• About Me

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...! (More...)

    တူညီသော ခြားနားချက်များ…

    April 23 , 2009 | 1,042 views

    နိဒါန်း

    “သြော်….။ အခုတော့လဲ မင်းရောက်ပြီလာပဲ…”

    တစ်ဘက်မှ စီးကြိုပြီးပြောလိုက်တဲ့ စကားတစ်ခွန်းကို သူခပ်ရဲ့ရဲ့ အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်ပါတယ်…။ မလိုဘူးလေ…။ ဒီလူနဲ့ ဒီလူ လောက နီတိတွေ..။ အပေါ်ယံ စကားလုံးတွေ….။ ဒီလောက်ဆို သူ့ရင်ထဲရှိတာတွေကို သဘောပေါက်သွားမှာပါ…။

    “အေးဆေးပေါ့ကွာ…။ ထိုင်…။ ရော့…။ ဆေးလိပ်လေးဘာလေးသောက်ဦး…။ အမောပြေမှ စကားပြောကြတာပေါ့…”

    “ဟင့်အင်း…။ ငါဆေးလိပ်မသောက်တတ်တာ မင်းမေ့သွားပြီထင်တယ်….”

    တစ်ဘက်မှ သူ့သူငယ်ချင်းက ဘာမှဆက်မပြောတော့ပဲ ခေါင်းကို တဆတ်ဆတ်ငြိတ်ရင်း ပြုံးလို့သာနေပါတယ်…။

    “ဘာပဲ ပြောပြောငါက ဒီနေရာကို မင်းအရင်ရောက်နေတာဆိုတော့ ငါက အိမ်ရှင်ပဲလေ..။ ဧည့်ဝတ်ကျေရပေမပေါ့…။”

    သူဘာမှ ပြန်မပြောမိ…။ သူ့သူငယ်ချင်းကိုသာ သေသေချာချာ စိုက်ကြည့်နေမိသည်…။ တကယ်ကို မယုံနိုင်စရာပင်…။ သူနဲ့ သူ့သူငယ်ချင်းကြား ဘာတွေကွာခြားသွားခဲ့လဲ…? ဘယ်လိုအခြေအနေတွေက မတူညီမှုတွေကို ဖန်တီးခဲ့လဲ…။ တကယ်ဆို အနဲနဲ့အများတော့ တူညီနေသင့်တာပေါ့..။ အခုတော့…။ သူ့အတွက် အံ့သြခြင်းများစွာဖြင့် စကားတစ်ခွန်းသာ ဆိုနိုင်ခဲ့သည်…။

    “မင်းအရင်လိုပဲ….။ ဘာမှ ပြောင်းလဲမသွားဘူးနော်….”

    အခန်း (၁)

    တကယ်တော့ သူတို့သူငယ်ချင်းနှစ်ယောက် ဝေးကွာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်…။ အတိအကျ နီးပါးပြောရရင် နှစ် (၄၀) နီးပါးပေါ့။ သူနဲ့ သူ့သူငယ်ချင်းဆိုတာက တကယ့်ကို ညီအစ်ကိုပမာ..။ တိုင်ပင်ဖက်..။ ဆွေးနွေးဖက်…။ ငြင်းခုန်ဘက်…။ တူညီတာတွေရှိခဲ့သလို..။ သဘာဝ အတိုင်း မတူညီမှုတွေကလဲ ပုံမှန်မွေးဖွားခဲ့ကြတာ အဆန်းတစ်ခုတော့ မဟုတ်ပါ။ ဒီလိုနဲ့ပဲ ကြီးပြင်းလာခဲ့ရာ…။ မထင်မှတ်တဲ့ အချိန်…။ မထင်မှတ် တဲ့နေရာမှာ သူတို့တွေ ခွဲခွာကြဖို့ အကြောင်းဖန်လာခဲ့သည်…။ သူတုန်လှုပ်ခဲ့သလောက် သူ့သူငယ်ချင်းကတော့ ဘာမှမခံစားရသည့် အတိုင်း တကယ့်ကို မယုံကြည်နိုင်လောက်အောင် တည်ငြိမ်လွန်းလှခဲ့သည်…။

    သက်တူရွယ်တူ သူငယ်ချင်းတွေဆိုပေမယ့်…။ သူ့သူငယ်ချင်းရဲ့ အတွေးအခေါ်တွေ…။ အယူအဆတွေ…။ အမြင်တွေဟာ သူ့ထက်ပိုမို တည်ငြိမ်ခဲ့ တာတော့ သူဝန်ခံရပေလိ့မ်မည်..။ သူ့သူငယ်ချင်းရဲ့ စကားလုံးတွေတိုင်းဟာ သူ့အတွက်တော့ ဘာသာဗေဒ အသစ်တစ်ခုလို အမြဲဖြစ်နေခဲ့ပါတယ်။ သူအကြိမ်ကြိမ် နားလည်ဖို့ ကြိုးစားခဲ့ပေမယ့်…။ သူ့အတွက်တော့ အလှမ်းဝေစမြဲ ဝေးနေခဲ့ဖူးပါတယ်..။ သူတစ်ခါတစ်လေ သူ့သူငယ်ချင်း ဘာ တွေကိုများ တွေးနေပါလိ့မ်…။ ဒါမှမဟုတ် ဘယ်လိုများတွေးနေပါလိ့မ်လို့ သိချင်လွန်းလှပါတယ်…။

    “မင်းကို ကြည့်လိုက်ရင် အမြဲတမ်း ဘာမှမခံစားရသလိုပဲ..” သူရဲ့စကားဟာ ဟာသတစ်ခု မဟုတ်သည့်တိုင် ဘာကြောင့်များ သူ့သူငယ်ချင်းရဲ့ နှုတ် ခမ်းတစ်စုံမှာ မထီတရီ အပြုံးတွေ ဖူးပွင့်ခဲ့ရပါသနည်း…။

