ဒုက္ခအပေးချင်ဆုံးလူ ၁၀ ယောက်
1 viewsဒီရက်ပိုင်း အာရုံတွေရနေတာနဲ့ ပို့စ်တွေတစ်ခုပြီး တစ်ခုတင်…။ ချစ်တဲ့ ညီအစ်ကို မောင်နှမတွေကို ဦးနှောက်တွေစားခိုင်း..။ အာရုံတွေများခိုင်းနဲ့ တော်တော်လေး နှိပ်စက်ရတာ အားရပါးရရှိသွားပါတယ်..။ ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ပါ..။ စာလာဖတ်တဲ့သူတွေလည်း ပေါ့ပေါ့ ပါးပါး ဖြစ်သွားအောင်..။ ကျွန်တော်တွေ့ချင်တဲ့…။ (အမှန်က နှိပ်စက်ချင်တာပါ) တဲ့သူ ၁၀ ယောက်အကြောင်းကို နဲနဲလောက်ပြောချင်ပါတယ်..။ ဘာကြောင့်တွေ့ချင်တယ်..။ ဘယ်လိုနှိပ်စက်မယ်..။ ဘာညာပေါ့…။
ကျွန်တော်နဲ့ တစ်မြို့ထဲမှာ လက်ရှိ, ရှိနေတဲ့ရောင်းရင်းများကတော့ ဒီမျက်နှာနဲ့ ဒီမျက်နှာ မမြင်ချင်မှအဆုံး ဖြစ်နေလေတော့ကာ ထည့်မရေးတော့ ပါဘူး..။ တစ်ယောက်နဲ့တစ်ယောက်က တွေ့ပြီဆိုတာနဲ့ ချစ်စနိုးလေး လည်မျိုတက်နင်းတာတို့…။ အရှိုက်ဖြတ်ကန်တာတို့…။ လုပ်နေကြဆို တော့..။ (ဦးတဲ့သူလုပ်တာပါ
) တော်တော်လေး နှိပ်စက်လို့ ၀နေပါပြီ..။ ဒါကြောင့် အခု အဝေးမှာရောက်နေတဲ့သူများကို ရာဇသံပေးတဲ့ နေနဲ့ စစ်ကြေငြာခြင်းဖြစ်ပါတယ်…။
ကျွန်တော် ရာဇသံပေးတဲ့ သူများစာရင်း အောက်မှာပါ…။ တွေ့လို့ကတော့လားဗျာ…။
ထိပ်ဆုံးကနေစပြီး ခေါင်ကိုအရင်ပြစ်ပါမယ်…။ (အသက်အငယ်ဆုံးမို့ အပေါ်ဆုံးမှာတင်ထားပေးတယ်နော်
) ကျွန်တော် ပထမဆုံး ဒုက္ခပေးချင် တာကတော့ ကိုလင်းထက်ပါ…။ ဘာကြောင့်လဲဆိုတော့..။ အွန်လိုင်းမှာတွေ့တိုင်း သူနှိပ်စက်တာချည်းခံရပါတယ်..။ သူကလည်းနိုပ်စက် သူ့ရဲ့ ဘိုးတော်ဘုရားလေးဘက်ထောက်သွားတဲ့ ခေတ်တုန်းက၀ယ်ထားတဲ့ ကွန်ပျူတာနဲ့ ( Monitor 22″ ဖြစ်ပါတယ်
) မိုက်ကရိုဖုန်း အစုတ်ပလုတ် ကလည်း သခင်အားကိုး မျက်နှာလို မျက်နှာရနဲ့…။ ဒီဘက်က စကားပြောတဲ့သူအား စကားပြောတိုင်း တကျီကျီနဲ့ ဒုက္ခပေးပါတယ်..။ တစ်ဘက်က လူမှာ သွားတွေကျိန်း..။ မျက်လုံးတွေပြာ..။ နောက်ဆုံး နားတွေပါအူပြီး ကန်းသွားမလားပါပဲ..။
ဒါတင်မကပါဘူး..။ တစ်ဘက်က ကိုယ့်ညီ ဘိုင်ပြတ်နေမှန်းမသိ..။ ရေနစ်နေမှန်းမသိ..။ တစ်ဘက်နေပြီးတော့ ဟိုဟာစားပြလိုက် (စားလို့ရတဲ့ဟာ အကုန်အကြုံးဝင်ပါတယ်)၊ ဒီဟာသောက်ပြလိုက် (တစ်ခါတစ်လေတော့ မသောက်ပါဘူး စုပ်ပါတယ်..။ ပိုက်ကလေးနဲ့
