- Category:
- Video Clip
- Post Navigation:
- « လောကအလှ Online Magazine နှင့်တွေ့ဆုံခြင်း
Crossing Over »