    “မင်းကိုငါပြောမယ်…။ ကြီးမားတဲ့ ကျောက်တောင်၊ တောင်တန်းကြီး တွေကအစ..။ သေးငယ်တဲ့ ကျောက်တုံးတစ်ခုအထိဖြစ်လာဖို့ဆိုရင် သေးငယ်တဲ့ သာမန်မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်ပေါင်းများစွာနဲ့ စတင်ခဲ့ရတယ်..။ အဲ့ဒီ့ အမှုန်လေးတွေဟာ တဖြေးဖြေး အချိန်ကြာလာတာ နဲ့အမျှ ဖိအားတွေ၊ အပူတွေ၊ အနည်ကျမှုတွေကြောင့် တစ်ဖြေးဖြေးကျစ်လျစ်သိပ်သည်းပြီးတော့ မာထန်တဲ့ ကျောက်တုံး ကျောက်ဆိုင်တွေ…။ နောက်ကျောက်တောင်တွေ..။ တောင်တန်းကြီးတွေ ဖြစ်လာခဲ့ရတယ်…။”

    “ဟိတ်ကောင်…။ ငါမေးတာနဲ့ မင်းပြောနေတာနဲ့ ဘာဆိုင်လို့လဲ…။ မင်းကပြောလိုက်ရင် အဲ့လိုတွေချည်းပဲ..။ အရင်းမရှိ…။ အဖျားမရှိ..။”

    “ခဏနေဦးလေကွာ…။ ဆိုင်လာလိ့မ်မယ်…။ အဲ့ဒီ့တော့ သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကျောက်တုံးတစ်ခုဟာ သာမန်အားဖြင့် ခိုင်မာတယ် ဆိုပေမယ့် သူတို့တွေရဲ့ သဘာဝ ဖြစ်တည်မှုအစဟာ အင်မတန်ပျော့ပြောင်း သေးငယ်လှတဲ့ အမှုန်လေးတွေများစွာပါဝင်နေတယ်ဆိုတာ ကိုတော့ မင်းလက်ခံလောက်ပါပြီ…။”

    သူ… သူ့သူငယ်ဆက်ပြောမယ့်စကားကိုသာ အာရုံစိုက်နေလိုက်မိပါတယ်…

    ဒီလိုပဲကွ…။ လူတစ်ယောက်ရင့်ကျတ်တယ်…။ ဒါမှမဟုတ် မင်းပြောသလို “ဒီကောင့်ကြည့်ရတာ ဘာမှခံစားတတ်မယ့် ပုံမပေါ်ပါဘူးကွာ” ဆိုတာမျိုး က အဲ့ဒီ့လူကျောက်ဖြစ်သွားတဲ့ အချိန်မှာ မင်းတို့ကတွေ့လို့သာ အဲ့လိုပြောနိုင်ကြတာ…။ လူတစ်ယောက်ရဲ့ ခံစားချက်တွေ ကျောက်ဖြစ်သွားဖို့ ဆို တာ သေးငယ်တဲ့ ထိခိုက်ခံစားမှုတွေ…။ မမြင်နိုင်တဲ့ သောကအမှုန်တွေ..။ များပြားလှတဲ့ မြိုသိပ်မှုတွေကနေ တဖြေးဖြေးစတင်ခဲ့တာပဲ…။ အဲ့ဒီ့ သေးငယ် လှတဲ့ ခံစားမှုတွေ တဖြေးဖြေး စုပုံအနည်ကျလာတဲ့နောက်…။ ဘ၀ရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ သောကရဲ့ အပူတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ ရပြီးတဲ့နောက် သူ့ရဲ့ စိတ်အစုံဟာ ကျောက်ဖြစ်သွားခဲ့ရတယ်…။ တကယ်ဆိုရင် အဲ့လိုဘာမှ မခံစားတတ်ဘူးလို့ မင်းတို့ထင်တဲ့သူတွေက မင်းတို့ ငါတို့တွေထက် အများကြီးခံစားတတ်…။ အဲ..။ ဒါမှမဟုတ်…။ ခံစားဖူးတဲ့သူတွေချည်းပဲကွ….။

    အခန်း (၂)

    “ဒါနဲ့ မင်းအခုလာတာက…?”

    “ငါလာတဲ့ ကိစ္စကိုမပြောခင်…။ ငါသိခြင်တာ တစ်ခုကို မင်းအရင်ပြောပြနိုင်မလား..?”

    “အင်း…။ ဆိုစမ်းဘာဦး…။”

    ဒီမယ်သူငယ်ချင်း…။ အခုအသက်အရွယ်ကြီးရောက်တဲ့အထိ မင်းမှာငါ့ကိုမေးစရာမေးခွန်းတွေ မကုန်နိုင်သေးဘူးလား…? ဒီလိုပဲ မင်းအမြဲ သူများ ကို လျှောက်မေးနေတာ မင်းကိုမင်းမေးဖို့ရော အချိန်ရသေးရဲ့လား…။ ဟမ်…။ ဟေ့ရောင်…”

    “ဒါတွေထားစမ်းပါကွာ…။ ငါအခုမေးမှာကိုပဲ မင်းဖြေ…။ မင်းနဲ့ငါနဲ့ လမ်းခွဲခဲ့ကြတာ ငါတို့ အသက် (၂၀) လောက်က အခုဆို ငါ့အသက် (၆၀) ကျော်ပြီ..။ တစ်နည်းအားဖြင့် ငါတို့မတွေ့ခဲ့ကြတာ နှစ်ပေါင်း လေးဆယ်ကျော်လောက်ရှိပြီ…။ ဒီလောက်နှစ်တွေ အချိန်တွေကြာခဲ့တာတောင် ငါ့မှာ ပြောင်းလဲမှုတွေ များစွာဖြစ်ခဲ့သလောက် မင်းကျတော့ ဘာလို့ ဘာမှမပြောင်းလဲရတာလဲ….။ ဒါကို ငါသိခြင်တယ်…။”