) အဲ့လိုမျိုး အမျိုးမျိုးကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်လေ့လုပ်ထရှိပါတယ်..။ ဒါကြောင့် အထက်ပါ ပုဂ္ဂိုလ်အား တွေ့ရာသချိုင်းဓားမဆိုင်း..။ တွေ့သည့်နေရာတွင် နှိပ်စက်၊ ညှင်းပန်း၊ ဒုက္ခပေး၊ မျိုးဖြုတ်မည် ဖြစ်ပါတယ်…။
အထက်ပါ သရဲနီဂိုင်းချုပ်ကြီးနဲ့ အတူခင်ခွင့်ရတဲ့ ညီတစ်ယောက်ပါ..။ အခုတော့ ဘလော့လောကကို ခြေစုံပြစ်ထွက်ခွာသွားပါတယ်..။ ဒါပေမယ့် သူ့ရဲ့ ထွက်ခွာသွားမှုဟာ မှန်ကန်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုတော့..။ သူဟာ ဘလော့လောကကို ခြေစုန်ပြစ်သွားပေမယ့် အခုဆို MZ မှာ အကောင်ဖြစ်နေပါပြီ..။ (ဘာကောင်လဲသိချင်ရင်တော့ MZ မှာသာသွားကြည့်ပါတော့) သူ့အတွက် အင်မတန်ကောင်းပါတယ်။ နည်းပညာတွေလည်း အခုဆို တော်တော်ကျွမ်းကျင်နေတဲ့ ဆရာတဆူဖြစ်နေပါပြီ…။ (မသိတာရှိရင် သူ့သွားမေးပါ..။ အားမနာကြပါနဲ့..။
)
ကျွန်တော့်ညီ ညမီးအိမ်ဟာ တော်တော်လေးကိုလဲ ရိုးသားတဲ့လူငယ်တစ်ယောက်ပါ..။ ပါးစပ်ထဲ လက်ထည့်တောင် မကိုက်တတ်ပါဘူး (စုပ်ပဲ စုပ်ပါတယ်…။
ဒါကလည်း သူငယ်နာမစင်သေးလို့ပါ
) သို့သော်….။ အဲ့ဒီ့ သို့သော်က တော်တော်အရေးကြီးပါတယ်..။ ဒီကောင်လေး ဒီလောက် လိမ္မာရဲ့သားနဲ့ ဘာကြောင့် ဒုက္ခပေးချင်ရပါသလဲဆိုတော့…။ ဇာတ်ကတော့ တော်တော်နာတယ်ဗျာ…။ သူ့ဘာသာသူ ရည်းစားနဲ့ အဆင်မပြေလို့ ပြတ်သွားကတည်းက ကျွန်တော့် ညီမကိုချည်းတောင်းနေလို့ ဖြစ်ပါတယ်..။ (ဟဲ ဟဲ..။ အမှုကြီးတယ်မလား
) ဒါကြောင့် ဒင်းအားလည်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင် တွေ့တွေ့…။ အမျိုးပြုတ်အောင် (ဘယ်လိုဖြုတ်မလဲတော့မမေးနဲ့
) နှိပ်စက်မည် ဖြစ်ပါတယ်။
နာမည်ကြားရုံနဲ့ လူရှိန်သွားမယ် ဆိုတာ ကျွန်တော်သိပါတယ်..။ ဒါကလည်း သူ့ပါရမီပဲ ပြောရမှာပေါ့..။ နာမည်ကတင် ” ဇ” မဟုတ်ပါဘူး..။ လူက လည်း ဇကွဲအကြီးစားပါ..။ သဘောကောင်းတယ်..။ ဓားထိုးပက်စက်တယ်ဆိုတာ သူမှအစစ်ပါ (ဖွပြီ..။ ဖွပြီ…။
) စိတ်ဓာတ်ကြီးသလောက် Body Structure ကလဲ အပျံစားပါ..။ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝနဲ့ နင်လား ငါလား နီးနီးကိုရှိပါတယ်..။ စိတ်ကလည်းကြီး..။ ခွန်အားကလည်း ကြီး တော့..။ သူ့ရှေ့က အိမ်မြှောင်ဖြတ်မပြေးနဲ့ အိမ်မြှောင်ဖြတ်ပြေးတာနဲ့ အမြှီးကကိုင်ပြီး ကိုင်ပေါက်..။ (သိပ်အားကြီးတာနော်
) ပိုးဟပ်ဖြတ်မပြေး နဲ့ နှုတ်ခမ်းမွှေးက ကိုင်ပြီးစောင့်ဆွဲ ( သန်မာပုံ…သန်မာပုံ..
