လောကအလှ Online Magazine နှင့်တွေ့ဆုံခြင်း

မနှစ်က မေလ (၂) ရက်နေ့..။ ယခုလိုအချိန်မျိုးမှာ မြန်မာပြည်သူပြည်သားများ ဒုက္ခအတိရောက်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းနဲ့ ပတ်သတ်ပြီးတော့ ဒီမှာ ရှိတဲ့ ကျွန်တော်တို့ ညီအစ်ကို၊ သူငယ်ချင်းတွေရဲ့ ကြိုးစားအားထုတ်ကူညီခဲ့မှုများနဲ့ ပတ်သတ်ပြီး မနေ့က လောကအလှ Online Magazine နှင့် တွေ့ဆုံ ဖြေကြားခဲ့ပါတယ်..။
မနှစ်က ကျွန်တော်တို့ရဲ့ ပြည်ပရောက် ပညာတော်သင် ညီအစ်ကိုများရဲ့ ကြိုးစားလုပ်ဆောင်ချက်များနှင့် ပတ်သတ်တဲ့ သတင်းအချက်အလက်များ ဓာတ်ပုံနှင့် စာရင်း မှတ်တမ်းများကိုတော့ အောက်ပါ လင့်များမှာ ပြန်လည်ကြည့်ရှု နိုင်ပါတယ်..။
ပထမအကြိမ် လှူဒါန်းမှု မှတ်တမ်း
ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ မှတ်တမ်း
ဒုတိယအကြိမ် လှူဒါန်းမှု မှတ်တမ်း
အခုလို ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုများကို အသိအမှတ်ပြု ဖော်ပြပေးတဲ့ လောကအလှ Online Magazine အား အလှူဒါနများ ဖြစ်မြောက် အကောင်အထည်ပေါ်အောင် ၀ိုင်းဝန်း
လှူဒါန်းခဲ့သော၊ ကူညီခဲ့သော မြန်မာကျောင်းသား ညီအစ်ကိုသူငယ်ချင်းများ၊ သူငယ်ချင်းများ၊ ရုရှားဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် ပြည်သူပြည်သားများ ကိုယ်စား အထူးပင် ကျေးဇူးတင်မိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ။
အဲ့ဒီ့တွေ့ဆုံ မေးမြန်းချက်အပြည့်အ
စုံကိုတော့ လောကအလှ Online Magzine ရဲ့ အောက်ပါ Link မှာသွားရောက်ဖတ်ရှု နိုင်ပါတယ်..။
http://www.lawka-ahla.com/news.php?item.721
P.S- မေးမြန်းပေးခဲ့သော မ Hana နဲ့ တွေ့ဆုံမှုအား ဖြစ်မြောက်အောင် ဆက်သွယ်ဆောင်ရွက်ပေးခဲ့သော အစ်ကိုကြီး ကို မှော်ဆရာ အားလည်း ကျေးဇူးတင်ပါကြောင်း..။








ကောင်းမွန်တဲ့ အလုပ်တွေအတွက် သာဓု ၃ ကြိမ် ခေါ်သွားပါတယ် ကိုနက်ကြီး ။
Like or Dislike:
0
0
juz wanna say Congratulation bro!
Like or Dislike:
0
0
သာဓု သာဓု သာဓုပါ မောင်လေးရေ၊
Like or Dislike:
0
0
ဖတ်ရတာ စိတ်ချမ်းသာလိုက်တာနော်။ သာဓုခေါ်သွားပါတယ် မောင်လေးရေ……
Like or Dislike:
0
0
သာဓု သာဓု သာဓု ခေါ်လို့ရသလောက်ခေါ်ပါတယ်ညီလေးရာ
မရှိလို့မလှူ မလှူလို့မရှိ
အလှူရေစက်လက်နဲ့မကွာတဲ့
ညီလေးနဲ့အတူ လှူတန်းသူအားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေ
လိုထာဝရ ဆုတောင်းပေးပါတယ်
ကိုကတော့ မလေးရှာမှာဝိုင်ဝန်း ကူညီအလှူငွေကောက်ရင်း
မလေးငွေ RM ၁၁၀ ဘဲတပ်နိုင်လို့ တပ်နိုင်သလောက်ဘဲလှူတန်းလိုက်ပါတယ်
Like or Dislike:
0
0
ကောင်းလိုက်တာ.. မတွေ့ ဘူးး…ခုထိသူ့ အိမ်က ၀င်္ကဘာကြီးကြနေတာပဲ…ဟွန
Like or Dislike:
0
0
တွားဖတ်လိုက်ဦးမယ်…
Like or Dislike:
0
0
တတိယအကြိမ် သာဓုခေါ်ပါတယ်ရှင်။
ခုချိန်ထိ ငိုကြွေးနေဆဲ နှလုံးသားများစွာရှိနေသေးတာ အသေအချာပါပဲ။
Like or Dislike:
0
0