    “ဟား…ဟား..။ ငါဘာကြောင့် မပြောင်းလဲသလဲဆိုတာ မင်းကိုမပြောပြခင်..။ မင်းကို ငါမေးခွန်းတစ်ခုမေးမယ်…။ မင်းတို့ အသက်အရွယ်ဆိုတာကို ဘာနဲ့တိုင်းလဲ ဟေ့ရောင်…”

    “ဟ..။ အသက်အရွယ်ပါဆိုမှတော့ အချိန်နဲ့ တိုင်းရတာပေါ့ဟ..။ အချိန်နဲ့မတိုင်းလို့ မင်းကြီးဒေါ်ကြီးနဲ့ ငါကတိုင်းရမှာလား..”

    “ဟဲ..ဟဲ..။ အေးဟုတ်ပါပြီကွာ..။ မင်းပြောသလို အသက်အရွယ်ကို အချိန်နဲ့မတိုင်းပဲ ငါ့ကြီးဒေါ်ကြီးနဲ့တိုင်းတာကမှ မင်းတို့အတွက် ပိုအဓိပ္ပါယ်ရှိဦး မလားပဲ…”

    “နေစမ်းပါဦး…။ ဒါဆို မင်းက အသက်အရွယ်ဆိုတာကို အချိန်နဲ့ မတိုင်းတာခြင်လို့ ဘာနဲ့များတိုင်းတာခြင် သေးလို့လဲ…”

    “လွယ်ပါတယ်ကွာ…။ အသိတရားနဲ့ တိုင်းတာမှာပေါ့…”

    “ဘာ…! အသက်ကို အသိတရားနဲ့တိုင်းမယ်…? ဟုတ်လား…? ” သူ့သူငယ်ချင်းရဲ့ စကားကြောင့် သူတော်တော်တွေဝေသွားမိသည်…။

    ” ဟုတ်တယ်…။ လူတစ်ယောက်ရဲ့ သက်တမ်း…။ ရင့်ကျတ်မှုတွေကို အချိန်နဲ့တိုင်းတာခြင်းဟာ တကယ်တော့ အချည်းအနှီးပဲ…။ ဒါတွေဟာ မိမိ ကိုယ် မိမိ လှည့်စားခြင်းတစ်မျိုးပဲ..။ မင်းတို့ငါတို့ လူသားတွေဟာ ကိုယ်တိုင်ဖန်ဆင်းထားတဲ့ လှောင်ချိုင့်တစ်ခုအတွင်းမှာ ကိုယ်တိုင် အချုပ်နှောင်ခံ နေကြရတယ်…။ အစစအရာရာကို အချိန်တွေနဲ့ တိုင်းကြ..။ တာကျ…။ အချိန်မလောက်ဘူးပြောကြ…။ တစ်ချို့ကလည်း အချိန်တွေပိုတယ်ပြော ကြ…။ ဒီလိုသာတိုင်းတာကြကြေးဆို ငါမေးမယ်….။ နာရီမကြည့်တတ်တဲ့သူတစ်ယောက်…။ ဒါမှမဟုတ်…။ နာရီမရှိတဲ့သူတစ်ယောက်…။ ဒါမှမဟု တ် အချိန်ဆိုတဲ့ ပညတ်ကို မဖန်တီးထားတဲ့ အခြားသော သတ္တ၀ါတွေအတွက် အသက်အရွယ်ကို မင်းတို့ ဘယ်လိုတိုင်းတာကြမလဲ…?”

    သူဘာပြန်ပြောရမှန်းမသိ…။ သူ့မှာသာ ဘာမှပြန်ပြောစရာ စကားမရှိတာ…။ သူ့သူငယ်ချင်းကတော့ အဆက်မပြတ် ဆက်ပြောလျှက်…။

    “ကဲ မင်းတို့ပြောသလို…။ လူတွေရဲ့ အသက်အရွယ်နဲ့ ရင့်ကျတ်မှုတွေကို အချိန်နဲ့တိုင်းကြပါပြီတဲ့ကွာ…။ အဲ့ဒါဆို ငါမေးမယ်..။ အဲ့လိုအချိန်နဲ့ တိုင်းတာသတ်မှတ်လို့ မှန်ကြေး…။ တစ်နည်းအားဖြင့် အသက်အရွယ်ကြီးလာလို့ ရင့်ကျတ်လာကြေးဆိုရင်…။ မင်းတို့ပြောပြောနေတဲ့ “အသက်ကြီးပြီး အချိန်မစီးဘူး” ဆိုတဲ့စကားက ဘာလို့ပေါ်လာသေးလဲ…။ အသက်ကဖြင့်..။ အေးမင်းတို့ လို အချိန်နဲ့တိုင်းကြည့်ရင်ပေါ့ကွာ..။ အိုမင်း ရွတ်တွနေပြီ..။ ခေါင်းထဲမှာက အသိဥာဏ်နတ္ထိ…။ ဘာမှသုံးစားလို့မရတဲ့…။ နလပိန်းတုန်းတွေ…။ အိုနာကျိုးကန်းတွေကြ ဘာလို့ အသက် ကြီးပေမယ့် မရင့်ကျတ်ကြလဲ..။ ဘာလို့ အသိဥာဏ်မရှိကြလဲ…။ အေး…။ ထပ်ပြောမယ်…။ မင်းတို့ပြောသလို အချိန်နဲ့ တိုင်းတာလို့ အသက် အရွယ် ငယ်ပေမယ့် ရင့်ကျတ်တည်ငြိမ်ကြတဲ့ လူငယ်တွေ…။ ကလေးတွေကြတော့ မင်းတို့ ဘယ်လို သတ်မှတ်ကြမလဲ…။ အဲ့ဒီ့အမျိုးအစား နှစ်ခုကို မင်းယှဉ်ကြည့်လိုက်…။ ဘယ်သူဟာ လူကြီးလဲ…? ဘယ်သူဟာသူငယ်နှပ်စားလဲ…? အဲ့ဒါကြောင့်မင်းကို ငါပြောတာ လူတွေရဲ့ အသက်ကို ရက်တွေ နှစ်တွေ၊ အချိန်တွေနဲ့ တိုင်းတာမယ့်အစား..။ အဲ့ဒီ့လူတစ်ယောက်ရဲ့ ရင့်ကျတ်မှုပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို စံချိန်စံနှုန်းတစ်ခုထားပြီး သတ်မှတ်ရင် ပိုအဓိပ္ပါယ်ရှိနိုင်တယ်….။ စကာမစပ်…။ ငါ့ကြီးဒေါ်ကြီးတော့ ချမ်းသာပေးပါကွာ…။ ဟဲ ဟဲ…။”