) အဲ့လောက်ကို စိတ်ကြီးတဲ့သူပါ..။
သဘောကတော့ ဘာကောင်းသလဲ မမေးနဲ့..။ သူက ကျွန်တော်တို့ရဲ့ Myanmar Genius Forum မှာ Admin လေ..။ သူသဘောကောင်းပုံများ။ သူကပြောတယ် ” ညီလေး..။ မင်းအရမ်းပင်ပန်းတယ်..။ ဖိုရမ်ရော MMGenius Blog Service ရော အစ်ကို့ ကိုပေးတဲ့ အစ်ကိုအကုန်အစအဆုံး လုပ်ပေးမယ်တဲ့” အဲ့လောက်ကို သဘောကောင်းတာဗျာ (ဟုတ်တယ်နော်..။
ချုပ်တာ…။ ချုပ်တာ
) သူ့ကြတော့ အပေါ်ကလူတွေနဲ့ မတူပြန် ဘူး အဲ့လောက်ကြီးကို သဘောတွေကောင်းနေလို့..။ အပြင်ရောက်ရင် ညှင်းစဲခြင်တာပါ..။
သူက သူငယ်ချင်းတွေနဲ့တွေ့ရင် လာသမျှသူငယ် ချင်း သူ့မှာရှိတာအကုန်ချကျွေးတာ..။ ပိုက်ဆံလိုရင် အကုန်ထုတ်ပေး (ချေးတာမဟုတ်ဘူးနော် အပိုင်ပေးတာ
) အဲ့လိုဗျာ..။ အဲ့ဒီ့တော့ ကျွန်တော်သူ့ကို တွေ့ချင်တာ ဆန်းသလားဗျာ…။
(ပြောထားတယ်နော်..။ အဲ့ဒီ့အတိုင်းမဟုတ်လို့ကတော့ ဖွမှာ
)
သူကတော့ အားလုံးသိတဲ့ အတိုင်းနာမည်ကြီး ကဗျာဆရာပေါ့ဗျာ..။ ရေးးချက်တွေက စက်သေနတ်နဲ့ ပြစ်နေသလား အောက်မေ့ရတယ်..။ စကား လုံးတွေများ စက်ထဲကနေ ထုတ်နေသလားထင်ရတယ်..။ သူလည်း ငယ်ငယ်က ဒီဖတ်စာအုပ်..။ ဒီအတန်းပဲ တက်ခဲ့တာပဲ..။ ကျွန်တော်တို့လဲ ဒီဖတ်စာအုပ် ဒီအတန်းတွေက ကျော်ဖြတ်ခဲ့တာပဲ..။ သူ့ကြမှဗျာ..။ စကားလုံးတွေက ဘာလို့ ဒီလောက် ကြွယ်ဝနေမှန်းကို မသိပါဘူး..။ တကယ်ကို မနာလိုဖြစ်ဖို့ကောင်းတဲ့လူပါ..။ ဘာလို့တွေ့ချင်ရတာလဲ…? လာမယ်..။ နောက်တစ်ပိုင်မှာ …
သူ့ကို နှိပ်စက်ချင်တဲ့အမှုကလည်း တော်တော်ကြီးပါတယ်..။ ဘာကြောင့်လဲဆိုတော့ သူနဲ့အတူ ကြံရာပါ နောက်တစ်ယောက်ရှိပါသေးတယ်။ သူတို့က နှစ်ယောက်ပေါင်းမိုက်တာပါ..။
(သေပြီ မျှားတစ်ဆင်း ငှက်နှစ်ကောင်
) တစ်နေ့တစ်နေ့သူတို့ နှစ်ယောက်ထဲက တစ်ယောက်မ ဟုတ် တစ်ယောက် တက်လာမှာကို ကျွန်တော့်မှာ စိုးရိမ်နေရပါတယ်..။ ဘာလို့လဲဆိုတော့ ခမျာတွေကတက်လာရင် နှစ်ယောက်ပူးကြီးဗျား.. ( ဓာတ်ပုံကိုပြောခြင်းဖြစ်ပါသည်