    အခန်း (၃)

    သူ…။ သူ့သူငယ်ချင်းပြောတဲ့စကားတွေ နားထောင်ပြီးတော့..။ တစ်ခုခုကို ရှင်းရှင်းလင်းလင်းပဲ သိသွားသလိုလို…။ သိပြီးသားရိုးရှင်းတဲ့ ကိစ္စတွေ ကပဲ ပြန် လည်ရှုတ်ရှပ်ခတ်သွားသလိုလို…။ သေချာတာကတော့ တော်တော်လေးကို သူဇဝေ ဇ၀ါဖြစ်သွားတာပါပဲ..။

    “ဟေ့..။ ဒါတွေထားပါဦး…။ မင်း မိန်းမနဲ့ ကလေးတွေရော…။ အဆင်ပြေကြရဲ့လား…။ အခုလောက်ဆို မင်းလည်း မြေးတွေ ဘာတွေတောင် ရနေ လောက်ရောပေါ့…။ ဟဲ ဟဲ”

    သူ့သူငယ်ချင်းရဲ့စကားသံကြားမှ သူ့အာရုံတွေ ပြန်လည် အသက်ဝင်လာခဲ့သည်..။

    “အေး…။ ဒီလိုပါပဲကွာ…။ မိန်းမကတော့ အသက်ကြီးလာတော့… ကျန်းမာရေးက ရွှေတစ်နေ့ ငွေတစ်နေ့ပဲပေါ့…။ သားမသမီးတွေကတော့ သူ့ အိမ်ထောင်နဲ့သူ အဆင်ပြေကြပါတယ်…။ ငါ့မြေးတွေလဲ အခုဆို ကျောင်းတွေ ဘာတွေတက်နေပြီ…”

    “မင်း တို့မလဲ…။ ဇယားရှုပ်လိုက်တာကွာ….” ပြောင်ချော်ချော်ဖြင့် ပြောနေသော ဒီကောင့်မျက်နှာအား ငယ်ငယ်ကစိတ်နှင့်သာဆိုလျှင် ပြေးထိုးပြီး ဂုတ်သာခွစီးထားလိုက်ခြင်သည်…။ သူကတော့ အပြုံးမပျက်…။ သူနှင့်မဆိုင်သလို….။

    “ဒါနဲ့…။ အခု မင်းကငါ့ဆီ ဘာလာလုပ်တာလဲ….။ ဘ၀ရဲ့အထုအထောင်းတွေ၊ အကွေ့အပြောင်းတွေကို မခံနိုင်တော့လို့ ငါနဲ့အတူနေဖို့ အပြီး ပြောင်း လာတာလား..။”

    “အပြီးပြောင်းလာရအောင်…။ မင်းငါ့ဆီမှာ ဘာအထုပ်အပိုးတွေတွေ့လို့လဲ…။  အခုက ခဏလာတာကွ…။ အေး….။ ဒါပေမယ့် မင်းပြောသလို ဇာတ်ရှုပ်တွေ ရှင်းစရာရှိတာရှင်းပြီးရင်တော့ ငါမင်းဆီအပြီးပြောင်းလာဖြစ်မယ်…။ ငါလဲ မနေခြင်တော့ဘူးကွာ..။ ဒီရုပ်နဲ့ ခန္ဓာကြီး ငြီးငွေ့လှပြီ…။”

    “အေးလေ…။ လာမယ်ဆိုအချိန်မရွေးပါပဲ…။ ငါကတော့ မင်းလိုအဲ့ဒီ့ ဒဏ်တွေမခံစားခြင်လို့ စောစောစီးစီးကတည်းက အဲ့ဒါတွေနဲ့ ဝေးတဲ့ဒီနေရာ လေးမှာနေလာခဲ့တာပဲ…။ ငါခေါ်တုန်းက မင်းမှမလိုက်တာ…။”

    “မင်းသွားတဲ့ နည်းကြီးနဲ့တော့ ငါမလိုက်ခြင်ပါဘူးကွာ…။ ကဲ..။ ဟုတ်ပါပြီ…။ မင်းပြောသလို ပဲထားပါတော့…။ ငါမေးတာ ဖြေဦး…။ ငါကြတော့ အနှစ် ၄၀ ကျော်နဲ့မကာမိအောင် ပြောင်းလဲသွား သလောက် မင်းကျတော့ ဘာလို့ မပြောင်းလဲသွားသလဲ…”

    “ဟား…ဟား။ ငါလား…။ ဘယ်ပြောင်းလဲပါ့မလဲကွာ..။ ဒါကလွယ်ပါတယ်ကွာ…။ ငါနေထိုင်တဲ့နေရာမှာက အချိန်ဆိုတဲ့ ပညတ်တွေမရှိဘူးလေကွာ။”

    သူတစ်ချက်တွေဝေသွားသည်…။ အချိန်ဆိုတဲ့ ပညတ်တွေမရှိတဲ့နေရာဆိုပါလား….။

    ဇာတ်သိမ်း

    သူ့အသိစိတ်တွေ သူ့ခန္ဓာကိုယ်နှင့် ပြန်လည်ထိတွေ့လာပြီ ဖြစ်ကြောင်း သူသတိထားမိလိုက်သည်…။ အကြားအာရုံထဲတွင်လည်း စကားသံအချို့ မသဲမကွဲ ကြားနေရသည်…။ သူအားတင်း၍ မျက်လုံးအစုံကိုဖွင့်တော့…။ စိုးရိမ်မှုတွေ၊ အံ့သြမှုတွေ ပြည့်နေတဲ့ မျက်လုံးပေါင်းများစွာက သူ့ခန္ဓာ အပေါ် အဆက်မပြတ် ရွာချနေကြသည်…။ သူစကားလုံး အချို့ကို အတိုဆုံးနှင့် အပြည့်စုံဆုံး ဖြစ်အောင် ကြိုးစားပြောလိုက်သည်…။ သူပြောသော စကားလုံးများနှင့်မကာမိအောင် မောဟိုက်ခြင်း လှိုင်းလုံးများက သူ့နုလုံးကြွက်သားကို ရိုက်ခတ်လာသည်…။

    ဖျက်ကနဲအရိပ်တစ်ခု သူ့ဘေးနားက အမှတ်တမဲ့ ဖြတ်သွားတာတွေ့လိုက်လို့ သူသတိထားမိလိုက်သည်….။ အခန်းထောင့်တွင် စီးကရက်တစ်လိပ် အား ငယ်စဉ်ကအတိုင်း တရှိုက်မတ်မတ် ဖွာရှိုက်ရင်းသူ့ကို ပြုံးပြနေသော အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသေးသည့် လူငယ်တစ်ဦး…။ သို့မဟုတ်…..။ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း…။ သူ ပြန်ပြုံးပြလိုက်မိသည်…။ ထို့နောက်တွင်မူ….

    “ကျွန်တော်စိတ်မကောင်းပါဘူးဗျာ…။ လူနာအသက်မရှိတော့ဘူး….”

    အခန်းတစ်ခုလုံး ငိုကျွေးသံများဖြင့် ဆူပွက်သွားသည်…။

    “လာစမ်းပါကွာ…။ ကျန်ခဲ့တဲ့သူတွေကို လှည့်ကြည့်မနေနဲ့…။ အချိန်တန်ရင် သူတို့လည်း အခု မင်းငါ့နောက်လိုက်လာသလိုပဲ…။ မင်းနောက်ကို လိုက်လာကြပါလိ့မ်မယ်…”

    သူ့သူငယ်ချင်းပြောတာ ဖြစ်နိုင်သည်…။ တစ်ချိန်ကြလျှင်တော့ သူတို့လည်း အချိန်ဆိုတဲ့ ပညတ်တွေဝေးရာသို့ ရောက်လာကြဦးမည်သာ ဖြစ်ပါ သည်။

    P.S- ပညတ်များအတွင်း ပိတ်မိနေခြင်းမှ လွတ်မြောက်နိုင်ကြပါစေ…။

    Cateogry : Essay

    About

    I am a freelance Web Designer & Photographer. Who Loves Arts. Especially Music, Literature & Photography. Yes, Also Addicts To Soccer. Love The Country. Love The Coffee. Love The Cigarettes. Love The Cameras. Love The Guitars & Love My Wife...!

    Leave Your Comment Directly From Facebook!

    25 Responses to “တူညီသော ခြားနားချက်များ…”

    1. အမ လာသွားပါတယ်..
      ကော့မန့်လာရေးလို့ကျေးဇူးပါ။
      ဘလော့ဂ်ကတော့ မော်ဒရိတ်လုပ်ထားပါတယ်။ ဒေါ့ကွန်းကတော့ တခါတခါ စပင်ထဲရောက်သွားတတ်လို့ ပေါ်ပြီးပျောက်သွားတယ်ထင်တယ်။

      နောက်လဲလာပြီး ပိုစ်တွေ သေချာလာဖတ်ပါဦးမယ်..

      Like or Dislike: Thumb up 0 Thumb down 0

    2. အင်း… ကောင်းလိုက်တာ… ရေးသမျှတွေထဲမှာ ဒီပို့စ်ကို အကြိုက်ဆုံးပဲ။ ဖတ်ပြီးတော့ …. ဟိုး… အရင်အချိန်တုန်းက အဖြစ်အပျက်ကို သတိရလိုက်သလိုပဲ

      Like or Dislike: Thumb up 0 Thumb down 0

    3. ဟာ ကောင်လိုက်တာညီရာ တကယ်ကိုလေးစားလောက်ပါတယ်
      စာသာလေးတွေက ကိုလည်း အဆင့်သင့်နီးပါလောက်ကိုဖြစ်နေပါပြီ

      “ဟဲ..ဟဲ..။ အေးဟုတ်ပါပြီကွာ..။ မင်းပြောသလို အသက်အရွယ်ကို အချိန်နဲ့မတိုင်းပဲ ငါ့ကြီးဒေါ်ကြီးနဲ့တိုင်းတာကမှ မင်းတို့အတွက် ပိုအဓိပ္ပါယ်ရှိဦး မလားပဲ…”

      “နေစမ်းပါဦး…။ ဒါဆို မင်းက အသက်အရွယ်ဆိုတာကို အချိန်နဲ့ မတိုင်းတာခြင်လို့ ဘာနဲ့များတိုင်းတာခြင် သေးလို့လဲ…”

      “လွယ်ပါတယ်ကွာ…။ အသိတရားနဲ့ တိုင်းတာမှာပေါ့…”