) သူများသားသမီး ဘာတွေကိုတွေးလို့ ဘာတွေကိုဆွေးနေမှန်း ဒင်းတို့မသိ..။ အဲ့လို နှစ်ယောက်ပူးကြီး ( ဓာတ်ပုံ) တက်တက်လာတော့ဗျာ..။ ရင်ထဲမှာ အပြားကြီးဆို့ဆို့သွားပြီး တော်တော် နေရထိုင်ရခက်ခက်သွားပါတယ်..။ ဒါကြောင့် ကျွန်တော့်အား ဒီလိုမျိုး စိတ်၏ ဆင်းရဲခြင်းကို အမြဲပေးသောကြောင့် အိုင်လွယ်ပန်အား (သူ့ရဲ့ ကြံရာပါနှင့်အတူ) တွေ့သည် နေရာတွေ တွေ့သည့်အချိန်မှာ တွေ့သည့်နည်းဖြင့် ဒုက္ခပေးပါမည် ဖြစ်ကြောင်း..။
HAPPY CLOUD (ကိုမိုးမောင်၊ ကိုးဖိုးမောင်)
သူတို့ကလည်း စုံတွဲပါပဲ..။ (အင်းလေ..။ ဟုတ်ပါ့နော်..။ ယောက်ျားအချင်းချင်းကြီး တွဲရတယ်လို့
ရိုးကြရဲ့လားမသိဘူး
) သူတို့နှစ်ယောက် ကို ဒုက္ခပေးမယ့်စာရင်းထဲ ထည့်ရခြင်းရဲ့ အဓိက တရားခံစာ ကိုမိုးမောင်ဖြစ်ပါတယ်..။ (ကိုဖိုးမောင်ကြီးက အေးပါတယ်..။ ရေခဲတုံးအမြဲ -င်ခုထိုင် ထားလို့ပါ..။ သောက်တော်ပုလင်းဖွင့်တဲ့အခါ ရေခဲရှာရမှာစိုးလို့တဲ့
)
သူတို့နှစ်ယောက်ကို ဒုက္ခပေးခြင်ရခြင်းမှာ ကိုးမိုးမောင်လက်ချက်လို့ အထက်မှာ ရေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်လို ဘုရားနဲ့ တရားနဲ့နေ၊ အသောက် King အစား King ၊ ဆေးလိပ်မသောက် (ဆေးလိပ်ကသောက်လို့မရပါ
) စသည်ဖြင့် မရေမတွက်နိုင်လောက်သော ဂုဏ်ပုဒ်များနှင့် ပြည့်စုံသည့် သူအား သူ့ရဲ့ အမြည်းတို့ရဲ့ ပထ၀ီ ထဲမှာ အရက်သမားအဖြစ် စွပ်စွဲရေးသားခဲ့ပါတယ်..။ ဒါတင်မက ကျွန်တော် ဘုရားတရားအာရုံပြုနေတဲ့အချိန်မျိုးမှာလဲ ” မဲကြီး..။ မနက်ဖြန်…။ ငါတို့အဖွဲ့တွေ…။ !@#$ သိလား..။ အဲ့ဒါလိုက်ဦးမလား” ဆိုပြီး အာရုံတွေလွင့်ပါးအောင် ဒုက္ခပေးပါတယ်..။ ဒါကြောင့် အရက်ကြွေး (မှားလို့
) သွေးကြွေးပြန်ဆပ်တဲ့အနေနဲ့ ထို Happy Cloud (မတတ်နိုင်ဘူး ကိုဖိုးမောင်ကြီးလဲ ပါသွားပြီ
) အဖွဲ့အား ဒုက္ခပေးမည့် စာရင်းထဲတွင် ထည့်သွင်းထားရခြင်းဖြစ်ပါတယ်..။
ကျွန်တော့်ညီတစ်ယောက်ပါပဲ…။ အကြီးဆုံးပါ (အသက်..။
) အရမ်းလဲ လိမ်….။ အရမ်းလဲ မာ….။ ပါတယ်
တကယ်ပါ..။ ကျွန်တော် အတည် နောက်တာပါ…။ သူ့မိသားစုလေးကို အကိုကြီး အဖိရာ ဆိုတဲ့ စကားလေးအတိုင်း ကြိုးကြိုးစားစား ရိုးရိုးသားသား လုပ်အားဖြင့်နိုင်ငံတည်.. (အဲ မှားကုန်ပြီ) ကြိုးစား ရိုးသားစွာ ရှာဖွေ ပြုစုစောင့်ရှောက်နေတဲ့ ညီလေး ဖြစ်ပါတယ်…။ သို့သော် သူ့မှာလည်း အပြစ်မကင်းပါဘူး..။ သူ့အပြစ်က အထက်ပါ ပုဂ္ဂိုလ်ကြီးများလောက် မကြီးမားပေမယ့် သူ့အနေအထားနဲ့သူတော့ ကြီးပါတယ်။ (အပြစ်ကိုပြောခြင်းဖြစ်ပါသည်။ ဖြည့်တွေးကြပါကုန်)
ဒီလိုပါ..။ သူအပြစ်ရှိရခြင်းက..။ လွန်ခဲ့တဲ့ တစ်လကျော် နှစ်လလောက်က ဖြစ်ပါတယ်..။ မျက်လုံးပြူးမျက်ဆံပြူး (နဂိုပြူးမပြူးတော့ ကျွန်တော်မသိ ပါ..။ နဂိုထက်ပိုပြူးနေတာကိုတော့ ကျွန်တော်ခန့်မှန်းလို့ရပါတယ်) ” အစ်ကိုရေ ..။ အစ်ကိုရေ..။ လုပ်ပါဦး ကျွန်တော့် ဘလော့ကြီး ဂန့်သွားပြီ” ဆို ပြီး အပြေးအလွှားရောက်လာပါတယ်..။ အိုကေ ဒါဆိုလဲ ပြင်ကြတာပေါ့ဆိုပြီး ကျွန်တော်ဝင်ပြင်ပေးဖို့ သူ့ဆီက FTP အချက်အလက်တွေတောင်း ပါ တယ်..။ သူကလည်းပေးပါတယ်..။ ဒါပေမယ့် ဘယ်လိုမှကို ၀င်လို့မရပါဘူး..။ ငါ့ညီ မင်းသေချာရဲ့လားဆိုတော့..။ အာ…။ အစ်ကိုကလည်း သေချာပါတယ်တဲ့လေ….။ (သူကပြောတာ..။ အံမယ်…။ ရုပ်တည်ကြီးနဲ့ဗျ
) ဒါနဲ့နောက်ဆုံး ဘယ်လိုမှမရတော့လို့ သူ့ Hosting ထဲအထိ ၀င်စစ်တော့မှ သကောင့်သားပေးထားတဲ့ FTP Domain Name က မှားနေပါတော့တယ်..။ ထို့ကြောင့် ၎င်း၏အမှုမှာ ကျွန်တော့်အား ရုပ်တည်ကြီး နဲ့ ဖြဲသောကြောင့် ယနေ့ ဒီအချိန် ဒီနေရာမှစပြီး တွေ့တဲ့နေရာတွေ ဒုက္ခပေးမည်ဖြစ်ကြောင်း ရာဇသံပေးလိုက်ပါသည်..။ (ဒူ ဝေ ဝေ ဝေ…)
မိုက်ကန်း..။ နာမည်ကသာ မိုက်ကန်းတာပါ..။ လူကတော့ လူဆိုးပါ..။ (အဲ ဟုတ်ပါဘူး
) ကျွန်တော့်သူငယ်ချင်းလို့ အစ်ကိုလို ခင်ရတဲ့ သူငယ် ချင်းဆိုလည်းဟုတ်..။ ညီအစ်ကိုဆိုလည်း ဟုတ်တဲ့သူတစ်ယောက်ပါ..။ အခုတော့ မဘက်လိုက်ပြီး မိုက်ဘက်ပါ (အာ…မှားလို့