      ဒီစာသားကိုတော့ အကြိုက်ဆုံးဘဲ လှပတဲ့ လူသားတယောက်
      ဘဝကိုရနိုင်အောင်ကြိုးစားနေပါတယ်

      ထာဝရလေးစားချစ်ခင်လျှက် နောင်တော် နတ်လူမုန်း
      ခတ္တ ငရဲပြည် ထာဝရနတ်ပြည် ( နေချင်တာလေးပါ )

      Like or Dislike: Thumb up 0 Thumb down 0

    4. ညီရေ…အချိန်ဆိုတဲ့ပညက်ချက်တွေနဲ့ဝေးရာ…
      ညီပြောတဲ့ … အဲဒီနေရာမှာရော အချိန်ဆိုတာရှိနေမှာပဲ မဟုတ်လား…
      တကယ်က အဲလိုအချိန်မရှိတဲ့နေရာကလွတ်မြောက်ဖို့ဆိုတာ…
      သာမန်လူသားတွေအတွက် မလွယ်ကူပါဘူး…
      ဘာပဲဖြစ်ဖြစ်ညီ ရေးထားတာကို အကိုသဘောကျတယ်…
      ညီပြောချင်တာကိုလည်း သဘောကျပါတယ်…
      အဲ… အယူအဆလေးတစ်ခုပဲ….
      သေသွားတာနဲ့ အချိန်ဆိုတာ ကင်းကွာသွားပီလို့များ ညီသေခြာပြောနိုင်မလား…စဉ်းစားမိတာလေးကို
      အတွေးလေးပွားကြည့်တာပါကွာ…
      ခင်မင်လေးစားမှုဖြင့်
      ဖိုးမောင်

      Like or Dislike: Thumb up 0 Thumb down 0

    5. ကျောက်တောင်ဖြစ်မှ လူတွေက သတိထားလာမိကြတာပဲ .. အမှုန်အမွှား ဘ၀ကတော့ ဘယ်သူကမှ ဂရုမပြုခဲ့ကြဖူး .. ခံစားချက်တွေ များလာတဲ့ အခါမှာလည်း လူတွေဟာ တည်ငြိမ်သွားတတ်ကြတယ် ..

      အတွေးလေးမိုက်တယ် အကို .. အဲဒီအပိုဒ်လေးကို သဘောကျတယ် .. အဆုံးသတ်ကတော့ ထုံးစံတိုင်း မှန်းထားတာနဲ့ လွဲတာပါပဲ ;D

      Like or Dislike: Thumb up 0 Thumb down 0

    6. သူ့သူငယ်ချင်းက ဒါဆို အသက် နှစ်ဆယ်လောက်ကတဲက သေပြီးသွားပြီပေါ့?

      Like or Dislike: Thumb up 0 Thumb down 0

    7. အင်းး…. အနီရောင်နဲ့ရေးထားတဲ့စာတွေ ကြိုက်တယ်။ အတွေးအရေးကတော့ ကိုဘလက်ပဲလေ ပြောနေစရာမလိုတော့ပါဘူး။ တစ်ခုတော့ရှိတယ်။ အဲလိုဆို သူက တစ္ဆေဖြစ်သွားတာပေါ့နော်.. :P

      Like or Dislike: Thumb up 0 Thumb down 0

    8. အသက်ကို အသိတရားနဲ့ တိုင်းမယ် တဲ့.. အရမ်းသဘောကျသွားပြီဗျ…
      သဘူတော ပါကြောင်း….

      Like or Dislike: Thumb up 0 Thumb down 0

    9. ကျောက်ခဲတုံးလေးဖြစ်ချင်တယ် အနီရောင်စာသားတွေကြိုက်တယ် အစ်ကိုရေ့ ။ ကိုလင်းထက် မေးသလို သူ့သူငယ်ချင်းက အသက် ၂၀ လောက်ထဲက သေပြီးနေပြီပေါ့ အဲ့လိုလား ။

      Like or Dislike: Thumb up 0 Thumb down 0

    10. ပညတ်များအတွင်း ပိတ်မိနေခြင်းမှ လွတ်မြောက်နိုင်ဖို့တော့ စိတ်ဝင်စားတယ်အစ်ကို။ ဒါပေမယ့် သေဆုံးခြင်းက အမှန်တကယ် လွတ်မြောက်ခြင်းဆီ ခေါ်ဆောင်ပေးနိုင်ပါမလားလို့တော့…..။

      Anyway, စကားလုံးအထားအသိုနဲ့ ဇာတ်ကွက်တွေက လှပါတယ်။ ဘာပြီးဘာလာမယ် မှန်းမရပဲ အဆုံးထိဖတ်ချင်အောင် သိချင်အောင် ခေါ်သွားနိုင်တဲ့ ဂုဏ်သတ္တိလို့ခေါ်မလားပဲ အဲဒါလေး အစ်ကို့ ပို့စ်တိုင်းမှာ တွေ့ရတယ်။ အားပေးနေပါတယ်။ အခုပို့စ်ရဲ့ ဇာတ်လမ်း အထားအသိုလေး ကြိုက်ပါတယ်

      Like or Dislike: Thumb up 0 Thumb down 0

    11. ဘယ်သူဟာ လူကြီးလဲ…? ဘယ်သူဟာသူငယ်နှပ်စားလဲ…? အဲ့ဒါကြောင့်မင်းကို ငါပြောတာ လူတွေရဲ့ အသက်ကို ရက်တွေ နှစ်တွေ၊ အချိန်တွေနဲ့ တိုင်းတာမယ့်အစား..။ အဲ့ဒီ့လူတစ်ယောက်ရဲ့ ရင့်ကျတ်မှုပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို စံချိန်စံနှုန်းတစ်ခုထားပြီး သတ်မှတ်ရင် ပိုအဓိပ္ပါယ်ရှိနိုင်တယ်….။
      အမကတော့ ဒီနေရာလေး ကြိုက်တယ် မောင်လေး၊ ဒါပေမဲ့ အပေါ်က သူတွေ မေးသလို မေးချင်မိတယ်၊ သူ့သူငယ်ချင်းက အသက် ၂၀ ထဲ ကသေသွားတာ လားလို့။