) အိမ်ထောင် ရက်သား၊ လသား၊ နှစ်သား ကျလို့ ဘ၀အတွက်ရုန်းကန်ရင်း ဘလော့မရေးတော့တာ ကြာပါပြီ..။ အခုဆို သားဦးလေးတောင် မွေးထားပြီဖြစ်ပါ တယ် ( အဖေနဲ့မတူပါစေနဲ့လို့ ကျွန်တော်ကြိတ်ဆုတောင်းမိတယ်…။ ဟီး ဟီး
) မတွေ့ရတာကြာပေမယ့် အခုထိ ရင်ထဲမှာ အမှတ်တရရှိတုန်း။
ဒီလောက် ငြိမ်းချမ်းပြီး အဆင်ပြေနေတဲ့ သကောင့်သားအား ဒုက္ခပေးခြင်ရခြင်း အကြောင်းအရင်းမှာ…။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်..။ သူဘလော့ ရေးနေစဉ်တုန်းက ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်လေး တစ်ခုကြောင့်ပါ..။ အဖြစ်က ဒီလိုပါ..။ သူက ကျွန်တော့်ကို EOT လုပ်ခိုင်းပါတယ်..။ ကျွန်တော်လည်း လုပ်ပေးပါတယ်..။ ဒါပေမယ့် ခက်တာက..။ သူက မရဘူးချည်း ထိုင်အော်နေပါတယ်..။ ကျွန်တော့်မှာ ပညာသာကုန်သွားတယ် ထူး မခြားနားပါပဲ..။ နောက်ဆုံး အရင်းစစ်တော့ အောက်ကပေါ် (မှားလို့..) အမြစ်ကပေါ် ..။ သူပေးထားလို့ ကျွန်တော် ၀င်ပြင်နေတဲ့ အကောင့်က တစ်ခု..။ သူထိုင်ကြည့်ပြီး မရဘူးအော်နေတဲ့ ဘလော့က တစ်ခုဖြစ်နေပါတော့တယ်..။ ဒါကြောင့်….။ အသင် နွေမုန်တိုင်း (ခေါ်) မိုက်ကန်းအားလဲ ဒီစားရင်းထဲတွင် တို့ထားလိုက်ပါတယ်..။ (အဲ့ဒီ့အဖြစ်အပျက်လေးကို ကျွန်တော် ပို့စ်လေးတစ်ခု ရေးခဲ့ဖူးပါတယ်)
မင်းတစေ ဟေ့…။ ဆိုလျှင် မြန်မာဘလော့လောကမှာ မသိသူမရှိကြပါဘူး..။ သူ့ရဲ့ အပြင်းစားအက်ဆေးများဟာ မင်းခိုက်စိုးစံနဲ့ သစ္စာနီကိုတောင် ထိုင်ငိုသွားစေလောက်ပါတယ်…။ ရေးချက်တွေက ပက်စက်ပါတယ်..။ လန်ထွက်လွန်းလို့ ဒန်ခွက်လေးနဲ့ အုပ်အုပ်ထားရပါတယ် (စကားလုံးတွေ ခုန်ထွက်မှာစိုးလို့
) ဒါပေမယ့် သူဘလော့မရေးတော့တာကြာပါပြီ..။ တွေ့လို့ ရေးဖို့ ပြန်ပြောတိုင်းလဲ အခုပဲရေးတော့မလိုလိုဘာလိုလို..။ မေးလိုက်ရင် စာအုပ်ထဲမှာရေးထားတယ်ဆိုတာချည်းပါပဲ…။
အထက်ပါ တရားခံအား ဒုက္ခပေးခြင်ရခြင်း အကြောင်းအရင်းကတော့ နှစ်ကခုပါ။ တစ်ခုက အများနဲ့ဆိုင်ပါတယ်..။ နောက်တစ်ခုက ကျွန်တော်နဲ့ ဆိုင်ပါတယ်..။ အများနဲ့ဆိုင်တဲ့အချက်က သူ့ရဲ့ လက်ရာတွေကို လည်ပင်း သစ်ကုလားအုပ်ဖြစ်အောင် စောင့်မျှော်နေတဲ့ ပရိတ်သတ်အပေါင်းမှ အားမနာ ပြန်ရေးပါ ဒီလောက်ပြောနေတာကို မရေးပဲ ပြစ်ထားတာ အခုဆို တစ်နှစ်နီးပါးရှိသွားပြီ ဖြစ်ပါတယ်..။ နောက်တစ်ခု ကျွန်တော်နဲ့ ဆိုင်တာ ကတော့ ကျွန်တော့်ကို ပုံပြောပြောသွားလို့ပါ..။ လာမယ်..။ ရေးမယ်..။ ဘာညာ သရကာ ပြောပြောပြီး ဖောသွားလို့ပါ…။ ဒါကြောင့် သူသည်လည်း လက်ရှိစာရင်းတွေ အကြုံးဝင်သွားခြင်း ဖြစ်ပါတယ်။
သရဲနီ ဂိုင်းချုပ်ကြီးရဲ့ အမျိုးပါ…။ ဘာတော်လည်းသိချင်ရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ စုံစမ်းကြပါ..။ သူ့ကို ဒုက္ခပေးခြင်တဲ့အကြောင်းအရင်း ကလည်း နှစ်ခုပါပဲ…။ ပထမတစ်ခုကတော့ (ဒီကိစ္စကို ကိုလင်းထက်ကြီးလဲ သဘူတောမယ် ထင်ပါတယ်
) ဒီမှာငတ်ပြတ်နေပြီး စားစရာမရှိလို့ ဒေါသတွေ အချောင်းလိုက် အတစ်လိုက်၊ အတုံးလိုက် အပြားလိုက် ပုံစံမျိုးစုံထွက်နေပါတယ်ဆိုမှ..။ သူက သူ့ Lady အားကိုးနဲ့ အစ်ကိုရေ ဒီနေ့ လေ သိလား..။ ဟိုဟာလေးချက်စားတယ်..။ စားပါဦး…။ အစ်ကိုရေ ဒီနေ့တော့ ဒီလိုလေးဗျ..။ စားဦးမလား..။ စသည်ဖြင့် ရက်ရက်စက်စက် ထိုးနှက် တိုက်ခိုက်ခဲ့လို့ပါ။
နောက်တစ်ချက်ကတော့ လူကြီးကို မျက်ကလူးဆန်ပြာဖြစ်အောင် အမှုဆင်လိမ်လည်လို့ပါ..။ သူပြောတော့ ကိုယ့်မှာအဟုတ်ကြီးထင်ပြီး ၀ိုင်းစဉ်း စားရ..။ ပူရ..။ ပန်ရ…။ နည်းလမ်းတွေရှာရနဲ့….။ ပြီးလဲ ပြီးကရော…။ ဒင်းမျက်နှာကြီးက…။ (ဟင်း ဟင်း တွေ့လို့ကတော့လားကွာ) အဲ့ဒီလိုမျိုး အကြောင်းကြောင်းတွေရှိသောကြောင့် ၎င်းအားလည်း ၎င်း၏ ဦးရီးတော်နှင့်အတူ တွေ့သည့် နေရာတွင် အပြတ် ဒုက္ခပေးမှာ ဖြစ်ပါတယ်..။