      Like or Dislike: Thumb up 0 Thumb down 0

    12. ဘယ်သူဟာ လူကြီးလဲ…? ဘယ်သူဟာသူငယ်နှပ်စားလဲ…? အဲ့ဒါကြောင့်မင်းကို ငါပြောတာ လူတွေရဲ့ အသက်ကို ရက်တွေ နှစ်တွေ၊ အချိန်တွေနဲ့ တိုင်းတာမယ့်အစား..။ အဲ့ဒီ့လူတစ်ယောက်ရဲ့ ရင့်ကျတ်မှုပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို စံချိန်စံနှုန်းတစ်ခုထားပြီး သတ်မှတ်ရင် ပိုအဓိပ္ပါယ်ရှိနိုင်တယ်….။

      ညီမလေးလည်း လူကြီးဖြစ်အောင်ကြိုးစားရဦးမယ်…

      Like or Dislike: Thumb up 0 Thumb down 0

    13. အသက်အရွယ်ဆိုတာ…အချိန်ကာလနဲ့မတိုင်းတာရဘူး..
      အသိဥာဏ်နဲ့တိုင်းတာရတယ်..ဆိုတာ…လေးကအကောင်းဆုံးပေါ့..
      ချီးကျူးမိပါတယ်..
      လူငယ်ပေမယ့်..
      အတွေးအခေါ်အရေးအသား..အသိဥာဏ်တွေရင့်သန်နေတာကို
      စာကောင်းတစ်ပုဒ်ဖတ်ခွင့်ရတာအတွက်..ကျေးဇူးမောင်လေးရေ..

      Like or Dislike: Thumb up 0 Thumb down 0

    14. ကြီးတော်ကြီးနဲ့ တိုင်းတာကိုပဲ စိတ်ဝင်စားတယ်ဗျိုးးး :D

      Like or Dislike: Thumb up 0 Thumb down 0

    15. အင်း .. လေးစားတယ်ဆရာသမားရယ် .. ဖတ်ရင်းနဲက စဉ်းစားစရာတွေလည်းပေါ်လာတယ် .. ရေးလည်းေ၇းတက်ပါဘိဗျာ

      Like or Dislike: Thumb up 0 Thumb down 0

    16. ရောက်တဲ့နေ့ တော့ လိုက်သွားမယ်ဗျာ ။ :)

      Like or Dislike: Thumb up 0 Thumb down 0

    17. ကောင်းလိုက်တဲ့ ပို့ စ်လေး…..။ ဟုတ်တယ်….အသက်အရွယ်ကို အသိတရားနဲ့  မတိုင်းတာနိုင်သေးတဲ့ သူတွေ တပုံကြီးရှိသေးတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    18. လူတစ်ယောက်ရဲ့ ခံစားချက်တွေ ကျောက်ဖြစ်သွားဖို့ ဆို တာ သေးငယ်တဲ့ ထိခိုက်ခံစားမှုတွေ…။ မမြင်နိုင်တဲ့ သောကအမှုန်တွေ..။ များပြားလှတဲ့ မြိုသိပ်မှုတွေကနေ တဖြေးဖြေးစတင်ခဲ့တာပဲ…။ အဲ့ဒီ့ သေးငယ် လှတဲ့ ခံစားမှုတွေ တဖြေးဖြေး စုပုံအနည်ကျလာတဲ့နောက်…။ ဘ၀ရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ သောကရဲ့ အပူတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ ရပြီးတဲ့နောက် သူ့ရဲ့ စိတ်အစုံဟာ ကျောက်ဖြစ်သွားခဲ့ရတယ်…။ တကယ်ဆိုရင် အဲ့လိုဘာမှ မခံစားတတ်ဘူးလို့ မင်းတို့ထင်တဲ့သူတွေက မင်းတို့ ငါတို့တွေထက် အများကြီးခံစားတတ်…။ အဲ..။ ဒါမှမဟုတ်…။ ခံစားဖူးတဲ့သူတွေချည်းပဲကွ….။“

      အဲဒီစာသားတွေကို နှစ်သက်မိပါတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    19. စာရေးကောင်းလို့ တော်ပါတယ်လို့ လေးလေးစားစားပြောမှ လာပြောင်
      ပြသွားတယ်… ပြန်နှုတ်လိုက်တော့မယ်… :D
      မောင်မျိုးပို့စ်မှာ စာရေးကောင်းတဲ့ ဘလက်ဒရင်းလို့ ဖတ်မိလို့ အစ်မက
      လာမလို့ စဉ်းစားထားတာ… မောင်ဘလက်က အရင်ရောက်လာလို့
      ကျေးဇူးပါ။
      ပို့စ်ကောင်းတွေ အများကြီးရေးနိုင်ပါစေ.
      စာရေးကောင်းတဲ့သူတွေကို အားကျပါတယ်.. အဆင်ပြေပါစေ.