ပြတိုက်ကြီးပါ…။ ဘလော့ဂါတိုင်း မသိတဲ့သူမရှိပါဘူး..။ သူဟာ သူများတွေရဲ့ စာတွေကို သေသေချာချာဖတ်ပြီး တလေးတစား သေသေချာချာ Comment ပေးတတ်တဲ့အကျင့်တွေကြောင့် လူသိလည်းများ လူချစ်လူခင်လည်းများတဲ့သူပါ…။ နောက်ပိုင်းတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ..။ အခြားခြားသော အကြောင်း တွေကြောင့် ဘလော့ရပ်ဝန်းလေးမှာ ပျောက်သွားလိုက်၊ ပေါ်မလာလိုက် (အဲလေ) ပေါ်လာလိုက်ဖြင့် နစ်လိုက် မြုပ် လိုက် (အာ..အတူတူပါပဲ မထူးပါ ဘူး
) ဖြစ်နေသူပါ…။
ဒီလောက်လူချစ်လူခင်ပေါများပါလျှက် ဘာကြောင့် ကျွန်တော်သူ့ကို ဒုက္ခပေးချင်ရပါသလဲဆိုတော့…။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်..။ အတိအကျပြောရ ရင် သင်္ကြန်တွင်းပေါ့ဗျာ…။ အဲ့ဒီ့အချိတုန်းက ပြုခဲ့တဲ့ အမှုကြောင့်ပါပဲ…။ မြန်မာအနုပညာလောကမှာ သင်္ကြန်ဆိုရင် ဇော်ဝမ်းမပါရင်မပြီးသလို..။ ဘလော့ဂါ ရပ်ဝန်းလေးမှာလဲ သင်္ကြန်ဆို မောင်အညတရတို့မပါရင် မပြီးပါဘူး…။ သူ့အမှုက ကိုမိုးမောင်အမှုနဲ့ တူပါတယ်..။ ကျွန်တော့်လို လူလိမ္မာ၊ လူအေးလေးကို အရက်သမား ပြားပြားဖြစ်အောင် စွတ်စွဲပြောဆိုရေးသားခဲ့လို့ပါ ( ဒါပေမယ့် နဲနဲတော့တန်နတယ်..။ သူသောက်ခိုင်းတာ က ကိုမိုးမောင်ကြီးလို့ အာမီမဟုတ်ဘူး Chevas
) သို့ကလိုသော အကြောင်းတွေကြောင့် ကို နှလုံးသားပြတိုက် (ခေါ်) မောင်အညတရအား တွေ့သည့်နေရာတွေ ဒုက္ခပေးမည်ဖြစ်ပါကြောင်း…။
P.S- တကယ်တမ်း ကျွန်တော် ဒုက္ခပေးချင်တဲ့သူတွေ ဆက်ရေးမယ်ဆို ကျန်ပါသေးတယ်။ အပိုင်း (၂) အထိရောက်သွားနိုင်ပါတယ်။ Tag တဲ့သူက ၁၀ ယောက်ပဲဆိုလို့ (ဒါတောင် ဆိုက်ကား တွဲထားတာ ၁၂ ယောက်ဖြစ်သွားတယ်
) ဒီ Tag လေးကို ကျွန်တော်ရေးရတာ ပျော်ပါတယ်..။ ကျွန်တော့်ကို ရေးခိုင်းတဲ့ အစ်မ ကောင်းကင်ပြာ ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ
You’re currently reading “ဒုက္ခအပေးချင်ဆုံးလူ ၁၀ ယောက်”, an entry on BLACK DREAM
- Published:
- 04.27.09 / 1am
- Post Navigation:
- « တူညီသော ခြားနားချက်များ…
လောကအလှ Online Magazine နှင့်တွေ့ဆုံခြင်း »