      Like or Dislike: Thumb up 0 Thumb down 0

    20. အချိန်ဆိုတဲ့ ပညတ်နဲ့ တကယ်ကင်းလွတ်တဲ့ နေရာဆိုတာကို သေချာသိချင်တယ်။ စိတ်ကူးယဉ်သက်သက်ဖြစ်တဲ့ ကောင်းကင်ဘုံဆိုတဲ့ နေရာလား။ :D
      သံသရာထဲမှာပဲ ကျင်လည်မယ်ဆိုရင် အချိန်ဆိုတဲ့ ပညတ်နဲ့ လွတ်တဲ့နေရာမရှိဘူးနော်။ ပရမတ်တွေကိုပဲ ရှာဖွေစားသုံးမှ ပညတ်နဲ့ လွတ်မယ့်လမ်းကို တွေ့နိုင်မယ်။
      အရေးအသားကတော့ မိုက်တယ်။ အဲ.. အယူအဆနည်းနည်းလေး ရှင်းပြအုံး။ :D

      Like or Dislike: Thumb up 0 Thumb down 0

    21. ပထမပိုင်းဖတ်ရင်း နဲ့ နောက်ဆုံးပိုင်းကို ခန့်မှန်းလို့ဘယ်လိုမှ မရနိုင်တဲ့ စာရေးစတိုင်..။ ဇာတ်သိမ်းပိုင်း ကို မှန်းလိုက်တိုင်း အမြဲလွဲတဲ့ အရေးအသား အတွေးအခေါ်.. တွေပိုင်ဆိုင်တာ ဘယ်သူလဲလို့မေးရင် ..။ ဟားဟား ဘလက်ဒရင်းဘဲပေါ့ဗျာ..။

      Like or Dislike: Thumb up 0 Thumb down 0

    22. ရှိပဲ နဲ့ ညာတယ်…၀ါးးး… :-’(

      Like or Dislike: Thumb up 0 Thumb down 0

    23. SO NICE.. YOU KNOW.. I WILL COME BACK FOR YOUR NEXT ပိုစ်……… CARRY ON..

      Like or Dislike: Thumb up 0 Thumb down 0

    24.ွှအရမ်းကောင်းတဲ့ပိုစ့်ပါ။ဖတ်ပြီးတွေးစရာဆင်ခြင်သံဝေဂယူစရာပါ။
      လူတစ်ယောက်ရင့်ကျတ်တယ်…။ ဒါမှမဟုတ် မင်းပြောသလို “ဒီကောင့်ကြည့်ရတာ ဘာမှခံစားတတ်မယ့် ပုံမပေါ်ပါဘူးကွာ” ဆိုတာမျိုး က အဲ့ဒီ့လူကျောက်ဖြစ်သွားတဲ့ အချိန်မှာ မင်းတို့ကတွေ့လို့သာ အဲ့လိုပြောနိုင်ကြတာ…။ လူတစ်ယောက်ရဲ့ ခံစားချက်တွေ ကျောက်ဖြစ်သွားဖို့ ဆို တာ သေးငယ်တဲ့ ထိခိုက်ခံစားမှုတွေ…။ မမြင်နိုင်တဲ့ သောကအမှုန်တွေ..။ များပြားလှတဲ့ မြိုသိပ်မှုတွေကနေ တဖြေးဖြေးစတင်ခဲ့တာပဲ…။ အဲ့ဒီ့ သေးငယ် လှတဲ့ ခံစားမှုတွေ တဖြေးဖြေး စုပုံအနည်ကျလာတဲ့နောက်…။ ဘ၀ရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ သောကရဲ့ အပူတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ ရပြီးတဲ့နောက် သူ့ရဲ့ စိတ်အစုံဟာ ကျောက်ဖြစ်သွားခဲ့ရတယ်…။ တကယ်ဆိုရင် အဲ့လိုဘာမှ မခံစားတတ်ဘူးလို့ မင်းတို့ထင်တဲ့သူတွေက မင်းတို့ ငါတို့တွေထက် အများကြီးခံစားတတ်…။ အဲ..။ ဒါမှမဟုတ်…။ ခံစားဖူးတဲ့သူတွေချည်းပဲကွ….။“
      ဒီစာသားတွေကိုအရမ်းကြိုက်ပါတယ်။မှန်လဲမှန်ပါတယ်။
      တစ်ချိန်ကြလျှင်တော့ သူတို့လည်း အချိန်ဆိုတဲ့ ပညတ်တွေဝေးရာသို့ ရောက်လာကြဦးမည်သာ ဖြစ်ပါ သည်။
      အင်းတစ်ချိန်ကြရင် အချိန်ဆို တဲ့်ပညတ်တွေနဲ့ဝေးရာသို့ရောက်ကြရမှာပါ။
      ပညတ်များအတွင်းပိတ်မိခြင်းမှလည်းအမြန်ဆုံးလွတ်မြောက်ချင်ပါပြီ…

      Like or Dislike: Thumb up 0 Thumb down 0

    25. လူတစ်ယောက်ရဲ့ ခံစားချက်တွေ ကျောက်ဖြစ်သွားဖို့ ဆို တာ သေးငယ်တဲ့ ထိခိုက်ခံစားမှုတွေ…။ မမြင်နိုင်တဲ့ သောကအမှုန်တွေ..။ များပြားလှတဲ့ မြိုသိပ်မှုတွေကနေ တဖြေးဖြေးစတင်ခဲ့တာပဲ…။ အဲ့ဒီ့ သေးငယ် လှတဲ့ ခံစားမှုတွေ တဖြေးဖြေး စုပုံအနည်ကျလာတဲ့နောက်…။ ဘ၀ရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ သောကရဲ့ အပူတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ ရပြီးတဲ့နောက် သူ့ရဲ့ စိတ်အစုံဟာ ကျောက်ဖြစ်သွားခဲ့ရတယ်…။ တကယ်ဆိုရင် အဲ့လိုဘာမှ မခံစားတတ်ဘူးလို့ မင်းတို့ထင်တဲ့သူတွေက မင်းတို့ ငါတို့တွေထက် အများကြီးခံစားတတ်…။ အဲ..။ ဒါမှမဟုတ်…။ ခံစားဖူးတဲ့သူတွေချည်းပဲကွ….။“

      ဒီစာသားလေးကိုအရမ်းကြိုက်ပါတယ်ကိုဘလက်ရေ။

      Like or Dislike: Thumb up 0 Thumb down 0

    Leave a Reply